ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×


ကာေမသု မိစၧာစာရကံကို အမ်ိဳးသားမ်ားသာမကအမ်ိဳသမီးမ်ားပါ ထိုက္သည္ဆိုပါ လွ်င္ မည္သည့္အမႈမ်ိဳးမွာ အမ်ဳိးသမီးမ်ား ကံထိုက္ပါသနည္း။ အိမ္ေထာင္ မ႐ွိသူ မ်ား လြတ္လပ္စြာေနၾကလွ်င္ကံထိုက္၊မထုိက္ ေျဖၾကားေပးပါဘုရား။

ကာေမသူတိ ေမထုနသမာစာေရသု။
ကာေမသူတိ - ကာေမသု ဟူသည္ကား၊
ေမထုနသမာစာေရသု - ေမထုန္အက်င့္တို႔၌။
မိစၧာစာေရာတိ ဧကႏၲနိႏၵိေတာ လာမကာစာေရာ။
[ပဋိသံ၊ ႒၊ ၁၊ ၂၀၄]

မိစၧာစာေရာတိ - မိစၧာစာရဟူသည္ကား၊
ဧကႏၲနိႏၵိေတာ - စင္စစ္ကဲ့ရဲ႕ထုိက္ေသာ၊
လာမကာစာေရာ- ယုတ္မာေသာအက်င့္တည္း။
အထက္ပါဖြင့္ဆိုခ်က္အရ ကာေမသု မိစၧာစာရ -
ဟူေသာပုဒ္တြင္ ကာေမသု အရ ေမထုန္မႈ၊
မိစၧာစာရ အရ စင္စစ္ဧကန္ အမွန္ပင္ ကဲ့ရဲ႕ထိုက္ေသာ
ယုတ္ယုတ္မာမာျပဳက်င့္မႈ-ကို ယူရပါမည္။

မွန္ပါသည္။ ေလာကတြင္ ကိုယ့္လင္ ကုိယ့္မယား၊ စည္းစိမ္ခံစားဘက္ အခ်င္းခ်င္း သြားလာဆက္ဆံျခင္းကို ပုထုဇဥ္တို႔ အျမင္ျဖင့္ အမွန္ပင္ကဲ့ရဲ႕ထုိက္ေသာ အမႈဟု မဆိုသာ။ တိရိစၧာန္တို႔ကဲ့သုိ႔ အမိ၊ႏွမ စသည္ မခြဲ လြန္ကဲစြာသာ ေတြ႔သမွ်မိန္းမ လာသမွ် ေယာက်္ား ၾကံဳသလုိသြားလာ ေပ်ာ္ပါးလွ်င္ကား ပညာ႐ွိတို႔အျမင္တြင္ စင္စစ္ကဲ့ရဲ႕ထိုက္ေသာ ယုတ္မာေသာ အမႈျဖစ္၏။

ထို႔ေၾကာင့္ ကာေမသု မိစၧာစာရ- အရ ကုိယ့္လင္၊ ကိုယ့္မယားမွ တစ္ပါး အျခားေယာက်္ား အျခားမိန္းမတုိ႔ႏွင့္ ဆက္ဆံေပ်ာ္ပါးျခင္းကို ေကာက္ယူရ၏။

ထိုသို႔ ဆက္ဆံေပ်ာ္ပါးရာတြင္ --
(၁)။အဂမနီယ၀တၳဳ - မသြားလာထိုက္ေသာ ၀တၱဳျဖစ္ျခင္း။
(၂)တသႎၼ ေသ၀နစိတၱံ - ထုိ မသြားလာထုိက္ေသာ၀တၳဳ (မဆက္ဆံ မေပ်ာ္ပါးသင့္ ေသာမိန္းမ-ေယာက်္ားမ်ား) ၌ မွီ၀ဲလိုေသာ စိတ္႐ွိျခင္း။
(၃)။ေသ၀န ပေယာေဂါ - မွီ၀ဲမႈ လံု႔လျပဳျခင္း။
(၄)။မေဂၢန မဂၢပဋိပတၱိ အဓိ၀ါသနံ -မဂ္အခ်င္းခ်င္း က်င့္ျခင္း (ဆက္ဆံရျခင္း)ကို သည္းခံသာယာျခင္း၊ ဟူေသာ ဤေလးပါးစံုမွ ကာေမသု မိစၧာစာရကံ ေျမာက္ပါ သည္။

ကာေမသု မိစၧာစာရကံႏွင့္ ပတ္သက္သည့္ ေမးခြန္း၏ အေျဖမ်ားတြင္ အဂမနီယ၀တၳဳ- အရ “မိန္းမႏွစ္က်ိပ္၊ ေပ်ာ္ေၾကာင္းသိပ္လည္း၊ မအိပ္ေလရာ” ဟူ သည့္အတိုင္း အမိေစာင့္ ေ႐ွာက္ေသာမိန္းမ အဖေစာင့္ေ႐ွာက္ေသာမိန္းမ- စေသာ မိန္းမ အမ်ိဳအစားႏွစ္ဆယ္ကို ထုတ္ထုတ္ျပၾကရပါသည္။

ထိုမိန္းမ အမ်ိဳးအစား ႏွစ္ဆယ္ကို အႏွစ္ခ်ဳပ္လုိက္လွ်င္ ကာမပုိင္ မ႐ွိေသးေသာ အပ်ိဳႏွင့္၊ ေစ့စပ္ေၾကာင္းလမ္းထားသူ အပါအ၀င္ ကာမပုိင္ အ႐ွင္သခင္ လင္ေယာက်္ား႐ွိၿပီးျဖစ္ေသာ မိန္းမဟု ႏွစ္မ်ိဳးသာရပါသည္။

ဤတြင္ ၁။ နံပါတ္ အဂမနီယ၀တၳဳ အရ ကာမပုိင္ မ႐ွိေသးေသာ အပ်ိဳသည္ မိမိကာမကုိ မိမိပုိင္သျဖင့္မည္သည့္ေယာက်္ားႏွင့္ ဆက္ဆံသည္ျဖစ္ေစ
ကာေမသုမိစၧာစာရ မထိုက္ဟုဆုိပါသည္။

ေစ႔စပ္ထားသူမွအစ မိမိကုိ ပုိင္ဆိုင္သူ႐ွိၿပီးျဖစ္ေသာ မိန္းမအတြက္ကား ထိုကာမ ပုိင္ ေယာက်္ားမွ တစ္ပါး အျခားေယာက်္ားႏွင့္ ဆက္ဆံလွ်င္ ကံထိုက္ပါသည္။

ေယာက်္ားဘက္တြင္ကား မိမိပုိင္ မိန္းမမွတစ္ပါး အျခားမည္သည့္ မိန္းမႏွင့္မဆို ကံထိုက္ပါသည္။ (အပ်ိဳႏွင့္ဆက္ဆံရာတြင္ မထိုက္ဟု ထင္ၾကသည္။
သတိျပဳပါ။)

ျပည့္တန္ဆာမႏွင့္ ဆက္ဆံရာတြင္ ကုိယ့္ထက္အရင္ ေငြေပးထားသူ႐ွိက ေနာက္ေယာက်္ား ကံထိုက္၏။ ျပည့္တန္းဆာမဘက္ကလည္း ေငြလက္ခံထားၿပီး
ထိုေယာက်္ားႏွင့္ မၿပီးျပတ္ခင္ အျခားေယာက်္ားကုိ လက္ခံလွ်င္ ကံထိုက္၏။

အိမ္ေထာင္မ႐ွိသူမ်ား လြတ္လပ္စြာေနၾကရာ၌ မယားအမွတ္ျဖင့္ ေပါင္းသင္းဆက္ဆံလွ်င္ (မိဘသေဘာတူတူ၊မတူတူ) ဆႏၵ၀ါသီနီ - ဟူေသာ
အလုိတူ၍ေနေသာ မယားအရာေျမာက္၍ ေယာက်္ားကံ မထိုက္။ အမ်ိဳးသမီး ဘက္တြင္လည္း ေစ့စပ္ထားသူ၊ ေငြေပးထားသူစေသာ ပုိင္ဆုိင္သူမရွိေသးလွ်င္ ကံမထိုက္။

ဤကာေမသု မိစၧာစာရ အရာ၌ သြားလာအပ္သူ (ဆက္ဆံဘက္)က သီလ စေသာ ဂုဏ္ႏွင့္ ျပည့္စံုလွ်င္ အျပစ္ႀကီး၏။ သီလ စေသာ ဂုဏ္ကင္းလွ်င္
အျပစ္ငယ္၏။ [အဘိ၊ ႒၊ ၁၊ ၁၄၁၊]

သီလစေသာ ဂုဏ္ကင္းသူ၌လည္း အႏိုင္အထက္ ျပဳက်င့္လွ်င္ အျပစ္ႀကီး၏။ ႏွစ္ဦးသေဘာတူ၍ က်ဴးလြန္ရာ၌ အျပစ္ငယ္၏။ႏွစ္ဦးသေဘာတူ ဆက္ ဆံရာ၌လည္း ကိေလသာ အားႀကီး, မႀကီး၊ လံု႔လ အနည္း အမ်ား လုိက္၍ အျပစ္ အႀကီးအေသးကြာျခား၏။ [ ဣတိ၀ုတ္၊႒၊ ၂၂၀]

ကာေမသု မိစၧာစာရကံ၏ အက်ိဳးရင္း၊အက်ိဳးဆက္တုိ႔ကို အ႒ကထာထိုထိုမွ ထုတ္ႏုတ္၍ သုေတသန သ႐ုပ္ျပ အဘိဓာန္တြင္ “ကာေမသုကံ က်ိဳးျပစ္ဒဏ္ ထိ မွန္ ၁၅ပါး” ဟူေသာ ေခါင္းစဥ္းျဖင့္ အျပစ္ ၁၅-ပါး ျပပါသည္။ ထို ၁၅-ပါးမွာ -
၁။ အပါယ္ေလးပါး လားရျခင္း၊
၂။ မိန္းမ၊ပ႑ဳက္ျဖစ္ရျခင္း၊
၃။ ရန္သူႏွင့္ေတြ႕ရျခင္း၊
၄။ လူအမ်ားမုန္းျခင္း၊
၅။ အစားအေသာက္၊အ၀တ္အထည္၊ အိပ္ရာေနရာ ရခဲျခင္း၊
၆။ ဆင္းဆင္းရဲရဲ အိပ္ရ၊ႏိုးရျခင္း၊
၇။ အမ်က္ ေဒါသႀကီးျခင္း၊
၈။ ေလာကုတၱရာတရား မရႏုိင္ျခင္း၊
၉။ စည္းစိမ္ဥစၥာ ပ်က္ျပဳန္းရျခင္း၊
၁၀။ ယံုၾကည္မႈ ကင္းမဲ့ခံရျခင္း၊
၁၁။ ေဘးေတြ႕ရျခင္း၊
၁၂။ ယံုမွား သံသယမ်ားျခင္း၊
၁၃။ ခ်စ္သူတို႔ႏွင့္ ခဲြေနရျခင္း၊
၁၄။ အသက္တိုျခင္း၊
၁၅။ ဆင္းရဲႀကီးစြာ ေတြ႕ရျခင္း၊ ဟူ၍ ျဖစ္ပါသည္။

ဤကာေမသု မိစၧာစာရကံႏွင့္ ပတ္သက္၍ ေမးခြန္းတြင္မပါ၀င္ေသာ္လည္း သိ မွတ္စရာ, ဆင္ျခင္စရာတြ မ်ားလြန္းလွသျဖင့္ ဆရာ အဆက္ဆက္၏ အယူအဆ
အမ်ိဳးမ်ိဳးကိုလည္း ဆက္လက္တင္ျပခ်င္ပါေသးသည္။

ကာေမသု မိစၧာစာရ ကံႏွင့္ ပတ္သက္၍ ေမးစရာ ေစာဒကတက္စရာေတြက မ်ားလြန္းလွသျဖင့္ ေ႐ွးကပင္ ဆရာအမ်ား ေျဖၾကား ႐ွင္းလင္းခဲ့ၾကရ၏။ ထိုသုိ႔ ေျဖၾကား႐ွင္းလင္း ၾကရာတြင္ ေလ့လာမိသမွ် အစံုလင္စံုးက်မ္းမ်ားကား ေတာင္ၿမိဳ႕ ဆရာေတာ္၏ သၿဂႋဳလ္ဘာသာဋီကာႏွင့္ လယ္တီပ႑ိတ ဦးေမာင္ႀကီး၏ ပရမတၳ သံခိပ္ဋီကာတို႔ ျဖစ္ၾက၏။ ယခု ထုိက်မ္းမ်ားမွ ထုတ္ႏႈတ္၍ အေမးအေျဖ ပံုစံျဖင့္ ကူးယူေဖာ္ျပလုိက္ပါသည္။

ေမး။ ။ အေမွာင္တြင္း၌ သူ႔မယားကုိ ကုိယ့္မယား ထင္မွတ္၍ သြားလာေသာ ေယာက်္ား၊ ကုိယ့္ခင္ပြန္းထင္မွတ္၍ သည္းခံေသာ မိန္းမတုိ႔အား ကံထိုက္၊မထိုက္
ေျဖၾကားေပးပါဘုရား။

အထက္ပါ အျဖစ္အပ်က္တြင္
(၁) နံပါတ္အရ မသြားလာသင့္ေသာ မိန္းမ၊ေယာက်္ားမ်ားလည္းျဖစ္ေန၏။
(၂) နံပါတ္အရ မီွိ၀ဲလိုစိတ္လည္း ႐ွိ၏။
(၃) နံပါတ္အရ လံု႔လလည္းျပဳ၏။
(၄) နံပါတ္အရ မဂ္အခ်င္းခ်င္း ပူးယွဥ္ျခင္းကုိလည္း သာယာ၏။ဤသုိ႔ အဂၤါ ၄- ပါးလံုး ညီေသာၾကာင့္ ကာေမသု မိစၧာစာရ ကံထိုက္ ပါသည္။

ဤေနရာတြင္ လယ္တီပ႑ိတ ဦးေမာင္ႀကီးက(ပါဏာတိပါတ အရာတြင္ သတၱ ၀ါျဖစ္ ျခင္း၊ သတၱ၀ါဟုအမွတ္႐ွိျခင္း၊ သတ္လုိျခင္း၊ သတ္ျခင္း၊ ေသျခင္းဟု
အဂၤါငါးပါး႐ွိသကဲ့သုိ႔) အခ်ိဳ႕ဆရာတုိ႔ကား အဂမနီယ၀တၳဳ- ဟူ၍ အမွတ္႐ွိပါမွ ( မသြားလာသင့္ေသာ မိန္းမ၊ ေယာက်္ားမွန္းသိပါမွ) ကာေမသု မိစၧာစာရကံ
ထိုက္သင့္သည္၊ မသိ၍မွားၾကရာ၌ မထုိက္သင့္ဟု ယူလုိကုန္၏။

အဂမနီယ၀တၳဳသညိတာ= မသြားလာသင့္ေသာ ၀တၳဳဟု အမွတ္႐ွိျခင္း-ဟူ၍ အဂၤါတစ္ပါးတိုးကား ကာေမသုမိစၧာစာရ၏ အဂၤါကုိ ငါးပါးထားလုိၾကကုန္၏။
သုိ႔ရာတြင္ အ႒ကထာႀကီး၌ ေလးပါးမွ်သာ ျပဆုိၿပီး႐ွိ၍ မလြန္ဆန္ သာေခ်…ဟု မွတ္ခ်က္ျပဳထားပါသည္။

ဘာသာဋီကာ ဆရာေတာ္ကလည္း “ခိုးယူေပါင္းသင္းလိုေသာစိတ္ မပါပဲ အထင္ မွား၍ျဖစ္ရေသာေၾကာင့္ အျပစ္ႀကီးလွမည္မထင္။ ထိုစကားမွန္၏- အခ်ိဳ႕ေနရာ၌ ကံထိုက္တိုင္းလည္း အျပစ္မႀကီး၊ ကံမထိုက္္ေသာ္လည္း အဘိဓမၼာသေဘာအရ
ေစတနာယုတ္မာလွသျဖင့္ အျပစ္ႀကီးေလးေသာအရာ မ်ားစြာ႐ွိေပသည္။” ဟု မွတ္ခ်က္ျပဳထားပါသည္။

ေမး။ ။ တိရိစၧာန္၊ မိန္းမလ်ာ၊ အ႐ူးမတုိ႔၌ သြားလာေသာ ေယာက်္ားတုိ႔အား မိစၧာစာရ ျဖစ္၊မျဖစ္ ေျဖၾကားေပပါဘုရား။
ေျဖ။ ။ တိရိစၧာန္မ၌ အၿမဲလင္ျဖစ္ေသာ တိရိစၧာန္ထီး႐ွိေနလွ်င္ လည္းေကာင္း၊ နဂါး စသည္တုိ႔ကဲ့သို႔ ဆိုင္ရာမိဘက ေစာင့္ေ႐ွာက္ထားလွ်င္လည္းေကာင္း၊ မိစၧာစာရ ျဖစ္၏။ ထုိကဲ့သုိ႔ မ႐ွိလွ်င္ မိစၧာစာရ မျဖစ္။
(ဘာသာဋီကာ)

ဘူရိဒတ္ နဂါးမင္းႀကီးသည္ သီလေဆာက္တည္ေၾကာင္း၊ ယုန္, ဖ်ံ, ေျမေခြး, ေမ်ာက္ တို႔သည္လည္း သီလေဆာက္တည္ေၾကာင္းကို က်မ္းဂန္တို႔၌လာ ႐ွိေသာေၾကာင့္ တိရိစၧာန္ တို႔ မွာလည္း ငါးပါး႐ွစ္ပါးစေသာ သီလမ်ားလည္း ရွိသည္ပင္ျဖစ္၏။

ထို႔ေၾကာင့္ တိရိစၧာန္၌ေသာ္လည္း မသြားလာအပ္ေသာ အဂမနီယ၀တၳဳ၌ သြားလာ လြန္က်ဴးလွ်င္ ကံထုိက္၏။ (သံခိပ္ ဋီကာ) [ကာမပုိင္႐ွိေသာ မိန္းမတို႔သည္ လူဇာတ္မဟုတ္ေသာ တိရိစၧာန္ထီးတို႔ႏွင့္ က်ဴးလြန္ရာ ၌လည္း ကာေမသု မိစၧာစာရ ျဖစ္၏။ မလႅိကာမိဖုရား၀တၳဳကုိ ေထာက္ပါ။
(သံခိပ္ ဋီကာ)]

“(၄)- နံပါတ္အဂၤါ မေဂၢန မဂၢပဋိပတၱိ- အရ မဂ္သည္ပႆာ၀မဂ္ (vagina)၊၀စၥမဂ္ (anus)၊မုခမဂ္ (mouth)ဟူ၍ သံုးပါး႐ွိ၏။ ထိုမဂ္သံုးပါးလံုး၌ပင္ က်ဴးလြန္က
ကံထိုက္၏ ဟု ဆံုးျဖတ္ေတာ္မူကုန္၏။

ေယာက်္ားခ်င္းခ်င္းေသာ္လည္း ၀စၥမဂ္၊မုခမဂ္တို႔၌ သြားလာလြန္က်ဴးလွ်င္ ကာေမသု မိစၧာစာရ ျဖစ္၏ဟု ဆရာႀကီးတုိ႔ အလုိ႐ွိေတာ္မူကုန္၏။ ထံုးစံဓမၼတာ ျဖစ္၍သာ မိန္းမကို ကာေမသု မိစၧာစာရ ၀တၳဳ အထည္ကိုယ္ ဆုိရသည္။ ေယာက်္ားကိုလည္း ကာေမသုမိစၧာစာရ ၀တၳဳ အထည္ကိုယ္ႀကီးဟု ဆိုသင့္၏ ဟု သေဘာက် ႏွစ္သက္ေတာ္မူကုန္၏။

အ႐ူးမကို မိဘစသည္တုိ႔က အုပ္ထိန္းလ်က္ ႐ွိေသးလွ်င္မိစၧာစာရျဖစ္၏။ အအုပ္ အထိန္း မ႐ွိသူမွာ မိစၧာစာရမျဖစ္။ (ဘာသာဋီကာ)

ေမး။ ။ ေယာက်္ားတစ္ေယာက္ကို မိန္းမေတြက ႀကိဳးတုပ္၍ က်ဴးလြန္ၾကရာ ထိုေယာက်္ား ကံထိုက္၊မထိုက္ေျဖၾကားေပးပါဘုရား။
ေျဖ။ ။ မိမိက လံုးလမျပဳပဲ သူတစ္ပါးက လံုးလျပဳသည္ကို သာယာလွ်င္ ၃-နံပါတ္ အဂၤါျဖစ္ေသာ ပေယာဂ - မပါေသာေၾကာင့္ “ကံ မထိုက္” ဟု အပေရ ဆရာတို႔
ဆုိၾက၏။ ဧေကဆရာတို႔ကမူ “လံုးလပေယာဂ မပါေသာ္လည္း မွီ၀ဲလုိေသာ စိတ္႐ွိလွ်င္ ကံေျမာက္သည္”ဟု ဆံုးျဖတ္ၾက၏။ အခ်ိဳ႕အခါ၀ယ္ မိန္းကေလး ဘက္၌လံုးလပေယာဂမျပဳပဲ ကိစၥၿပီး ႏိုင္သည္ ဟု သံုးသပ္ၾက၏။
(ဘာသာဋီကာ)

ထိုကဲ့သို႔ ပေယာဂမပါပဲ ကိစၥၿပီးႏိုင္လွ်င္ အဂၤါေလးပါး မ႐ွိထုိက္ ပေယာဂကို ခ်န္ထား၍ သံုးပါးသာ ျပထုိက္၏။ အ႒ကထာမွာလည္း အဂၤါေလးပါးပင္ လာ သည္မဟုတ္ပါေလာ ဟူျငား အံ့...

ေသ၀နပေယာဂ (မွီ၀ဲေၾကာင္း လံု႔လျပဳမႈ) ကုိ ေယဘုယ် နည္းအားျဖင့္ ရသင့္ရထုိက္၍ အ႒ကထာ ဆိုေတာ္မူသည္။ ဧကႏၲမုခ် အဂၤါမဆုိသင့္ အကယ္၍ ပေယာဂ႐ွိပါမွ မိစၧာစာရကံ ထိုက္သည္ဆုိလွ်င္ မိန္းမတို႔၌ ပေယာဂဗ်ာပါရသည္ လြန္စြာနည္းပါး၏။

ထို႔ေၾကာင့္ မာတုဂါမ တုိ႔၌ ကာေမသုမိစၧာစာရကံ ေျမာက္ခဲႏိုင္မွ် ျဖစ္ရာ၏။ ထုိ႔ေၾကာင့္ ပေယာဂအဂၤါကုိမ်ားစြာ အေေရးႀကီးေသာ အခ်က္၌ မထားပဲ အဂမနီယ
၀တၳဳ၌ မဂ္အခ်င္းခ်င္း ပူးယွဥ္၍ သာယာလွ်င္ ကံေျမာက္၏ဟု အေရးႀကီးစြာ ဆံုးျဖတ္သင့္၏။(သံခိပ္ဋီကာ)

ဤကား အ႒ကထာ ဋီကာတို႔ကို ၾကည့္႐ႈသံုးသပ္၍ ဆရာျမတ္တုိ႔ ေျဖ႐ွင္းဆံုးျဖတ္ အပ္ေသာ အဓိပၸါယ္အယူအဆတို႔တည္း။

အခ်ဳပ္ ျဖစ္ “ကာေမသု မိစၧာစာရ- ဟူသည္ ေမထုန္အမႈတို႔၌ စင္စစ္ကဲ့ရဲ႕ ထိုက္ေသာ ယုတ္ယုတ္မာမာ ျပဳက်င့္မႈတည္း”ဟူေသာ အ႒ကထာဖြင့္ အနက္ကို မွတ္သားႏုိင္လွ်င္ လံုေလာက္ပါသည္။ မွန္ပါသည္၊ လြန္လြန္ကဲကဲ ယုတ္ယုတ္ မာမာ ျပဳက်င့္လွ်င္ မည္သူႏွင့္မဆုိ ကာေမသု မိစၧာစာရ ကံထုိက္ေၾကာင္း
ေ႐ွးဆရာျမတ္တုိ႔ ႏွစ္သက္လက္ခံ ေတာ္မူၾကသည္။

စြယ္စံုေက်ာ္ထင္က်မ္းတြင္ “မိစၧာျဖစ္ဖြယ္၊ အိမ္႐ွင္၀ယ္၊ ေလးသြယ္႐ွိ၏ အဘယ္နည္း” ဟူေသာ ၾကည့္ကန္႐ွင္ႀကီး၏ အေမးကို က်ီးသဲေလးထပ္ ဆရာေတာ္က ဤသို႔ေျဖေတာ္မူသည္။

“အကာေလ အေဒေသ အဓေမၼန အနေဂၤန ေသ၀ႏၲႆ သဒါေရပိ မိစၧာစာေရာ ေဟာတိ” အကာေလ- ေရာဂါေရာက္ေသာ အခါ, ကုိယ္၀န္အလြန္ရင့္၍ မျပဳ သင့္ေသာ အခါ၌ လည္းေကာင္း၊ အေဒေသ- မိဘဆရာ သူတကာတုိ႔ ျမင္သာ သျဖင့္ မသင့္ေသာ အရပ္၌ လည္းေကာင္း၊ အဓေမၼန- က်င့္႐ုိးမဟုတ္ က်င့္သျဖင့္ လည္းေကာင္း၊ အနေဂၤန- ေဆး၀ါးမွီ၀ဲ ႐ွိၿမဲအဂၤါထက္ လြန္ေစသျဖင့္လည္းေကာင္း၊
ေသ၀ႏၲႆ- မွီ၀ဲေသာသူအား၊ သဒါေရပိ- မိမိ မယား၌လည္း၊ မိစၧာစာေရာ- မွားေသာအက်င့္သည္၊ ေဟာတိ- ျဖစ္၏။-ဟု ဆဂတိဒီပနီ၌ လာသည္။

မႏု၀ဏၰနာ အမည္႐ွိေသာ ဓမၼသတ္၌ကား- “ခရီးေ၀းစြာ၊ လာသည့္အခုိက္၊ ၀မ္း၌ကုိယ္၀န္၊ ျပင္းထန္ပူဆာ၊ ေရာဂါႏွိပ္စက္၊ တစ္ခ်က္႐ူးသြပ္၊ ဤေလးရပ္သည္ မစပ္႐ွက္သင့္ အခါတည္း”ဟူ၍ဆိုသည္။

မဃေဒ၀၌လည္း “စြန္းတပ္ရာဂ၊ သူ႔သက္မွ်၌၊ ကာမမုိက္မႊန္၊ က်င့္က်ဴးလြန္က၊ ကြၽန္ဖြယ္ ကြၽန္လိပ္၊ ဆိုရိပ္ဓမၼသတ္၊ ေလာကီျဖတ္လည္း၊ မလြတ္ေနာင္လာ၊ သံသရာ၀ယ္၊ ပါယ္႐ြာလားစု၊ ပါပမႈတည္း” ဟု စပ္ဆိုေတာ္မူ၏။

ကာမေရာဂါ ကုိယ္တြင္းနာကို ဟိရိဩတၱပ္ပညာညႇပ္၍ ႏိွပ္ကြပ္ႏိုင္ပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဗုဒၶေရအိုးစင္
# Unicode Version # ျဖင့္ ဖတ္ပါ #


ကာမေသု မိစ္ဆာစာရကံကို အမျိုးသားများသာမကအမျိုသမီးများပါ ထိုက်သည်ဆိုပါ လျှင် မည်သည့်အမှုမျိုးမှာ အမျိုးသမီးများ ကံထိုက်ပါသနည်း။ အိမ်ထောင် မရှိသူ များ လွတ်လပ်စွာနေကြလျှင်ကံထိုက်၊မထိုက် ဖြေကြားပေးပါဘုရား။

ကာမေသူတိ မေထုနသမာစာရေသု။
ကာမေသူတိ - ကာမေသု ဟူသည်ကား၊
မေထုနသမာစာရေသု - မေထုန်အကျင့်တို့၌။
မိစ္ဆာစာရောတိ ဧကန္တနိန္ဒိတော လာမကာစာရော။
[ပဋိသံ၊ ဋ္ဌ၊ ၁၊ ၂၀၄]

မိစ္ဆာစာရောတိ - မိစ္ဆာစာရဟူသည်ကား၊
ဧကန္တနိန္ဒိတော - စင်စစ်ကဲ့ရဲ့ထိုက်သော၊
လာမကာစာရော- ယုတ်မာသောအကျင့်တည်း။
အထက်ပါဖွင့်ဆိုချက်အရ ကာမေသု မိစ္ဆာစာရ -
ဟူသောပုဒ်တွင် ကာမေသု အရ မေထုန်မှု၊
မိစ္ဆာစာရ အရ စင်စစ်ဧကန် အမှန်ပင် ကဲ့ရဲ့ထိုက်သော
ယုတ်ယုတ်မာမာပြုကျင့်မှု-ကို ယူရပါမည်။

မှန်ပါသည်။ လောကတွင် ကိုယ့်လင် ကိုယ့်မယား၊ စည်းစိမ်ခံစားဘက် အချင်းချင်း သွားလာဆက်ဆံခြင်းကို ပုထုဇဉ်တို့ အမြင်ဖြင့် အမှန်ပင်ကဲ့ရဲ့ထိုက်သော အမှုဟု မဆိုသာ။ တိရိစ္ဆာန်တို့ကဲ့သို့ အမိ၊နှမ စသည် မခွဲ လွန်ကဲစွာသာ တွေ့သမျှမိန်းမ လာသမျှ ယောကျ်ား ကြုံသလိုသွားလာ ပျော်ပါးလျှင်ကား ပညာရှိတို့အမြင်တွင် စင်စစ်ကဲ့ရဲ့ထိုက်သော ယုတ်မာသော အမှုဖြစ်၏။

ထို့ကြောင့် ကာမေသု မိစ္ဆာစာရ- အရ ကိုယ့်လင်၊ ကိုယ့်မယားမှ တစ်ပါး အခြားယောကျ်ား အခြားမိန်းမတို့နှင့် ဆက်ဆံပျော်ပါးခြင်းကို ကောက်ယူရ၏။

ထိုသို့ ဆက်ဆံပျော်ပါးရာတွင် --
(၁)။အဂမနီယဝတ္ထု - မသွားလာထိုက်သော ဝတ္တုဖြစ်ခြင်း။
(၂)တသ္မိံ သေဝနစိတ္တံ - ထို မသွားလာထိုက်သောဝတ္ထု (မဆက်ဆံ မပျော်ပါးသင့် သောမိန်းမ-ယောကျ်ားများ) ၌ မှီဝဲလိုသော စိတ်ရှိခြင်း။
(၃)။သေဝန ပယောဂေါ - မှီဝဲမှု လုံ့လပြုခြင်း။
(၄)။မဂ္ဂေန မဂ္ဂပဋိပတ္တိ အဓိဝါသနံ -မဂ်အချင်းချင်း ကျင့်ခြင်း (ဆက်ဆံရခြင်း)ကို သည်းခံသာယာခြင်း၊ ဟူသော ဤလေးပါးစုံမှ ကာမေသု မိစ္ဆာစာရကံ မြောက်ပါ သည်။

ကာမေသု မိစ္ဆာစာရကံနှင့် ပတ်သက်သည့် မေးခွန်း၏ အဖြေများတွင် အဂမနီယဝတ္ထု- အရ “မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ” ဟူ သည့်အတိုင်း အမိစောင့် ရှောက်သောမိန်းမ အဖစောင့်ရှောက်သောမိန်းမ- စသော မိန်းမ အမျိုအစားနှစ်ဆယ်ကို ထုတ်ထုတ်ပြကြရပါသည်။

ထိုမိန်းမ အမျိုးအစား နှစ်ဆယ်ကို အနှစ်ချုပ်လိုက်လျှင် ကာမပိုင် မရှိသေးသော အပျိုနှင့်၊ စေ့စပ်ကြောင်းလမ်းထားသူ အပါအဝင် ကာမပိုင် အရှင်သခင် လင်ယောကျ်ားရှိပြီးဖြစ်သော မိန်းမဟု နှစ်မျိုးသာရပါသည်။

ဤတွင် ၁။ နံပါတ် အဂမနီယဝတ္ထု အရ ကာမပိုင် မရှိသေးသော အပျိုသည် မိမိကာမကို မိမိပိုင်သဖြင့်မည်သည့်ယောကျ်ားနှင့် ဆက်ဆံသည်ဖြစ်စေ
ကာမေသုမိစ္ဆာစာရ မထိုက်ဟုဆိုပါသည်။

စေ့စပ်ထားသူမှအစ မိမိကို ပိုင်ဆိုင်သူရှိပြီးဖြစ်သော မိန်းမအတွက်ကား ထိုကာမ ပိုင် ယောကျ်ားမှ တစ်ပါး အခြားယောကျ်ားနှင့် ဆက်ဆံလျှင် ကံထိုက်ပါသည်။

ယောကျ်ားဘက်တွင်ကား မိမိပိုင် မိန်းမမှတစ်ပါး အခြားမည်သည့် မိန်းမနှင့်မဆို ကံထိုက်ပါသည်။ (အပျိုနှင့်ဆက်ဆံရာတွင် မထိုက်ဟု ထင်ကြသည်။
သတိပြုပါ။)

ပြည့်တန်ဆာမနှင့် ဆက်ဆံရာတွင် ကိုယ့်ထက်အရင် ငွေပေးထားသူရှိက နောက်ယောကျ်ား ကံထိုက်၏။ ပြည့်တန်းဆာမဘက်ကလည်း ငွေလက်ခံထားပြီး
ထိုယောကျ်ားနှင့် မပြီးပြတ်ခင် အခြားယောကျ်ားကို လက်ခံလျှင် ကံထိုက်၏။

အိမ်ထောင်မရှိသူများ လွတ်လပ်စွာနေကြရာ၌ မယားအမှတ်ဖြင့် ပေါင်းသင်းဆက်ဆံလျှင် (မိဘသဘောတူတူ၊မတူတူ) ဆန္ဒဝါသီနီ - ဟူသော
အလိုတူ၍နေသော မယားအရာမြောက်၍ ယောကျ်ားကံ မထိုက်။ အမျိုးသမီး ဘက်တွင်လည်း စေ့စပ်ထားသူ၊ ငွေပေးထားသူစသော ပိုင်ဆိုင်သူမရှိသေးလျှင် ကံမထိုက်။

ဤကာမေသု မိစ္ဆာစာရ အရာ၌ သွားလာအပ်သူ (ဆက်ဆံဘက်)က သီလ စသော ဂုဏ်နှင့် ပြည့်စုံလျှင် အပြစ်ကြီး၏။ သီလ စသော ဂုဏ်ကင်းလျှင်
အပြစ်ငယ်၏။ [အဘိ၊ ဋ္ဌ၊ ၁၊ ၁၄၁၊]

သီလစသော ဂုဏ်ကင်းသူ၌လည်း အနိုင်အထက် ပြုကျင့်လျှင် အပြစ်ကြီး၏။ နှစ်ဦးသဘောတူ၍ ကျူးလွန်ရာ၌ အပြစ်ငယ်၏။နှစ်ဦးသဘောတူ ဆက် ဆံရာ၌လည်း ကိလေသာ အားကြီး, မကြီး၊ လုံ့လ အနည်း အများ လိုက်၍ အပြစ် အကြီးအသေးကွာခြား၏။ [ ဣတိဝုတ်၊ဋ္ဌ၊ ၂၂၀]

ကာမေသု မိစ္ဆာစာရကံ၏ အကျိုးရင်း၊အကျိုးဆက်တို့ကို အဋ္ဌကထာထိုထိုမှ ထုတ်နုတ်၍ သုတေသန သရုပ်ပြ အဘိဓာန်တွင် “ကာမေသုကံ ကျိုးပြစ်ဒဏ် ထိ မှန် ၁၅ပါး” ဟူသော ခေါင်းစဉ်းဖြင့် အပြစ် ၁၅-ပါး ပြပါသည်။ ထို ၁၅-ပါးမှာ -
၁။ အပါယ်လေးပါး လားရခြင်း၊
၂။ မိန်းမ၊ပဏ္ဍုက်ဖြစ်ရခြင်း၊
၃။ ရန်သူနှင့်တွေ့ရခြင်း၊
၄။ လူအများမုန်းခြင်း၊
၅။ အစားအသောက်၊အဝတ်အထည်၊ အိပ်ရာနေရာ ရခဲခြင်း၊
၆။ ဆင်းဆင်းရဲရဲ အိပ်ရ၊နိုးရခြင်း၊
၇။ အမျက် ဒေါသကြီးခြင်း၊
၈။ လောကုတ္တရာတရား မရနိုင်ခြင်း၊
၉။ စည်းစိမ်ဥစ္စာ ပျက်ပြုန်းရခြင်း၊
၁၀။ ယုံကြည်မှု ကင်းမဲ့ခံရခြင်း၊
၁၁။ ဘေးတွေ့ရခြင်း၊
၁၂။ ယုံမှား သံသယများခြင်း၊
၁၃။ ချစ်သူတို့နှင့် ခွဲနေရခြင်း၊
၁၄။ အသက်တိုခြင်း၊
၁၅။ ဆင်းရဲကြီးစွာ တွေ့ရခြင်း၊ ဟူ၍ ဖြစ်ပါသည်။

ဤကာမေသု မိစ္ဆာစာရကံနှင့် ပတ်သက်၍ မေးခွန်းတွင်မပါဝင်သော်လည်း သိ မှတ်စရာ, ဆင်ခြင်စရာတွ များလွန်းလှသဖြင့် ဆရာ အဆက်ဆက်၏ အယူအဆ
အမျိုးမျိုးကိုလည်း ဆက်လက်တင်ပြချင်ပါသေးသည်။

ကာမေသု မိစ္ဆာစာရ ကံနှင့် ပတ်သက်၍ မေးစရာ စောဒကတက်စရာတွေက များလွန်းလှသဖြင့် ရှေးကပင် ဆရာအများ ဖြေကြား ရှင်းလင်းခဲ့ကြရ၏။ ထိုသို့ ဖြေကြားရှင်းလင်း ကြရာတွင် လေ့လာမိသမျှ အစုံလင်စုံးကျမ်းများကား တောင်မြို့ ဆရာတော်၏ သြင်္ဂိုလ်ဘာသာဋီကာနှင့် လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ ပရမတ္ထ သံခိပ်ဋီကာတို့ ဖြစ်ကြ၏။ ယခု ထိုကျမ်းများမှ ထုတ်နှုတ်၍ အမေးအဖြေ ပုံစံဖြင့် ကူးယူဖော်ပြလိုက်ပါသည်။

မေး။ ။ အမှောင်တွင်း၌ သူ့မယားကို ကိုယ့်မယား ထင်မှတ်၍ သွားလာသော ယောကျ်ား၊ ကိုယ့်ခင်ပွန်းထင်မှတ်၍ သည်းခံသော မိန်းမတို့အား ကံထိုက်၊မထိုက်
ဖြေကြားပေးပါဘုရား။

အထက်ပါ အဖြစ်အပျက်တွင်
(၁) နံပါတ်အရ မသွားလာသင့်သော မိန်းမ၊ယောကျ်ားများလည်းဖြစ်နေ၏။
(၂) နံပါတ်အရ မှီဝဲလိုစိတ်လည်း ရှိ၏။
(၃) နံပါတ်အရ လုံ့လလည်းပြု၏။
(၄) နံပါတ်အရ မဂ်အချင်းချင်း ပူးယှဉ်ခြင်းကိုလည်း သာယာ၏။ဤသို့ အင်္ဂါ ၄- ပါးလုံး ညီသောကြာင့် ကာမေသု မိစ္ဆာစာရ ကံထိုက် ပါသည်။

ဤနေရာတွင် လယ်တီပဏ္ဍိတ ဦးမောင်ကြီးက(ပါဏာတိပါတ အရာတွင် သတ္တ ဝါဖြစ် ခြင်း၊ သတ္တဝါဟုအမှတ်ရှိခြင်း၊ သတ်လိုခြင်း၊ သတ်ခြင်း၊ သေခြင်းဟု
အင်္ဂါငါးပါးရှိသကဲ့သို့) အချို့ဆရာတို့ကား အဂမနီယဝတ္ထု- ဟူ၍ အမှတ်ရှိပါမှ ( မသွားလာသင့်သော မိန်းမ၊ ယောကျ်ားမှန်းသိပါမှ) ကာမေသု မိစ္ဆာစာရကံ
ထိုက်သင့်သည်၊ မသိ၍မှားကြရာ၌ မထိုက်သင့်ဟု ယူလိုကုန်၏။

အဂမနီယဝတ္ထုသညိတာ= မသွားလာသင့်သော ဝတ္ထုဟု အမှတ်ရှိခြင်း-ဟူ၍ အင်္ဂါတစ်ပါးတိုးကား ကာမေသုမိစ္ဆာစာရ၏ အင်္ဂါကို ငါးပါးထားလိုကြကုန်၏။
သို့ရာတွင် အဋ္ဌကထာကြီး၌ လေးပါးမျှသာ ပြဆိုပြီးရှိ၍ မလွန်ဆန် သာချေ…ဟု မှတ်ချက်ပြုထားပါသည်။

ဘာသာဋီကာ ဆရာတော်ကလည်း “ခိုးယူပေါင်းသင်းလိုသောစိတ် မပါပဲ အထင် မှား၍ဖြစ်ရသောကြောင့် အပြစ်ကြီးလှမည်မထင်။ ထိုစကားမှန်၏- အချို့နေရာ၌ ကံထိုက်တိုင်းလည်း အပြစ်မကြီး၊ ကံမထိုက်သော်လည်း အဘိဓမ္မာသဘောအရ
စေတနာယုတ်မာလှသဖြင့် အပြစ်ကြီးလေးသောအရာ များစွာရှိပေသည်။” ဟု မှတ်ချက်ပြုထားပါသည်။

မေး။ ။ တိရိစ္ဆာန်၊ မိန်းမလျာ၊ အရူးမတို့၌ သွားလာသော ယောကျ်ားတို့အား မိစ္ဆာစာရ ဖြစ်၊မဖြစ် ဖြေကြားပေပါဘုရား။
ဖြေ။ ။ တိရိစ္ဆာန်မ၌ အမြဲလင်ဖြစ်သော တိရိစ္ဆာန်ထီးရှိနေလျှင် လည်းကောင်း၊ နဂါး စသည်တို့ကဲ့သို့ ဆိုင်ရာမိဘက စောင့်ရှောက်ထားလျှင်လည်းကောင်း၊ မိစ္ဆာစာရ ဖြစ်၏။ ထိုကဲ့သို့ မရှိလျှင် မိစ္ဆာစာရ မဖြစ်။
(ဘာသာဋီကာ)

ဘူရိဒတ် နဂါးမင်းကြီးသည် သီလဆောက်တည်ကြောင်း၊ ယုန်, ဖျံ, မြေခွေး, မျောက် တို့သည်လည်း သီလဆောက်တည်ကြောင်းကို ကျမ်းဂန်တို့၌လာ ရှိသောကြောင့် တိရိစ္ဆာန် တို့ မှာလည်း ငါးပါးရှစ်ပါးစသော သီလများလည်း ရှိသည်ပင်ဖြစ်၏။

ထို့ကြောင့် တိရိစ္ဆာန်၌သော်လည်း မသွားလာအပ်သော အဂမနီယဝတ္ထု၌ သွားလာ လွန်ကျူးလျှင် ကံထိုက်၏။ (သံခိပ် ဋီကာ) [ကာမပိုင်ရှိသော မိန်းမတို့သည် လူဇာတ်မဟုတ်သော တိရိစ္ဆာန်ထီးတို့နှင့် ကျူးလွန်ရာ ၌လည်း ကာမေသု မိစ္ဆာစာရ ဖြစ်၏။ မလ္လိကာမိဖုရားဝတ္ထုကို ထောက်ပါ။
(သံခိပ် ဋီကာ)]

“(၄)- နံပါတ်အင်္ဂါ မဂ္ဂေန မဂ္ဂပဋိပတ္တိ- အရ မဂ်သည်ပဿာဝမဂ် (vagina)၊ဝစ္စမဂ် (anus)၊မုခမဂ် (mouth)ဟူ၍ သုံးပါးရှိ၏။ ထိုမဂ်သုံးပါးလုံး၌ပင် ကျူးလွန်က
ကံထိုက်၏ ဟု ဆုံးဖြတ်တော်မူကုန်၏။

ယောကျ်ားချင်းချင်းသော်လည်း ဝစ္စမဂ်၊မုခမဂ်တို့၌ သွားလာလွန်ကျူးလျှင် ကာမေသု မိစ္ဆာစာရ ဖြစ်၏ဟု ဆရာကြီးတို့ အလိုရှိတော်မူကုန်၏။ ထုံးစံဓမ္မတာ ဖြစ်၍သာ မိန်းမကို ကာမေသု မိစ္ဆာစာရ ဝတ္ထု အထည်ကိုယ် ဆိုရသည်။ ယောကျ်ားကိုလည်း ကာမေသုမိစ္ဆာစာရ ဝတ္ထု အထည်ကိုယ်ကြီးဟု ဆိုသင့်၏ ဟု သဘောကျ နှစ်သက်တော်မူကုန်၏။

အရူးမကို မိဘစသည်တို့က အုပ်ထိန်းလျက် ရှိသေးလျှင်မိစ္ဆာစာရဖြစ်၏။ အအုပ် အထိန်း မရှိသူမှာ မိစ္ဆာစာရမဖြစ်။ (ဘာသာဋီကာ)

မေး။ ။ ယောကျ်ားတစ်ယောက်ကို မိန်းမတွေက ကြိုးတုပ်၍ ကျူးလွန်ကြရာ ထိုယောကျ်ား ကံထိုက်၊မထိုက်ဖြေကြားပေးပါဘုရား။
ဖြေ။ ။ မိမိက လုံးလမပြုပဲ သူတစ်ပါးက လုံးလပြုသည်ကို သာယာလျှင် ၃-နံပါတ် အင်္ဂါဖြစ်သော ပယောဂ - မပါသောကြောင့် “ကံ မထိုက်” ဟု အပရေ ဆရာတို့
ဆိုကြ၏။ ဧကေဆရာတို့ကမူ “လုံးလပယောဂ မပါသော်လည်း မှီဝဲလိုသော စိတ်ရှိလျှင် ကံမြောက်သည်”ဟု ဆုံးဖြတ်ကြ၏။ အချို့အခါဝယ် မိန်းကလေး ဘက်၌လုံးလပယောဂမပြုပဲ ကိစ္စပြီး နိုင်သည် ဟု သုံးသပ်ကြ၏။
(ဘာသာဋီကာ)

ထိုကဲ့သို့ ပယောဂမပါပဲ ကိစ္စပြီးနိုင်လျှင် အင်္ဂါလေးပါး မရှိထိုက် ပယောဂကို ချန်ထား၍ သုံးပါးသာ ပြထိုက်၏။ အဋ္ဌကထာမှာလည်း အင်္ဂါလေးပါးပင် လာ သည်မဟုတ်ပါလော ဟူငြား အံ့...

သေဝနပယောဂ (မှီဝဲကြောင်း လုံ့လပြုမှု) ကို ယေဘုယျ နည်းအားဖြင့် ရသင့်ရထိုက်၍ အဋ္ဌကထာ ဆိုတော်မူသည်။ ဧကန္တမုချ အင်္ဂါမဆိုသင့် အကယ်၍ ပယောဂရှိပါမှ မိစ္ဆာစာရကံ ထိုက်သည်ဆိုလျှင် မိန်းမတို့၌ ပယောဂဗျာပါရသည် လွန်စွာနည်းပါး၏။

ထို့ကြောင့် မာတုဂါမ တို့၌ ကာမေသုမိစ္ဆာစာရကံ မြောက်ခဲနိုင်မျှ ဖြစ်ရာ၏။ ထို့ကြောင့် ပယောဂအင်္ဂါကိုများစွာ အေရေးကြီးသော အချက်၌ မထားပဲ အဂမနီယ
ဝတ္ထု၌ မဂ်အချင်းချင်း ပူးယှဉ်၍ သာယာလျှင် ကံမြောက်၏ဟု အရေးကြီးစွာ ဆုံးဖြတ်သင့်၏။(သံခိပ်ဋီကာ)

ဤကား အဋ္ဌကထာ ဋီကာတို့ကို ကြည့်ရှုသုံးသပ်၍ ဆရာမြတ်တို့ ဖြေရှင်းဆုံးဖြတ် အပ်သော အဓိပ္ပါယ်အယူအဆတို့တည်း။

အချုပ် ဖြစ် “ကာမေသု မိစ္ဆာစာရ- ဟူသည် မေထုန်အမှုတို့၌ စင်စစ်ကဲ့ရဲ့ ထိုက်သော ယုတ်ယုတ်မာမာ ပြုကျင့်မှုတည်း”ဟူသော အဋ္ဌကထာဖွင့် အနက်ကို မှတ်သားနိုင်လျှင် လုံလောက်ပါသည်။ မှန်ပါသည်၊ လွန်လွန်ကဲကဲ ယုတ်ယုတ် မာမာ ပြုကျင့်လျှင် မည်သူနှင့်မဆို ကာမေသု မိစ္ဆာစာရ ကံထိုက်ကြောင်း
ရှေးဆရာမြတ်တို့ နှစ်သက်လက်ခံ တော်မူကြသည်။

စွယ်စုံကျော်ထင်ကျမ်းတွင် “မိစ္ဆာဖြစ်ဖွယ်၊ အိမ်ရှင်ဝယ်၊ လေးသွယ်ရှိ၏ အဘယ်နည်း” ဟူသော ကြည့်ကန်ရှင်ကြီး၏ အမေးကို ကျီးသဲလေးထပ် ဆရာတော်က ဤသို့ဖြေတော်မူသည်။

“အကာလေ အဒေသေ အဓမ္မေန အနင်္ဂေန သေဝန္တဿ သဒါရေပိ မိစ္ဆာစာရော ဟောတိ” အကာလေ- ရောဂါရောက်သော အခါ, ကိုယ်ဝန်အလွန်ရင့်၍ မပြု သင့်သော အခါ၌ လည်းကောင်း၊ အဒေသေ- မိဘဆရာ သူတကာတို့ မြင်သာ သဖြင့် မသင့်သော အရပ်၌ လည်းကောင်း၊ အဓမ္မေန- ကျင့်ရိုးမဟုတ် ကျင့်သဖြင့် လည်းကောင်း၊ အနင်္ဂေန- ဆေးဝါးမှီဝဲ ရှိမြဲအင်္ဂါထက် လွန်စေသဖြင့်လည်းကောင်း၊
သေဝန္တဿ- မှီဝဲသောသူအား၊ သဒါရေပိ- မိမိ မယား၌လည်း၊ မိစ္ဆာစာရော- မှားသောအကျင့်သည်၊ ဟောတိ- ဖြစ်၏။-ဟု ဆဂတိဒီပနီ၌ လာသည်။

မနုဝဏ္ဏနာ အမည်ရှိသော ဓမ္မသတ်၌ကား- “ခရီးဝေးစွာ၊ လာသည့်အခိုက်၊ ဝမ်း၌ကိုယ်ဝန်၊ ပြင်းထန်ပူဆာ၊ ရောဂါနှိပ်စက်၊ တစ်ချက်ရူးသွပ်၊ ဤလေးရပ်သည် မစပ်ရှက်သင့် အခါတည်း”ဟူ၍ဆိုသည်။

မဃဒေဝ၌လည်း “စွန်းတပ်ရာဂ၊ သူ့သက်မျှ၌၊ ကာမမိုက်မွှန်၊ ကျင့်ကျူးလွန်က၊ ကျွန်ဖွယ် ကျွန်လိပ်၊ ဆိုရိပ်ဓမ္မသတ်၊ လောကီဖြတ်လည်း၊ မလွတ်နောင်လာ၊ သံသရာဝယ်၊ ပါယ်ရွာလားစု၊ ပါပမှုတည်း” ဟု စပ်ဆိုတော်မူ၏။

ကာမရောဂါ ကိုယ်တွင်းနာကို ဟိရိဩတ္တပ်ပညာညှပ်၍ နှိပ်ကွပ်နိုင်ပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit:ဗုဒ္ဓရေအိုးစင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top