iMyanmarHouse.com - Best Property Website for Myanmar
×

ဆယ္စုႏွစ္မ်ားစြာရပ္တည္ႏိုင္ၿပီးေအာင္ျမင္မႈေတြထိန္းထားႏိုင္တဲ့ စြယ္စံုရသ႐ုပ္ေဆာင္မင္းသမီး အကယ္ဒမီမ်ား႐ွင္ မို႔မို႔ျမင့္ေအာင္ က ေဖြးေဖြးနဲ႕အမွတ္တရေလးေတြေျပာျပေပးထားတဲ့႐ိွပါတယ္။ သူေျပာျပသြားတဲ့အမွတ္တရေတြက ဘာေတြျဖစ္မလဲဆိုတာကိုေျပာခ်င္လြန္းလို႔ မိတ္ေဆြေတြသိေအာင္ေျပာျပေပးလိုက္ပါတယ္ေနာ္။

ေဖြးေဖြးနဲ႔႐ုိက္ကြင္းေပၚမွာ ျပန္ဆံုျဖစ္တဲ့အေၾကာင္းကို “႐ႈတင္ပထမဆံုုးေန႔ကေဖြးေဖြးကေလ ေမမို႔ႀကီး သမီးရင္ေတြခုန္ေနတယ္။ ဘာလို႔ခုန္တာလဲ ငါ့သမီးရယ္ ဆိုေတာ့ ေမမို႔ႀကီးနဲ႔သမီးနဲ႔ဆယ္ႏွစ္႐ိွၿပီတဲ့မဆံုရတာ ကိုယ္ေတာင္သတိိမထားမိဘူးေပါ့ေနာ္ အဲ့ေတာ့ ငါ့သမီးဟုတ္လားဆယ္ႏွစ္ဆိုေတာ့ ဟုတ္တယ္ ဆယ္ႏွစ္ေလာက္႐ိွမွျပန္ဆံုတာဆိုေတာ့ ရင္ေတြခုန္ေနတယ္လို႔ေျပာတယ္။ ေဖြးေဖြးက သူကေလ ဆပြားႏိုင္တဲ့ကေလးေပါ့ေနာ္ ပညာကိုသူကပြားယူႏိုင္တယ္။ သူကိုသင္တာက On Scenes မွာသင္တာပါ အေျခခံကေနစသင္ေပးတာမဟုတ္ပါဘူး ။On Scenes မွာကိုမ်ိဳးမင္းက မမို႔ေရ ဒါေလးလုပ္ေပးပါဆိုေတာ့ သူ႔ကို မ်က္ရည္အစစ္နဲ႔ ငိုႏိုင္ေအာင္ မမို႔သင္ေပးလိုက္တာေပါ့ေနာ္ ။

ေနာက္ထပ္ မ်က္လံုးအၾကည့္ေတြေပါ့ ။အဲ့ဒါေလာက္ပဲသင္ေပးလိုက္တာ ။သူကသူ႕ဟာသူပြားယူႏိုင္တာ ။ သူကိုယ့္ကိုလာ ကန္ေတာ့တယ္ ကားၿပီးေတာ့ မမို႔ကသူကိုတစ္ခြန္းပဲေျပာလိုက္တယ္။ သမီးမကန္ေတာ့နဲ႔ကန္ေတာ့တာ ေမမို႕မလိုခ်င္ဘူး ။ဘာျဖစ္လို႔လဲဆိုေတာ့ ကန္ေတာ့လိုက္ရင္ ဒီမွာတင္စိတ္တစ္လံုးၿပီးသြားမယ္။ ေမမို႔ကိုအေႂကြးတစ္ခုပဲထားေပးပါ ေမမို႔ေပးလိုက္တဲ့ပညာေတြပြားယူပါ ။ အဲ့ဒီကတိပဲအဲ့တုန္းကသူ႔ကိုေတာင္းလိုက္တယ္.။ သူမွတ္မိမမွတ္မိေတာ့မသိဘူး ကိုယ္ကေတာ့ ေသခ်ာမွတ္မိတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူဟာတစ္ခ်ိန္က်ရင္ေတာ္မယ့္ကေလးဆိုတာကိုယ္ကတြက္လိုက္မိသြားတာ ။ သူကခဏေလးသင္ေပးတာနဲ႔သူကတက္လြယ္တယ္။ အဲ့ဒီေတာ့သူပြားယူလို႔ရႏိုင္တယ္။ အဲ့ဒီေတာ့ ေမမို႔သင္ေပးထားတဲ့ပညာေတြ ပြားယူေပးပါ့မယ္ဆိုတဲ့ကတိပဲေပးပါဆိုေတာ့ မွတ္မွတ္ရရေ႐ႊပိေတာက္ေဆး႐ံုမွာ မမို႔ သူ႕ကိုအဲ့ကတိေတာင္းလိုက္တာ ။”ဆိုၿပီးေျပာျပသြားပါတယ္။

ေနာက္ၿပီး တစ္ေခတ္တစ္ေယာက္ထြန္းေပါက္ေလ့႐ိွတဲ့႐ုပ္ရွင္ေလာကအစဥ္လာအရ ေဖြးေဖြး ဟာ တစ္ေခတ္လံုးရဲ႕ တစ္ေယာက္ျဖစ္ႏိုင္လားဆိုတဲ့အျမင္ကိုလည္း သူက “ျဖစ္လာမွာပါ ေဖြးေဖြးေလးလည္းျဖစ္လာမွာပါ ။ ေတာ္တယ္။ သူကေလ Acting ကို ႀကိဳးစားတယ္။ အခုထိလည္းကိုယ္နဲ႔အတူတူ႐ိုက္ေနရင္လာေမးတုန္းပဲ ။

ဒါေပမယ့္ သူ႔ကိုကိုယ္သင္ေပးလိုက္တဲ့တစ္ခုမွာျပန္ၿပီးေတာ့ စိတ္တစ္ခုကို ႏႈတ္လိုက္တဲ့ဟာသင္ေပးဖို႔ မသင္လိုက္တဲ့အခါက်ေတာ့ သူျပန္မႏႈတ္တတ္ေတာ့ သူေမာဟိုက္တာေပါ့ေနာ္။ အဲ့ဒီခါက်ေတာ့ သမီးေရအဲ့တာကိုျပန္ႏႈတ္ရမယ္ေလ ။ မႏႈတ္ရင္သမီး ေမာေနမွာလို႔ေျပာေတာ့ အဲ့တာေၾကာင့္သမီးရင္တုန္ပန္းတုန္ေတြျဖစ္တာကိုး အဲ့ဒီေတာ့မွအေျဖသိရတာေပါ့ေနာ္ ။အဲ့ဒီေတာ့သူ႕ကိုဆြဲႏႈတ္တဲ့အတတ္ပညာကိုျပန္သင္ေပးရတယ္။”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Nanmalgyi
#Unicode Version#
ဆယ်စုနှစ်များစွာရပ်တည်နိုင်ပြီးအောင်မြင်မှုတွေထိန်းထားနိုင်တဲ့ စွယ်စုံရသရုပ်ဆောင်မင်းသမီး အကယ်ဒမီများရှင် မို့မို့မြင့်အောင် က ဖွေးဖွေးနဲ့အမှတ်တရလေးတွေပြောပြပေးထားတဲ့ရှိပါတယ်။ သူပြောပြသွားတဲ့အမှတ်တရတွေက ဘာတွေဖြစ်မလဲဆိုတာကိုပြောချင်လွန်းလို့ မိတ်ဆွေတွေသိအောင်ပြောပြပေးလိုက်ပါတယ်နော်။

ဖွေးဖွေးနဲ့ရိုက်ကွင်းပေါ်မှာ ပြန်ဆုံဖြစ်တဲ့အကြောင်းကို “ရှုတင်ပထမဆုံးနေ့ကဖွေးဖွေးကလေ မေမို့ကြီး သမီးရင်တွေခုန်နေတယ်။ ဘာလို့ခုန်တာလဲ ငါ့သမီးရယ် ဆိုတော့ မေမို့ကြီးနဲ့သမီးနဲ့ဆယ်နှစ်ရှိပြီတဲ့မဆုံရတာ ကိုယ်တောင်သတိမထားမိဘူးပေါ့နော် အဲ့တော့ ငါ့သမီးဟုတ်လားဆယ်နှစ်ဆိုတော့ ဟုတ်တယ် ဆယ်နှစ်လောက်ရှိမှပြန်ဆုံတာဆိုတော့ ရင်တွေခုန်နေတယ်လို့ပြောတယ်။ ဖွေးဖွေးက သူကလေ ဆပွားနိုင်တဲ့ကလေးပေါ့နော် ပညာကိုသူကပွားယူနိုင်တယ်။ သူကိုသင်တာက On Scenes မှာသင်တာပါ အခြေခံကနေစသင်ပေးတာမဟုတ်ပါဘူး ။On Scenes မှာကိုမျိုးမင်းက မမို့ရေ ဒါလေးလုပ်ပေးပါဆိုတော့ သူ့ကို မျက်ရည်အစစ်နဲ့ ငိုနိုင်အောင် မမို့သင်ပေးလိုက်တာပေါ့နော် ။

နောက်ထပ် မျက်လုံးအကြည့်တွေပေါ့ ။အဲ့ဒါလောက်ပဲသင်ပေးလိုက်တာ ။သူကသူ့ဟာသူပွားယူနိုင်တာ ။ သူကိုယ့်ကိုလာ ကန်တော့တယ် ကားပြီးတော့ မမို့ကသူကိုတစ်ခွန်းပဲပြောလိုက်တယ်။ သမီးမကန်တော့နဲ့ကန်တော့တာ မေမို့မလိုချင်ဘူး ။ဘာဖြစ်လို့လဲဆိုတော့ ကန်တော့လိုက်ရင် ဒီမှာတင်စိတ်တစ်လုံးပြီးသွားမယ်။ မေမို့ကိုအကြွေးတစ်ခုပဲထားပေးပါ မေမို့ပေးလိုက်တဲ့ပညာတွေပွားယူပါ ။ အဲ့ဒီကတိပဲအဲ့တုန်းကသူ့ကိုတောင်းလိုက်တယ်.။ သူမှတ်မိမမှတ်မိတော့မသိဘူး ကိုယ်ကတော့ သေချာမှတ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာတစ်ချိန်ကျရင်တော်မယ့်ကလေးဆိုတာကိုယ်ကတွက်လိုက်မိသွားတာ ။ သူကခဏလေးသင်ပေးတာနဲ့သူကတက်လွယ်တယ်။ အဲ့ဒီတော့သူပွားယူလို့ရနိုင်တယ်။ အဲ့ဒီတော့ မေမို့သင်ပေးထားတဲ့ပညာတွေ ပွားယူပေးပါ့မယ်ဆိုတဲ့ကတိပဲပေးပါဆိုတော့ မှတ်မှတ်ရရရွှေပိတောက်ဆေးရုံမှာ မမို့ သူ့ကိုအဲ့ကတိတောင်းလိုက်တာ ။”ဆိုပြီးပြောပြသွားပါတယ်။

နောက်ပြီး တစ်ခေတ်တစ်ယောက်ထွန်းပေါက်လေ့ရှိတဲ့ရုပ်ရှင်လောကအစဉ်လာအရ ဖွေးဖွေး ဟာ တစ်ခေတ်လုံးရဲ့ တစ်ယောက်ဖြစ်နိုင်လားဆိုတဲ့အမြင်ကိုလည်း သူက “ဖြစ်လာမှာပါ ဖွေးဖွေးလေးလည်းဖြစ်လာမှာပါ ။ တော်တယ်။ သူကလေ Acting ကို ကြိုးစားတယ်။ အခုထိလည်းကိုယ်နဲ့အတူတူရိုက်နေရင်လာမေးတုန်းပဲ ။

ဒါပေမယ့် သူ့ကိုကိုယ်သင်ပေးလိုက်တဲ့တစ်ခုမှာပြန်ပြီးတော့ စိတ်တစ်ခုကို နှုတ်လိုက်တဲ့ဟာသင်ပေးဖို့ မသင်လိုက်တဲ့အခါကျတော့ သူပြန်မနှုတ်တတ်တော့ သူမောဟိုက်တာပေါ့နော်။ အဲ့ဒီခါကျတော့ သမီးရေအဲ့တာကိုပြန်နှုတ်ရမယ်လေ ။ မနှုတ်ရင်သမီး မောနေမှာလို့ပြောတော့ အဲ့တာကြောင့်သမီးရင်တုန်ပန်းတုန်တွေဖြစ်တာကိုး အဲ့ဒီတော့မှအဖြေသိရတာပေါ့နော် ။အဲ့ဒီတော့သူ့ကိုဆွဲနှုတ်တဲ့အတတ်ပညာကိုပြန်သင်ပေးရတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top