အ ေနာက္ေျမာက္ရာဟုေထာင့္ေလ(Nor’westers) ဆိုသည္မွာNor’westers ( Kalbaishkhi) ဆိုသည္မွာ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႕ တ ြင္ ေဒသတ ြင္း ျဖစ္ေပၚ ေနတဲ့ မိုး ရ ြာ သ ြန္းေစတတ္ျပီး မိုးျခိမ္းေစတတ္သည္႕ မုန္တိုင္းတမွ်ျပင္းထန္ေသာ မိုးတိမ္ေတာင္မ်ားကို ေ ေ၀ၚျခင္း ျဖစ္ပါတယ္။

Nor’westers မ်ားဟာႏွစ္စဥ္မတ္လမွစတင္ကာ အေနာက္ေတာင္မုတ္သံုေလ ၀င္ေရာက္လာသည္႕ကာလအထိ အိႏၵိယအေရွ႕ေျမာက္ပိုင္ း ေဒသတြင္ မႀကာခဏ ျဖစ္ေပၚ တတ္သည္႕ ဆိုး၀ါးတဲ့ရာသီဥတုျဖစ္စဥ္ျဖစ္ပါတယ္။ အေနာက္ေျမာက္ဖက္အရပ္မွ၀င္လာတတ္တဲ့ ဒီတိမ္ေတြေႀကာင့္ ေလျပင္းတိုက္ခတ္တတ္မႈ ကိုအေႀကာင္းျပဳျပီး၊

ျမန္မာႏိုင္ငံမွာေတာ့ “မိုးစေန၊ ေလရာဟု”လို႕ ေခၚဆိုေလ့ရွိပါတယ္။ Nor’westers မ်ားဟာ ခရီးမိုင္ေပါင္ း မ်ားစြာကို လ်င္ျမန္စြာ ေရြ႕လွ်ားႏိုင္ႀကျပီး သြားရာလမ္းေႀကာင္းတေလွ်ာက္တြင္ေလျပင္းမ်ား တိုက္ခတ္ေစလ်က္ အပ်က္အစီးအဆံုးအရံႈး ႀကီးမားစြာျဖစ္ေပၚေစတတ္တဲ့ မုန္တိုင္းျဖစ္စဥ္တစ္ခုျဖစ္ပါတယ္။

Nor’westers ရာသီဥတု

Nor’westers မ်ားတိုက္ခတ္ေသာကာလေတြမွာ အိႏၵိယႏိုင္ငံအေရွ႕ေျမာက္ပိုင္းျပည္နယ္မ်ား ကို ျပင္းထန္ေသာ မိုးတိမ္ေတာင္မ်ားေႀကာင့္ ထိခိုက္မႈကိုျဖစ္ေစတတ္ေလ့ရွိပါတယ္။ မ်ားေသာ အားျဖင့္ ဧျပီလ နဲ႕ ေမလ တို႕တင္Nor’westers မ်ားေႀကာင့္ အိႏၵိယႏိုင္ငံတြင္ အပ်က္အစီးႏွင္ ့ အေသအေပ်ာက္မ်ားတတ္ႀကပါတယ္။

အမ်ားအားျဖင့္ ေလျပင္းတိုက္ခတ္ျခင္း နဲ႕ မိုးသီးေႀကြျခင္ း တို႕ ျဖစ္ေစတတ္ပါတယ္။ တစ္ခါတစ္ရန္ ေလဆင္ႏွာေမာင္းမ်ားလည္း အတူတြဲျဖစ္တတ္ပါတယ္။ အဆိုပါ Norwesters မိုးေလ၀သျဖစ္စဥ္မ်ားအတြင္းသို႕ ေလယာဥ္ျဖတ္သန္းေမာင္းႏွင္ပါက အလြန္အႏၱရာယ္ႀကီးတတ္ပါတယ္။

ေ၀့ပတ္ေမာင္းႏွင္ျခင္း၊ ျဖတ္သန္း ေမာင္းႏွင္ျခင္း တို႕ဟာ အလြန္အႏၱရာယ္ႀကီးမားတတ္တဲ့အတြက္ ေလယာဥ္ေမာင္းႏွင္သူမ်ားဟာ Norwesters မ်ားကို ေရွာင္ရွားသြားေလ့ရွိႀကပါတယ္။Nor’westers ေႀကာင့္ အက်ိဳးျဖစ္ထြန္းသူမ်ားလည္းရွိေနပါတယ္။

သို႕ရာတြင္ Norwesters မ်ားေႀကာင့္ ရြာသြန္းေသာ မိုးမ်ားဟာ အာသံျပည္နယ္ရွိ လဖက္စို က္ပ်ိဳး ေရး လုပ္ငန္းမ်ားကိုလည္းေကာင္း၊ အေနာက္ဘဂၤလားျပည္နယ္ နဲ႕ ဘဂၤလားေဒ့ရွ ္ ႏိုင္ငံ တို႕ တြင္ စိုက္ပ်ိဳးေသာ ဂံုေလွ်ာ္၊ စပါး နဲ႕ လဖက္ စိုက္ပ်ိဳးပင္မ်ားအတြက္ မ်ားစြာ အက်ိဳးျဖစ္ထြန္းေလ့ရွိ ပါ တယ္။ norwesters မ်ားဟာ မ်ားေသာအားျဖင့္ အေနာက္ဖက္မွ အေရွ႕ဖက္သို႕ ဦးတည္ေရြ႕လွ်ား ေလ့ရွိပါတယ္။

Norwesters မ်ားဟာ အဖ်က္စြမ္းပကား ႀကီးမားတတ္တယ္ ။ ၂၀၁၅ ခုႏွစ္၊ ဧျပီလ(၄)ရက္ေန႕တြင္ ျဖစ္ပြားခဲ့ေသာ Norwesters ေႀကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ သစ္ပင္မ်ားရာႏွင့္ခ်ီ၍အျမစ္ကြ်တ္လဲျပိဳက်ျခင္း၊ ၀ါးႏွင့္ ရႊံ႕အေဆာက္အဦေပါင္းမ်ားစြာ ျပားျပား၀ ပ္ ျပိဳက်ပ်က္စီးကုန္ျခင္း ႏွင့္အတူ လူ(၂၄)ဦးလည္းအသက္ဆံုးရံႈးခဲ့ရပါတယ္။ သြားလာေရးလမ္းမ်ား၊ ရထားလမ္းမ်ား ပိတ္ဆို႕ခဲ့ရပါတယ္။

အေနာက္ေျမာက္ရာဟုေလမ်ားရဲ႕အေျခခံသေဘာ

Nor’wester ဆိုသည္မွာ ေလပုန္း(Gust)တမ်ိဳးျဖစ္ျပီး ေလတိုက္ႏႈန္း 11 m/s (25 mph) မွ 42 m/s (94 mph) ႏႈန္း ခန္႕အထိ ျပင္းထန္တတ္ပါတယ္။ ေဒသခံအမ်ားစုကေတာ့ ေလဆင္ႏွာေမာင္း(Tornado) လို႕လည္း သတ္မွတ္ေလ့ရွိႀကပါတယ္။ ေယဘုယ်အမ်ားစု ကေတာ့ အားေကာင္းတဲ့ ေလထု ေအာက္အလႊာတြင္ အပူရွိန္ေႀကာင့္ျဖစ္ေပၚေသာမုန္တိုင္းမ်ား (Severe Low Convective Storms – SLCS) လို႕ ေခၚေ၀ၚႀကပါတယ္။ ထိခိုက္မႈအမ်ားဆံုးႀကံဳေတြ႕ရတတ္တဲ့ႏိုင္ငံမ်ားကေတာ့ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္ နဲ႕ ျမန္မာႏိုင္ငံတို႕ျဖစ္ႀကပါတယ္။

အေနာက္ေျမာက္ရာဟုေထာင့္ေလမ်ားရဲ႕သြင္ျပင္လကၡဏာ

အေနာက္ေျမာက္ရာဟုေထာင့္ေလမ်ားဟာ အမ်ားအားျဖင့္ ရာသီအလိုက္တိုက္ခတ္တတ္တဲ့ ေလမ်ား ျဖစ္ႀကျပီး၊ အထူးသျဖင့္ မိုးႀကိဳကာလျဖစ္တဲ့ မတ္လမွ ေမလ အထိ ျဖစ္တတ္ေလ့ ရွိပါတယ္။ ဧျပီလတြင္အမ်ားဆံုးျဖစ္ေပၚတတ္ျပီး၊ အထူးသျဖင့္ မြန္းလြဲညေနပိုင္းေတြမွာ ျဖစ္တတ္ႀကပါတယ္။

မႀကာခဏႀကံဳေတြ႕ရေလ့ မရွိေသာ္လည္း၊ အေနာက္ေျမာက္ရာဟုေထာင့္ ေလမ်ားကို မည္သည္႕ရာသီ မည္သည္႕အခ်ိန္တြင္မဆို ရာသီမေရြး ေတြ႕ရသည္မ်ားလည္ း ရွိတတ္ႀကပါတယ္။ အေနာက္ေျမာက္ရာဟုေထာင့္ေလမ်ားဟာ တစ္ႏွစ္လ်င္ ပ်မ္းမွ်အားျဖင့္ ၁၄၅ ႀကိမ္ခန္႕ျဖစ္ေပၚတတ္ေလ့ရွိႀကပါတယ္။ အေနာက္ေျမာက္ရာဟုေလမ်ား အမ်ားဆံုးက်ေရာက္ တတ္ေသာေဒသမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ဒါကာခရိုင္ျဖစ္ပါတယ္။ မိုးႀကိဳကာလတြင္ ေျမာက္ဖက္အရပ္သို႕ ဦးတည္ေရြ႕လွ်ားတတ္ပါတယ္။

ေဆာင္းအကုန္ေႏြအကူးေလရူးရယ္တသုန္သုန္

SLCS မ်ား ျဖစ္ေပၚရျခင္းအဓိကအခ်က္မွာ ေဒသတြင္း တြင္ ေလထုအပူခ်ိန္မတည္ျငိမ္မႈ မ်ားေႀကာင့္ ျဖစ္ပါတယ္။မ်ားေသာအားျဖင့္ ေလထုအပူခ်ိန္ေႀကာင့္ ရႏိုင္တဲ့အတည္စြမ္းအင္ (Convective available potential energy-CAPE) မ်ားျပီး( greater than 2000 Unit ) ေလထုရြဲ႕ေစာင္းမႈ(Shear) တန္ဖိုး အေတာ္အသင့္ရွိ(greater than 10 Unit)အေျခအေနမ်ိဳးတြင္ ျဖစ္ေပၚတတ္ေလ့ရွိပါသည္။ အမ်ားအားျဖင့္လည္း ေဒသတြင္း အိႏၵိယတိုက္ေျမတြင္ အားေကာင္းေသာမုန္တိုင္းမ်ားျဖစ္ေပၚေလ့ရွိေသာအခ်ိန္အခါႏွင့္လည္း တိုက္ဆိုင္ေနပါတယ္။

Norwesters မ်ား ျဖစ္ေပၚရျခင္းအေႀကာင္းရင္း

Norwesters တစ္ခုျဖစ္ေပၚလာရပံုကို ေလ့လာခဲ့ရာ ေအာက္ပါမိုးေလ၀သျဖစ္ရပ္မ်ား ပါ၀င္ေနတာကို ေတြ႕ရပါတယ္။
(၁) ဘဂၤလားပင္လယ္ေအာ္အတြင္းမွ ေရေငြ႕ပါေသာေလမ်ား အိႏၵိယအေရွ႕ေျမာက္ပိုင္း နဲ႕ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္းသို႕ ၀င္ေရာက္တိုက္ခတ္လာျခင္း။ မ်ားေသာအားျဖင့္ အထက္အျမင့္ ၅၀၀ မီတာ တြင္တိုက္ခတ္ေနေသာအေနာက္ေတာင္ေလမ်ား အားေကာင္းလာစဥ္ျဖစ္တတ္ပါတယ္။

(၂) အထက္အျမင့္ မီတာ ၂၀၀၀ တြင္ တိုက္ခတ္ေနေသာ အေနာက္ေလမ်ားေႀကာင့္ အပူခ်ိန္မ်ားတိုးလာျခင္း၊

(၃) အထက္အျမင့္ မီတာ ၅၀၀၀ တြင္ အေနာက္ေျမာက္ဖက္မွ ေရြ႕လွ်ားလာေသာ ေလဖိအားနည္းခ်ဳင့္၀ွမ္းေႀကာင့္ ေလေအးမ်ားတိုး၀င္လာျခင္းစသည္႕ျဖစ္စဥ္မ်ားႀကံဳႀကိဳက္သည္႕အခါ Norwesters မ်ားျဖစ္ေပၚတတ္ေလ့ရွိပါတယ္။ အဆိုပါျဖစ္ရပ္(၃)ခုတျပိဳင္နက္ႀကံဳႏိုင္ေသာကာလမွာလည္ း ေႏြကာလ(မတ္လမွဧျပီလလယ္) နဲ႕ မိုးႀကိဳကာလ(ဧျပီလလယ္မွ ေမလကုန္)တို႕ျဖစ္ႀကပါတယ္။

Norwesters ရာသီ စေနပါျပီ။

အမွန္တကယ္ေတာ့ Norwester ရာသီဟာ ေယဘုယ်အားျဖင့္ မတ္လမွ ေမလအထိရွိတတ္ျပီး၊ ဧျပီလဟာNorwester အမ်ားဆံုးျဖစ္ေပၚတဲ့လ ျဖစ္ေပမယ့္ ၂၀၁၉ ခုႏွစ္မွာ ေတာ့ Norwester ေတြဟာ ေဖေဖၚ၀ါရီလ ေနာက္ဆံုးရက္တစ္ပတ္အတြင္း ကတည္းက စတင္ ျဖစ္ေနျပီျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ေဖေဖၚ၀ါရီလ(၂၆)ရက္ ညေန(၃)နာရီခန္႕က Norwester မိုးတိမ္ေတာင္တိမ္တိုက္တစ္ခုဟာ ျမန္မာႏိုင္ငံ ခ်င္းျပည္နယ္ ဖလမ္းျမိဳ႕ နဲ႕ စစ္ကိုင္းတိုင္း ေဒသႀကီး၊ အင္းေတာ္ျမိဳ႕မ်ားကို ျဖတ္သန္းတိုက္ခတ္သြားခဲ့ပါတယ္။ Norwester ေႀကာင့္ ဖလမ္းျမိဳ႕တြင္ အခ်ိန္အခါမဟုတ္ မိုးမ်ားရြာသြန္းခဲ့ျပီၤး၊

အင္းေတာျ္မိဳ႕တြင္ မိုးရြာျခင္းႏွင့္ အတူ ေလျပင္းမ်ားတိုက္ခတ္ခဲ့ရံုမက မိုးသီးေႀကြက်ျခင္း ႏွင့္ မိုးႀကိဳးပစ္ျခင္းတို႕ပါ ျဖစ္ခဲ့တဲ့အတြက္ အပ်က္အစီးမ်ားအျပင္ မိုးႀကိဳးထိမွန္ေသဆံုးမႈလည္း ရွိခဲ့ပါတယ္။ ကခ်င္ျပည္နယ္၊ ခ်င္းျပည္န ယ္၊ စစ္ကိုင္းတိုင္းတို႕တြင္ ေဖေဖၚ၀ါရီလ(၁၆)ရက္မွ(၂၆)ရက္အတြင္း ေလျပင္းႏွင့္ မိုးႀကိဳးပစ္ခတ္မႈ ေႀကာင့္ လူ(၃)ဦးေသဆံုးျပီး အိမ္(၈၀၀)ေက်ာ္ပ်က္စီးခဲ့ရပါတယ္။ Norwesters မ်ားရဲ႕ ရာသီကာလဟာ အခုမွ အစပဲရွီပါေသးတယ္။ လက္ရွိကာလမွ ေမလအထိ ႀကံဳေတြ႕ရႏိုင္ျပီး၊ ဧျပီလမွာ အမ်ားဆံုးႀကံဳေတြ႕ရေလ့ရွိပါတယ္။

ဘဂၤလားေဒ့ရွ္မွာေတာ့ ႏွစ္စဥ္လိုရင္ဆိုင္ေနရပါတယ္။

Norwesters မ်ားရဲ႕ ထိခိုက္မႈကို ဘဂၤလားေဒ့ရွ္ႏိုင္ငံဟာ ႏွစ္စဥ္ႀကံဳေတြ႕ေနရါတယ္ ။ မ်ားေသာအားျဖင့္ ျမစ္မ်ားျဖတ္ကူတဲ့ ခရီးသည္တင္ ကူးတို႕ေလွမ်ား(Ferry boats) တိမ္းေမွာက္ တတ္ျခင္းပဲျဖစ္ပါတယ္။ ခရီးသည္ေပါင္း ရာခ်ီျပီး မႀကာခဏ အသက္ဆံုးရံႈးရေလ့ရွိပါတယ္။ ေလျပင္းအျပင္ မိုးႀကိဳးပစ္ျခင္း၊ လ်ပ္တျပက္ေရႀကီးျခင္းတို႕ေႀကာင့္လည္း အသက္ဆံုးရံႈးမႈေတြ ႏွစ္စဥ္ ရင္ဆိုင္ေနႀကရပါတယ္။

Norwesters မ်ားဟာ အားေကာင္းတဲ့ မိုးတိမ္ေတာင္ႀကီးမ်ားျဖစ္ႀကပါတယ္။

သာမာန္အားျဖင့္ မိုးတိမ္ေတာင္တစ္ခုရဲ႕ အႏၱရာယ္ဟာ ႀကီးအားလွပါတယ္။ လ်ပ္စီးလက္ျခင္း၊ မိုးျခိမ္းျခင္း၊ မိုးႀကီးျခင္း၊ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ မိုးသီးေႀကြျခင္း ၊ ေလဆင္ႏွာေမာင္းတိုက္ခတ္ျခင္း၊ စိုက္ဆင္းေလျပင္းတိုက္ခတ္တတ္ျခင္း၊ ေရဆင္ႏွာေမာင္း တိုက္ခတ္ျခင္း နဲ႕ ပင္လယ္မီးစုန္းေတာက္ျခင္း တို႕ဟာ မိုးတိမ္ေတာင္မ်ားက ေပးတတ္တဲ့ ရာသီဥတုမ်ားျဖစ္ႀကပါတယ္။

Norwesters မွာ ပါရွိတဲ့ မိုးတိမ္ေတာင္ေတြဟာ ေလထု အထက္ေအာက္မတည္ျငိမ္မႈေႀကာင့္ျဖစ္ႀကတဲ့ မိုးတိမ္ေတာင္မ်ားျဖစ္ႀကတဲ့အတြက္ အျခား မိုးတိမ္ေတာင္မ်ားထက္ ပိုမိုျမင့္မားျပင္းတန္တတ္ပါတယ္။ ေလယာဥ္ခရီးစဥိမ်ား အတြက္လည္း အလြန္အႏၱရာယ္ႀကီးမားပါတယ္။

ျမန္မာႏိုင္ငံမ်ာ မိုးတိမ္ေတာင္မ်ားေႀကာင့္ထိခိုက္မႈေတြဟာႏွစ္စဥ္တိုးေနပါတယ္။

ျမန္မာႏိုင္ငံမွာ ရာသီဥတုေျပာင္းလဲမႈေႀကာင့္ မုတ္သံုေလအ၀င္ေနာက္က်ျခင္း၊ အထြက္ေစာျခင္း စသည္တို႕ေႀကာင့္ မိုးတိမ္ေတာင္ေတြ ပိုအျဖစ္မ်ားေနပါတယ္။ အဲဒါေႀကာင့္ ေလျပင္းတိုက္ခတ္မေတြ၊ ေနရာကြက္မိုးသည္းထန္မႈေတြ၊ မိုးႀကိဳးပစ္မႈေတြ၊ မိုးသီးေႀကြက်မႈေတြ နဲ႕ ေလဆင္ႏွ ာေမာင္း ျဖစ္ေပၚမႈေတြဟာ အႀကိမ္အေရအတြက္အေနနဲ႕ေရာ၊ အင္အားအားျပင္းထန္မႈအေနနဲ႕ေရာ ႏွစ္စဥ္ တိုးေနပါတယ္။

မိုးႀကိဳးပစ္ခံရလို႕ အသက္ဆံုးရံႈး ရသူေတြဟာ ႏွစ္စဥ္ တစ္ရာေက် ာ္ ရွိေနပါတယ္။ အမ်ားအားျဖင့္ လာ္ယာလုပ္ငန္းခြင္ ဟင္းလင္းျပင္မွာ အကာအကြယ္မဲ့ ရွိေနတတ္တဲ့ ေတာင္သူလယ္သမားႀကီးမ်ား နဲ႕ လယ္သူမႀကီးေတြဟာ အမ်ားဆံုး အသက္ဆံုးရံႈးေနရပါတယ္။

လက္ရွိအခ်ိန္မွာ အိႏၵိယႏိုင္ငံအလယ္ပိုင္းနဲ႕ေျမာက္ပိုင္းတို႕မွာ အပူခ်ိန္ျမင့္တက္မႈေႀကာင့္ ေလဖိအားနည္းရပ္၀န္း ေတြ (Heat Lows) ျဖစ္ေနပါတယ္။ ဒါေႀကာင့္ ဒီႏွစ္ ေႏြရာသီနဲ႕ မိုးႀကိဳရာသီ(မတ္လမွေမလအထိ) ေတြမွာ ျမန္မာႏိုင္ငံအထက္ပိုင္းေဒသေတြမွာ Norwesters မိုးတိမ္ေတာင္မ်ားရဲ႕ အႏၱရာယ္ကို သတိျပဳေနထိုင္ႀကဖို႕ လိုအပ္ပါေႀကာင္း ႏိႈးေဆာ္လိုက္ရပါတယ္။ေမာင္ထ ြန္းလြင္(မိုးေလ၀သ)၆-၃-၂၀၁၉နံနက္ (၆း၄၇)နာရီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: bamakhit

#Unicode Version# ျဖင့္ဖတ္ပါ ။

အ နောက်မြောက်ရာဟုထောင့်လေ(Nor’westers) ဆိုသည်မှာNor’westers ( Kalbaishkhi) ဆိုသည်မှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ တ ွင် ဒေသတ ွင်း ဖြစ်ပေါ် နေတဲ့ မိုး ရ ွာ သ ွန်းစေတတ်ပြီး မိုးခြိမ်းစေတတ်သည့် မုန်တိုင်းတမျှပြင်းထန်သော မိုးတိမ်တောင်များကို ေ ဝေါ်ခြင်း ဖြစ်ပါတယ်။

Nor’westers များဟာနှစ်စဉ်မတ်လမှစတင်ကာ အနောက်တောင်မုတ်သုံလေ ဝင်ရောက်လာသည့်ကာလအထိ အိန္ဒိယအရှေ့မြောက်ပိုင် း ဒေသတွင် မကြာခဏ ဖြစ်ပေါ် တတ်သည့် ဆိုးဝါးတဲ့ရာသီဥတုဖြစ်စဉ်ဖြစ်ပါတယ်။ အနောက်မြောက်ဖက်အရပ်မှဝင်လာတတ်တဲ့ ဒီတိမ်တွေကြောင့် လေပြင်းတိုက်ခတ်တတ်မှု ကိုအကြောင်းပြုပြီး၊

မြန်မာနိုင်ငံမှာတော့ “မိုးစနေ၊ လေရာဟု”လို့ ခေါ်ဆိုလေ့ရှိပါတယ်။ Nor’westers များဟာ ခရီးမိုင်ပေါင် း များစွာကို လျင်မြန်စွာ ရွေ့လျှားနိုင်ကြပြီး သွားရာလမ်းကြောင်းတလျှောက်တွင်လေပြင်းများ တိုက်ခတ်စေလျက် အပျက်အစီးအဆုံးအရှုံး ကြီးမားစွာဖြစ်ပေါ်စေတတ်တဲ့ မုန်တိုင်းဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

Nor’westers ရာသီဥတု

Nor’westers များတိုက်ခတ်သောကာလတွေမှာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်များ ကို ပြင်းထန်သော မိုးတိမ်တောင်များကြောင့် ထိခိုက်မှုကိုဖြစ်စေတတ်လေ့ရှိပါတယ်။ များသော အားဖြင့် ဧပြီလ နဲ့ မေလ တို့တင်Nor’westers များကြောင့် အိန္ဒိယနိုင်ငံတွင် အပျက်အစီးနှင့် အသေအပျောက်များတတ်ကြပါတယ်။

အများအားဖြင့် လေပြင်းတိုက်ခတ်ခြင်း နဲ့ မိုးသီးကြွေခြင် း တို့ ဖြစ်စေတတ်ပါတယ်။ တစ်ခါတစ်ရန် လေဆင်နှာမောင်းများလည်း အတူတွဲဖြစ်တတ်ပါတယ်။ အဆိုပါ Norwesters မိုးလေဝသဖြစ်စဉ်များအတွင်းသို့ လေယာဉ်ဖြတ်သန်းမောင်းနှင်ပါက အလွန်အန္တရာယ်ကြီးတတ်ပါတယ်။

ဝေ့ပတ်မောင်းနှင်ခြင်း၊ ဖြတ်သန်း မောင်းနှင်ခြင်း တို့ဟာ အလွန်အန္တရာယ်ကြီးမားတတ်တဲ့အတွက် လေယာဉ်မောင်းနှင်သူများဟာ Norwesters များကို ရှောင်ရှားသွားလေ့ရှိကြပါတယ်။Nor’westers ကြောင့် အကျိုးဖြစ်ထွန်းသူများလည်းရှိနေပါတယ်။

သို့ရာတွင် Norwesters များကြောင့် ရွာသွန်းသော မိုးများဟာ အာသံပြည်နယ်ရှိ လဖက်စို က်ပျိုး ရေး လုပ်ငန်းများကိုလည်းကောင်း၊ အနောက်ဘင်္ဂလားပြည်နယ် နဲ့ ဘင်္ဂလားဒေ့ရှ ် နိုင်ငံ တို့ တွင် စိုက်ပျိုးသော ဂုံလျှော်၊ စပါး နဲ့ လဖက် စိုက်ပျိုးပင်များအတွက် များစွာ အကျိုးဖြစ်ထွန်းလေ့ရှိ ပါ တယ်။ norwesters များဟာ များသောအားဖြင့် အနောက်ဖက်မှ အရှေ့ဖက်သို့ ဦးတည်ရွေ့လျှား လေ့ရှိပါတယ်။

Norwesters များဟာ အဖျက်စွမ်းပကား ကြီးမားတတ်တယ် ။ ၂၀၁၅ ခုနှစ်၊ ဧပြီလ(၄)ရက်နေ့တွင် ဖြစ်ပွားခဲ့သော Norwesters ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သစ်ပင်များရာနှင့်ချီ၍အမြစ်ကျွတ်လဲပြိုကျခြင်း၊ ဝါးနှင့် ရွှံ့အဆောက်အဦပေါင်းများစွာ ပြားပြား၀ ပ် ပြိုကျပျက်စီးကုန်ခြင်း နှင့်အတူ လူ(၂၄)ဦးလည်းအသက်ဆုံးရှုံးခဲ့ရပါတယ်။ သွားလာရေးလမ်းများ၊ ရထားလမ်းများ ပိတ်ဆို့ခဲ့ရပါတယ်။

အနောက်မြောက်ရာဟုလေများရဲ့အခြေခံသဘော

Nor’wester ဆိုသည်မှာ လေပုန်း(Gust)တမျိုးဖြစ်ပြီး လေတိုက်နှုန်း 11 m/s (25 mph) မှ 42 m/s (94 mph) နှုန်း ခန့်အထိ ပြင်းထန်တတ်ပါတယ်။ ဒေသခံအများစုကတော့ လေဆင်နှာမောင်း(Tornado) လို့လည်း သတ်မှတ်လေ့ရှိကြပါတယ်။ ယေဘုယျအများစု ကတော့ အားကောင်းတဲ့ လေထု အောက်အလွှာတွင် အပူရှိန်ကြောင့်ဖြစ်ပေါ်သောမုန်တိုင်းများ (Severe Low Convective Storms – SLCS) လို့ ခေါ်ဝေါ်ကြပါတယ်။ ထိခိုက်မှုအများဆုံးကြုံတွေ့ရတတ်တဲ့နိုင်ငံများကတော့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံတို့ဖြစ်ကြပါတယ်။

အနောက်မြောက်ရာဟုထောင့်လေများရဲ့သွင်ပြင်လက္ခဏာ

အနောက်မြောက်ရာဟုထောင့်လေများဟာ အများအားဖြင့် ရာသီအလိုက်တိုက်ခတ်တတ်တဲ့ လေများ ဖြစ်ကြပြီး၊ အထူးသဖြင့် မိုးကြိုကာလဖြစ်တဲ့ မတ်လမှ မေလ အထိ ဖြစ်တတ်လေ့ ရှိပါတယ်။ ဧပြီလတွင်အများဆုံးဖြစ်ပေါ်တတ်ပြီး၊ အထူးသဖြင့် မွန်းလွဲညနေပိုင်းတွေမှာ ဖြစ်တတ်ကြပါတယ်။

မကြာခဏကြုံတွေ့ရလေ့ မရှိသော်လည်း၊ အနောက်မြောက်ရာဟုထောင့် လေများကို မည်သည့်ရာသီ မည်သည့်အချိန်တွင်မဆို ရာသီမရွေး တွေ့ရသည်များလည် း ရှိတတ်ကြပါတယ်။ အနောက်မြောက်ရာဟုထောင့်လေများဟာ တစ်နှစ်လျင် ပျမ်းမျှအားဖြင့် ၁၄၅ ကြိမ်ခန့်ဖြစ်ပေါ်တတ်လေ့ရှိကြပါတယ်။ အနောက်မြောက်ရာဟုလေများ အများဆုံးကျရောက် တတ်သောဒေသမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာခရိုင်ဖြစ်ပါတယ်။ မိုးကြိုကာလတွင် မြောက်ဖက်အရပ်သို့ ဦးတည်ရွေ့လျှားတတ်ပါတယ်။

ဆောင်းအကုန်နွေအကူးလေရူးရယ်တသုန်သုန်

SLCS များ ဖြစ်ပေါ်ရခြင်းအဓိကအချက်မှာ ဒေသတွင်း တွင် လေထုအပူချိန်မတည်ငြိမ်မှု များကြောင့် ဖြစ်ပါတယ်။များသောအားဖြင့် လေထုအပူချိန်ကြောင့် ရနိုင်တဲ့အတည်စွမ်းအင် (Convective available potential energy-CAPE) များပြီး( greater than 2000 Unit ) လေထုရွဲ့စောင်းမှု(Shear) တန်ဖိုး အတော်အသင့်ရှိ(greater than 10 Unit)အခြေအနေမျိုးတွင် ဖြစ်ပေါ်တတ်လေ့ရှိပါသည်။ အများအားဖြင့်လည်း ဒေသတွင်း အိန္ဒိယတိုက်မြေတွင် အားကောင်းသောမုန်တိုင်းများဖြစ်ပေါ်လေ့ရှိသောအချိန်အခါနှင့်လည်း တိုက်ဆိုင်နေပါတယ်။

Norwesters များ ဖြစ်ပေါ်ရခြင်းအကြောင်းရင်း

Norwesters တစ်ခုဖြစ်ပေါ်လာရပုံကို လေ့လာခဲ့ရာ အောက်ပါမိုးလေဝသဖြစ်ရပ်များ ပါဝင်နေတာကို တွေ့ရပါတယ်။
(၁) ဘင်္ဂလားပင်လယ်အော်အတွင်းမှ ရေငွေ့ပါသောလေများ အိန္ဒိယအရှေ့မြောက်ပိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်တိုက်ခတ်လာခြင်း။ များသောအားဖြင့် အထက်အမြင့် ၅၀၀ မီတာ တွင်တိုက်ခတ်နေသောအနောက်တောင်လေများ အားကောင်းလာစဉ်ဖြစ်တတ်ပါတယ်။

(၂) အထက်အမြင့် မီတာ ၂၀၀၀ တွင် တိုက်ခတ်နေသော အနောက်လေများကြောင့် အပူချိန်များတိုးလာခြင်း၊

(၃) အထက်အမြင့် မီတာ ၅၀၀၀ တွင် အနောက်မြောက်ဖက်မှ ရွေ့လျှားလာသော လေဖိအားနည်းချုင့်ဝှမ်းကြောင့် လေအေးများတိုးဝင်လာခြင်းစသည့်ဖြစ်စဉ်များကြုံကြိုက်သည့်အခါ Norwesters များဖြစ်ပေါ်တတ်လေ့ရှိပါတယ်။ အဆိုပါဖြစ်ရပ်(၃)ခုတပြိုင်နက်ကြုံနိုင်သောကာလမှာလည် း နွေကာလ(မတ်လမှဧပြီလလယ်) နဲ့ မိုးကြိုကာလ(ဧပြီလလယ်မှ မေလကုန်)တို့ဖြစ်ကြပါတယ်။

Norwesters ရာသီ စနေပါပြီ။

အမှန်တကယ်တော့ Norwester ရာသီဟာ ယေဘုယျအားဖြင့် မတ်လမှ မေလအထိရှိတတ်ပြီး၊ ဧပြီလဟာNorwester အများဆုံးဖြစ်ပေါ်တဲ့လ ဖြစ်ပေမယ့် ၂၀၁၉ ခုနှစ်မှာ တော့ Norwester တွေဟာ ဖေဖေါ်ဝါရီလ နောက်ဆုံးရက်တစ်ပတ်အတွင်း ကတည်းက စတင် ဖြစ်နေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ(၂၆)ရက် ညနေ(၃)နာရီခန့်က Norwester မိုးတိမ်တောင်တိမ်တိုက်တစ်ခုဟာ မြန်မာနိုင်ငံ ချင်းပြည်နယ် ဖလမ်းမြို့ နဲ့ စစ်ကိုင်းတိုင်း ဒေသကြီး၊ အင်းတော်မြို့များကို ဖြတ်သန်းတိုက်ခတ်သွားခဲ့ပါတယ်။ Norwester ကြောင့် ဖလမ်းမြို့တွင် အချိန်အခါမဟုတ် မိုးများရွာသွန်းခဲ့ပြီၤး၊

အင်းတောြ်မို့တွင် မိုးရွာခြင်းနှင့် အတူ လေပြင်းများတိုက်ခတ်ခဲ့ရုံမက မိုးသီးကြွေကျခြင်း နှင့် မိုးကြိုးပစ်ခြင်းတို့ပါ ဖြစ်ခဲ့တဲ့အတွက် အပျက်အစီးများအပြင် မိုးကြိုးထိမှန်သေဆုံးမှုလည်း ရှိခဲ့ပါတယ်။ ကချင်ပြည်နယ်၊ ချင်းပြည်န ယ်၊ စစ်ကိုင်းတိုင်းတို့တွင် ဖေဖေါ်ဝါရီလ(၁၆)ရက်မှ(၂၆)ရက်အတွင်း လေပြင်းနှင့် မိုးကြိုးပစ်ခတ်မှု ကြောင့် လူ(၃)ဦးသေဆုံးပြီး အိမ်(၈၀၀)ကျော်ပျက်စီးခဲ့ရပါတယ်။ Norwesters များရဲ့ ရာသီကာလဟာ အခုမှ အစပဲရှီပါသေးတယ်။ လက်ရှိကာလမှ မေလအထိ ကြုံတွေ့ရနိုင်ပြီး၊ ဧပြီလမှာ အများဆုံးကြုံတွေ့ရလေ့ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာတော့ နှစ်စဉ်လိုရင်ဆိုင်နေရပါတယ်။

Norwesters များရဲ့ ထိခိုက်မှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ နှစ်စဉ်ကြုံတွေ့နေရါတယ် ။ များသောအားဖြင့် မြစ်များဖြတ်ကူတဲ့ ခရီးသည်တင် ကူးတို့လှေများ(Ferry boats) တိမ်းမှောက် တတ်ခြင်းပဲဖြစ်ပါတယ်။ ခရီးသည်ပေါင်း ရာချီပြီး မကြာခဏ အသက်ဆုံးရှုံးရလေ့ရှိပါတယ်။ လေပြင်းအပြင် မိုးကြိုးပစ်ခြင်း၊ လျပ်တပြက်ရေကြီးခြင်းတို့ကြောင့်လည်း အသက်ဆုံးရှုံးမှုတွေ နှစ်စဉ် ရင်ဆိုင်နေကြရပါတယ်။

Norwesters များဟာ အားကောင်းတဲ့ မိုးတိမ်တောင်ကြီးများဖြစ်ကြပါတယ်။

သာမာန်အားဖြင့် မိုးတိမ်တောင်တစ်ခုရဲ့ အန္တရာယ်ဟာ ကြီးအားလှပါတယ်။ လျပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း ၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်း၊ စိုက်ဆင်းလေပြင်းတိုက်ခတ်တတ်ခြင်း၊ ရေဆင်နှာမောင်း တိုက်ခတ်ခြင်း နဲ့ ပင်လယ်မီးစုန်းတောက်ခြင်း တို့ဟာ မိုးတိမ်တောင်များက ပေးတတ်တဲ့ ရာသီဥတုများဖြစ်ကြပါတယ်။

Norwesters မှာ ပါရှိတဲ့ မိုးတိမ်တောင်တွေဟာ လေထု အထက်အောက်မတည်ငြိမ်မှုကြောင့်ဖြစ်ကြတဲ့ မိုးတိမ်တောင်များဖြစ်ကြတဲ့အတွက် အခြား မိုးတိမ်တောင်များထက် ပိုမိုမြင့်မားပြင်းတန်တတ်ပါတယ်။ လေယာဉ်ခရီးစဥိများ အတွက်လည်း အလွန်အန္တရာယ်ကြီးမားပါတယ်။

မြန်မာနိုင်ငံမျာ မိုးတိမ်တောင်များကြောင့်ထိခိုက်မှုတွေဟာနှစ်စဉ်တိုးနေပါတယ်။

မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုကြောင့် မုတ်သုံလေအဝင်နောက်ကျခြင်း၊ အထွက်စောခြင်း စသည်တို့ကြောင့် မိုးတိမ်တောင်တွေ ပိုအဖြစ်များနေပါတယ်။ အဲဒါကြောင့် လေပြင်းတိုက်ခတ်မတွေ၊ နေရာကွက်မိုးသည်းထန်မှုတွေ၊ မိုးကြိုးပစ်မှုတွေ၊ မိုးသီးကြွေကျမှုတွေ နဲ့ လေဆင်နှ ာမောင်း ဖြစ်ပေါ်မှုတွေဟာ အကြိမ်အရေအတွက်အနေနဲ့ရော၊ အင်အားအားပြင်းထန်မှုအနေနဲ့ရော နှစ်စဉ် တိုးနေပါတယ်။

မိုးကြိုးပစ်ခံရလို့ အသက်ဆုံးရှုံး ရသူတွေဟာ နှစ်စဉ် တစ်ရာကျေ ာ် ရှိနေပါတယ်။ အများအားဖြင့် လာ်ယာလုပ်ငန်းခွင် ဟင်းလင်းပြင်မှာ အကာအကွယ်မဲ့ ရှိနေတတ်တဲ့ တောင်သူလယ်သမားကြီးများ နဲ့ လယ်သူမကြီးတွေဟာ အများဆုံး အသက်ဆုံးရှုံးနေရပါတယ်။

လက်ရှိအချိန်မှာ အိန္ဒိယနိုင်ငံအလယ်ပိုင်းနဲ့မြောက်ပိုင်းတို့မှာ အပူချိန်မြင့်တက်မှုကြောင့် လေဖိအားနည်းရပ်ဝန်း တွေ (Heat Lows) ဖြစ်နေပါတယ်။ ဒါကြောင့် ဒီနှစ် နွေရာသီနဲ့ မိုးကြိုရာသီ(မတ်လမှမေလအထိ) တွေမှာ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ Norwesters မိုးတိမ်တောင်များရဲ့ အန္တရာယ်ကို သတိပြုနေထိုင်ကြဖို့ လိုအပ်ပါကြောင်း နှိုးဆော်လိုက်ရပါတယ်။မောင်ထ ွန်းလွင်(မိုးလေဝသ)၆-၃-၂၀၁၉နံနက် (၆း၄၇)နာရီ။

ဖိုးသူတော် (www.phothutaw.com)
Credit: bamakhit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top