လူထုေခါင္းေဆာင္ နဲ႔ အာရွေတာ္ဝင္ ေဆးရံုေပၚမွ ဂုဏ္အယူရဆုံး ခြဲစိတ္မႈ

လြန္ခဲ့ေသာ ၁၅ ႏွစ္ ေက်ာ္ က လူထုေခါင္းေဆာင္ ႏွင့္ အာရွေတာ္ဝင္ ေဆးရံု ။

(၁၉.၉.၂၀၀၃) ခုႏွစ္ ေသာၾကာေန႔ တစ္ရက္ကိုေတာ့ ကြ်န္မတစ္သက္ ဘယ္ေတာ့မွ ေမ့ႏိုင္ေတာ့မည္ မထင္ပါ။ ကြ်န္မအတြက္ ထူးထူးျခားျခား ရင္ေတြ ခုန္ရေသာေန႔၊ စိတ္လႈပ္ရွားရေသာ ေန႔ေလးတစ္ေန႔ ျဖစ္ခဲ့ပါသည္။မီးယပ္သားဖြားအထူးကုဆရာဝန္ တစ္ေယာက္အျဖစ္ အႏွစ္ (၂၀) ေက်ာ္ လူနာမ်ားကို ခြဲစိတ္ကုသေပးခဲ့ရေသာ သက္တမ္းတစ္ေလွ်ာက္ ထိုေန႔ေလာက္ ခြဲစိတ္ရမည့္ လူနာအေရး ေတြးၿပီး စိတ္မလႈပ္ရွားခဲ့ဖူးပါ။

သူမအား ခြဲစိတ္ေပးရမည္ကို စသိသည့္ ေန႔မွစ၍ ထိုခြဲစိတ္မႈ ေအာင္ျမင္ရန္ကိုလည္း ေန႔စဥ္အခ်ိန္ျပည့္ ဆုေတာင္းကာ ေနမိပါသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ကြ်န္မ ခြဲစိတ္ကုသေပးရမည့္ သူကေတာ့ ျမန္မာသိ၊ ကမာၻသိ ပုဂၢိဳလ္ထူး၊ ႏိုင္ငံ့ဂုဏ္အား ျမွင့္တင္ေပးခဲ့သည့္ ကမာၻ႔ၿငိမ္းခ်မ္းေရး_ႏိုဘယ္လ္ဆုရွင္ “ေဒၚေအာင္ဆန္းစုၾကည္” ပင္ ျဖစ္ပါသည္။

ကြ်န္မတို႔ ျမန္မာႏိုင္ငံရဲ႕ လြတ္လပ္ေရးဖခင္ႀကီး “ဗိုလ္ခ်ဳပ္ေအာင္ဆန္း” ၏ သမီးျဖစ္သူ “ေဒၚေအာင္ဆန္းစုၾကည္” ဆိုသည့္ “မမစု” ကို မခြဲစိတ္ မကုသခင္ တစ္ရက္အလိုေလာက္မွ ကြ်န္မအေနနဲ႔ ေတြ႔ဆုံခြင့္ ရရွိခဲ့ပါသည္။ ကြ်န္မတို႔ ခြဲစိတ္မည့္ Team တစ္ခုလုံးႏွင့္ “မမစု” အား ေတြ႔ဆုံခဲ့တာပါ။

မမက ရန္ကုန္ၿမိဳ႕ရွိ ပုဂၢလိက ေဆး႐ုံျဖစ္တဲ့ “အာရွေတာ္ဝင္” (၉) လႊာရွိ အခန္းနံပါတ္ (၉) တြင္ တက္ေရာက္ခဲ့ပါသည္။ယခု ကိုယ္တိုင္ကိုယ္က်ေတြ႔ကာ စကားေျပာဆိုခြင့္ ရရွိခဲ့ရာတြင္ ဦးစြာသတိထားမိေသာ အခ်က္မွာ ဖခင္ျဖစ္သူ “ဗိုလ္ခ်ဳပ္ေအာင္ဆန္း” ႏွင့္ အလြန္တူၿပီး စကားေျပာဆိုရာ၌ လိုရင္း တိုရွင္းျဖင့္ ခ်က္ခ်က္ခ်ာခ်ာရွိကာ ပညာတတ္ ပီသလွပါသည္။

တိုးတက္ ေအာင္ျမင္ေနေသာ အေနာက္ႏိုင္ငံႀကီးမ်ားတြင္ ေဆးကုသမႈ ခံယူလွ်င္ အစစအရာရာ သာလြန္၍ ေကာင္းမြန္ေၾကာင္း သိလွေသာ္လည္းပဲ ျမန္မာျပည္ အေရးအတြက္ သူမ၌ သမိုင္းေပးတာဝန္မ်ားစြာ ရွိေနသျဖင့္ ျပည္တြင္းမွာပင္ ေဆးကုသမႈ ခံယူရန္အတြက္ မမက ဆုံးျဖတ္ခဲ့ျခင္း ျဖစ္သည္ကိုလည္း ကြ်န္မအေနနဲ႔ နားလည္မိပါသည္။

ထို႔အျပင္ ျမန္မာျပည္တြင္ ကြ်န္မထက္ ေဆးပညာေရာ Experience တို႔ပါ မ်ားစြာ သာလြန္ေသာ၊ ကြ်မ္းက်င္စြာ ခြဲစိတ္ႏိုင္ေသာ ေဆးပညာရွင္ ပါရဂူႀကီးမ်ား အမ်ားအျပား ရွိပါလ်က္ႏွင့္ ကြ်န္မကိုမွ ယုံၾကည္စြာ ခြဲစိတ္ ကုသေပးပါရန္ ေတာင္းဆို ခံရျခင္းအတြက္ေၾကာင့္ ကြ်န္မမွာ လြန္စြာမွ ဂုဏ္ယူ ၾကည္ႏူးခဲ့ရပါသည္။

ထိုခဏအတြင္းပင္ ကြ်န္မမိဘႏွစ္ပါးႏွင့္ ဆရာသမားမ်ား အားလုံးကိုလည္း သတိတရျဖင့္ ေက်းဇူးတင္ေနမိပါသည္။ ကြ်န္မကလည္း အစြမ္းကုန္ ႀကိဳးစား လုပ္ေဆာင္မည္ဟု သႏၷိဌာန္ ခ်လိုက္ပါေတာ့သည္။ ေရွးေရစက္ေၾကာင့္သာ ကြ်န္မက မမကို ခြဲစိတ္၍ ကုသေပးခြင့္ ရရွိခဲ့ျခင္း ျဖစ္မည္ထင္ပါသည္။

Operation တိုင္း၌ Unexpected Complications မေမွ်ာ္လင့္ေသာ ခက္ခဲမႈဆိုတာ ရွိတတ္မွန္း သိ၍ေနေသာ ကြ်န္မအဖို႔ အထင္ကရ “မမစု” လို Patient တစ္ေယာက္ကို ေအာ္ပေရးရွင္း လုပ္ရေတာ့မွာဆိုေတာ့ ပိုၿပီးစိတ္ပူ၊ ပိုၿပီး ရင္ပူမိတာ အမွန္ပါ။ ထိုစဥ္က မမသည္ “ဒီပဲယင္း” အရင္းအခင္းအၿပီး အက်ယ္ခ်ဳပ္က် ႏိုင္ငံေရးသမားဘဝ မည္သူမွ်ႏွင့္ ေတြ႔ဆုံ စကားေျပာခြင့္မရ၊

ျမန္မာႏွင့္ ကမာၻကလည္း မမကို လြတ္ေျမာက္ေစခ်င္ေသာေၾကာင့္ ဆႏၵအျပည့္ႏွင့္ မမအား ေဒါက္ေထာက္ ၾကည့္ေနၾကေသာ အခ်ိန္ကာလ၊ “မမစု” တစ္ခုခု ျဖစ္သြား၍မရ။ မမကို ၾသဇာ အာဏာရွိေသာ မ်ဳိးခ်စ္ေခါင္းေဆာင္ ျဖစ္ေစခ်င္ေနတာက လူအမ်ားစုရဲ႕ဆႏၵ။ ဒီလို ပုဂၢိဳလ္မ်ဳိးကို ခြဲစိတ္ကုသေပးရမည့္ ကိစၥရပ္မွာ ကြ်န္မအတြက္ အလြန္တရာမွ ႀကီးေလးလွစြာေသာ တာဝန္တစ္ခု ျဖစ္ေနပါသည္။

ထို႔ေၾကာင့္ ခြဲစိတ္ရမည္ကို စတင္ သိရွိရသည့္ ေန႔မွစ၍ ခြဲစိတ္ကုသမႈ ေခ်ာေမာေအာင္ျမင္ၿပီး “မမစု” က်န္းက်န္းမာမာ ရွိေစရန္ ေန႔စဥ္ႏွင့္အမွ် ဆုေတာင္းေပးေနပါသည္။(၂၀၀၃) ခုႏွစ္၊ စက္တင္ဘာလ (၁၉) ရက္ေန႔မနက္၌ မမကို “အာရွေတာ္ဝင္” ေဆး႐ုံတြင္ ခြဲစိတ္ရန္ ေနအိမ္မွ မထြက္ခြာမီကပင္ MBBS ေနာက္ဆုံးႏွစ္ အပိုင္း (ခ) စာေမးပြဲ ေျဖဆိုရစဥ္အခ်ိန္ႏွင့္ ထပ္တူစြာျဖင့္ ရင္ခုန္ေနခဲ့မိပါေတာ့သည္။

ခင္ပြန္းျဖစ္သူအားလည္း ခြဲစိတ္မႈ အခက္အခဲမရွိ ၿပီးေျမာက္ ေအာင္ျမင္ႏိုင္ေစရန္ ဆုေတာင္းေပးေနပါဟု မွာၾကားခဲ့ပါသည္။ ကြ်န္မအား မေၾကာက္မရြံ႕စိတ္ဓါတ္ျဖင့္ ခြဲစိတ္ကုသရန္ ႏိုင္ငံေရး ခံယူခ်က္ စိတ္ဓါတ္ခြန္အားျဖင့္ အားေပးခဲ့ေသာ ခင္ပြန္းသည္ကိုလည္း ေက်းဇူးတင္မိပါသည္။

“ေဒၚေအာင္ဆန္းစုၾကည္” အား ခြဲစိတ္သည့္ အခ်ိန္က Asia_Royal_Operation_Theatre အတြင္းရွိ ကြ်န္မတို႔ Surgical_Team အားလုံး (Surgeon ကြ်န္မ၊ First_Assitant_Surgeon ေဒါက္တာ “ဦးတင္မ်ဳိးဝင္း”၊ Second_Assitant_Surgeon ေဒါက္တာ “ေဒၚျပံဳးမိုအိ”၊ ေမ့ေဆး ဆရာဝန္ႀကီး ေဒါက္တာ “ဦးဟုတ္ဝမ္”၊ ၿပီးေတာ့ ဆရာႀကီး၏ သမီးျဖစ္သူ ေမ့ေဆးအကူ ေဒါက္တာ “ေဒၚၾကည္ၾကည္ထြန္း”

သူနာျပဳအုပ္ အပါအဝင္ သူနာျပဳမ်ားအားလုံး) ၏ စိတ္အတြင္း၌လည္း ကြ်န္မႏွင့္ ထပ္တူ စိတ္ပူပန္၍ ခြဲစိတ္မႈ ေအာင္ျမင္ဖို႔အတြက္ ဆုေတာင္းေပးေနၾကမည္မွာ မလြဲပါ။ “မမစု” က တိုင္းျပည္အေပၚထားေသာ ေစတနာ၊ ကြ်န္မတို႔က “မမစု” အေပၚ ထားရွိၾကေသာ ေစတနာမ်ား ေရာင္ျပန္ဟပ္သည္ဟု ထင္မိပါသည္။

ထိုေန႔က ခြဲစိတ္ကုသမႈ အခက္အခဲ လုံးဝမရွိပဲ ေခ်ာေမာစြာ ေအာင္ျမင္ခဲ့ပါသည္။ကြ်န္မတို႔ တစ္ဖြဲ႔လုံးသာမက ေဆး႐ုံႀကီးတစ္ခုလုံး ဝမ္းသာ၍ ေပ်ာ္ရႊင္ခဲ့ၾကရပါသည္။ Biopsy Result အသားစ စစ္ေဆးမႈကလည္း Malignancy ကင္ဆာ မဟုတ္သည့္အတြက္ မမ “ေဒၚေအာင္ဆန္းစုၾကည္” အလြန္တရာ ကံေကာင္းသည္ဟု ဆိုရမည္ ျဖစ္ပါသည္။

မမ “ေဒၚေအာင္ဆန္းစုၾကည္” က ခြဲစိတ္မႈ မျပဳမီကတည္းက အမ်ားတန္းတူ ခြဲစိတ္ကုသမႈ အခေၾကးေငြကို ယူပါရန္ ေတာင္းဆိုခဲ့ပါသည္။ ခြဲစိတ္ၿပီးသည့္ အခါ၌လည္း ေဒါက္တာ “ေဒၚျပံဳးမိုအိ” က Operation_Fee ခြဲစိတ္ကုသခ ဟုဆိုကာ စာအိတ္တစ္အိတ္ကိုေပးရန္ ႀကိဳးစားခဲ့ပါသည္။ ကြ်န္မအေနနဲ႔ ဘယ္လိုနည္းႏွင့္မွ် အခေၾကးေငြယူရန္ စိတ္ကူးထဲမွာပင္ မေပၚေပါက္ခဲ့ပါ။

ကြ်န္မဘက္က “မမစု” လို ကိုယ္က်ဳိးစြန္႔ အနစ္နာခံၿပီး တိုင္းျပည္အက်ဳိး ေဆာင္ရြက္ေနသည့္ သူမ်ဳိးထံမွ ေငြေၾကး တစ္ျပားတစ္ခ်ပ္မွ ရယူလိုစိတ္ အလ်င္းမရွိခဲ့ပါ။ ယခုကဲ့သို႔ ကုသေပးခြင့္ ရရွိခဲ့ရသည္ကိုပင္ ဂုဏ္ယူ ဝမ္းသာလြန္းလွၿပီ ျဖစ္ေခ်ရာ ထိုစာအိတ္ကို လက္မခံခဲ့ပါ။ ေနာက္ထပ္ မည္သို႔မ်ား အကူအညီ ေပးႏိုင္ဦးမလဲဟူသည့္ ေစတနာစိတ္ဓါတ္ အျပည့္အဝျဖင့္သာ ေတြးဆ၍ ေနမိပါသည္။

ထိုေန႔ည (၉) နာရီခန္႔တြင္ ေဒါက္တာ “ဦးတင္မ်ဳိးဝင္း” ႏွင့္အတူ “အာရွေတာ္ဝင္” ေဆး႐ုံတြင္ “မမစု” ကို သြားေရာက္ ၾကည့္႐ႈရာ၌ ကြ်န္မမွာ မမကို မ်ားစြာ ဂ႐ုဏာသက္မိပါသည္။ မမ၏ အနားတြင္ ေသြးခ်င္းသားခ်င္းႏွင့္ ေဆြမ်ဳိးအရင္း တစ္စုံတစ္ေယာက္မွ ရွိ၍မေနပါ။ ကုတင္ေပၚတြင္ ပက္လက္ လွဲေလ်ာင္းေနေသာ “မမစု” ကို ကြ်န္မက “ေနေကာင္းပါရဲ႕လား…” ဟု ေမးျမန္းရာတြင္ “I feel very uncomfortable.” ဟု ျပန္ေျဖပါသည္။

လက္မွာ Drip တန္းလန္း ရွိေနသကဲ့သို႔ ဆီးပိုက္ တန္းလန္းႏွင့္ျဖစ္ၿပီး တစ္ေနကုန္ အစာမစားထားရလ်က္ အိပ္ေဆးမ်ားဒဏ္ေၾကာင့္ မူးေဝေနသည့္အျပင္ ခြဲစိတ္ခံထားရသျဖင့္ နာက်င္ေဝဒနာ ခံစား၍ေနရမည္မွာ ဧကန္မလြဲေပ။မွန္ပါသည္။ “မမစု” နာက်င္လြန္း၍ အခံရခက္ေနမွာ အေသအခ်ာပင္။ မမက နာသည္ဟု တစ္ခြန္းမွ် မဆိုပါ။ ကြ်န္မ မိန္းမသားခ်င္း ကိုယ္ခ်င္းစာနာမိပါသည္။

ခင္ပြန္းႏွင့္ သားမ်ား အနားမွာ မရွိသကဲ့သို႔ ေဆြမ်ဳိးမ်ားပင္ အနားထံပါး မရွိၾကေပ။ ကြ်န္မသာဆိုလွ်င္ မ်က္ရည္ေပါက္မ်ား ၿဖိဳင္ၿဖိဳင္က်ေလာက္မွာ ေသခ်ာလြန္းသည္။ မမကမူ မ်က္စိမွိတ္၍ မွိန္းေန႐ုံသာ ညည္းလည္း မညည္းေခ်။ ေဒါက္တာ “ဦးတင္မ်ဳိးဝင္း” ႏွင့္ တိုင္ပင္ကာ အနာလည္းသက္သာ၊ စိတ္ဖိစီးမႈလည္း မရဘဲနဲ႔ အိပ္ေပ်ာ္ႏိုင္ေစရန္ Injection Pethidine ကို ထိုးေပးခဲ့ၿပီး ျပန္လာခဲ့ပါသည္။

ထိုညက ကြ်န္မ၏ အိမ္သို႔ ညီအကို ေမာင္ႏွမမ်ား အေျပးအလႊားျဖင့္ ေရာက္ရွိလာၾကပါသည္။ ကြ်န္မက သူတို႔အား ဘာတစ္ခုမွ် ႀကိဳတင္၍ မေျပာထားေသာ္လည္း ျပင္ပမွ သတင္းမ်ားေၾကာင့္ ကြ်န္မက မမ “ေဒၚေအာင္ဆန္းစုၾကည္” အား ခြဲစိတ္ကုသေပးရမွန္း သိရွိသြားၾကသျဖင့္ ကြ်န္မအတြက္လည္း ဂုဏ္ယူဝမ္းသာမဆုံး ျဖစ္ေနၾကၿပီး မမ “ေဒၚေအာင္ဆန္းစုၾကည္” အတြက္လည္း စိတ္ပူပန္ကာ ေသာကမ်ားျဖင့္ ေရာက္လာၾကျခင္းပင္ ျဖစ္ပါသည္။

ကြ်န္မသည္လည္း ခြဲစိတ္ကုသမႈ အားလုံးအနက္ မမအား ခြဲစိတ္ေပးေသာ ကုသမႈသည္ ဂုဏ္အယူရဆုံး ခြဲစိတ္မႈ ျဖစ္ပါသည္။ အသံလႊင့္ သတင္းဌာနအခ်ဳိ႕၏ ေၾကျငာခ်က္ေၾကာင့္ ၎သတင္းကို သိရွိၾကသည့္ ေဆြမ်ဳိးတခ်ဳိ႕ႏွင့္ သူငယ္ခ်င္းတခ်ဳိ႕ကလည္း တယ္လီဖုန္းျဖင့္ ေမးျမန္းခဲ့ပါသည္။

ခြဲစိတ္မႈအၿပီး (၇) ရက္တိတိ၊ တစ္ေန႔လွ်င္ တစ္နာရီမွ် “ေဒၚေအာင္ဆန္းစုၾကည္” ႏွင့္ စကားေျပာခြင့္ ရခဲ့ပါသည္။ ခြဲစိတ္မႈအၿပီး First Post-op Day တြင္ပင္ “မမစု” မွာ အားတက္သေရာ စကားေျပာႏိုင္ေနပါၿပီ။ ဆီးပိုက္၊ Drip ပိုက္မ်ား ျဖဳတ္လိုက္ကာ ေရပတ္တိုက္အၿပီးတြင္ မမမွာ လန္းဆန္းၿပီး လူအေကာင္း ပကတိအသြင္ျဖင့္ ထ၍ထိုင္ကာ စကားမ်ားေျပာ၊ အစားမ်ား စားႏိုင္လာပါသည္။

ေဆး႐ုံမွ သူနာျပဳက (Sponging) ကိုယ္ပတ္တိုက္ေပးရန္ လာသည့္အခါ၌လည္း…“မမက Sponging တို႔ Nursing Care တို႔ ေကာင္းေကာင္း လုပ္တတ္တယ္… မမခင္ပြန္းနဲ႔ ကေလးေတြ ေနမေကာင္းရင္ ကိုယ္တိုင္ လုပ္ေပးတာ… ေမေမ့ကိုလည္း မမက လုပ္ေပးခဲ့တာပဲ… ဆရာမတို႔ လုပ္ေပးဖို႔ မလိုပါဘူး…” ဟု ျပန္ေျပာခဲ့ပါသည္။

ေဒါက္တာ “ဦးတင္မ်ဳိးဝင္း” ေရာ ကြ်န္မတို႔ အားလုံးကပါ မမမွာ လူနာ ျဖစ္ေနသျဖင့္ ကိုယ္တိုင္လုပ္ရန္ မသင့္ေၾကာင္းေျပာမွ Sister မွ Sponging လုပ္ေပးသည္ကို လက္ခံပါသည္။ ေနာက္ေန႔မွစကာ တစ္စတစ္စျဖင့္ “မမစု” တိုးတက္ရႊင္လန္းလာခဲ့ပါသည္။ေဆး႐ုံေပၚမွာ ရွိေနစဥ္အတြင္း ႏိုင္ငံျခားသံ႐ုံးမ်ားႏွင့္ ေစတနာရွင္မ်ားက သစ္သီးျခင္း၊ မုန္႔ပုံး စသည္တို႔ျဖင့္ လက္ေဆာင္မ်ား ေပးပို႔ၾကပါသည္။

ေဆး႐ုံအတြင္း ဝင္ခြင့္မရေသာ “အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္” မွ အဖြဲ႔ဝင္မ်ား၊ လူငယ္မ်ား၊ ေက်ာင္းသား/သူမ်ားက ေဆး႐ုံျပင္ပ၌ေစာင့္ကာ ဆုေတာင္းေမတၲာ ပို႔သၾကသကဲ့သို႔ စကၠဴငွက္႐ုပ္ကေလးမ်ား ခ်ဳိးကာသီၿပီး မမဆီကို ေပးပို႔ၾကပါသည္။“မမစု” မွလည္း သူ႔ကိုေပးေသာ မုန္႔မ်ားကို ေဆး႐ုံအျပင္မွ ပရိတ္သတ္အတြက္ ျပန္လည္ေဝငွေပးခဲ့ပါသည္။

သူေဆး႐ုံတက္ေနရသည့္အခန္းမွာ “#သာမညဆရာေတာ္ႀကီး” တက္ေရာက္ သီတင္းသုံးခဲ့ဖူးသည့္ အခန္းလည္းျဖစ္ကာ “#ေရႊတိဂုံေစတီေတာ္” ကိုလည္း ျမင္ေတြ႔ ဖူးေျမာ္ႏိုင္သည့္အတြက္ သေဘာက်ေၾကာင္းလည္း ေျပာျပခဲ့ပါသည္။မမ “ေဒၚေအာင္ဆန္းစုၾကည္” ကို ခြဲစိတ္ၿပီး ေနာက္ပိုင္းတြင္ ကြ်န္မမွာ အလြန္ပင္ မ်က္ႏွာပြင့္လန္းခဲ့ရပါသည္။

ပုဂၢလိက ေဆး႐ုံမ်ားသို႔ ကြ်န္မခြဲစိတ္ထားေသာ ေမြးလူနာမ်ားအား ၾကည့္႐ႈရန္ ေရာက္ရွိလာသည့္အခါ အျခားေသာ သားဖြားမီးယပ္ ဆရာဝန္ႀကီးမ်ား အပါအဝင္ ဆရာဝန္ ႀကီး/ငယ္မ်ား၏ ဝမ္းပန္းတသာ ခ်ီးက်ဴး ဂုဏ္ျပဳမႈမ်ားကို ၾကံဳေတြ႔ရပါသည္။

အသက္ဝါႀကီးေသာ ဆရာ၊ ဆရာမႀကီးမ်ား၏ ခ်ီးက်ဴးမႈ ခံရသကဲ့သို႔ ရြယ္တူ ဝါတူမ်ားမွလည္း ေနာင္ကို ယခုကဲ့သို႔ ကူညီစရာလိုလွ်င္ သူတို႔အားလည္း အသိေပးေစလိုေၾကာင္း စသျဖင့္ ေျပာဆိုၾကသကဲ့သို႔ မမ၏ေရာဂါ အသိမ္အနက္အတြက္ စိုးရိမ္ပူပန္စကားမ်ား ဆိုခဲ့ၾကပါသည္။

ထိုအထဲတြင္ ကြ်န္မတို႔ကို စာသင္ေပးခဲ့ၾကသည့္ ကြ်န္မ အလြန္ေလးစားရေသာ ဆရာႀကီး ပါေမာကၡ “ဦးလွျမင့္” ႏွင့္ ဆရာမႀကီး ပါေမာကၡ “ေဒၚျမျမ” တို႔ကိုယ္တိုင္က ပခုံးဖက္ကာ၊ လက္ဆြဲႏႈတ္ဆက္ကာျဖင့္ ခ်ီးက်ဴးၾကသည္ကို ခံရသည့္အခါ ေက်နပ္ ဂုဏ္ယူရသကဲ့သို႔ မ်ားစြာလည္း ပီတိျဖစ္ရပါသည္။

ထို႔အျပင္ ကြ်န္မတို႔ ပညာတတ္ဆရာဝန္မ်ား၏ ရင္ထဲတြင္လည္း မမ “ေဒၚေအာင္ဆန္းစုၾကည္” အား မည္မွ် ယုံၾကည္ေလးစား အားကိုးၾကေၾကာင္းကိုလည္း သတိထားမိရပါသည္။ခြဲစိတ္မႈအၿပီး တစ္လအၾကာတြင္ “မမစု” ကို သူမ၏ “တကၠသိုလ္ရိပ္သာလမ္း” ရွိ ေနအိမ္တြင္ ထပ္မံၿပီး ေတြ႔ဆုံခြင့္ တစ္ခါရခဲ့ျပန္ပါသည္။

မမ၏ ဧည့္ခန္းတြင္ ဖခင္ “ဗိုလ္ခ်ဳပ္ေအာင္ဆန္း” ၏ ဓါတ္ပုံႀကီး၊ မိသားစုဝင္မ်ား၏ ဓါတ္ပုံမ်ား၊ ခင္ပြန္း၊ သား (၂) ေယာက္၊ ေခြ်းမ (၁) ေယာက္၊ ေျမး (၂) ေယာက္၏ ဓါတ္ပုံမ်ားကို ခ်ိတ္ဆြဲထားပါသည္။ စာအုပ္မ်ား ျပည့္ႏွက္ေနသည့္ စာအုပ္ဗီဒိုႀကီးမ်ားကိုလည္း ေတြ႔ခဲ့ရပါသည္။

“မမစု” က ေန႔စဥ္ အခ်ိန္ဇယားျဖင့္ အလုပ္လုပ္သူ တစ္ဦးျဖစ္ပါသည္။ နံနက္အာ႐ုဏ္ဦး အိပ္ရာထခ်ိန္မွစကာ ညအိပ္ရာဝင္ခ်ိန္အထိ ဘုရားရွိခိုးျခင္း၊ ေလ့က်င့္ခန္းလုပ္ျခင္း၊ စာေရး စာဖတ္ျခင္းတို႔အျပင္ စားခ်ိန္ အိပ္ခ်ိန္တို႔ကိုပါ တိတိက်က် ျပဳလုပ္သူ ျဖစ္ပါသည္။

“မမက ဝလို႔လည္း မျဖစ္ဘူး… ပိန္လို႔လည္း မျဖစ္ဘူး… ဝရင္ ဝမွာေပါ့… တစ္ေန႔ တစ္ေန႔ စားၿပီးအိပ္၊ အိပ္ၿပီးစား နားေနရတာကိုး… ပိန္ရင္လည္း ပိန္မွာေပါ့… ႏိုင္ငံေရးလုပ္ၿပီး စားမဝင္ အိပ္မေပ်ာ္၊ မိသားစုနဲ႔ေဝးေနတာကိုးလို႔ အေျပာမခံႏိုင္ပါဘူး… ဒါ့ေၾကာင့္ က်န္းမာေရးကို အထူးဂ႐ုစိုက္ၿပီး Balance Diet ပဲစားတာ…” ဟု ရွင္းျပဖူးပါသည္။

မမသည္ အလြန္အေျပာေကာင္းကာ ေျပာသမွ် စကားမ်ားကိုလည္း ပညာတတ္ပီပီ ျပန္လည္ေခ်ပ ေျပာဆိုတတ္ပါသည္။ စိတ္ဓါတ္ကလည္း တည္ၾကည္ေျဖာင့္မတ္ၿပီး အရာရာကို ျပတ္ျပတ္သားသား ဆုံးျဖတ္တတ္ေၾကာင္း မမႏွင့္ စကားေျပာခြင့္ၾကံဳရမွ ထင္ထင္ရွားရွား ေတြ႔ျမင္လာရပါသည္။

ယေန႔တိုင္ ကြ်န္မေလးစားရပါေသာ မမ “ေဒၚေအာင္ဆန္းစုၾကည္” က်န္းမာရႊင္လန္း၍ လိုရာပန္းတိုင္သို႔ အျမန္ဆုံးရရွိရန္ ဆုေတာင္းလ်က္ ရွိေနပါသည္။

ထိုခြဲစိတ္မႈေၾကာင့္ ရရွိခဲ့ရတဲ့ ကြ်န္မရဲ႕ ပီတိခံစားခ်က္မ်ားကို ကြ်န္မရဲ႕ (၁၉၆၅) Batch မွ သူငယ္ခ်င္း ေရာင္းရင္းမ်ား မွ်ေဝခံစားႏိုင္ေစရန္ “ဂုဏ္အယူရဆုံး ခြဲစိတ္မႈ” ေဆာင္းပါးေလးကို ေရးသားတင္ျပရျခင္း ျဖစ္ပါသည္။

သူငယ္ခ်င္းမ်ားအားလုံး ပီတိႏွလုံး ရႊင္ျပံဳးႏိုင္ၾကပါေစ….။

ေဒါက္တာ “ခင္ဝင္းၾကဴ”

2012 January 1965 Batch IM (1) Students Reunion တြင္ စာေပစိစစ္ေရး မတင္ပဲ ပုံႏွိပ္ထုတ္ေဝခဲ့ေသာ အမွတ္တရစာအုပ္မွ OG_Dr. Daw_Khin_Win_Kyu ၏ ေဆာင္းပါး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Than_Htike

#Unicode Version# ျဖင့္ဖတ္ပါ ။

လူထုခေါင်းဆောင် နဲ့ အာရှတော်ဝင် ဆေးရုံပေါ်မှ ဂုဏ်အယူရဆုံး ခွဲစိတ်မှု

လွန်ခဲ့သော ၁၅ နှစ် ကျော် က လူထုခေါင်းဆောင် နှင့် အာရှတော်ဝင် ဆေးရုံ ။

(၁၉.၉.၂၀၀၃) ခုနှစ် သောကြာနေ့ တစ်ရက်ကိုတော့ ကျွန်မတစ်သက် ဘယ်တော့မှ မေ့နိုင်တော့မည် မထင်ပါ။ ကျွန်မအတွက် ထူးထူးခြားခြား ရင်တွေ ခုန်ရသောနေ့၊ စိတ်လှုပ်ရှားရသော နေ့လေးတစ်နေ့ ဖြစ်ခဲ့ပါသည်။မီးယပ်သားဖွားအထူးကုဆရာဝန် တစ်ယောက်အဖြစ် အနှစ် (၂၀) ကျော် လူနာများကို ခွဲစိတ်ကုသပေးခဲ့ရသော သက်တမ်းတစ်လျှောက် ထိုနေ့လောက် ခွဲစိတ်ရမည့် လူနာအရေး တွေးပြီး စိတ်မလှုပ်ရှားခဲ့ဖူးပါ။

သူမအား ခွဲစိတ်ပေးရမည်ကို စသိသည့် နေ့မှစ၍ ထိုခွဲစိတ်မှု အောင်မြင်ရန်ကိုလည်း နေ့စဉ်အချိန်ပြည့် ဆုတောင်းကာ နေမိပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်မ ခွဲစိတ်ကုသပေးရမည့် သူကတော့ မြန်မာသိ၊ ကမ္ဘာသိ ပုဂ္ဂိုလ်ထူး၊ နိုင်ငံ့ဂုဏ်အား မြှင့်တင်ပေးခဲ့သည့် ကမ္ဘာ့ငြိမ်းချမ်းရေး_နိုဘယ်လ်ဆုရှင် “ဒေါ်အောင်ဆန်းစုကြည်” ပင် ဖြစ်ပါသည်။

ကျွန်မတို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး “ဗိုလ်ချုပ်အောင်ဆန်း” ၏ သမီးဖြစ်သူ “ဒေါ်အောင်ဆန်းစုကြည်” ဆိုသည့် “မမစု” ကို မခွဲစိတ် မကုသခင် တစ်ရက်အလိုလောက်မှ ကျွန်မအနေနဲ့ တွေ့ဆုံခွင့် ရရှိခဲ့ပါသည်။ ကျွန်မတို့ ခွဲစိတ်မည့် Team တစ်ခုလုံးနှင့် “မမစု” အား တွေ့ဆုံခဲ့တာပါ။

မမက ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆေးရုံဖြစ်တဲ့ “အာရှတော်ဝင်” (၉) လွှာရှိ အခန်းနံပါတ် (၉) တွင် တက်ရောက်ခဲ့ပါသည်။ယခု ကိုယ်တိုင်ကိုယ်ကျတွေ့ကာ စကားပြောဆိုခွင့် ရရှိခဲ့ရာတွင် ဦးစွာသတိထားမိသော အချက်မှာ ဖခင်ဖြစ်သူ “ဗိုလ်ချုပ်အောင်ဆန်း” နှင့် အလွန်တူပြီး စကားပြောဆိုရာ၌ လိုရင်း တိုရှင်းဖြင့် ချက်ချက်ချာချာရှိကာ ပညာတတ် ပီသလှပါသည်။

တိုးတက် အောင်မြင်နေသော အနောက်နိုင်ငံကြီးများတွင် ဆေးကုသမှု ခံယူလျှင် အစစအရာရာ သာလွန်၍ ကောင်းမွန်ကြောင်း သိလှသော်လည်းပဲ မြန်မာပြည် အရေးအတွက် သူမ၌ သမိုင်းပေးတာဝန်များစွာ ရှိနေသဖြင့် ပြည်တွင်းမှာပင် ဆေးကုသမှု ခံယူရန်အတွက် မမက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ကိုလည်း ကျွန်မအနေနဲ့ နားလည်မိပါသည်။

ထို့အပြင် မြန်မာပြည်တွင် ကျွန်မထက် ဆေးပညာရော Experience တို့ပါ များစွာ သာလွန်သော၊ ကျွမ်းကျင်စွာ ခွဲစိတ်နိုင်သော ဆေးပညာရှင် ပါရဂူကြီးများ အများအပြား ရှိပါလျက်နှင့် ကျွန်မကိုမှ ယုံကြည်စွာ ခွဲစိတ် ကုသပေးပါရန် တောင်းဆို ခံရခြင်းအတွက်ကြောင့် ကျွန်မမှာ လွန်စွာမှ ဂုဏ်ယူ ကြည်နူးခဲ့ရပါသည်။

ထိုခဏအတွင်းပင် ကျွန်မမိဘနှစ်ပါးနှင့် ဆရာသမားများ အားလုံးကိုလည်း သတိတရဖြင့် ကျေးဇူးတင်နေမိပါသည်။ ကျွန်မကလည်း အစွမ်းကုန် ကြိုးစား လုပ်ဆောင်မည်ဟု သန္နိဌာန် ချလိုက်ပါတော့သည်။ ရှေးရေစက်ကြောင့်သာ ကျွန်မက မမကို ခွဲစိတ်၍ ကုသပေးခွင့် ရရှိခဲ့ခြင်း ဖြစ်မည်ထင်ပါသည်။

Operation တိုင်း၌ Unexpected Complications မမျှော်လင့်သော ခက်ခဲမှုဆိုတာ ရှိတတ်မှန်း သိ၍နေသော ကျွန်မအဖို့ အထင်ကရ “မမစု” လို Patient တစ်ယောက်ကို အော်ပရေးရှင်း လုပ်ရတော့မှာဆိုတော့ ပိုပြီးစိတ်ပူ၊ ပိုပြီး ရင်ပူမိတာ အမှန်ပါ။ ထိုစဉ်က မမသည် “ဒီပဲယင်း” အရင်းအခင်းအပြီး အကျယ်ချုပ်ကျ နိုင်ငံရေးသမားဘဝ မည်သူမျှနှင့် တွေ့ဆုံ စကားပြောခွင့်မရ၊

မြန်မာနှင့် ကမ္ဘာကလည်း မမကို လွတ်မြောက်စေချင်သောကြောင့် ဆန္ဒအပြည့်နှင့် မမအား ဒေါက်ထောက် ကြည့်နေကြသော အချိန်ကာလ၊ “မမစု” တစ်ခုခု ဖြစ်သွား၍မရ။ မမကို သြဇာ အာဏာရှိသော မျိုးချစ်ခေါင်းဆောင် ဖြစ်စေချင်နေတာက လူအများစုရဲ့ဆန္ဒ။ ဒီလို ပုဂ္ဂိုလ်မျိုးကို ခွဲစိတ်ကုသပေးရမည့် ကိစ္စရပ်မှာ ကျွန်မအတွက် အလွန်တရာမှ ကြီးလေးလှစွာသော တာဝန်တစ်ခု ဖြစ်နေပါသည်။

ထို့ကြောင့် ခွဲစိတ်ရမည်ကို စတင် သိရှိရသည့် နေ့မှစ၍ ခွဲစိတ်ကုသမှု ချောမောအောင်မြင်ပြီး “မမစု” ကျန်းကျန်းမာမာ ရှိစေရန် နေ့စဉ်နှင့်အမျှ ဆုတောင်းပေးနေပါသည်။(၂၀၀၃) ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့မနက်၌ မမကို “အာရှတော်ဝင်” ဆေးရုံတွင် ခွဲစိတ်ရန် နေအိမ်မှ မထွက်ခွာမီကပင် MBBS နောက်ဆုံးနှစ် အပိုင်း (ခ) စာမေးပွဲ ဖြေဆိုရစဉ်အချိန်နှင့် ထပ်တူစွာဖြင့် ရင်ခုန်နေခဲ့မိပါတော့သည်။

ခင်ပွန်းဖြစ်သူအားလည်း ခွဲစိတ်မှု အခက်အခဲမရှိ ပြီးမြောက် အောင်မြင်နိုင်စေရန် ဆုတောင်းပေးနေပါဟု မှာကြားခဲ့ပါသည်။ ကျွန်မအား မကြောက်မရွံ့စိတ်ဓါတ်ဖြင့် ခွဲစိတ်ကုသရန် နိုင်ငံရေး ခံယူချက် စိတ်ဓါတ်ခွန်အားဖြင့် အားပေးခဲ့သော ခင်ပွန်းသည်ကိုလည်း ကျေးဇူးတင်မိပါသည်။

“ဒေါ်အောင်ဆန်းစုကြည်” အား ခွဲစိတ်သည့် အချိန်က Asia_Royal_Operation_Theatre အတွင်းရှိ ကျွန်မတို့ Surgical_Team အားလုံး (Surgeon ကျွန်မ၊ First_Assitant_Surgeon ဒေါက်တာ “ဦးတင်မျိုးဝင်း”၊ Second_Assitant_Surgeon ဒေါက်တာ “ဒေါ်ပြုံးမိုအိ”၊ မေ့ဆေး ဆရာဝန်ကြီး ဒေါက်တာ “ဦးဟုတ်ဝမ်”၊ ပြီးတော့ ဆရာကြီး၏ သမီးဖြစ်သူ မေ့ဆေးအကူ ဒေါက်တာ “ဒေါ်ကြည်ကြည်ထွန်း”

သူနာပြုအုပ် အပါအဝင် သူနာပြုများအားလုံး) ၏ စိတ်အတွင်း၌လည်း ကျွန်မနှင့် ထပ်တူ စိတ်ပူပန်၍ ခွဲစိတ်မှု အောင်မြင်ဖို့အတွက် ဆုတောင်းပေးနေကြမည်မှာ မလွဲပါ။ “မမစု” က တိုင်းပြည်အပေါ်ထားသော စေတနာ၊ ကျွန်မတို့က “မမစု” အပေါ် ထားရှိကြသော စေတနာများ ရောင်ပြန်ဟပ်သည်ဟု ထင်မိပါသည်။

ထိုနေ့က ခွဲစိတ်ကုသမှု အခက်အခဲ လုံးဝမရှိပဲ ချောမောစွာ အောင်မြင်ခဲ့ပါသည်။ကျွန်မတို့ တစ်ဖွဲ့လုံးသာမက ဆေးရုံကြီးတစ်ခုလုံး ဝမ်းသာ၍ ပျော်ရွှင်ခဲ့ကြရပါသည်။ Biopsy Result အသားစ စစ်ဆေးမှုကလည်း Malignancy ကင်ဆာ မဟုတ်သည့်အတွက် မမ “ဒေါ်အောင်ဆန်းစုကြည်” အလွန်တရာ ကံကောင်းသည်ဟု ဆိုရမည် ဖြစ်ပါသည်။

မမ “ဒေါ်အောင်ဆန်းစုကြည်” က ခွဲစိတ်မှု မပြုမီကတည်းက အများတန်းတူ ခွဲစိတ်ကုသမှု အခကြေးငွေကို ယူပါရန် တောင်းဆိုခဲ့ပါသည်။ ခွဲစိတ်ပြီးသည့် အခါ၌လည်း ဒေါက်တာ “ဒေါ်ပြုံးမိုအိ” က Operation_Fee ခွဲစိတ်ကုသခ ဟုဆိုကာ စာအိတ်တစ်အိတ်ကိုပေးရန် ကြိုးစားခဲ့ပါသည်။ ကျွန်မအနေနဲ့ ဘယ်လိုနည်းနှင့်မျှ အခကြေးငွေယူရန် စိတ်ကူးထဲမှာပင် မပေါ်ပေါက်ခဲ့ပါ။

ကျွန်မဘက်က “မမစု” လို ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တိုင်းပြည်အကျိုး ဆောင်ရွက်နေသည့် သူမျိုးထံမှ ငွေကြေး တစ်ပြားတစ်ချပ်မှ ရယူလိုစိတ် အလျင်းမရှိခဲ့ပါ။ ယခုကဲ့သို့ ကုသပေးခွင့် ရရှိခဲ့ရသည်ကိုပင် ဂုဏ်ယူ ဝမ်းသာလွန်းလှပြီ ဖြစ်ချေရာ ထိုစာအိတ်ကို လက်မခံခဲ့ပါ။ နောက်ထပ် မည်သို့များ အကူအညီ ပေးနိုင်ဦးမလဲဟူသည့် စေတနာစိတ်ဓါတ် အပြည့်အဝဖြင့်သာ တွေးဆ၍ နေမိပါသည်။

ထိုနေ့ည (၉) နာရီခန့်တွင် ဒေါက်တာ “ဦးတင်မျိုးဝင်း” နှင့်အတူ “အာရှတော်ဝင်” ဆေးရုံတွင် “မမစု” ကို သွားရောက် ကြည့်ရှုရာ၌ ကျွန်မမှာ မမကို များစွာ ဂရုဏာသက်မိပါသည်။ မမ၏ အနားတွင် သွေးချင်းသားချင်းနှင့် ဆွေမျိုးအရင်း တစ်စုံတစ်ယောက်မှ ရှိ၍မနေပါ။ ကုတင်ပေါ်တွင် ပက်လက် လှဲလျောင်းနေသော “မမစု” ကို ကျွန်မက “နေကောင်းပါရဲ့လား…” ဟု မေးမြန်းရာတွင် “I feel very uncomfortable.” ဟု ပြန်ဖြေပါသည်။

လက်မှာ Drip တန်းလန်း ရှိနေသကဲ့သို့ ဆီးပိုက် တန်းလန်းနှင့်ဖြစ်ပြီး တစ်နေကုန် အစာမစားထားရလျက် အိပ်ဆေးများဒဏ်ကြောင့် မူးဝေနေသည့်အပြင် ခွဲစိတ်ခံထားရသဖြင့် နာကျင်ဝေဒနာ ခံစား၍နေရမည်မှာ ဧကန်မလွဲပေ။မှန်ပါသည်။ “မမစု” နာကျင်လွန်း၍ အခံရခက်နေမှာ အသေအချာပင်။ မမက နာသည်ဟု တစ်ခွန်းမျှ မဆိုပါ။ ကျွန်မ မိန်းမသားချင်း ကိုယ်ချင်းစာနာမိပါသည်။

ခင်ပွန်းနှင့် သားများ အနားမှာ မရှိသကဲ့သို့ ဆွေမျိုးများပင် အနားထံပါး မရှိကြပေ။ ကျွန်မသာဆိုလျှင် မျက်ရည်ပေါက်များ ဖြိုင်ဖြိုင်ကျလောက်မှာ သေချာလွန်းသည်။ မမကမူ မျက်စိမှိတ်၍ မှိန်းနေရုံသာ ညည်းလည်း မညည်းချေ။ ဒေါက်တာ “ဦးတင်မျိုးဝင်း” နှင့် တိုင်ပင်ကာ အနာလည်းသက်သာ၊ စိတ်ဖိစီးမှုလည်း မရဘဲနဲ့ အိပ်ပျော်နိုင်စေရန် Injection Pethidine ကို ထိုးပေးခဲ့ပြီး ပြန်လာခဲ့ပါသည်။

ထိုညက ကျွန်မ၏ အိမ်သို့ ညီအကို မောင်နှမများ အပြေးအလွှားဖြင့် ရောက်ရှိလာကြပါသည်။ ကျွန်မက သူတို့အား ဘာတစ်ခုမျှ ကြိုတင်၍ မပြောထားသော်လည်း ပြင်ပမှ သတင်းများကြောင့် ကျွန်မက မမ “ဒေါ်အောင်ဆန်းစုကြည်” အား ခွဲစိတ်ကုသပေးရမှန်း သိရှိသွားကြသဖြင့် ကျွန်မအတွက်လည်း ဂုဏ်ယူဝမ်းသာမဆုံး ဖြစ်နေကြပြီး မမ “ဒေါ်အောင်ဆန်းစုကြည်” အတွက်လည်း စိတ်ပူပန်ကာ သောကများဖြင့် ရောက်လာကြခြင်းပင် ဖြစ်ပါသည်။

ကျွန်မသည်လည်း ခွဲစိတ်ကုသမှု အားလုံးအနက် မမအား ခွဲစိတ်ပေးသော ကုသမှုသည် ဂုဏ်အယူရဆုံး ခွဲစိတ်မှု ဖြစ်ပါသည်။ အသံလွှင့် သတင်းဌာနအချို့၏ ကြေငြာချက်ကြောင့် ၎င်းသတင်းကို သိရှိကြသည့် ဆွေမျိုးတချို့နှင့် သူငယ်ချင်းတချို့ကလည်း တယ်လီဖုန်းဖြင့် မေးမြန်းခဲ့ပါသည်။

ခွဲစိတ်မှုအပြီး (၇) ရက်တိတိ၊ တစ်နေ့လျှင် တစ်နာရီမျှ “ဒေါ်အောင်ဆန်းစုကြည်” နှင့် စကားပြောခွင့် ရခဲ့ပါသည်။ ခွဲစိတ်မှုအပြီး First Post-op Day တွင်ပင် “မမစု” မှာ အားတက်သရော စကားပြောနိုင်နေပါပြီ။ ဆီးပိုက်၊ Drip ပိုက်များ ဖြုတ်လိုက်ကာ ရေပတ်တိုက်အပြီးတွင် မမမှာ လန်းဆန်းပြီး လူအကောင်း ပကတိအသွင်ဖြင့် ထ၍ထိုင်ကာ စကားများပြော၊ အစားများ စားနိုင်လာပါသည်။

ဆေးရုံမှ သူနာပြုက (Sponging) ကိုယ်ပတ်တိုက်ပေးရန် လာသည့်အခါ၌လည်း…“မမက Sponging တို့ Nursing Care တို့ ကောင်းကောင်း လုပ်တတ်တယ်… မမခင်ပွန်းနဲ့ ကလေးတွေ နေမကောင်းရင် ကိုယ်တိုင် လုပ်ပေးတာ… မေမေ့ကိုလည်း မမက လုပ်ပေးခဲ့တာပဲ… ဆရာမတို့ လုပ်ပေးဖို့ မလိုပါဘူး…” ဟု ပြန်ပြောခဲ့ပါသည်။

ဒေါက်တာ “ဦးတင်မျိုးဝင်း” ရော ကျွန်မတို့ အားလုံးကပါ မမမှာ လူနာ ဖြစ်နေသဖြင့် ကိုယ်တိုင်လုပ်ရန် မသင့်ကြောင်းပြောမှ Sister မှ Sponging လုပ်ပေးသည်ကို လက်ခံပါသည်။ နောက်နေ့မှစကာ တစ်စတစ်စဖြင့် “မမစု” တိုးတက်ရွှင်လန်းလာခဲ့ပါသည်။ဆေးရုံပေါ်မှာ ရှိနေစဉ်အတွင်း နိုင်ငံခြားသံရုံးများနှင့် စေတနာရှင်များက သစ်သီးခြင်း၊ မုန့်ပုံး စသည်တို့ဖြင့် လက်ဆောင်များ ပေးပို့ကြပါသည်။

ဆေးရုံအတွင်း ဝင်ခွင့်မရသော “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်” မှ အဖွဲ့ဝင်များ၊ လူငယ်များ၊ ကျောင်းသား/သူများက ဆေးရုံပြင်ပ၌စောင့်ကာ ဆုတောင်းမေတ္တာ ပို့သကြသကဲ့သို့ စက္ကူငှက်ရုပ်ကလေးများ ချိုးကာသီပြီး မမဆီကို ပေးပို့ကြပါသည်။“မမစု” မှလည်း သူ့ကိုပေးသော မုန့်များကို ဆေးရုံအပြင်မှ ပရိတ်သတ်အတွက် ပြန်လည်ဝေငှပေးခဲ့ပါသည်။

သူဆေးရုံတက်နေရသည့်အခန်းမှာ “#သာမညဆရာတော်ကြီး” တက်ရောက် သီတင်းသုံးခဲ့ဖူးသည့် အခန်းလည်းဖြစ်ကာ “#ရွှေတိဂုံစေတီတော်” ကိုလည်း မြင်တွေ့ ဖူးမြော်နိုင်သည့်အတွက် သဘောကျကြောင်းလည်း ပြောပြခဲ့ပါသည်။မမ “ဒေါ်အောင်ဆန်းစုကြည်” ကို ခွဲစိတ်ပြီး နောက်ပိုင်းတွင် ကျွန်မမှာ အလွန်ပင် မျက်နှာပွင့်လန်းခဲ့ရပါသည်။

ပုဂ္ဂလိက ဆေးရုံများသို့ ကျွန်မခွဲစိတ်ထားသော မွေးလူနာများအား ကြည့်ရှုရန် ရောက်ရှိလာသည့်အခါ အခြားသော သားဖွားမီးယပ် ဆရာဝန်ကြီးများ အပါအဝင် ဆရာဝန် ကြီး/ငယ်များ၏ ဝမ်းပန်းတသာ ချီးကျူး ဂုဏ်ပြုမှုများကို ကြုံတွေ့ရပါသည်။

အသက်ဝါကြီးသော ဆရာ၊ ဆရာမကြီးများ၏ ချီးကျူးမှု ခံရသကဲ့သို့ ရွယ်တူ ဝါတူများမှလည်း နောင်ကို ယခုကဲ့သို့ ကူညီစရာလိုလျှင် သူတို့အားလည်း အသိပေးစေလိုကြောင်း စသဖြင့် ပြောဆိုကြသကဲ့သို့ မမ၏ရောဂါ အသိမ်အနက်အတွက် စိုးရိမ်ပူပန်စကားများ ဆိုခဲ့ကြပါသည်။

ထိုအထဲတွင် ကျွန်မတို့ကို စာသင်ပေးခဲ့ကြသည့် ကျွန်မ အလွန်လေးစားရသော ဆရာကြီး ပါမောက္ခ “ဦးလှမြင့်” နှင့် ဆရာမကြီး ပါမောက္ခ “ဒေါ်မြမြ” တို့ကိုယ်တိုင်က ပခုံးဖက်ကာ၊ လက်ဆွဲနှုတ်ဆက်ကာဖြင့် ချီးကျူးကြသည်ကို ခံရသည့်အခါ ကျေနပ် ဂုဏ်ယူရသကဲ့သို့ များစွာလည်း ပီတိဖြစ်ရပါသည်။

ထို့အပြင် ကျွန်မတို့ ပညာတတ်ဆရာဝန်များ၏ ရင်ထဲတွင်လည်း မမ “ဒေါ်အောင်ဆန်းစုကြည်” အား မည်မျှ ယုံကြည်လေးစား အားကိုးကြကြောင်းကိုလည်း သတိထားမိရပါသည်။ခွဲစိတ်မှုအပြီး တစ်လအကြာတွင် “မမစု” ကို သူမ၏ “တက္ကသိုလ်ရိပ်သာလမ်း” ရှိ နေအိမ်တွင် ထပ်မံပြီး တွေ့ဆုံခွင့် တစ်ခါရခဲ့ပြန်ပါသည်။

မမ၏ ဧည့်ခန်းတွင် ဖခင် “ဗိုလ်ချုပ်အောင်ဆန်း” ၏ ဓါတ်ပုံကြီး၊ မိသားစုဝင်များ၏ ဓါတ်ပုံများ၊ ခင်ပွန်း၊ သား (၂) ယောက်၊ ချွေးမ (၁) ယောက်၊ မြေး (၂) ယောက်၏ ဓါတ်ပုံများကို ချိတ်ဆွဲထားပါသည်။ စာအုပ်များ ပြည့်နှက်နေသည့် စာအုပ်ဗီဒိုကြီးများကိုလည်း တွေ့ခဲ့ရပါသည်။

“မမစု” က နေ့စဉ် အချိန်ဇယားဖြင့် အလုပ်လုပ်သူ တစ်ဦးဖြစ်ပါသည်။ နံနက်အာရုဏ်ဦး အိပ်ရာထချိန်မှစကာ ညအိပ်ရာဝင်ချိန်အထိ ဘုရားရှိခိုးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ စာရေး စာဖတ်ခြင်းတို့အပြင် စားချိန် အိပ်ချိန်တို့ကိုပါ တိတိကျကျ ပြုလုပ်သူ ဖြစ်ပါသည်။

“မမက ဝလို့လည်း မဖြစ်ဘူး… ပိန်လို့လည်း မဖြစ်ဘူး… ဝရင် ဝမှာပေါ့… တစ်နေ့ တစ်နေ့ စားပြီးအိပ်၊ အိပ်ပြီးစား နားနေရတာကိုး… ပိန်ရင်လည်း ပိန်မှာပေါ့… နိုင်ငံရေးလုပ်ပြီး စားမဝင် အိပ်မပျော်၊ မိသားစုနဲ့ဝေးနေတာကိုးလို့ အပြောမခံနိုင်ပါဘူး… ဒါ့ကြောင့် ကျန်းမာရေးကို အထူးဂရုစိုက်ပြီး Balance Diet ပဲစားတာ…” ဟု ရှင်းပြဖူးပါသည်။

မမသည် အလွန်အပြောကောင်းကာ ပြောသမျှ စကားများကိုလည်း ပညာတတ်ပီပီ ပြန်လည်ချေပ ပြောဆိုတတ်ပါသည်။ စိတ်ဓါတ်ကလည်း တည်ကြည်ဖြောင့်မတ်ပြီး အရာရာကို ပြတ်ပြတ်သားသား ဆုံးဖြတ်တတ်ကြောင်း မမနှင့် စကားပြောခွင့်ကြုံရမှ ထင်ထင်ရှားရှား တွေ့မြင်လာရပါသည်။

ယနေ့တိုင် ကျွန်မလေးစားရပါသော မမ “ဒေါ်အောင်ဆန်းစုကြည်” ကျန်းမာရွှင်လန်း၍ လိုရာပန်းတိုင်သို့ အမြန်ဆုံးရရှိရန် ဆုတောင်းလျက် ရှိနေပါသည်။

ထိုခွဲစိတ်မှုကြောင့် ရရှိခဲ့ရတဲ့ ကျွန်မရဲ့ ပီတိခံစားချက်များကို ကျွန်မရဲ့ (၁၉၆၅) Batch မှ သူငယ်ချင်း ရောင်းရင်းများ မျှဝေခံစားနိုင်စေရန် “ဂုဏ်အယူရဆုံး ခွဲစိတ်မှု” ဆောင်းပါးလေးကို ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။

သူငယ်ချင်းများအားလုံး ပီတိနှလုံး ရွှင်ပြုံးနိုင်ကြပါစေ….။

ဒေါက်တာ “ခင်ဝင်းကြူ”

2012 January 1965 Batch IM (1) Students Reunion တွင် စာပေစိစစ်ရေး မတင်ပဲ ပုံနှိပ်ထုတ်ဝေခဲ့သော အမှတ်တရစာအုပ်မှ OG_Dr. Daw_Khin_Win_Kyu ၏ ဆောင်းပါး။

ဖိုးသူတော် (www.phothutaw.com)
Credit:Than_Htike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top