မခ်စ္ျမတ္ႏိုးသည္လူ႔ဘဝက တရားအားထုတ္ျခင္းကိုအလြန္စိတ္ဝင္ တစားရွိလွသည္ ။

သို႔ေသာ္လည္း သားငယ္ေလးတစ္ေယာက္ႏွင့္အိမ္ေထာင္တာဝန္ တစ္ဖက္မ်ားေၾကာင့္

ဝိပႆနာတရားကို (၇) ရက္ စခန္းပြဲမ်ားသို႔ပင္ဝင္ေရာက္၍ အားမထုတ္ႏိူင္ခဲ့ေပ…

ဤကဲ့သို႔…

မိမိ၏အခက္အခဲမ်ားကို အားမေလ်ာ့ စိတ္ မပ်က္ဘဲ အိမ္မွာပဲ ဥပုသ္ေစာင့္ရင္း

တရားကို အခ်ိန္ျပည့္ သတိလက္မလြတ္ေစဘဲအိမ္မႈ့ကိစၥမ်ားကို ေဆာင္ရြက္ရင္းအားထုတ္ခဲ့ေလသည္ ။

ထိုကဲ့သို႔ ရက္ရွည္လမ်ားအိမ္မွာ ဥပုသ္ေစာင့္ တရားအားထုတ္သျဖင့္လူမွာ အေတာ္ပိန္သြား၏ ။

က်န္းမာေရးအတြက္ မိသားစုမ်ားမွေတာင္းပန္မႈေၾကာင့္ ဥပုသ္မေစာင့္ေတာ့ဘဲတရားကိုသာ အဓိကထား အားထုတ္ခဲ့ေလသည္ ။

သဘာဝရိပ္သာဆရာေတာ္ ဦးဥတၱမသာရ၏ညႊန္ၾကားျပသေသာ တရားအဆုံးအမကိုနာယူ၍ သတိမျပတ္ေစဘဲ

ဘုရားရွင္၏ တရားေတာ္အေပၚယုံၾကည္ေသာ သဒၶါတရားျဖင့္အားထုတ္ခဲ့ေလရာ သစၥာတရားမ်ားကို သိျမင္ခဲ့ေလသည္။

ထို႔ေနာက္…ဆရာေတာ္ရိပ္သာ၌ တရားအားထုတ္သူမ်ားကို ကူညီ၍ တရားျပသရင္း

ႏွစ္အတန္ၾကာေသာအခါ ေအးခ်မ္းလွေသာသီလရွင္ ဘဝသို႔ အၿပီးတိုင္ ဝင္ေရာက္ခဲ့ပါသည္ ။

ဖိုးသူေတာ္(www.phothutaw.com)
Credit: Original
#Unicode Version#
မချစ်မြတ်နိုးသည်လူ့ဘဝက တရားအားထုတ်ခြင်းကိုအလွန်စိတ်ဝင် တစားရှိလှသည် ။

သို့သော်လည်း သားငယ်လေးတစ်ယောက်နှင့်အိမ်ထောင်တာဝန် တစ်ဖက်များကြောင့်

ဝိပဿနာတရားကို (၇) ရက် စခန်းပွဲများသို့ပင်ဝင်ရောက်၍ အားမထုတ်နိူင်ခဲ့ပေ…

ဤကဲ့သို့…

မိမိ၏အခက်အခဲများကို အားမလျော့ စိတ် မပျက်ဘဲ အိမ်မှာပဲ ဥပုသ်စောင့်ရင်း

တရားကို အချိန်ပြည့် သတိလက်မလွတ်စေဘဲအိမ်မှု့ကိစ္စများကို ဆောင်ရွက်ရင်းအားထုတ်ခဲ့လေသည် ။

ထိုကဲ့သို့ ရက်ရှည်လများအိမ်မှာ ဥပုသ်စောင့် တရားအားထုတ်သဖြင့်လူမှာ အတော်ပိန်သွား၏ ။

ကျန်းမာရေးအတွက် မိသားစုများမှတောင်းပန်မှုကြောင့် ဥပုသ်မစောင့်တော့ဘဲတရားကိုသာ အဓိကထား အားထုတ်ခဲ့လေသည် ။

သဘာဝရိပ်သာဆရာတော် ဦးဥတ္တမသာရ၏ညွှန်ကြားပြသသော တရားအဆုံးအမကိုနာယူ၍ သတိမပြတ်စေဘဲ

ဘုရားရှင်၏ တရားတော်အပေါ်ယုံကြည်သော သဒ္ဓါတရားဖြင့်အားထုတ်ခဲ့လေရာ သစ္စာတရားများကို သိမြင်ခဲ့လေသည်။

ထို့နောက်…ဆရာတော်ရိပ်သာ၌ တရားအားထုတ်သူများကို ကူညီ၍ တရားပြသရင်း

နှစ်အတန်ကြာသောအခါ အေးချမ်းလှသောသီလရှင် ဘဝသို့ အပြီးတိုင် ဝင်ရောက်ခဲ့ပါသည် ။


ဖိုးသူတော်(www.phothutaw.com)
Credit: Original
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top