








Credit:burmese.asia
# Unicode Version # ဖြင့် ဖတ်ပါ #


ဆရာတော်အရှင်ဆန္ဒဓိက ကိုယ်တိုင်ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန်ပေါ် အခြေခံထားသောမုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးဟာ နှစ်တစ်နှစ်ရဲ့ အကောင်းဆုံးသော ရုပ်ရှင်တွေထဲက တစ်ခုအပါအဝင်ဖြစ်သလို ပရိသတ်တွေရဲ့ ခံစားချကနဲ့ အတူ ရသတွေ ပေးစွမ်းနိုင်ခဲ့တဲ့ ဘာသာရေးဆိုင်ရာ ပညာပေးရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။

ဒီရုပ်ရှင်ကြီးရဲ့ ဇာတ်ပို့ တစ်ဦးဖြစ်တဲ့ မကြာဥ ဇာတ်ကောင်နဲ့ သရုပ်ဆောင် မင်းသမီး အေးဝတ်ရည်သောင်း ခေါ် မအေးသောင်းကို အားလုံးက အကယ်ဒမိဆု ရရှိစေချင်ခဲ့သလို ဒီနှစ်မှာ အကယ်ဒမီဆုကြီးနဲ့ လွဲခဲ့ရတာကြောင့် ပရိသတ်အများက စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ မုန်းစွဲ မှ မသည်းအုံ ဇာတ်ကောင် နဲ့ ဖွေးဖွေးဟာလည်း ဒီနှစ်ရဲ့ ဇာတ်ဆောင်ဆုကို ရွှေကြာ ရုပ်ရှင်ဆုနဲ့ သုံးထပ်ကွမ်း အကယ်ဒမီဆုကို ရယူခဲ့ပြီး ပရိသတ်အချစ်ကို ထပ်မံသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ကြာဥ လေးကို အကယ်ဒမီဆုရရှိစေချင်တဲ့ ပရိသတ်တွေအတွက် မအေးသောင်းအတွက် နောက်ထပ် အခွင့်အရေးတစ်ခုက ထပ်မံရောက်ရှိလို့လာပြန်ပါတယ်။

 နောက်ထပ်အသစ်ရိုက်ကူးမဲ့ ရုပ်ရှင် ဇာတ်ကားတစ်ခုဖြစ်သော “ပုဂံမော် ” ရုပ်ရှင်ဇာတ်ကားကြီးမှာ မကြာဥ( အေးသောင်း)နဲ့ မသည်းအုံ(ဖွေးဖွေး) တို့ ဒုတိယအကြိမ် အတူပြန်လည်ရိုကကူးမှာဖြစ်ပြီး ဇာတ်ဆောင် မင်းသားကတော့ အကယ်ဒမီ မင်းသားချော မြင့်မြတ် လို့ သိရှိရပါတယ်။

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ပုဂံမျှော် ရုပ်ရှင် ဇာတ်ကားကြီး ထွက်ရှိခဲ့မယ် ဆိုရင် အားပေးကြမှာလား…။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top