iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Nanmalgyi
#Unicode Version#
1.စမတ်ဖုန်းတွေမှာ သက်တမ်းကြာလာရင် ဘက်ထရီပြဿနာတက်လာတတ်ပါတယ်။ဒါဟာ အားသွင်းတဲ့ပုံစံမမှန်လို့ ဖြစ်ပြီး တချို့က အားကို အကုန်သုံးပြီးမှ သွင်းတာဟာ ဘက်ထရီကို ထိခိုက်စေတာဖြစ်ပါတယ်။တကယ်က ဘက်ထရီ 30 ကနေ 50 ကြားဖြစ်လာရင် သွင်းပေးသင့်ပါပြီ။ဒါဆို ဖုန်းကို လေးစေမှာမဟုတ်ပါဘူး။
2.အားသွင်းကြိုးတွေကို စက်ရုံက ထုတ်တဲ့အချိန်မှာ ကြိုးတွေကို ခေါက်ပြီးပေးလိုက်တာမှန်ပါတယ်။ဒါပေမယ့် ကိုယ်အသုံးပြုတဲ့အခါ ကြိုးတွေကို အမြဲခွေခေါက်မထားသင့်ပါဘူး။ဒါဟာ အားသွင်းကြိုးကို အမြန်ပျက်စေပါတယ်။ပုံစံတူတွေ ထပ်ထွက်ပေမယ့် မူရင်းလောက် မကောင်းတတ်ပါဘူး။
3.ဖုန်းကို ကာဗာအုပ်ထားတာအမြဲတမ်းအတွက်မကောင်းပါဘူး။အကြောင်းအရင်းကတော့ အပူပိုင်းဒေသမှာ အသုံးပြုသူတွေအတွက် ဖုန်းရဲ့ ဘက်ထရီဟာ လေဝင်လေထွက် ကောင်းစွာရသင့်ပြီး ကာဗာကြောင့် ပူတာနဲ့ ဘက်ထရီမကြွအောင်ဖြစ်ပါတယ်။.
4.ကိုယ်သုံးနေတဲ့ လက်တော့ပ်တွေ ဖုန်းတွေရဲ့ အပူချိန်ကို အမြဲသတိထားသင့်ပါတယ်။နေရောင်မှာ ထားတာ ပူလွန်းတဲ့ နေရာမှာ ထားတာမျိုး ရှောင်သင့်ပါတယ်။
5.ကိုယ့်ဖုန်း ဒါမှ မဟုတ် လက်တော့ပ်တွေရဲ့ Display ကို အတတ်ဆုံး မထိခိုက်အောင် သုံးသင့်ပါတယ်။တကယ်လို့ ကြီးကြီးမားမားထိခိုက်မိပြီး အသစ်ပြန်လဲရရင်တော့ အရင်ကလောက် ကောင်းမွန်မှုမျိုး မရရှိနိုင်တော့ပါဘူး။
6.ဖုန်းပဲဖြစ်ဖြစ် လက်တော့ပ်ပဲ ဖြစ်ဖြစ် အားသွင်းကြိုး ပလပ်တပ်ပြီး ကြာရှည်အားသွင်းထားတာမျိုး တညလုံးထားတာမျိုးကို ရှောင်သင့်ပါတယ်။ဘက်ထရိကို လိုအပ်တဲ့ ပမာဏပြည့်ရင် အားကို ဖြတ်တောက်ပေးရမှာဖြစ်ပါတယ်။
7.ကိုယ်အသုံးပြုနေတဲ့ လက်တော့ပ်တွေနဲ့ ဖုန်းတွေကို သန့်ရှင်းရေး အမြဲလုပ်သင့်ပါတယ်။ဒါဟာ သင့်ကျန်းမာရေးကို မထိခိုက်အောင် ဖြစ်ပါတယ်။
8.လက်ရှိ ဈေးကွက်မှာ တင်သွင်းနေတဲ့ အားအမြန်ဝင်တဲ့ အားသွင်းကြိုးတွေကို မဝယ်သင့်ပါဘူး။သင့်ဘက်ထရီခံနိုင်ရည်ထက် လွန်ကဲတဲ့ အားကိုသွင်းပေးတာဖြစ်ပါတယ်။
9.ဘက်ထရီအားလုံးဝကုန်သွားတဲ့အခါမှာ အားအပြည့်ပြန်သွင်းတာမျိုးမလုပ်ပဲ အားတဝက်လောက်ပြန်သွင်းပြီး ခဏလောက်သုံးပြီးမှ အားပြန်သွင်းပေးရမှာဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top