20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

လူအမ်ားစုဟာ ကိုယ္လိုခ်င္တာ မရဘူး။ကိုယ္ၿဖစ္ခ်င္တာမၿဖစ္ဘူးဆိုရင္အလြယ္တကူလည္း စိတ္ညစ္တတ္တယ္။ အၿပင္းအထန္လည္း စိတ္ညစ္တတ္တယ္။ကိုယ္မရတာ ကိုယ္မျဖစ္တာကိုပဲ ထပ္တလဲလဲ ေတြးၿပီး ကိုယ့္စိတ္ကို ညွဥ္းဆဲေနတတ္တယ္။လူရယ္လို႔ျဖစ္လာရင္
ပစၥည္းဥစၥာလည္း ၿပည့္စံုခ်င္တယ္။ အၿခံအရံလည္း ေပါမ်ားခ်င္တယ္။အခ်ီးအမြမ္းလဲ ခံယူခ်င္တယ္။ကိုယ္စိတ္ႏွစ္ပါးလဲ ခ်မ္းသာခ်င္တယ္။

ဒါေပမဲ့ တစ္ခါတစ္ရံ ကိုယ့္မွာ အဲဒါေတြအားလံုး ဒါမွမဟုတ္ တခ်ိဳ႕မျပည့္စံုဘူး။အဲဒီအခါ ကိုယ့္ရဲ႕ မျပည့္စံုတဲအခ်က္ေတြကိုေတြးၿပီးစိတ္ညစ္ေနမယ္။ စိတ္ဆင္းရဲေနမယ္။ဟိုလူ ဒီလူကို အပစ္ဖို႔ေနမယ္ဆိုရင္ ကိုယ္ဟာ စိတ္ဓါတ္ေပ်ာ့ညံ့တဲ့သူ ေလာကဓံ ခံႏိုင္ရည္ မရွိတဲ့သူ ျဖစ္သြားမယ္။ေလာကမွာ အဆိုးေလာကဓံေတြနဲ႔ ေတြ႔ၾကံဳ ခ်င္တဲ့သူရယ္လို႔ တစ္ေယာက္မွမရွိပါဘူး။

ဒါေပမဲ့့ အနည္းနဲ႔အမ်ား ဆိုသလို တစ္ခ်ိန္ မဟုတ္ တစ္ခ်ိန္မွာ ေတြ႔ႀကံဳေနရတာပါပဲ။အဲဒီလို ေတြ႔ၾကံဳလာတဲ့အခါမွာမတုန္မလႈပ္ ခံႏိုင္ရည္ရွိဖို႔ လိုပါတယ္။စိတ္ညစ္ေန စိတ္ဆင္းရဲေန ဟိုလူဒီလူ အၿပစ္ဖို႔ ေနလို႔ အဆိုးေလာကဓံက ေပ်ာက္ပ်က္မသြား တဲ့အၿပင္တစ္ပူေပၚ ႏွစ္ပူဆင့္ၿပီး ဆိုးသထက္ဆိုးလာဖို႔ ဆိုးတြင္းနက္သြားဖို႔ပဲ ရွိပါတယ္။တကယ္ေတာ့ အေကာင္းေလာကဓံေတြနဲ႔ခ်ည္း ေတြ႔ၾကံဳေနရတဲ႔လူ အဆိုးေလာကဓံေတြနဲ႔ခ်ည္း ေတြ႔ၾကံဳေနရတဲ႔လူရယ္လို ့ ေလာကမွာ မရွိပါဘူး။

အေၿခအေန အခ်ိန္အခါ အားေလ်ာ္စြာအေကာင္းေလာကဓံေရာ အဆိုးေလာကဓံေရာ ေရာေနွာေပါင္းစပ္ၿပီး ခံစားေနၾကရတာပါ။အေကာင္းေလာကဓံ ပိုမ်ားတဲ့လူအဆိုးေလာကဓံ ပိုမ်ားတဲ့လူရယ္လို႔ ေတာ့ ရွိမွာေပါ့။ဒါကေတာ့ ကိုယ့္ရဲ ့အက်ိဳးကိုကိုယ္ခံစားရတာပါ။ေကာင္းကံမ်ားမ်ား ျပဳခဲ့တဲ့သူကအေကာင္းေလာကဓံနဲ ့ပိုမ်ားမ်ား ေတြ႔ၾကံဳရၿပီး

ဆိုးကံမ်ားမ်ားျပဳခဲ့တဲ့သူက အဆိုးေလာကဓံကို ပိုမ်ားမ်ား ခံစားရမွာပါပဲ။ ဘယ္သူမျပဳ မိမိမႈပါ။အဆိုးေလာကဓံေတြနဲ႔ ေတြ႔ၾကံဳလာရင္ငါ့ရဲ႕ဆိုးကံေတြ အက်ိဳးေပးတာလို႔ပဲႏွလံုးသြင္းၿပီး စိတ္ေၿဖသင့္ပါတယ္။အဆိုးေလာကဓံအေပၚ စိတ္ဆင္းရဲမႈမေက်နပ္မႈေတြနဲ ့ တံု႔ျပန္ၿပီး
အခ်ိန္ျဖဳန္းမေနပဲ ကိုယ္လုပ္စရာရွိတဲ႔အလုပ္ကို အရွိန္အဟုန္မပ်က္ ဆက္လုပ္ေနသင့္ပါတယ္။

အဆိုးေလာကဓံက ကိုယ့္ရဲ့အလုပ္ကို အတိုင္း အတာတစ္ခုထိ အရွိန္တန္႔သြားေစတယ္ ဆိုရင္လည္း ရွိသေလာက္ အရွိန္ပဏာမနဲ႔ပဲ လုပ္ခြင့္ရ သေလာက္ ဆက္လုပ္သင့္ပါတယ္။အဆိုးေလာကဓံေၾကာင့္ေတာ့ ကိုယ္လုပ္ေနၿမဲအလုပ္ကို ရပ္တန္ ့မပစ္သင့္ပါဘူး။ကိုယ္ေတြ႔ၾကံဳေနရတဲ့ အဆိုးေလာကဓံကိုအေကာင္းဘက္ကေန လွည့္ေတြးတတ္မယ္ဆိုရင္လည္း စိတ္ခ်မ္းသာမႈကို ရႏိုင္ပါတယ္။ဥပမာ… လူပ်ိဳၾကီးျဖစ္ေနရတာကို အၿခံအရံ မရွိၿခင္း (အယသ) အဆိုးေလာကဓံနဲ႔ ေတြ႔ၾကံဳေနရတယ္လို ့ ယူဆေနတယ္ဆိုပါစို႔။ေၾသာ္….ငါ့ဘဝ လူပ်ိဳၾကီးျဖစ္ရတာ ကံေကာင္းလိုက္တာ။

အိမ္ေထာင္သာ က်ခဲ့ရင္ မိန္းမဒုကၡ သားသမီးဒုကၡေတြ ခုေလာက္ဆို တစ္သီၾကီး ခံစားေန ရၿပီး…ေယာကၡမဒုကၡ ေယာက္ဖဒုကၡေတြလည္းအဆစ္ပါခ်င္ ပါလာဦးမွာ…အခုေတာ့ ဒီဒုကၡေတြကင္းလို ့ခ်မ္းသာလိုက္တာ။ သြားခ်င္ရာသြား လုပ္ခ်င္ရာလုပ္နဲ႔ ့လြတ္လပ္လိုက္တာ။
လွဴစရာလည္း မငဲ့ကြက္ဘဲ လွွဴႏိုင္တယ္။တရားနာစရာ တရားထိုင္စရာ ရွိလည္းေနာက္ဆံမတင္းပဲ ထိုင္ႏိုင္တယ္။ခုေနတုန္း ဘုန္းၾကီးဝတ္မယ္ဆိုလည္းခ်က္ခ်င္းဝတ္လို႔ရတယ္။

ဟန္က်လိုက္တာ ငါ့ဘဝ အရေတာ္ေလၿခင္းလို႔ အဲဒီလို ႏွလံုးသြင္းလိုက္မယ္ဆိုရင္လူပ်ိဳၾကီးၿဖစ္ေနရတဲ့ ယ့္ဘဝကို ေက်နပ္ႏွစ္သက္ၿပီး စိတ္ခ်မ္းသာလာမွာ ေသခ်ာပါတယ္။အဲဒီလိုမွ အေကာင္းဘက္ကေနႏွလံုးမသြင္းတတ္ဘူးဆိုရင္ေတာ့အထီးက်န္ဘဝမို႔ အက်ည္းတန္လွပါတယ္အေမရဲ႕ဆိုၿပီး အၿမဲတမ္း စိတ္ဆင္းရဲေနရမွာပါ။သီတင္းကြ်တ္တိုင္း မ်က္ရည္၀ိုင္းရတာဟာအဆိုးေလာကဓံကို အေကာင္းေတြး စိတ္ဓါတ္နဲ ့ခံႏိုင္ရည္စြမ္းမရွိလို႔ပါ။ေလာကမွာ ဘယ္အရာမွ မတည္ၿမဲဘူးဆိုတဲ့အခ်က္ကို နက္နက္နဲနဲ သေဘာေပါက္ရင္အဆိုးေလာကဓံေတြကို ခံႏိုင္ရည္ရွိဖို႔သိပ္မခက္ခဲလွပါဘူး။

အခုဆိုးေနေပမဲ့ အခ်ိန္တန္ရင္ေကာင္းလာမွာပါ။ဘာမွမၿမဲတဲ႔ ေလာကၾကီးမွာအဆိုးေလာကဓံေတြဟာလည္း မၿမဲပါဘူး။မုန္တိုင္းထန္ၿပီးရင္ ေလေၿပေလညင္းတိုက္ခတ္လာပါလိမ့္မယ္။ဘာမွေတြးပူမေနနဲ႔။ ဘာမွစိတ္ညစ္မေနနဲ႔ လို႔ ကိုယ့္ကိုယ္ကို အားေပးလိုက္ရံုပါပဲ။ၿဖစ္ခ်င္တာၿဖစ္ စိတ္မညစ္နဲ႔။ေတာင္ေတြးေၿမာက္ေတြး စိတ္မေလးနဲ႔။ေတာင္ၾကံေၿမာက္ၾကံ မပူပန္နဲ႔။လူမွန္သမွ် ထိုက္တန္ေသာအက်ိဳးကို ရမည္သာဆိုတဲ့ ဘ၀ေဆာင္ပုဒ္ကေလးဟာအဆိုးေလာကဓံေတြနဲ႔ ေတြ႔ၾကံဳေနရသူေတြကိုအၿပံဳးမပ်က္ ခံႏိုင္ရည္ရွိေစတဲ့ စိတ္အားၿဖည့္ေဆာင္ပုဒ္ကေလးပါပဲ ။

တတ္သမွ် စြမ္းသမွ် အမ်ိဳးမ်ိဳး ႏွလံုးသြင္းတဲ႔ၾကားက စိတ္ညစ္ေနေသးတယ္။ စိတ္ဆင္းရဲေနေသးတယ္ဆိုရင္ေတာ့အၿဖစ္အပ်က္ကို အာရံုမၿပဳဘဲ စိတ္ကိုအာရံုျပဳျပီး စိတ္ညစ္တယ္ စိတ္ညစ္တယ္စိတ္ဆင္းရဲတယ္ စိတ္ဆင္းရဲတယ္ လို ့သတိပဌာန္ ၀ိပသနာ နည္းက်က် ထပ္ခါထပ္ခါ ရႈမွတ္ေနလိုက္ရပါမယ္။သတိ သမာဓိ ဥာဏ္အားေကာင္းလာတာနဲ ့အမွ် စိတ္ရဲ႕သဘာဝ စိတ္ရဲ႕အၿဖစ္အပ်က္ေတြ ကို ေတြ႔ျမင္လာၿပီးစိတ္ညစ္တာ စိတ္ဆင္းရဲတာေတြလည္း တၿဖည္းၿဖည္းနဲ႔ လံုးဝေပ်ာက္ကင္းသြားပါလိမ့္မယ္။

ၿငိမ္းေအးလွတဲ့ တရားအရသာနဲ ့အတူစိတ္ခ်မ္းသာမႈကိုလည္း အၿပည့္အဝခံစားလာရပါလိမ့္မယ္။စိတ္ထားတတ္ၿခင္း တရားမွတ္ၿခင္းေၾကာင့္လိုခ်င္တာမရတဲ ့ အဆိုးေလာကဓံၿဖစ္ခ်င္တာမၿဖစ္တဲ့ အဆိုးေလာကဓံမလိုခ်င္တာရတဲ့ အဆိုးေလာကဓံမၿဖစ္ခ်င္တာၿဖစ္တဲ့ အဆိုးေလာကဓံေတြကိုမတုန္မလႈပ္ ခံႏိုင္ရည္ရွိသြားၿပီဆိုရင္ၿငိမ္းေအးေသာ ဘ၀ပိုင္ရွင္ ၿဖစ္ၾကမွာပါ။ဘ၀ရဲ႕ ေကာင္းက်ိဳး ဆိုးက်ိဳးေတြဆိုတာကိုယ္ၿဖစ္ခ်င္သလို ၿဖစ္ေနတာမဟုတ္ပါဘူး။သူၿဖစ္သင့္သလို ၿဖစ္ေနတာပါ။

မၿဖစ္သင့္ဘဲ ျဖစ္ေနတဲ့ ေကာင္းက်ိဳး ဆိုးက်ိဳးရယ္လို႔လည္း တစ္ခုမွ မရွိပါဘူး။ပစၥဳပန္အလုပ္ ပစၥဳပန္ကံေၾကာင့္ မၿဖစ္သင့္ဘူး ဆိုေတာင္မွ အတိတ္အလုပ္ အတိတ္ကံေၾကာင့္ ေတာ့ ျဖစ္သင့္တာေတြခ်ည္းပါပဲ။အတိတ္ကံကို ဘယ္သူၿမင္ႏိုင္မွာမို႔လဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဆရာေတာ္
အရွင္ဆႏၵာဓိက (ေရႊပါရမီေတာရ)“ၿငိမ္းေအးေသာ ဘ၀ပိုင္ရွင္ ”

#Unicode Version# ျဖင့္ဖတ္ပါ ။

လူအများစုဟာ ကိုယ်လိုချင်တာ မရဘူး။ကိုယ်ဖြစ်ချင်တာမဖြစ်ဘူးဆိုရင်အလွယ်တကူလည်း စိတ်ညစ်တတ်တယ်။ အပြင်းအထန်လည်း စိတ်ညစ်တတ်တယ်။ကိုယ်မရတာ ကိုယ်မဖြစ်တာကိုပဲ ထပ်တလဲလဲ တွေးပြီး ကိုယ့်စိတ်ကို ညှဉ်းဆဲနေတတ်တယ်။လူရယ်လို့ဖြစ်လာရင်
ပစ္စည်းဥစ္စာလည်း ပြည့်စုံချင်တယ်။ အခြံအရံလည်း ပေါများချင်တယ်။အချီးအမွမ်းလဲ ခံယူချင်တယ်။ကိုယ်စိတ်နှစ်ပါးလဲ ချမ်းသာချင်တယ်။

ဒါပေမဲ့ တစ်ခါတစ်ရံ ကိုယ့်မှာ အဲဒါတွေအားလုံး ဒါမှမဟုတ် တချို့မပြည့်စုံဘူး။အဲဒီအခါ ကိုယ့်ရဲ့ မပြည့်စုံတဲအချက်တွေကိုတွေးပြီးစိတ်ညစ်နေမယ်။ စိတ်ဆင်းရဲနေမယ်။ဟိုလူ ဒီလူကို အပစ်ဖို့နေမယ်ဆိုရင် ကိုယ်ဟာ စိတ်ဓါတ်ပျော့ညံ့တဲ့သူ လောကဓံ ခံနိုင်ရည် မရှိတဲ့သူ ဖြစ်သွားမယ်။လောကမှာ အဆိုးလောကဓံတွေနဲ့ တွေ့ကြုံ ချင်တဲ့သူရယ်လို့ တစ်ယောက်မှမရှိပါဘူး။

ဒါပေမဲ့ အနည်းနဲ့အများ ဆိုသလို တစ်ချိန် မဟုတ် တစ်ချိန်မှာ တွေ့ကြုံနေရတာပါပဲ။အဲဒီလို တွေ့ကြုံလာတဲ့အခါမှာမတုန်မလှုပ် ခံနိုင်ရည်ရှိဖို့ လိုပါတယ်။စိတ်ညစ်နေ စိတ်ဆင်းရဲနေ ဟိုလူဒီလူ အပြစ်ဖို့ နေလို့ အဆိုးလောကဓံက ပျောက်ပျက်မသွား တဲ့အပြင်တစ်ပူပေါ် နှစ်ပူဆင့်ပြီး ဆိုးသထက်ဆိုးလာဖို့ ဆိုးတွင်းနက်သွားဖို့ပဲ ရှိပါတယ်။တကယ်တော့ အကောင်းလောကဓံတွေနဲ့ချည်း တွေ့ကြုံနေရတဲ့လူ အဆိုးလောကဓံတွေနဲ့ချည်း တွေ့ကြုံနေရတဲ့လူရယ်လို့ လောကမှာ မရှိပါဘူး။

အခြေအနေ အချိန်အခါ အားလျော်စွာအကောင်းလောကဓံရော အဆိုးလောကဓံရော ရောနှောပေါင်းစပ်ပြီး ခံစားနေကြရတာပါ။အကောင်းလောကဓံ ပိုများတဲ့လူအဆိုးလောကဓံ ပိုများတဲ့လူရယ်လို့ တော့ ရှိမှာပေါ့။ဒါကတော့ ကိုယ့်ရဲ့အကျိုးကိုကိုယ်ခံစားရတာပါ။ကောင်းကံများများ ပြုခဲ့တဲ့သူကအကောင်းလောကဓံနဲ့ပိုများများ တွေ့ကြုံရပြီး

ဆိုးကံများများပြုခဲ့တဲ့သူက အဆိုးလောကဓံကို ပိုများများ ခံစားရမှာပါပဲ။ ဘယ်သူမပြု မိမိမှုပါ။အဆိုးလောကဓံတွေနဲ့ တွေ့ကြုံလာရင်ငါ့ရဲ့ဆိုးကံတွေ အကျိုးပေးတာလို့ပဲနှလုံးသွင်းပြီး စိတ်ဖြေသင့်ပါတယ်။အဆိုးလောကဓံအပေါ် စိတ်ဆင်းရဲမှုမကျေနပ်မှုတွေနဲ့ တုံ့ပြန်ပြီး
အချိန်ဖြုန်းမနေပဲ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို အရှိန်အဟုန်မပျက် ဆက်လုပ်နေသင့်ပါတယ်။

အဆိုးလောကဓံက ကိုယ့်ရဲ့အလုပ်ကို အတိုင်း အတာတစ်ခုထိ အရှိန်တန့်သွားစေတယ် ဆိုရင်လည်း ရှိသလောက် အရှိန်ပဏာမနဲ့ပဲ လုပ်ခွင့်ရ သလောက် ဆက်လုပ်သင့်ပါတယ်။အဆိုးလောကဓံကြောင့်တော့ ကိုယ်လုပ်နေမြဲအလုပ်ကို ရပ်တန့်မပစ်သင့်ပါဘူး။ကိုယ်တွေ့ကြုံနေရတဲ့ အဆိုးလောကဓံကိုအကောင်းဘက်ကနေ လှည့်တွေးတတ်မယ်ဆိုရင်လည်း စိတ်ချမ်းသာမှုကို ရနိုင်ပါတယ်။ဥပမာ… လူပျိုကြီးဖြစ်နေရတာကို အခြံအရံ မရှိခြင်း (အယသ) အဆိုးလောကဓံနဲ့ တွေ့ကြုံနေရတယ်လို့ ယူဆနေတယ်ဆိုပါစို့။သြော်….ငါ့ဘဝ လူပျိုကြီးဖြစ်ရတာ ကံကောင်းလိုက်တာ။

အိမ်ထောင်သာ ကျခဲ့ရင် မိန်းမဒုက္ခ သားသမီးဒုက္ခတွေ ခုလောက်ဆို တစ်သီကြီး ခံစားနေ ရပြီး…ယောက္ခမဒုက္ခ ယောက်ဖဒုက္ခတွေလည်းအဆစ်ပါချင် ပါလာဦးမှာ…အခုတော့ ဒီဒုက္ခတွေကင်းလို့ချမ်းသာလိုက်တာ။ သွားချင်ရာသွား လုပ်ချင်ရာလုပ်နဲ့လွတ်လပ်လိုက်တာ။
လှူစရာလည်း မငဲ့ကွက်ဘဲ လှူနိုင်တယ်။တရားနာစရာ တရားထိုင်စရာ ရှိလည်းနောက်ဆံမတင်းပဲ ထိုင်နိုင်တယ်။ခုနေတုန်း ဘုန်းကြီးဝတ်မယ်ဆိုလည်းချက်ချင်းဝတ်လို့ရတယ်။

ဟန်ကျလိုက်တာ ငါ့ဘဝ အရတော်လေခြင်းလို့ အဲဒီလို နှလုံးသွင်းလိုက်မယ်ဆိုရင်လူပျိုကြီးဖြစ်နေရတဲ့ ယ့်ဘဝကို ကျေနပ်နှစ်သက်ပြီး စိတ်ချမ်းသာလာမှာ သေချာပါတယ်။အဲဒီလိုမှ အကောင်းဘက်ကနေနှလုံးမသွင်းတတ်ဘူးဆိုရင်တော့အထီးကျန်ဘဝမို့ အကျည်းတန်လှပါတယ်အမေရဲ့ဆိုပြီး အမြဲတမ်း စိတ်ဆင်းရဲနေရမှာပါ။သီတင်းကျွတ်တိုင်း မျက်ရည်ဝိုင်းရတာဟာအဆိုးလောကဓံကို အကောင်းတွေး စိတ်ဓါတ်နဲ့ခံနိုင်ရည်စွမ်းမရှိလို့ပါ။လောကမှာ ဘယ်အရာမှ မတည်မြဲဘူးဆိုတဲ့အချက်ကို နက်နက်နဲနဲ သဘောပေါက်ရင်အဆိုးလောကဓံတွေကို ခံနိုင်ရည်ရှိဖို့သိပ်မခက်ခဲလှပါဘူး။

အခုဆိုးနေပေမဲ့ အချိန်တန်ရင်ကောင်းလာမှာပါ။ဘာမှမမြဲတဲ့ လောကကြီးမှာအဆိုးလောကဓံတွေဟာလည်း မမြဲပါဘူး။မုန်တိုင်းထန်ပြီးရင် လေပြေလေညင်းတိုက်ခတ်လာပါလိမ့်မယ်။ဘာမှတွေးပူမနေနဲ့။ ဘာမှစိတ်ညစ်မနေနဲ့ လို့ ကိုယ့်ကိုယ်ကို အားပေးလိုက်ရုံပါပဲ။ဖြစ်ချင်တာဖြစ် စိတ်မညစ်နဲ့။တောင်တွေးမြောက်တွေး စိတ်မလေးနဲ့။တောင်ကြံမြောက်ကြံ မပူပန်နဲ့။လူမှန်သမျှ ထိုက်တန်သောအကျိုးကို ရမည်သာဆိုတဲ့ ဘဝဆောင်ပုဒ်ကလေးဟာအဆိုးလောကဓံတွေနဲ့ တွေ့ကြုံနေရသူတွေကိုအပြုံးမပျက် ခံနိုင်ရည်ရှိစေတဲ့ စိတ်အားဖြည့်ဆောင်ပုဒ်ကလေးပါပဲ ။

တတ်သမျှ စွမ်းသမျှ အမျိုးမျိုး နှလုံးသွင်းတဲ့ကြားက စိတ်ညစ်နေသေးတယ်။ စိတ်ဆင်းရဲနေသေးတယ်ဆိုရင်တော့အဖြစ်အပျက်ကို အာရုံမပြုဘဲ စိတ်ကိုအာရုံပြုပြီး စိတ်ညစ်တယ် စိတ်ညစ်တယ်စိတ်ဆင်းရဲတယ် စိတ်ဆင်းရဲတယ် လို့သတိပဌာန် ဝိပသနာ နည်းကျကျ ထပ်ခါထပ်ခါ ရှုမှတ်နေလိုက်ရပါမယ်။သတိ သမာဓိ ဉာဏ်အားကောင်းလာတာနဲ့အမျှ စိတ်ရဲ့သဘာဝ စိတ်ရဲ့အဖြစ်အပျက်တွေ ကို တွေ့မြင်လာပြီးစိတ်ညစ်တာ စိတ်ဆင်းရဲတာတွေလည်း တဖြည်းဖြည်းနဲ့ လုံးဝပျောက်ကင်းသွားပါလိမ့်မယ်။

ငြိမ်းအေးလှတဲ့ တရားအရသာနဲ့အတူစိတ်ချမ်းသာမှုကိုလည်း အပြည့်အဝခံစားလာရပါလိမ့်မယ်။စိတ်ထားတတ်ခြင်း တရားမှတ်ခြင်းကြောင့်လိုချင်တာမရတဲ့ အဆိုးလောကဓံဖြစ်ချင်တာမဖြစ်တဲ့ အဆိုးလောကဓံမလိုချင်တာရတဲ့ အဆိုးလောကဓံမဖြစ်ချင်တာဖြစ်တဲ့ အဆိုးလောကဓံတွေကိုမတုန်မလှုပ် ခံနိုင်ရည်ရှိသွားပြီဆိုရင်ငြိမ်းအေးသော ဘဝပိုင်ရှင် ဖြစ်ကြမှာပါ။ဘဝရဲ့ ကောင်းကျိုး ဆိုးကျိုးတွေဆိုတာကိုယ်ဖြစ်ချင်သလို ဖြစ်နေတာမဟုတ်ပါဘူး။သူဖြစ်သင့်သလို ဖြစ်နေတာပါ။

မဖြစ်သင့်ဘဲ ဖြစ်နေတဲ့ ကောင်းကျိုး ဆိုးကျိုးရယ်လို့လည်း တစ်ခုမှ မရှိပါဘူး။ပစ္စုပန်အလုပ် ပစ္စုပန်ကံကြောင့် မဖြစ်သင့်ဘူး ဆိုတောင်မှ အတိတ်အလုပ် အတိတ်ကံကြောင့် တော့ ဖြစ်သင့်တာတွေချည်းပါပဲ။အတိတ်ကံကို ဘယ်သူမြင်နိုင်မှာမို့လဲ။

ဖိုးသူတော် (www.phothutaw.com)
Credit:ဆရာတော်
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)“ငြိမ်းအေးသော ဘဝပိုင်ရှင် ”
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top