20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ၿငိမ္သက္ေနေသာ ျပည္တြင္းေ႐ႊေဈးႏွင့္ အေမရိကန္ေဒၚလာေဈးႏႈန္းမ်ား ျပန္လည္ျမင့္တက္ေၾကာင္း ေငြေၾကးေဈးကြက္ႏွင့္ ေ႐ႊဘုံသာေဈးကြက္အတြင္းမွ သိရသည္။

ျပည္တြင္းေ႐ႊေဈးသည္ ကမၻာ့ေ႐ႊေဈးျမင့္တက္လာ၍ ၁၆ ပဲရည္ တစ္က်ပ္သားလၽွင္ ယခင္ေဈးထက္ က်ပ္ ၁၁,၀၀၀ ေက်ာ္သို႔လည္းေကာင္း၊ ေဒၚလာေဈးသည္ ပြင့္လင္းရာသီျဖစ္၍ သြင္းကုန္မ်ားေနျခင္းေၾကာင့္ Earning အဝယ္မ်ားေနသည့္အတြက္ ျပင္ပေဒၚလာေဈးသည္ တစ္ေဒၚလာလၽွင္ ယခင္ေဈးထက္ ၁၀ က်ပ္ခန္႔ႏွင့္ Earning ေဈးမွာ တစ္ေဒၚလာလၽွင္ ၁၄ က်ပ္ခန္႔အထိျမင့္တက္ၿပီး ဆက္လက္ျမင့္တက္ႏိုင္ေၾကာင္း ေဈးကြက္ကၽြမ္းက်င္သူမ်ားက ဆိုသည္။

အေမရိကန္ေဒၚလာေဈးသည္ မတ္လ ပထမပတ္အတြင္းက ျပန္လည္ျမင့္တက္ခဲ့ရာမွ ဒုတိယပတ္အတြင္း ၿငိမ္သက္ေနခဲ့ၿပီး ယခုရက္ပိုင္းမွ ျပန္လည္ျမင့္တက္လာျခင္းျဖစ္သည္။

ေ႐ႊေဈးမွာ မတ္လ ဒုတိယပတ္အတြင္း အက်ေဈးျဖင့္ ၿငိမ္သက္ေနရာမွ ယခုရက္ပိုင္းအတြင္း တျဖည္းျဖည္း ျပန္လည္ျမင့္တက္လာျခင္း ျဖစ္သည္။

“ေဒၚလာေဈးက ဒီလထဲ ၁၅၂၅၊ ၃၀ ေလာက္အထိ တက္ႏိုင္တယ္။ ဘာလို႔ဆို ပြင့္လင္းရာသီျဖစ္တဲ့အတြက္ ႏွစ္စဥ္ျမင့္တက္ေနက်အခ်ိန္လည္းျဖစ္တယ္။ Import လည္း မ်ားေနတဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္”ဟု ေငြေၾကးေဈးကြက္ကၽြမ္းက်င္းသူတစ္ဦးက ေျပာဆိုသည္။

ေ႐ႊေဈးမွာမူ ကမၻာ့ေ႐ႊေဈးအေျပာင္းအလဲေပၚတြင္သာ မူတည္၍လိုက္ပါေျပာင္းလဲႏိုင္ေၾကာင္း ျပည္တြင္းေ႐ႊကုန္သည္မ်ားက ဆိုသည္။

လက္ရွိေ႐ႊေဈးကြက္အတြင္း ၁၆ ပဲရည္ အေခါက္ေ႐ႊ တစ္က်ပ္သားလၽွင္ က်ပ္ ၁,၀၆၂,၈၀၀ ႏွင့္ ကမၻာ့ေ႐ႊေဈးမွာ တစ္ေအာင္စလၽွင္ အေမရိကန္ေဒၚလာ ၁၃၀၂ ေဒၚလာရွိၿပီး ေငြေၾကးေဈးကြက္အတြင္း ျပင္ပေဈးသည္ အေမရိကန္တစ္ေဒၚလာလၽွင္ ၁၅၁၈ က်ပ္ႏွင့္ Earning ေဈးသည္ တစ္ေဒၚလာလၽွင္ ၁၅၃၀ ေဈးရွိေၾကာင္း ယင္းေဈးကြက္မ်ားအတြင္းမွ သိရသည္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Thevoice
#Unicode Version#
ငြိမ်သက်နေသော ပြည်တွင်းရွှေဈေးနှင့် အမေရိကန်ဒေါ်လာဈေးနှုန်းများ ပြန်လည်မြင့်တက်ကြောင်း ငွေကြေးဈေးကွက်နှင့် ရွှေဘုံသာဈေးကွက်အတွင်းမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေးမြင့်တက်လာ၍ ၁၆ ပဲရည် တစ်ကျပ်သားလျှင် ယခင်ဈေးထက် ကျပ် ၁၁,၀၀၀ ကျော်သို့လည်းကောင်း၊ ဒေါ်လာဈေးသည် ပွင့်လင်းရာသီဖြစ်၍ သွင်းကုန်များနေခြင်းကြောင့် Earning အဝယ်များနေသည့်အတွက် ပြင်ပဒေါ်လာဈေးသည် တစ်ဒေါ်လာလျှင် ယခင်ဈေးထက် ၁၀ ကျပ်ခန့်နှင့် Earning ဈေးမှာ တစ်ဒေါ်လာလျှင် ၁၄ ကျပ်ခန့်အထိမြင့်တက်ပြီး ဆက်လက်မြင့်တက်နိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ဆိုသည်။

အမေရိကန်ဒေါ်လာဈေးသည် မတ်လ ပထမပတ်အတွင်းက ပြန်လည်မြင့်တက်ခဲ့ရာမှ ဒုတိယပတ်အတွင်း ငြိမ်သက်နေခဲ့ပြီး ယခုရက်ပိုင်းမှ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

ရွှေဈေးမှာ မတ်လ ဒုတိယပတ်အတွင်း အကျဈေးဖြင့် ငြိမ်သက်နေရာမှ ယခုရက်ပိုင်းအတွင်း တဖြည်းဖြည်း ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။

“ဒေါ်လာဈေးက ဒီလထဲ ၁၅၂၅၊ ၃၀ လောက်အထိ တက်နိုင်တယ်။ ဘာလို့ဆို ပွင့်လင်းရာသီဖြစ်တဲ့အတွက် နှစ်စဉ်မြင့်တက်နေကျအချိန်လည်းဖြစ်တယ်။ Import လည်း များနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်”ဟု ငွေကြေးဈေးကွက်ကျွမ်းကျင်းသူတစ်ဦးက ပြောဆိုသည်။

ရွှေဈေးမှာမူ ကမ္ဘာ့ရွှေဈေးအပြောင်းအလဲပေါ်တွင်သာ မူတည်၍လိုက်ပါပြောင်းလဲနိုင်ကြောင်း ပြည်တွင်းရွှေကုန်သည်များက ဆိုသည်။

လက်ရှိရွှေဈေးကွက်အတွင်း ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁,၀၆၂,၈၀၀ နှင့် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၀၂ ဒေါ်လာရှိပြီး ငွေကြေးဈေးကွက်အတွင်း ပြင်ပဈေးသည် အမေရိကန်တစ်ဒေါ်လာလျှင် ၁၅၁၈ ကျပ်နှင့် Earning ဈေးသည် တစ်ဒေါ်လာလျှင် ၁၅၃၀ ဈေးရှိကြောင်း ယင်းဈေးကွက်များအတွင်းမှ သိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:Thevoice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top