iMyanmarHouse.com - Best Property Website for Myanmar
×






Credit: ThutaSone

#Unicode Version# ဖြင့်ဖတ်ပါ ။

အဓိပ္ပါယ်ကောက်တာ လွဲနေကြတဲ့ ရခိုင်နဲ့ မြွေပွေးကိုတွေ့ရင် ရခိုင်ကိုအရင်သတ် ဆိုတဲ့ မြန်မာစကားပုံ

ကျွန်တော် တို့ ပတ်ဝန်းကျင် မှာရော Online ပေါ်မှာပါ မြန်မာ စကားပုံ တစ်ခုကို နားလည်မှုလွဲပြီး အဓိပ္ပါယ်ကောက် လွဲနေကြတာကို တွေ့ရတော့ မှတ်သားထားဖူးတာလေးကို ပြန် ဖောက်သည် ချချင်လာပါတယ် ။

ရခိုင်နဲ့မြွေပွေးကိုတွေ့ရင် ရခိုင်ကိုအရင်သတ် ဆိုတဲ့ စကားပုံပဲ ဖြစ်ပါတယ် ။

တကယ်တော့ ရခိုင် လူမျိုး တွေက မြွေပွေး ထက်ဆိုးလို့ အန္တရာယ်များလို့ ကြောက်ဖို့ကောင်းလို့ ရခိုင် လူမျိုးကို အရင် သတ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး ။ မြန်မာ တိုင်းရင်း ဆေးပညာရှင်တွေ သမားတော်ကြီး တွေရဲ့ အဆိုအရ ရခိုင်ငှက်ပျောပင်ရဲ့ ပင်စည် ကထွက်တဲ့ အစေး ဟာ မြွေပွေးရဲ့ အဆိပ်ကိုတောင် ပြေစေနိုင်တယ်လို့ ဆိုပါတယ် ။

ဒါကြောင့် ရခိုင်ငှက်ပျောပင် နဲ့မြွေပွေး ကို အတူ ယှဉ်လျက်တွေ့ရင် ဆေးမမီ အောင်ပြင်းထန်တဲ့ မြွေပွေး အဆိပ်ကို ကာကွယ်နိုင်ဖို့ ရခိုင် ငှက်ပျောပင် က ထွက်တဲ့အစေး ကိုရအောင် ကြိုတင် ယူဆောင်ထားခိုင်းတဲ့ သဘောပါ ။

ဖိုးသူတော် (www.phothutaw.com)
Credit: ThutaSone
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top