20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×






Credit:mmlivenews

#Unicode Version# ဖြင့်ဖတ်ပါ ။

နမ့်ဆန်- ကျောက်ဖြူသွားသည့် ကားလမ်းအောက်တွင် အမျိုးသမီးတစ်ဦး အသတ်ခံရ၍ သေဆုံး။

ရှမ်းမြောက် ကျောက်မဲခရိုင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့မှ ကျောက်ဖြူကျေးရွာအုပ်စုသို့ သွားသည့်ကားလမ်းအောက် သဲကွင်းအနီးတွင် အမျိုးသမီးတစ်ဦးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ် မတ်လ ၁၆ ရက် မွန်းလွဲ ၁ နာရီက ဒုရဲအုပ် စည်သူအောင်သည် တာဝန်မှူး တာဝန်ထမ်းဆောင်နေစဉ် နမ့်ဆန်မြို့ အရှေ့တောင်ဘက် ၂မိုင်ခန့်အကွာ မန်မိုင်ရပ်ကွက်အနီး နမ့်ဆန်- ကျောက်ဖြူအုပ်စုသွားသည့် ကားလမ်းဝဲဘက်ဘေးတွင် အမျိုးသမီးတစ် ဦး သေဆုံးနေကြောင်းသတင်းရရှိသဖြင့် ယာယီရဲမှူး မိုးဇော်ဆွေ၊ ဒုရဲမှူးသိန်းဇော်၊ တာဝန်မှူး ဒုရဲအုပ်စည်သူအောင်တို့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ နမ့်ဆန်-ကျောက်ဖြူသွားသည့် ကားလမ်းဝဲဘက်ဘေး သဲကွင်းအနီး ကားလမ်းနှင့်ကိုက် ၅၀ ခန့်အကွာ တွင် ဦးအောင်ကျော်ဦး (မန်မိုင်ရပ်ကွက်)နေထိုင်သူ၏လက်ဖက်ခြံထဲ တွင် မသန်းမြင့် (ခ)မအတာမီ၊အသက် (၄၁) နှစ် (ဘ)ဦးအတာဖ၊ (လီဆူ/ဗုဒ္ဓ) ဈေးရောင်း နယ်မြေ(၄) မင်္ဂလာရပ်ကွက် နမ့်ဆန်မြို့နေထိုင်သူမှာ နဖူးချိုင့်ဝင်ပေါက်ပြဲ သွေးထွက်ဒဏ်ရာ၊ လည်ပင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မန်မိုင်ရပ်ကွက်နေ မသန်းမြင့်၏ မောင်ဖြစ်သူ ဦးမောင်မောင်လတ်က ရဲစခန်းသို့တရားလိုပြုလုပ် တိုင် တန်းသဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်လှစ်ပြီး ဒုရဲမှူးသိန်းဇော် မှ လက်ခံစစ်ဆေးလျှက်ရှိပြီး တရားခံဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

အဆိုပါသေဆုံးနေသူ မသန်းမြင့်သည် ယနေ့နံနက်တွင် နမ့်ဆန်မြို့ နံနက်ဈေးတွင် ဈေးရောင်းနေသေးကြောင်း သူနှင့်ဈေးရောင်းဖော် တစ်ဦးက ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mmlivenews
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top