ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

အိုပက္အဖြဲ႕လည္းျဖစ္ ေတာင္အေမရိကတိုက္နိင္ငံမွာ ေရနံႂကြယ္ဝဆုံး ဗင္နီဇြဲလားနိင္ငံသည္ ေငြေၾကးေဖာင္းပြမႈႏႈန္းမွာ နိင္ငံတကာတြင္ ရာခိုင္ႏူံးအျမင့္ဆုံးျဖစ္ေန စကၠဴတစ္လိပ္ကိုဗင္နီဇြဲလားေငြေၾကး ၂၆သိန္းရွိေၾကာင္းသိရ။

ငံမွာ ေငြေၾကးေဖါင္းပြ မွုဟာ အေမရိကန္ တစ္ေဒၚလာကို ေမွာင္ခိုေစ်းကြက္မွာ တစ္ေဒၚလာ= ၃၈,၀၀၀၀၀၀.၀၀၊ ၃၈ သန္း VEF ျဖစ္ပါတယ္။အစိုးရ တရား၀င္ ထုတ္ျပန္တဲ့ေငြလဲႏုန္း (တစ္ေဒၚလာကို တသိန္းခုနွစ္ေသာင္း )1 US=172,800 VEF

ကုန္ေစ်းနဳန္းေတြမွာ

ၾကက္တစ္ေကာင္ ၁၄သန္းေျခာက္သိန္း (ဗင္နီဇြဲလားေငြေၾကး)

အိမ္သာသံုးစကၠဴ ၂သန္းေျခာက္သိန္း( ။ )

ခရမ္းခ်ဥ္သီး တစ္ကီလို သိန္းငါးဆယ္( ။ )

ျပည္သူေတြက လမ္းေဘးက အမိွဳက္လိုက္ေကာက္စားေနတဲ့ဘ၀ ေရာက္ေနပါျပီ။ႏိုင္ငံအႏွံ႔ ဆူပူအံုၾကြမူေတြ ျဖစ္ေနပါတယ္။နိုင္ငံအုပ္ခ်ဳပ္တဲ့ေခါင္းေဆာင္က ခုလိုလူထုအံုၾကြမွုေတြျဖစ္ရတာ အေမရိကန္ စီးပြားေရးတ္ဆို ့မွုေၾကာင့္၊ ရာသီဥတု မေကာင္းလို ့ ကိုယ္အသံုးမၾကတိုင္း ေဘးလူလက္ညိဳးထိုးလြဲခ်ပါတယ္၊ ယခုရက္ပိုင္းအတြင္းမွာ အားဏာရွင္သမၼတ ပိုင္တဲ့ ေရြေခ်ာင္းေတြတန္နဲ့ခ်ီျပီး သူ ့ကိုေထာက္ခံတဲ့ ရုရွားနိုင္ငံကို ေလယာဥ္စင္းလံုးလိုက္ပို ့ေနပါျပီ။ ဥေရာပနိုင္ငံ ဘဏ္ေတြမွာအပ္နွံထားတဲ့ ေရႊေခ်ာင္းေတြကို ျပန္ထုတ္ဖို ့ေတာ့ သက္ဆိုရာဘဏ္ေတြက ေပးမထုတ္ပါဘူး။

ဗင္နီဇြဲလားနိင္ငံ ေငြေၾကးဟာ လမ္းေပၚမွာ ခုလိုၾကဲခ်ထားရင္ ေတာင္ ေကာက္ယူမယ့္သူ မရွိေတာ့ ပါဘူး။ ခုေနာက္ပိုင္းမွာေတာ့ဗင္နီဇြဲလားႏိုင္ငံ၊ အူရီနာၿမိဳ႕မွာ ဗင္နီဇြဲလားေငြေၾကး ဘိုလီဗာေတြကို သုံးစြဲျခင္းမရွိေတာ့ဘဲ ကိုလံဘီယာေငြေၾကး ပီဆိုေတြကိုသာ သုံးစြဲလာၾကတယ္လို႔ သိရပါတယ္။

ဗင္နီဇြဲလား-ကိုလံဘီယာနယ္စပ္ၿမိဳ႕ျဖစ္တဲ့ ကူကူတာၿမိဳ႕မွာ ဗင္နီဇြဲလားေငြစကၠဴေတြကို ပိုက္ဆံအိတ္၊ ျခင္းေတာင္း၊ ပန္းအိုး၊ ဌက္၊ ကား၊ ဆိုင္ကယ္အစရွိတဲ့ လက္မႈပစၥည္းေတြအျဖစ္ တီထြင္ဖန္တီးေရာင္းခ်ေနတာကိုလည္း ေတြ႕ျမင္ရမွာျဖစ္ပါတယ္။

“ဘယ္သူမွ ဗင္နီဇြဲလားေငြေၾကး (ဘိုလီဗာ)ေတြကို မလိုခ်င္ၾကေတာ့ဘူး။ တစ္ခုခုဝယ္ခ်င္တယ္ဆိုရင္ သူတို႔မွာရွိတဲ့ ဘိုလီဗာေတြနဲ႔ ဝယ္ဖို႔ ပိုက္ဆံကမေလာက္ဘူး။ ဒီေတာ့လူတိုင္းက ကိုလံဘီယာေငြ (ပီဆို)နဲ႔ပဲ အေရာင္းအဝယ္လုပ္လာၾကတယ္။”လို႔ လိေမၼာ္သီးေဖ်ာ္ရည္ေရာင္းတဲ့ မာေကာ့စ္ေဗဂါက ေျပာပါတယ္။

“ဒီမွာလိေမၼာ္သီးေတြကို ပီဆိုနဲ႔ပဲေရာင္းတယ္။ သၾကားေတြ၊ ခြက္ေတြကိုလည္း ပီဆိုနဲ႔ပဲေရာင္းတယ္။ အားလုံးက ပီဆိုပဲ သုံးေတာ့တယ္။”လို႔ ၎ကဆက္ေျပာပါတယ္။

“ကိုလံဘီယာမွာအလုပ္လုပ္ရင္ တစ္ရက္ကို ပီဆို ၂၀၀၀၀ နဲ႔ ၃၀၀၀၀ ၾကားရတယ္။ အဲ့ဒီမွာ အလုပ္လုပ္ရင္းရလာတဲ့ ေငြေတြနဲ႔ ကိုယ္စားဖို႔ေသာက္ဖို႔ ဂ်ဳံ၊ ဆန္၊ သၾကား၊ ႏြားႏို႔၊ ဆီေတြကို ခ်က္ခ်င္းဝယ္ႏိုင္တယ္။ ဗင္နီဇြဲလားမွာ အလုပ္လုပ္ရင္ ရတဲ့ လုပ္ခတစ္ရက္စာက ဆန္တစ္အိတ္ေတာင္ မဝယ္ႏိုင္ဘူး။”လို႔ ဖာနန္ဒို ဆီမန္တာက ေျပာပါတယ္။

“ဗင္နီဇြဲလားေငြေတြက ဗင္နီဇြဲလားမွာ သုံးမရေတာ့ဘူး။ ကိုလံဘီယာမွာေတာ့ ကြၽန္ေတာ္တို႔က အဲဒီဗင္နီဇြဲလားေငြေတြကို အိတ္ေတြ၊ ျခင္းေတြ၊ ပိုက္ဆံအိတ္ေတြ၊ ဌက္႐ုပ္ေတြလုပ္ၿပီး ျပန္ေရာင္းတယ္။”လို႔ ကိုလံဘီယာမွာ လာေရာက္ေနထိုင္တဲ့ ဗင္နီဇြဲလားအမ်ိဳးသား ေဂ်ာ့ေကာ္ဒယ္႐ိုက ေျပာပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:မဟာေခတ္သစ္မီဒီယာ
#Unicode Version#
အိုပက်အဖွဲ့လည်းဖြစ် တောင်အမေရိကတိုက်နိင်ငံမှာ ရေနံကြွယ်ဝဆုံး ဗင်နီဇွဲလားနိင်ငံသည် ငွေကြေးဖောင်းပွမှုနှုန်းမှာ နိင်ငံတကာတွင် ရာခိုင်နူံးအမြင့်ဆုံးဖြစ်နေ စက္ကူတစ်လိပ်ကိုဗင်နီဇွဲလားငွေကြေး ၂၆သိန်းရှိကြောင်းသိရ။

ငံမှာ ငွေကြေးဖေါင်းပွ မှုဟာ အမေရိကန် တစ်ဒေါ်လာကို မှောင်ခိုဈေးကွက်မှာ တစ်ဒေါ်လာ= ၃၈,၀၀၀၀၀၀.၀၀၊ ၃၈ သန်း VEF ဖြစ်ပါတယ်။အစိုးရ တရားဝင် ထုတ်ပြန်တဲ့ငွေလဲနုန်း (တစ်ဒေါ်လာကို တသိန်းခုနှစ်သောင်း )1 US=172,800 VEF

ကုန်ဈေးနုန်းတွေမှာ

ကြက်တစ်ကောင် ၁၄သန်းခြောက်သိန်း (ဗင်နီဇွဲလားငွေကြေး)

အိမ်သာသုံးစက္ကူ ၂သန်းခြောက်သိန်း( ။ )

ခရမ်းချဉ်သီး တစ်ကီလို သိန်းငါးဆယ်( ။ )

ပြည်သူတွေက လမ်းဘေးက အမှိုက်လိုက်ကောက်စားနေတဲ့ဘ၀ ရောက်နေပါပြီ။နိုင်ငံအနှံ့ ဆူပူအုံကြွမူတွေ ဖြစ်နေပါတယ်။နိုင်ငံအုပ်ချုပ်တဲ့ခေါင်းဆောင်က ခုလိုလူထုအုံကြွမှုတွေဖြစ်ရတာ အမေရိကန် စီးပွားရေးတ်ဆို့မှုကြောင့်၊ ရာသီဥတု မကောင်းလို့ ကိုယ်အသုံးမကြတိုင်း ဘေးလူလက်ညိုးထိုးလွဲချပါတယ်၊ ယခုရက်ပိုင်းအတွင်းမှာ အားဏာရှင်သမ္မတ ပိုင်တဲ့ ရွေချောင်းတွေတန်နဲ့ချီပြီး သူ့ကိုထောက်ခံတဲ့ ရုရှားနိုင်ငံကို လေယာဉ်စင်းလုံးလိုက်ပို့နေပါပြီ။ ဥရောပနိုင်ငံ ဘဏ်တွေမှာအပ်နှံထားတဲ့ ရွှေချောင်းတွေကို ပြန်ထုတ်ဖို့တော့ သက်ဆိုရာဘဏ်တွေက ပေးမထုတ်ပါဘူး။

ဗင်နီဇွဲလားနိင်ငံ ငွေကြေးဟာ လမ်းပေါ်မှာ ခုလိုကြဲချထားရင် တောင် ကောက်ယူမယ့်သူ မရှိတော့ ပါဘူး။ ခုနောက်ပိုင်းမှာတော့ဗင်နီဇွဲလားနိုင်ငံ၊ အူရီနာမြို့မှာ ဗင်နီဇွဲလားငွေကြေး ဘိုလီဗာတွေကို သုံးစွဲခြင်းမရှိတော့ဘဲ ကိုလံဘီယာငွေကြေး ပီဆိုတွေကိုသာ သုံးစွဲလာကြတယ်လို့ သိရပါတယ်။

ဗင်နီဇွဲလား-ကိုလံဘီယာနယ်စပ်မြို့ဖြစ်တဲ့ ကူကူတာမြို့မှာ ဗင်နီဇွဲလားငွေစက္ကူတွေကို ပိုက်ဆံအိတ်၊ ခြင်းတောင်း၊ ပန်းအိုး၊ ဌက်၊ ကား၊ ဆိုင်ကယ်အစရှိတဲ့ လက်မှုပစ္စည်းတွေအဖြစ် တီထွင်ဖန်တီးရောင်းချနေတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

“ဘယ်သူမှ ဗင်နီဇွဲလားငွေကြေး (ဘိုလီဗာ)တွေကို မလိုချင်ကြတော့ဘူး။ တစ်ခုခုဝယ်ချင်တယ်ဆိုရင် သူတို့မှာရှိတဲ့ ဘိုလီဗာတွေနဲ့ ဝယ်ဖို့ ပိုက်ဆံကမလောက်ဘူး။ ဒီတော့လူတိုင်းက ကိုလံဘီယာငွေ (ပီဆို)နဲ့ပဲ အရောင်းအဝယ်လုပ်လာကြတယ်။”လို့ လိမ္မော်သီးဖျော်ရည်ရောင်းတဲ့ မာကော့စ်ဗေဂါက ပြောပါတယ်။

“ဒီမှာလိမ္မော်သီးတွေကို ပီဆိုနဲ့ပဲရောင်းတယ်။ သကြားတွေ၊ ခွက်တွေကိုလည်း ပီဆိုနဲ့ပဲရောင်းတယ်။ အားလုံးက ပီဆိုပဲ သုံးတော့တယ်။”လို့ ၎င်းကဆက်ပြောပါတယ်။

“ကိုလံဘီယာမှာအလုပ်လုပ်ရင် တစ်ရက်ကို ပီဆို ၂၀၀၀၀ နဲ့ ၃၀၀၀၀ ကြားရတယ်။ အဲ့ဒီမှာ အလုပ်လုပ်ရင်းရလာတဲ့ ငွေတွေနဲ့ ကိုယ်စားဖို့သောက်ဖို့ ဂျုံ၊ ဆန်၊ သကြား၊ နွားနို့၊ ဆီတွေကို ချက်ချင်းဝယ်နိုင်တယ်။ ဗင်နီဇွဲလားမှာ အလုပ်လုပ်ရင် ရတဲ့ လုပ်ခတစ်ရက်စာက ဆန်တစ်အိတ်တောင် မဝယ်နိုင်ဘူး။”လို့ ဖာနန်ဒို ဆီမန်တာက ပြောပါတယ်။

“ဗင်နီဇွဲလားငွေတွေက ဗင်နီဇွဲလားမှာ သုံးမရတော့ဘူး။ ကိုလံဘီယာမှာတော့ ကျွန်တော်တို့က အဲဒီဗင်နီဇွဲလားငွေတွေကို အိတ်တွေ၊ ခြင်းတွေ၊ ပိုက်ဆံအိတ်တွေ၊ ဌက်ရုပ်တွေလုပ်ပြီး ပြန်ရောင်းတယ်။”လို့ ကိုလံဘီယာမှာ လာရောက်နေထိုင်တဲ့ ဗင်နီဇွဲလားအမျိုးသား ဂျော့ကော်ဒယ်ရိုက ပြောပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:မဟာခေတ်သစ်မီဒီယာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top