20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


မေကြး ၿမိဳ႕ေတာ္ခန္းမ ၌ မတ္လ ၁၆ ရက္က ျပဳလုပ္သည့္ သိမ္းဆည္းခံ ေျမ မ်ားအ နက္ ျပန္လည္စြန္႔လႊတ္သည့္ ေျမယာမ်ား ကို မူလေတာင္သူမ်ားထံ လႊဲေျပာင္းေပး အပ္ပြဲ အခမ္းအနား သို႔ ဒုသမၼတ ဦးဟင္နရီဗန္ထီးယူ တက္ေရာက္ေပးအပ္ခဲ့ သည္။

ကာကြယ္ေရးဝန္ႀကီးဌာန၊ စက္မႈဝန္ႀကီးဌာန၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ ႀကီးဌာန၊ သယံဇာတႏွင့္ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ ႀကီး ဌာနတုိ႔က သိမ္းဆည္းေျမ ၂,၄၀၉ ဒသမ ၀၂ ဧကအနက္အမွန္တကယ္အ သံုးျပဳရန္လိုအပ္ သည့္ ေျမ ၁,၅၃၁ ဒသမ ၅၃ ဧက ကိုသာ အသံုးျပဳၿပီး က်န္ေျမ ၈၇၇ ဒသမ ၄၉ ဧကကို ျပန္လည္စြန္႔ လႊတ္အပ္ႏွံသျဖင့္ စြန္႔လႊတ္အပ္ ႏွံေျမမ်ားအ နက္ စိုက္ပ်ိဳးေျမ ၃၀၈ဒသမ ၀၇ ဧကကို မူလေတာင္သူ ၁၀၈ ဦးထံ ယာယီလုပ္ ကိုင္ခြင့္ ပံုစံ (၃) ျပန္လည္ေပးအပ္ ေၾကာင္း ဒုသမၼတ ဦးဟင္နရီဗန္ ထီးယူက ေျပာသည္။

‘‘ယေန႔ တရားဝင္ပိုင္ဆုိင္မႈ နဲ႔ ျပန္လည္လုပ္ပိုင္ခြင့္ရၾကတဲ့ ေတာင္သူမ်ားအေနနဲ႔ ႏုိင္ငံေတာ္ အစိုးရရဲ႕ ေစတနာကို သိရွိၿပီး ေတာ့ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုး တက္ေအာင္ ႐ိုးသားႀကိဳးစားစြာ လုပ္ကိုင္ဖို႔နဲ႔ လက္မႈလယ္ယာ စနစ္ကေန စက္ မႈလယ္ယာစနစ္ ကို ကူးေျပာင္းၿပီး မ်ိဳးေကာင္းမ်ိဳး သန္႔မ်ားကို ေရြးခ်ယ္စိုက္ပ်ိဳးကာ အရည္အေသြး အဆင့္အတန္းျမင့္ မားၿပီး အထြက္ႏႈန္းတိုးတက္ျမင့္ မားေအာင္ ေဆာင္ရြက္ၾကဖို႔ လုိပါတယ္’’ဟု ဒုသမၼတက ေျပာသည္။

တုိင္းအတြင္း လယ္ယာေျမ မ်ားႏွင့္ ပတ္သက္၍ လယ္ယာ ေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္း ခံရမႈမ်ား ျပန္လည္စိစစ္ေရး ဗဟိုေကာ္မတီက လႊဲေျပာင္းေပးပို႔ သည့္ အမႈ ၁၉၃ မႈရွိၿပီး ၁၄၅ မႈကိုစိစစ္ေျဖရွင္းႏုိင္သကဲ့သို႔ တုိင္း လယ္စစ္ေကာ္မတီသို႔ တင္ျပတိုင္ ၾကားသည့္ အမႈ ၁၀၇ မႈရွိၿပီး ၉၀ စိစစ္ေျဖရွင္းၿပီးေၾကာင္း တုိင္းဝန္ႀကီး ခ်ဳပ္ ေဒါက္တာေအာင္မိုး ညိဳက ေျပာသည္။

 ‘‘ဒီျပန္လည္စြန္႔လႊတ္ေျမ ျပန္လည္ေပးအပ္ပြဲမွာ ပခုကၠဴၿမိဳ႕ နယ္ အမွတ္ (၅) ခ်ည္မွ်င္နဲ႔ အ ထည္စက္႐ံုက ဧက ၃၀ ျပန္ေပး တယ္။ အမွတ္တကယ္က ဧက ၃၀၀ ျပန္ေပးရမွာ မေရရာတဲ့ အနာဂတ္စီမံကိန္းေတြ အေၾကာင္းျပၿပီး မစြန္႔လႊတ္ ဘဲ ေနတာေတြ ရွိတယ္။ ဒါေတြက မူလေတာင္သူ ကို ျပန္ကိုေပးရမွာ။

အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး စြန္႔လႊတ္ဖို႔ ထပ္ေဆြးေႏြးမယ္။ ေဆြးေႏြးလုိ႔ အဆင္မေျပရင္ ဒီကိစၥကို ႏုိင္ငံေတာ္အတိုင္ ပင္ခံပုဂၢိဳလ္နဲ႔ သမၼတဆီကို တင္ျပ သြားမယ္’’ဟု မေကြးတုိင္းေဒသ ႀကီး လယ္ယာေျမႏွင့္ အျခားေျမ မ်ား သိမ္းဆည္းခံရမႈမ်ား ျပန္ လည္စိစစ္ေရးေကာ္မတီအဖြဲ႕ဝင္ ဦးေအာင္ေက်ာ္ေက်ာ္က ေျပာ သည္။

မေကြးတုိင္းေဒသႀကီးတြင္ သုေတသနလုပ္ထားၿပီး စာရင္း ျပဳစုထားျခင္းအရ သိမ္းဆည္းခံ လယ္ယာေျမ ဧကေလးသိန္းခြဲ ေက်ာ္ရွိၿပီး ေတာင္သူမ်ားထံ ျပန္ လည္ေပးအပ္ႏုိင္သည္မွာ ဧက တစ္ေသာင္းခန္႔သာရွိေသးသျဖင့္ နည္း ပါးေနေၾကာင္း ၎က ေထာက္ျပေျပာဆိုသည္။

‘‘လယ္ယာေျမမရွိေတာ့ဘူး ဆုိရင္ ေတာင္သူက အလုပ္လက္ မဲ့ျဖစ္သြားၿပီး ေတာ္ေတာ္ဒုကၡ ေရာက္ပါတယ္။ ကြၽန္ေတာ့္ ယာ ေျမျပန္ရတဲ့အတြက္ ဝမ္းသာပါ တယ္။ ဒါေပမဲ့ ဆံုး႐ႈံးထားၿပီး ျပန္ မရေသးတဲ့ ေတာင္သူေတြရဲ႕ ဒုကၡကိုလည္း သိပါတယ္။

သူတုိ႔ကို လည္း အျမန္ဆံုးျပန္ရေစခ်င္ပါ တယ္’’ဟု ယာေျမျပန္လည္ရရွိသူ ေခ်ာင္းျဖဴေက်းရြာေန ေတာင္သူ ဦးၿပံဳးေဝက ေျပာသည္။ အထက္ပါ စြန္႔လႊတ္ေျမ ျပန္ လည္ေပးအပ္ပြဲအခမ္းအနားတြင္ မေကြး၊ ပခုကၠဴ၊ ေခ်ာက္၊ ေတာင္ တြင္းႀကီး၊ ဆိပ္ျဖဴ၊ မင္းလွၿမိဳ႕နယ္ တို႔မွ စြန္႔လႊတ္ေျမမ်ားကို ေတာင္သူမ်ားထံ ျပန္လည္ေပးအပ္ခဲ့ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version # ျဖင့္ ဖတ္ပါ #


မကွေး မြို့တော်ခန်းမ ၌ မတ်လ ၁၆ ရက်က ပြုလုပ်သည့် သိမ်းဆည်းခံမြေများအ နက် ပြန်လည်စွန့်လွှတ်သည့် မြေယာများ ကို မူလတောင်သူများထံ လွှဲပြောင်းပေး အပ်ပွဲ အခမ်းအနား သို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ပေးအပ်ခဲ့ သည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန် ကြီး ဌာနတို့က သိမ်းဆည်းမြေ ၂,၄၀၉ ဒသမ ၀၂ ဧကအနက်အမှန်တကယ်အ သုံးပြုရန်လိုအပ် သည့် မြေ ၁,၅၃၁ ဒသမ ၅၃ ဧက ကိုသာ အသုံးပြုပြီး ကျန်မြေ ၈၇၇ ဒသမ ၄၉ ဧကကို ပြန်လည်စွန့် လွှတ်အပ်နှံသဖြင့် စွန့်လွှတ်အပ် နှံမြေများအ နက် စိုက်ပျိုးမြေ ၃၀၈ဒသမ ၀၇ ဧကကို မူလတောင်သူ ၁၀၈ ဦးထံ ယာယီလုပ် ကိုင်ခွင့် ပုံစံ (၃) ပြန်လည်ပေးအပ် ကြောင်း ဒုသမ္မတ ဦးဟင်နရီဗန် ထီးယူက ပြောသည်။

‘‘ယနေ့ တရားဝင်ပိုင်ဆိုင်မှု နဲ့ ပြန်လည်လုပ်ပိုင်ခွင့်ရကြတဲ့ တောင်သူများအနေနဲ့ နိုင်ငံတော် အစိုးရရဲ့ စေတနာကို သိရှိပြီး တော့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်အောင် ရိုးသားကြိုးစားစွာ လုပ်ကိုင်ဖို့နဲ့ လက်မှုလယ်ယာ စနစ်ကနေ စက် မှုလယ်ယာစနစ် ကို ကူးပြောင်းပြီး မျိုးကောင်းမျိုး သန့်များကို ရွေးချယ်စိုက်ပျိုးကာ အရည်အသွေး အဆင့်အတန်းမြင့် မားပြီး အထွက်နှုန်းတိုးတက်မြင့် မားအောင် ဆောင်ရွက်ကြဖို့ လိုပါတယ်’’ဟု ဒုသမ္မတက ပြောသည်။

တိုင်းအတွင်း လယ်ယာမြေ များနှင့် ပတ်သက်၍ လယ်ယာ မြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီက လွှဲပြောင်းပေးပို့ သည့် အမှု ၁၉၃ မှုရှိပြီး ၁၄၅ မှုကိုစိစစ်ဖြေရှင်းနိုင်သကဲ့သို့ တိုင်း လယ်စစ်ကော်မတီသို့ တင်ပြတိုင် ကြားသည့် အမှု ၁၀၇ မှုရှိပြီး ၉၀ စိစစ်ဖြေရှင်းပြီးကြောင်း တိုင်းဝန်ကြီး ချုပ် ဒေါက်တာအောင်မိုး ညိုက ပြောသည်။

 ‘‘ဒီပြန်လည်စွန့်လွှတ်မြေ ပြန်လည်ပေးအပ်ပွဲမှာ ပခုက္ကူမြို့ နယ် အမှတ် (၅) ချည်မျှင်နဲ့ အ ထည်စက်ရုံက ဧက ၃၀ ပြန်ပေး တယ်။ အမှတ်တကယ်က ဧက ၃၀၀ ပြန်ပေးရမှာ မရေရာတဲ့ အနာဂတ်စီမံကိန်းတွေ အကြောင်းပြပြီး မစွန့်လွှတ် ဘဲ နေတာတွေ ရှိတယ်။ ဒါတွေက မူလတောင်သူ ကို ပြန်ကိုပေးရမှာ။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စွန့်လွှတ်ဖို့ ထပ်ဆွေးနွေးမယ်။ ဆွေးနွေးလို့ အဆင်မပြေရင် ဒီကိစ္စကို နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတဆီကို တင်ပြ သွားမယ်’’ဟု မကွေးတိုင်းဒေသ ကြီး လယ်ယာမြေနှင့် အခြားမြေ များ သိမ်းဆည်းခံရမှုများ ပြန် လည်စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်ကျော်ကျော်က ပြော သည်။

မကွေးတိုင်းဒေသကြီးတွင် သုတေသနလုပ်ထားပြီး စာရင်း ပြုစုထားခြင်းအရ သိမ်းဆည်းခံ လယ်ယာမြေ ဧကလေးသိန်းခွဲ ကျော်ရှိပြီး တောင်သူများထံ ပြန် လည်ပေးအပ်နိုင်သည်မှာ ဧက တစ်သောင်းခန့်သာရှိသေးသဖြင့် နည်း ပါးနေကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

‘‘လယ်ယာမြေမရှိတော့ဘူး ဆိုရင် တောင်သူက အလုပ်လက် မဲ့ဖြစ်သွားပြီး တော်တော်ဒုက္ခ ရောက်ပါတယ်။ ကျွန်တော့် ယာ မြေပြန်ရတဲ့အတွက် ဝမ်းသာပါ တယ်။ ဒါပေမဲ့ ဆုံးရှုံးထားပြီး ပြန် မရသေးတဲ့ တောင်သူတွေရဲ့ ဒုက္ခကိုလည်း သိပါတယ်။

သူတို့ကို လည်း အမြန်ဆုံးပြန်ရစေချင်ပါ တယ်’’ဟု ယာမြေပြန်လည်ရရှိသူ ချောင်းဖြူကျေးရွာနေ တောင်သူ ဦးပြုံးဝေက ပြောသည်။ အထက်ပါ စွန့်လွှတ်မြေ ပြန် လည်ပေးအပ်ပွဲအခမ်းအနားတွင် မကွေး၊ ပခုက္ကူ၊ ချောက်၊ တောင် တွင်းကြီး၊ ဆိပ်ဖြူ၊ မင်းလှမြို့နယ် တို့မှ စွန့်လွှတ်မြေများကို တောင်သူများထံ ပြန်လည်ပေးအပ်ခဲ့ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top