




#Unicode Version#
၁၉.၃.၂၀၁၈ ရက်နေ့ ည ၂၀:၂၅ မိနစ် အချိန် ပဲခူး – ဘုရားကြီး လမ်းမကြီး ပြည်တော်အေး နတ်စင် အနီး တွဲကား နှင့် လားရာတူ မောင်းနှင်လာသော ယာဉ်မောင်း ချစ်ပု နှင့် မယွန်း တို့စီးနှင်လာသော ဆိုင်ကယ် တိုက်မှု ဖြစ်ပွား ခဲ့ပါသည်။

အဆိုပါ ယာဉ်တိုက်မှု ကြောင့် ချစ်ပု နှင့် မယွန်းတို့မှာ နေရာတွင် သေဆုံးသွားကြပါသည်။

ဆိုင်ကယ် အား လားရာတူ မောင်းနှင်လာသော ဆီဘောက်ဆာ ကားမှ တက်ကြိတ်မိရာ ရှေ့ဘီး နှစ်လုံးကြား ဝင်ရောက်ပြီး မီးလောင်မှုဖြစ်ပွားရာ ကားအားမီးဆွဲလောင်သွား၍ ပဲခူးခရိုင်မီးသတ်တပ်ဖွဲ့၊ ပဲခူးမြို့နယ် မီးသတ်တပ်ဖွဲ့ ၊ ဘုရားကြီးမြို့နယ် မီးသတ်တပ်ဖွဲ့တို့အား ချိတ်ဆက်အကြောင်းကြား၍ မီးငြိမ်းရာသို့ ပဲခူးမြို့နှင့်ဘုရားကြီး မီးသတ်တို့နှင့်ဘုရားကြီးလူငယ် အသင်းများမှ ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးကြပါသည်။

သေဆုံးသွားသော death body များအား အခင်းဖြစ်ပွားရာ နေရာမှ ပဲခူးပြည်သူ့ဆေးရုံသို့ သကျနွယ် လူမှုကူညီရေးအသင်း နိဗ္ဗာန်ယာဉ် နှင့် ကလိလူငယ် လူမှုကူညီရေးအသင်း နိဗ္ဗာန်ယာဉ် တို့မှ ပို့ဆောင်ပေးခဲ့ပါသည်

သေဆုံးသူ နှစ်ဦးမှာ ပဲခူး၊ ဇောင်းတူ ကူထောင်ရွာက အကိုဖြစ်သူ ကိုချစ်ကို(ချစ်ပု) ဟာ ညီမဖြစ်သူ ယွန်းယွန်း ကို မိဘရက်လည်အတွက် ပဲခူးစက်ရုံမှာ သွားကြိုပြီးပြန်အလာမှာ ဆီကားက တိုက်မိ မရပ်ဘဲ မောင်းပြေး၊ ဆိုင်ကယ်ချိတ်ပါ ကားမီးထလောင် မှ ကားရပ် ကားဆရာများ ဆင်းပြေးကြတယ် လို့ သိရပါတယ်..

ဖိုးသူတော်(www.phothutaw.com)
Credit:ကိုကုလား (ကလျာဏမိတ္တ နာမှု လူမှုကူညီရေးအသင်း)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top