20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္း႐ုပ္ရွင္သ႐ုပ္ေဆာင္တစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံထားရတဲ့ ထက္ထက္မိုးဦးကေတာ့ အကယ္ဒမီဆုႏွစ္ခုအထိ ရရွိခဲ့တဲ့ ထပ္ဆင့္အကယ္ဒမီဆုရွင္ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ေကာင္းတဲ့ ထက္ထက္က ၁၉၉၆ ခုႏွစ္မွာ “ပန္းသခင္” ဇာတ္ကားနဲ႔ အမ်ိဳးသမီး ဇာတ္ေဆာင္ဆုတစ္ဆု၊ ၂၀၀၁ ခုႏွစ္မွာ “သမီးမိုက္” ႐ုပ္ရွင္ဇာတ္ကားနဲ႔ အမ်ိဳးသမီး ဇာတ္ေဆာင္ဆုတစ္ဆုျဖင့္ အကယ္ဒမီေ႐ႊစင္႐ုပ္တု ႏွစ္ခုကို ဆြတ္ခူးရရွိခဲ့တာ ျဖစ္ပါတယ္။

အခုလို ထပ္ဆင့္အကယ္ဒမီဆုရွင္ တစ္ေယာက္ျဖစ္လာဖို႔ ထက္ထက္ကို ေဘးကေန သင္ျပၿပီး အေထာက္အပံ့ေပးခဲ့သူကေတာ့ ဝါရင့္႐ုပ္ရွင္သ႐ုပ္ေဆာင္ လြင္မိုးပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ထက္ထက္က သူမကို အေသးစိတ္ကအစ ရွင္းျပသင္ၾကားေပးထားတဲ့ လြင္မိုးနဲ႔ ပတ္သတ္ၿပီး ေက်းဇူးတင္စကားဆိုထားပါတယ္။

ထက္ထက္က ” “ပန္းသခင္” ႐ိုက္ေတာ့ ကို “မိုး” က နာက်ည္းစိတ္အေၾကာင္း ေမြးျမဴနည္း ထုတ္ယူသုံးစြဲပုံေတြကို အေသးစိတ္ ရွင္းျပတယ္ သင္တယ္ စိတ္သဘာဝ အဆင့္ဆင့္ သ႐ုပ္ခြဲပုံေတြေပါ့”သမီးမိုက္” လည္း ကို “မိုး” ေက်းဇူးမကင္းပါဘူး ရခဲ့တဲ့ေ႐ႊစင္ၾကယ္႐ုပ္ ႏွစ္ဆုလုံးမွာ ကို “မိုး” အေထာက္ပံ့ေတြ အမ်ားႀကီးပါခဲ့တယ္” ဆိုၿပီး ေျပာျပထားတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ” ရင္ထဲ အပူမီး ဘယ္ေလာက္ ေလာင္ၿမိဳက္ ေလာင္ၿမိဳက္ ဝမ္းနည္း ေၾကကြဲမႈေတြ ဘယ္ေလာက္ပဲ ခံစားေနရပါေစ နာက်ည္းစိတ္ကိုေမြးထားပါ မေပ်ာက္ေစနဲ႔ မေဖ်ာက္နဲ႔ ကား ႐ိုက္တဲ့ခါ အဲ့စိတ္ကိုထည့္သုံးပါ ဇာတ္႐ုပ္တိုင္း သဘာဝက်ေစဖို႔ မီးလွ်ံၾကားက အၿမဲ ၿပဳံးျပႏိုင္ရမယ္လို႔ ကို “မိုး” အၿမဲသတိေပးတယ္” ဆိုၿပီး သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ပီပီ ထက္ထက္ကို ဇာတ္႐ုပ္အတြက္ စနစ္တက် သင္ျပေပးခဲ့ပုံကိုလည္း ျပန္လည္ေျပာျပ ခဲ့ပါတယ္။



လြင္မိုးရဲ႕ဆုံးမလမ္းၫႊန္တဲ့ စကားေတြေၾကာင့္ ထက္ထက္တစ္ေယာက္ အကယ္ဒမီဆုေတြ ရရွိတဲ့အထိ အေကာင္းဆုံးသ႐ုပ္ေဆာင္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ခ်စ္ပရိသတ္ေတြအတြက္ လြင္မိုးနဲ႔ထက္ထက္တို႔ အႏုပညာေမာင္ႏွမႏွစ္ေယာက္ရဲ႕ တစ္ခ်ိန္က လႈပ္ရွားမႈပုံရိပ္ေတြကို လည္း တင္ဆက္ေပးလိုက္ပါတယ္ေနာ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #


မြန်မာနိုင်ငံရဲ့ ထိပ်တန်းရုပ်ရှင်သရုပ်ဆောင်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ထက်ထက်မိုးဦးကတော့ အကယ်ဒမီဆုနှစ်ခုအထိ ရရှိခဲ့တဲ့ ထပ်ဆင့်အကယ်ဒမီဆုရှင် ဖြစ်ပါတယ်။

သရုပ်ဆောင်ကောင်းတဲ့ ထက်ထက်က ၁၉၉၆ ခုနှစ်မှာ “ပန်းသခင်” ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆုတစ်ဆု၊ ၂၀၀၁ ခုနှစ်မှာ “သမီးမိုက်” ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆုတစ်ဆုဖြင့် အကယ်ဒမီရွှေစင်ရုပ်တု နှစ်ခုကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

အခုလို ထပ်ဆင့်အကယ်ဒမီဆုရှင် တစ်ယောက်ဖြစ်လာဖို့ ထက်ထက်ကို ဘေးကနေ သင်ပြပြီး အထောက်အပံ့ပေးခဲ့သူကတော့ ဝါရင့်ရုပ်ရှင်သရုပ်ဆောင် လွင်မိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ထက်ထက်က သူမကို အသေးစိတ်ကအစ ရှင်းပြသင်ကြားပေးထားတဲ့ လွင်မိုးနဲ့ ပတ်သတ်ပြီး ကျေးဇူးတင်စကားဆိုထားပါတယ်။

ထက်ထက်က ” “ပန်းသခင်” ရိုက်တော့ ကို “မိုး” က နာကျည်းစိတ်အကြောင်း မွေးမြူနည်း ထုတ်ယူသုံးစွဲပုံတွေကို အသေးစိတ် ရှင်းပြတယ် သင်တယ် စိတ်သဘာဝ အဆင့်ဆင့် သရုပ်ခွဲပုံတွေပေါ့”သမီးမိုက်” လည်း ကို “မိုး” ကျေးဇူးမကင်းပါဘူး ရခဲ့တဲ့ရွှေစင်ကြယ်ရုပ် နှစ်ဆုလုံးမှာ ကို “မိုး” အထောက်ပံ့တွေ အများကြီးပါခဲ့တယ်” ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ” ရင်ထဲ အပူမီး ဘယ်လောက် လောင်မြိုက် လောင်မြိုက် ဝမ်းနည်း ကြေကွဲမှုတွေ ဘယ်လောက်ပဲ ခံစားနေရပါစေ နာကျည်းစိတ်ကိုမွေးထားပါ မပျောက်စေနဲ့ မဖျောက်နဲ့ ကား ရိုက်တဲ့ခါ အဲ့စိတ်ကိုထည့်သုံးပါ ဇာတ်ရုပ်တိုင်း သဘာဝကျစေဖို့ မီးလျှံကြားက အမြဲ ပြုံးပြနိုင်ရမယ်လို့ ကို “မိုး” အမြဲသတိပေးတယ်” ဆိုပြီး သရုပ်ဆောင်ကောင်းတစ်ယောက်ပီပီ ထက်ထက်ကို ဇာတ်ရုပ်အတွက် စနစ်တကျ သင်ပြပေးခဲ့ပုံကိုလည်း ပြန်လည်ပြောပြ ခဲ့ပါတယ်။

လွင်မိုးရဲ့ဆုံးမလမ်းညွှန်တဲ့ စကားတွေကြောင့် ထက်ထက်တစ်ယောက် အကယ်ဒမီဆုတွေ ရရှိတဲ့အထိ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် လွင်မိုးနဲ့ထက်ထက်တို့ အနုပညာမောင်နှမနှစ်ယောက်ရဲ့ တစ်ချိန်က လှုပ်ရှားမှုပုံရိပ်တွေကို လည်း တင်ဆက်ပေးလိုက်ပါတယ်နော်။


ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top