iMyanmarHouse.com - Best Property Website for Myanmar
×

ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕ နယ္၊ ပ်ားစခန္းရြာသား ေစာအယ္ဂလူးေလးသည္ အသက္ ၅ ႏွစ္အရြယ္မွ စတင္ကာ အရက္ေသာက္ခဲ့ၿပီး အရက္ႏြံထဲနစ္ မြန္းခဲ့ရသည္။ သူ႕မိဘမ်ားသည္ သာမန္ လက္လုပ္လက္စားမ်ားျဖစ္သည္။ သားသမီး ၇ ဦးထြန္းခဲ့ၿပီး ၎မွာ ဒုတိယေျမာက္ သားျဖစ္သည္။ ငယ္စဥ္ကတည္းက အေဖျဖစ္သူက အရက္ဝယ္ခိုင္း၊ တဝိုင္းတည္း အရက္ေသာက္ခိုင္းသည္ကစ၍ အရက္ မေသာက္ရ မေနႏိုင္သည့္ အရက္သမား လံုးလံုးျဖစ္ကာ တေန႔လွ်င္ ခ်က္အရက္ တလံုးကုန္ေအာင္ ေသာက္ႏိုင္ခဲ့ေၾကာင္း သိရသည္။

”သူအရက္ေသာက္ၿပီး လမ္းေပၚမွာ ပိုက္ဆံေတာင္းေနတာ လိုင္းေပၚမွာပ်ံ႕ေနတာကိုကူညီပါဦးဆိုၿပီး တေယာက္က အကူအညီေတာင္းတာ။ အစ္မကဗီဒီယိုဖိုင္ေလးကိုေသခ်ာၾကည့္ၿပီးေတာ့ ကေလး ဘယ္နားေနလဲဆိုၿပီး သူ႕ေနရပ္လိပ္စာကို စံုစမ္းလိုက္တယ္။ သူ႕ေနရပ္ကိုသြားေတာ့ သူ႕အေမက ဘာေျပာလဲဆိုေတာ့ သူတို႔ မိသားစုအဆင္မေျပဘူးေပါ့။ ကေလးေတြ မ်ားတယ္၊ သူတို႔မိသားစုစားဖို႔ပါအစ ဆန္၊ ဆီ၊ ဆား အားလံုးသယ္သြားတယ္။ ကြၽန္မ သူေနတဲ့ေနရာကိုေရာက္တာနဲ႔ သူ႕ကို လမ္းေဘးမွာစေတြ႕တာပဲ။ အဲမွာ သူက မူးေနၿပီ။ ကားရပ္ၿပီး သူ႕ကိုသြားစည္း႐ံုး ရတာ။ သူက မနက္မိုးလင္းကတည္းက ေသာက္တာ ညမွအိမ္ျပန္ေရာက္တယ္။သူ႕မိဘေတြကို ကေလးအရက္ဘယ္တံုးက ေသာက္လဲဆိုေတာ့ ၅ ႏွစ္အရြယ္ ကတည္းကေသာက္တာ။ အခု ၁၅ ႏွစ္ ဆိုေတာ့ အံ့ၾသသြားတယ္။ သူ႕ကို ၅ ႏွစ္၊ ၆ ႏွစ္ေလာက္ပဲထင္တာ”ဟု ေစာအယ္ဂလူးကို သြားေရာက္ေခၚခဲ့စဥ္က အျဖစ္အပ်က္ကို ‘ေရႊၾကာပရဟိတ လူမႈကယ္ဆယ္ေရး’ တည္ေထာင္သူ ေဒၚေရႊၾကာက ေျပာသည္။

ေဒၚေရႊၾကာသည္ ငယ္ငယ္ရြယ္ရြယ္ျဖင့္ အရက္စြဲေရာဂါခံစားေနရသည့္ ေစာအယ္ဂလူးကို ၎၏ဇာတိရြာမွ ၂ဝ၁၈ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၈ ရက္ေန႔က သြားေရာက္ေခၚေဆာင္ကာ ရြာသာႀကီးစိတ္ က်န္းမာေရးေဆး႐ံုႏွင့္ ရန္ကုန္ျပည္သူ႕ေဆး႐ံုႀကီးတို႔တြင္ အရက္ျဖတ္ေပးခဲ့သည္။ က်န္းမာေရးေကာင္းမြန္သည့္အခါတြင္ ေနရပ္သို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ့ေသာ္လည္း အခ်ိန္အနည္းငယ္ၾကာသည့္အခါတြင္ အရက္ျပန္ေသာက္သည့္အတြက္ ေအာက္တိုဘာ ၂ဝ ရက္တြင္ တဖန္ ရန္ကုန္သို႔ေခၚေဆာင္ကာ ဒဂံုၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္ရွိ ဘဝသစ္စိတ္က်န္းမာေရးေဆး႐ံုတြင္ ေဆးကုသေပးေနသည္မွာ ယေန႔ခ်ိန္အထိျဖစ္သည္။

”သူ႕ကို အရင္ပတ္ဝန္းက်င္ကို ျပန္မပို႔ခ်င္ဘူး။ ဟိုျပန္ေရာက္ရင္ အရက္ေသာက္မွာစိုးတယ္။ ဒီမွာေတာင္ ေရာက္ခါစက လစ္တာနဲ႔ေဆးလိပ္ေသာက္တာ။ သူ ေဆးလိပ္လည္းေသာက္တတ္တယ္။ သူ႕ကိုဒီမွာပဲေနေစခ်င္တယ္။ အခုစာသင္ေပးတာ ေတာ္ေတာ္တတ္ေနၿပီ။ သူဒီ ေနရာကိုေရာက္တာ ၄ လေလာက္ရွိၿပီ။ သူ႕က်န္းမာေရးအေျခအေနေကာင္းရင္ အသက္ေမြးဝမ္းေက်ာင္းပညာတခုခုေတာ့ သင္ေပးခ်င္တယ္”ဟု ေဒၚေရႊၾကာက ေျပာသည္။

ေစာအယ္ဂလူးသည္ ၅ ႏွစ္အရြယ္ ကတည္းက အရက္ကိုစြဲလမ္းစြာေသာက္သံုးေသာေၾကာင့္ အာဟာရခ်ဳိ႕တဲ့ၿပီး ခႏၶာကိုယ္ဖြံ႕ၿဖိဳးမႈေႏွးေကြးခဲ့သည္။ ယခု အသက္ ၁၆ ႏွစ္အရြယ္ျဖစ္ေသာ္လည္း အရပ္အျမင့္မွာ ၃ ေပ ၅ လက္မေက်ာ္ေလာက္သာရွိသည္။ သို႔ေသာ္ ဥာဏ္ေကာင္းသည္ဟု ဆိုသည္။ ေဒၚေရႊၾကာကို အေမဟုေခၚၿပီး ခြၽဲေနသည္ကိုလည္း ေတြ႕ရသည္။ ျမန္မာစကားကိုေတာ့ ေကာင္းစြာ မေျပာတတ္ေပ။ ၎၏ရည္မွန္းခ်က္ကို ေမးျမန္းသည့္အခါတြင္ ”ေက်ာင္းတက္ခ်င္တယ္”ဟုသာ တခြန္းတည္းဆိုသည္။

”ကြၽန္မတို႔ဆီ စေရာက္တုန္းက တကိုယ္လံုးေဖာေရာင္ၿပီး ဗိုက္ကတင္းၿပီး ေဖာင္းေနတယ္။ အသားေတြလည္း ဝါေနတယ္။ ေရာက္ခါစက တေန႔ကို ၄ ႀကိမ္ ေလာက္တက္တာ။ သူ႕ကိုေတာ္ေတာ္ ဂ႐ုစိုက္ရတယ္။ သူ႕ကို ဦးေႏွာက္နဲ႔ပတ္သက္တဲ့ေဆးေတြ၊ အသည္းနဲ႔ပတ္သက္တဲ့ေဆးေတြတိုက္ရတယ္။ တကိုယ္ေရ သန္႔ရွင္းေရးနဲ႔ ေပါင္းသင္းဆက္ဆံေရးေတြပါ သင္ေပးရတယ္။ အခုဆိုရင္ အေျခအေနေတာ္ေတာ္တိုးတက္ေနၿပီ”ဟု ေစာအယ္ဂလူးကို ေမတၲာျဖင့္က်န္းမာေရး ေဆာင္ရြက္ေပးေနသည့္ ဘဝသစ္စိတ္ က်န္းမာေရးေဆး႐ံု တည္ေထာင္သူ ေဒၚသဇင္ျမင့္ေမာင္က ေျပာသည္။

ႏိုင္ငံအႏွံ႔အျပားအရက္ဆိုင္မ်ား မႈိလိုေပါက္၍ အလြယ္တကူဝယ္ယူေသာက္ သံုးႏိုင္ခ်ိန္တြင္ လူငယ္၊ လူရြယ္မ်ားသာမက ကေလးသူငယ္မ်ားပါ အရက္စြဲေရာဂါ ခံစားေနရသည္ကို ယခုကဲ့သို႔ သိရွိရပါ သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:News Watch

#Unicode Version#


္ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ နယ်၊ ပျားစခန်းရွာသား စောအယ်ဂလူးလေးသည် အသက် ၅ နှစ်အရွယ်မှ စတင်ကာ အရက်သောက်ခဲ့ပြီး အရက်နွံထဲနစ် မွန်းခဲ့ရသည်။ သူ့မိဘများသည် သာမန် လက်လုပ်လက်စားများဖြစ်သည်။ သားသမီး ၇ ဦးထွန်းခဲ့ပြီး ၎င်းမှာ ဒုတိယမြောက် သားဖြစ်သည်။ ငယ်စဉ်ကတည်းက အဖေဖြစ်သူက အရက်ဝယ်ခိုင်း၊ တဝိုင်းတည်း အရက်သောက်ခိုင်းသည်ကစ၍ အရက် မသောက်ရ မနေနိုင်သည့် အရက်သမား လုံးလုံးဖြစ်ကာ တနေ့လျှင် ချက်အရက် တလုံးကုန်အောင် သောက်နိုင်ခဲ့ကြောင်း သိရသည်။

”သူအရက်သောက်ပြီး လမ်းပေါ်မှာ ပိုက်ဆံတောင်းနေတာ လိုင်းပေါ်မှာပျံ့နေတာကိုကူညီပါဦးဆိုပြီး တယောက်က အကူအညီတောင်းတာ။ အစ်မကဗီဒီယိုဖိုင်လေးကိုသေချာကြည့်ပြီးတော့ ကလေး ဘယ်နားနေလဲဆိုပြီး သူ့နေရပ်လိပ်စာကို စုံစမ်းလိုက်တယ်။ သူ့နေရပ်ကိုသွားတော့ သူ့အမေက ဘာပြောလဲဆိုတော့ သူတို့ မိသားစုအဆင်မပြေဘူးပေါ့။ ကလေးတွေ များတယ်၊ သူတို့မိသားစုစားဖို့ပါအစ ဆန်၊ ဆီ၊ ဆား အားလုံးသယ်သွားတယ်။ ကျွန်မ သူနေတဲ့နေရာကိုရောက်တာနဲ့ သူ့ကို လမ်းဘေးမှာစတွေ့တာပဲ။ အဲမှာ သူက မူးနေပြီ။ ကားရပ်ပြီး သူ့ကိုသွားစည်းရုံး ရတာ။ သူက မနက်မိုးလင်းကတည်းက သောက်တာ ညမှအိမ်ပြန်ရောက်တယ်။သူ့မိဘတွေကို ကလေးအရက်ဘယ်တုံးက သောက်လဲဆိုတော့ ၅ နှစ်အရွယ် ကတည်းကသောက်တာ။ အခု ၁၅ နှစ် ဆိုတော့ အံ့သြသွားတယ်။ သူ့ကို ၅ နှစ်၊ ၆ နှစ်လောက်ပဲထင်တာ”ဟု စောအယ်ဂလူးကို သွားရောက်ခေါ်ခဲ့စဉ်က အဖြစ်အပျက်ကို ‘ရွှေကြာပရဟိတ လူမှုကယ်ဆယ်ရေး’ တည်ထောင်သူ ဒေါ်ရွှေကြာက ပြောသည်။

ဒေါ်ရွှေကြာသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် အရက်စွဲရောဂါခံစားနေရသည့် စောအယ်ဂလူးကို ၎င်း၏ဇာတိရွာမှ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့က သွားရောက်ခေါ်ဆောင်ကာ ရွာသာကြီးစိတ် ကျန်းမာရေးဆေးရုံနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့တွင် အရက်ဖြတ်ပေးခဲ့သည်။ ကျန်းမာရေးကောင်းမွန်သည့်အခါတွင် နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သော်လည်း အချိန်အနည်းငယ်ကြာသည့်အခါတွင် အရက်ပြန်သောက်သည့်အတွက် အောက်တိုဘာ ၂ဝ ရက်တွင် တဖန် ရန်ကုန်သို့ခေါ်ဆောင်ကာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ ဘဝသစ်စိတ်ကျန်းမာရေးဆေးရုံတွင် ဆေးကုသပေးနေသည်မှာ ယနေ့ချိန်အထိဖြစ်သည်။

”သူ့ကို အရင်ပတ်ဝန်းကျင်ကို ပြန်မပို့ချင်ဘူး။ ဟိုပြန်ရောက်ရင် အရက်သောက်မှာစိုးတယ်။ ဒီမှာတောင် ရောက်ခါစက လစ်တာနဲ့ဆေးလိပ်သောက်တာ။ သူ ဆေးလိပ်လည်းသောက်တတ်တယ်။ သူ့ကိုဒီမှာပဲနေစေချင်တယ်။ အခုစာသင်ပေးတာ တော်တော်တတ်နေပြီ။ သူဒီ နေရာကိုရောက်တာ ၄ လလောက်ရှိပြီ။ သူ့ကျန်းမာရေးအခြေအနေကောင်းရင် အသက်မွေးဝမ်းကျောင်းပညာတခုခုတော့ သင်ပေးချင်တယ်”ဟု ဒေါ်ရွှေကြာက ပြောသည်။

စောအယ်ဂလူးသည် ၅ နှစ်အရွယ် ကတည်းက အရက်ကိုစွဲလမ်းစွာသောက်သုံးသောကြောင့် အာဟာရချို့တဲ့ပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှေးကွေးခဲ့သည်။ ယခု အသက် ၁၆ နှစ်အရွယ်ဖြစ်သော်လည်း အရပ်အမြင့်မှာ ၃ ပေ ၅ လက်မကျော်လောက်သာရှိသည်။ သို့သော် ဉာဏ်ကောင်းသည်ဟု ဆိုသည်။ ဒေါ်ရွှေကြာကို အမေဟုခေါ်ပြီး ချွဲနေသည်ကိုလည်း တွေ့ရသည်။ မြန်မာစကားကိုတော့ ကောင်းစွာ မပြောတတ်ပေ။ ၎င်း၏ရည်မှန်းချက်ကို မေးမြန်းသည့်အခါတွင် ”ကျောင်းတက်ချင်တယ်”ဟုသာ တခွန်းတည်းဆိုသည်။

”ကျွန်မတို့ဆီ စရောက်တုန်းက တကိုယ်လုံးဖောရောင်ပြီး ဗိုက်ကတင်းပြီး ဖောင်းနေတယ်။ အသားတွေလည်း ဝါနေတယ်။ ရောက်ခါစက တနေ့ကို ၄ ကြိမ် လောက်တက်တာ။ သူ့ကိုတော်တော် ဂရုစိုက်ရတယ်။ သူ့ကို ဦးနှောက်နဲ့ပတ်သက်တဲ့ဆေးတွေ၊ အသည်းနဲ့ပတ်သက်တဲ့ဆေးတွေတိုက်ရတယ်။ တကိုယ်ရေ သန့်ရှင်းရေးနဲ့ ပေါင်းသင်းဆက်ဆံရေးတွေပါ သင်ပေးရတယ်။ အခုဆိုရင် အခြေအနေတော်တော်တိုးတက်နေပြီ”ဟု စောအယ်ဂလူးကို မေတ္တာဖြင့်ကျန်းမာရေး ဆောင်ရွက်ပေးနေသည့် ဘဝသစ်စိတ် ကျန်းမာရေးဆေးရုံ တည်ထောင်သူ ဒေါ်သဇင်မြင့်မောင်က ပြောသည်။

နိုင်ငံအနှံ့အပြားအရက်ဆိုင်များ မှိုလိုပေါက်၍ အလွယ်တကူဝယ်ယူသောက် သုံးနိုင်ချိန်တွင် လူငယ်၊ လူရွယ်များသာမက ကလေးသူငယ်များပါ အရက်စွဲရောဂါ ခံစားနေရသည်ကို ယခုကဲ့သို့ သိရှိရပါ သည်။



ဖိုးသူတော်(www.phothutaw.com)
Credit:News Watch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top