iMyanmarHouse.com - Best Property Website for Myanmar
×

 ကေလး သရုပ္ေဆာင္ ဟဲဗီးျဖိဳး က အခု လက္ရွိမွာ အသက္ ၂၃ အရြယ္သို ့ေရာက္ရွိေနျပီျဖစ္ပါတယ္။ ကေလးသရုပ္ေဆာင္တစ္ေယာက္အျဖစ္ အႏုပညာလွဳပ္ရွားမွဳမ်ားစြာ လုပ္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ အားေပးလက္ခံမႈကုိေတာ့ မ်ားစြာရ႐ွိခဲ့တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာင္ ဟဲဗီးျဖဳိးက ဦးေသာမဆုိတဲ့ ဘြဲ႔နာမည္နဲ႔ ဦးပဥၥင္းဝတ္ေနၿပီး ဒီလုိမ်ိဳး ျဖစ္ရတဲ့အေၾကာင္းကုိလည္း အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ဦးေသာမ ေခၚ ဟဲဗီးျဖဳိးက “ဦးပဥၥင္းဝတ္ျဖစ္တာေလးကေတာ့ ပထမတစ္ခ်က္ကေတာ့ ဦးဇင္းမိဘကုိ ေက်းဇူးဆပ္ခ်င္တာလည္းပါတယ္။ ေနာက္တစ္ခုက ဦးဇင္းကုိယ္တုိင္ဝတ္ခ်င္တာလည္း ပါတယ္။ ၿပီးေတာ့ ဦးဇင္းကုိးကြယ္တဲ့ ဗုဒၶဘာသာကုိလည္း နည္းနည္းေလ့လာခ်င္တာလည္း ပါလုိ႔ ဝတ္ျဖစ္တာပါ။ ၿပီးေတာ့ ဦးဇင္း႐ွင္း႐ွင္းေလး ေျပာမယ္ဆုိရင္ ဦးဇင္းလူ႔ေဘာင္မွာ ေပ်ာ္ေမြ႔ခဲ့တယ္ေပါ့ေနာ္ ေကာင္းတာေတြေရာ မေကာင္းတာေတြေရာေပါ့။ မေကာင္းတဲ့အရာေတြ အကုန္လုံးကုိ စြန္႕လႊတ္ခ်င္တာေပါ့ အဲ့တာေၾကာင့္ ဒီလုိဝတ္တာပါ။”လုိ႔ မိန္႔သြားခဲ့ပါတယ္။

ဆက္လက္ၿပီးေတာ့လည္း “ဦးဇင္းတုိ႔က ေလာကီ ဝတ္နည္းတုိင္းေတာ့ လုပ္ရတာေပါ့ ဒါေပမဲ့ ေက်ာင္းထုိင္တုိ႔ဘာတုိ႔က ေျပာပါတယ္။ မႂကြလည္း ရတယ္ေပါ့ ဒါေပမဲ့ ဦးဇင္းက ဝတ္နည္းေလးေတြဘာေတြ နည္းနည္း့ပါးပါး ဝတ္တုန္းလည္း ကတုံးႀကီးပဲ အဖက္မတင္ေအာင္လုိ႔။ အ႐ုံဆြမ္းကုိ တန္းဆြမ္းႂကြတယ္ တန္းဆြမ္းႂကြၿပီး ျပန္လာရင္ အ႐ုံဆြမ္းကုိ ဘုန္းေပးတယ္ ဘုန္းေပးၿပီးရင္ ဦးဇင္းေန႔ဆြမ္းကုိ ႂကြတယ္။ ေန႔ဆြမ္းျပန္လာရင္ ေန႔ဆြမ္းကုိ ဘုန္းေပးတယ္ ၿပီးရင္ေတာ့ တစ္ေရးတစ္ေမာ က်ိန္းတယ္။ က်ိန္းၿပီးရင္ ထတယ္ နည္းနည္းပါးပါး တံျမက္စည္းေလးဘာေလး လွည္းတယ္။ လုပ္သင့္တာေလးေတြလုပ္တယ္ ၿပီးရင္ ညဘက္က်ရင္ ပုတီးေလးဘာေလးစိပ္ၿပီးေတာ့ ဘုရားေတြဘာေတြ ႐ွိခုိးတယ္။

ဦးဇင္းနာမည္ကေတာ့ ဦးေသာမေပါ့ေနာ္ ဦးဇင္းဝတ္တာက ဒီေန႔နဲ႔ဆုိရင္ ၉ရက္႐ွိသြားၿပီ ဦးဇင္းရည္ရြယ္ခ်က္ကေတာ့ စစခ်င္းဝင္တုန္းက ၁၁ ရက္ဝတ္မယ္ဆုိၿပီးေတာ့ ဒီေရာက္ေတာ့ ေအးခ်မ္းတာေလးရယ္ သာသနာမွာ ေပ်ာ္တာေလးတစ္ရယ္ ဒါေၾကာင့္မုိ႔လုိ႔ ၁၁ကေနၿပီးေတာ့ သက္ေစ့ သက္ေစ့ကေနအခု သၾကၤန္နားနီးခါနီးမွ ထြက္မယ္လုိ႔ စိတ္ကူးထားပါတယ္။ ဦးဇင္းအသက္ကေတာ့ အခုက ၂၃ထဲမွာပါ ဒီသၾကၤန္မေရာက္ခင္၁၂ရက္ေန႔ဆုိရင္ ၂၃ႏွစ္ျပည့္ပါၿပီ။ သာသနာေလာကီထဲမွာ ေပ်ာ္ေမြ႔တာ ဒီတစ္ခါပဲေပါ့ ေပ်ာ္ၿပီးေတာ့ စိတ္ခ်မ္းသာတာေပါ့ေနာ္ အၾကာႀကီး ဝတ္ျဖစ္တာ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

ကလေး သရုပ်ဆောင် ဟဲဗီးဖြိုး က အခု လက်ရှိမှာ အသက် ၂၃ အရွယ်သို့ရောက်ရှိနေပြီဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလှုပ်ရှားမှုများစွာ လုပ်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကိုတော့ များစွာရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ အခုအချိန်မှာတောင် ဟဲဗီးဖြိုးက ဦးသောမဆိုတဲ့ ဘွဲ့နာမည်နဲ့ ဦးပဉ္စင်းဝတ်နေပြီး ဒီလိုမျိုး ဖြစ်ရတဲ့အကြောင်းကိုလည်း အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ဦးသောမ ခေါ် ဟဲဗီးဖြိုးက “ဦးပဉ္စင်းဝတ်ဖြစ်တာလေးကတော့ ပထမတစ်ချက်ကတော့ ဦးဇင်းမိဘကို ကျေးဇူးဆပ်ချင်တာလည်းပါတယ်။ နောက်တစ်ခုက ဦးဇင်းကိုယ်တိုင်ဝတ်ချင်တာလည်း ပါတယ်။ ပြီးတော့ ဦးဇင်းကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကိုလည်း နည်းနည်းလေ့လာချင်တာလည်း ပါလို့ ဝတ်ဖြစ်တာပါ။ ပြီးတော့ ဦးဇင်းရှင်းရှင်းလေး ပြောမယ်ဆိုရင် ဦးဇင်းလူ့ဘောင်မှာ ပျော်မွေ့ခဲ့တယ်ပေါ့နော် ကောင်းတာတွေရော မကောင်းတာတွေရောပေါ့။ မကောင်းတဲ့အရာတွေ အကုန်လုံးကို စွန့်လွှတ်ချင်တာပေါ့ အဲ့တာကြောင့် ဒီလိုဝတ်တာပါ။”လို့ မိန့်သွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း “ဦးဇင်းတို့က လောကီ ဝတ်နည်းတိုင်းတော့ လုပ်ရတာပေါ့ ဒါပေမဲ့ ကျောင်းထိုင်တို့ဘာတို့က ပြောပါတယ်။ မကြွလည်း ရတယ်ပေါ့ ဒါပေမဲ့ ဦးဇင်းက ဝတ်နည်းလေးတွေဘာတွေ နည်းနည်း့ပါးပါး ဝတ်တုန်းလည်း ကတုံးကြီးပဲ အဖက်မတင်အောင်လို့။ အရုံဆွမ်းကို တန်းဆွမ်းကြွတယ် တန်းဆွမ်းကြွပြီး ပြန်လာရင် အရုံဆွမ်းကို ဘုန်းပေးတယ် ဘုန်းပေးပြီးရင် ဦးဇင်းနေ့ဆွမ်းကို ကြွတယ်။ နေ့ဆွမ်းပြန်လာရင် နေ့ဆွမ်းကို ဘုန်းပေးတယ် ပြီးရင်တော့ တစ်ရေးတစ်မော ကျိန်းတယ်။ ကျိန်းပြီးရင် ထတယ် နည်းနည်းပါးပါး တံမြက်စည်းလေးဘာလေး လှည်းတယ်။ လုပ်သင့်တာလေးတွေလုပ်တယ် ပြီးရင် ညဘက်ကျရင် ပုတီးလေးဘာလေးစိပ်ပြီးတော့ ဘုရားတွေဘာတွေ ရှိခိုးတယ်။

ဦးဇင်းနာမည်ကတော့ ဦးသောမပေါ့နော် ဦးဇင်းဝတ်တာက ဒီနေ့နဲ့ဆိုရင် ၉ရက်ရှိသွားပြီ ဦးဇင်းရည်ရွယ်ချက်ကတော့ စစချင်းဝင်တုန်းက ၁၁ ရက်ဝတ်မယ်ဆိုပြီးတော့ ဒီရောက်တော့ အေးချမ်းတာလေးရယ် သာသနာမှာ ပျော်တာလေးတစ်ရယ် ဒါကြောင့်မို့လို့ ၁၁ကနေပြီးတော့ သက်စေ့ သက်စေ့ကနေအခု သြင်္ကန်နားနီးခါနီးမှ ထွက်မယ်လို့ စိတ်ကူးထားပါတယ်။ ဦးဇင်းအသက်ကတော့ အခုက ၂၃ထဲမှာပါ ဒီသြင်္ကန်မရောက်ခင်၁၂ရက်နေ့ဆိုရင် ၂၃နှစ်ပြည့်ပါပြီ။ သာသနာလောကီထဲမှာ ပျော်မွေ့တာ ဒီတစ်ခါပဲပေါ့ ပျော်ပြီးတော့ စိတ်ချမ်းသာတာပေါ့နော် အကြာကြီး ဝတ်ဖြစ်တာ။”လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top