11-beta-MNTDC အမည္ရ အမ်ိဳးသားသံုး သေႏၶတားေဆးကို သိပၸံပညာရွင္မ်ားက စမ္းသပ္ေနၾကပါတယ္။ သူဟာ ထိေရာက္မႈ ရိွသလား ၊ ေဘးထြက္ ဆိုးက်ိဳး ရွိသလား ဆိုတာကို အေမရိကန္မွ သိပၸံပညာရွင္မ်ားက ေလ့လာစမ္းစစ္ ေနပါတယ္။ အခုေတာ့ အမ်ိဳးသား ၄၀ ဦးနဲ႔ စမ္းသပ္ခဲ့လိုက္ရာမွာ ရလဒ္မ်ားက ေကာင္းမြန္ခဲ့ပါတယ္။ သူဟာ ေဘးထြက္ ဆိုးက်ိဳး သိပ္မရွိဘဲ သုတ္ပိုးမ်ားကို ေလ်ာ့နည္းသြားေစတယ္လို႔ ပညာရွင္မ်ားက ေျပာပါတယ္။

အမ်ိဳးသား ၄၀ ထဲက ၃၀ ကို ၂၈ ရက္ၾကာ ေဆးတိုက္ခဲ့ၾကပါတယ္။ က်န္တဲ့ ၁၀ ေယာက္ကို ေဆးမတိုက္ဘဲ စမ္းသပ္ခဲ့ ၾကတာ ျဖစ္ပါတယ္။ ေဆးေသာက္သူမ်ားဟာ LH နဲ႔ FSH ေဟာ္မုန္းမ်ား နည္းပါးသြားတာကို ျမင္ရပါတယ္။ အဲဒီ ေဟာ္မုန္းမ်ားဟာ သုတ္ ထုတ္လုပ္မႈအတြက္ အဓိက လိုအပ္တဲ့ ေဟာ္မုန္းမ်ား ျဖစ္ပါတယ္။ ေဘးထြက္ ဆိုးက်ိဳးကလည္း နည္းပါးၿပီး လူအနည္းငယ္ကသာ ေမာပန္းျခင္း၊ ေခါင္းမူးျခင္း၊ ယားယံျခင္းမ်ား ျဖစ္တယ္လို႔ သိရပါတယ္။

ဒါဟာ စမ္းသပ္မႈ အဆင့္ ၁ ျဖစ္ၿပီး အဆင့္ ၂ ကို ပညာရွင္မ်ားက ဆက္လက္ စမ္းသပ္ၾကမွာ ျဖစ္ပါတယ္။ လက္ရွိမွာ ဒီေဆးဟာ သေႏၶတားဖို႔အတြက္ ရာႏႈန္းျပည့္ စိတ္မခ်ရေသးပါဘူး။ အဲဒီအတြက္ ဆက္လက္ ဖန္တီးၾကရဦးမွာ ျဖစ္ပါတယ္။

Los Angeles Biomedical Research Institute (LA BioMed) မွ အမ်ိဳးသား မ်ိဳးပြားမႈ ဇီ၀ပညာရွင္ Christina Wang က “ ဒီေဆးက လိင္စိတ္ဆႏၵ မက်ဆင္းေစဘဲ သုတ္ပိုးထုတ္လုပ္မႈကို ေလွ်ာ့ခ်ေပးပါတယ္။ ဒီလို ျပဳလုပ္ဖို႔ အတြက္ ေဟာ္မုန္း ၂ ခုကို ၁ ခုအျဖစ္ ေပါင္းလိုက္တာ ျဖစ္ပါတယ္။ “ လို႔ ရွင္းျပပါတယ္။ စြမ္းရည္ျပည့္တဲ့ အမ်ိဳးသား သေႏၶတားေဆးကို ေနာက္ ၁၀ ႏွစ္ေလာက္မွ ေစ်းကြက္ထဲေရာက္ႏုိင္မယ္လို႔ ပညာရွင္မ်ားက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:myanmarmobileapp.org

#Unicode Version# ျဖင့္ဖတ္ပါ ။

11-beta-MNTDC အမည်ရ အမျိုးသားသုံး သန္ဓေတားဆေးကို သိပ္ပံပညာရှင်များက စမ်းသပ်နေကြပါတယ်။ သူဟာ ထိရောက်မှု ရှိသလား ၊ ဘေးထွက် ဆိုးကျိုး ရှိသလား ဆိုတာကို အမေရိကန်မှ သိပ္ပံပညာရှင်များက လေ့လာစမ်းစစ် နေပါတယ်။ အခုတော့ အမျိုးသား ၄၀ ဦးနဲ့ စမ်းသပ်ခဲ့လိုက်ရာမှာ ရလဒ်များက ကောင်းမွန်ခဲ့ပါတယ်။ သူဟာ ဘေးထွက် ဆိုးကျိုး သိပ်မရှိဘဲ သုတ်ပိုးများကို လျော့နည်းသွားစေတယ်လို့ ပညာရှင်များက ပြောပါတယ်။

အမျိုးသား ၄၀ ထဲက ၃၀ ကို ၂၈ ရက်ကြာ ဆေးတိုက်ခဲ့ကြပါတယ်။ ကျန်တဲ့ ၁၀ ယောက်ကို ဆေးမတိုက်ဘဲ စမ်းသပ်ခဲ့ ကြတာ ဖြစ်ပါတယ်။ ဆေးသောက်သူများဟာ LH နဲ့ FSH ဟော်မုန်းများ နည်းပါးသွားတာကို မြင်ရပါတယ်။ အဲဒီ ဟော်မုန်းများဟာ သုတ် ထုတ်လုပ်မှုအတွက် အဓိက လိုအပ်တဲ့ ဟော်မုန်းများ ဖြစ်ပါတယ်။ ဘေးထွက် ဆိုးကျိုးကလည်း နည်းပါးပြီး လူအနည်းငယ်ကသာ မောပန်းခြင်း၊ ခေါင်းမူးခြင်း၊ ယားယံခြင်းများ ဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာ စမ်းသပ်မှု အဆင့် ၁ ဖြစ်ပြီး အဆင့် ၂ ကို ပညာရှင်များက ဆက်လက် စမ်းသပ်ကြမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒီဆေးဟာ သန္ဓေတားဖို့အတွက် ရာနှုန်းပြည့် စိတ်မချရသေးပါဘူး။ အဲဒီအတွက် ဆက်လက် ဖန်တီးကြရဦးမှာ ဖြစ်ပါတယ်။

Los Angeles Biomedical Research Institute (LA BioMed) မှ အမျိုးသား မျိုးပွားမှု ဇီဝပညာရှင် Christina Wang က “ ဒီဆေးက လိင်စိတ်ဆန္ဒ မကျဆင်းစေဘဲ သုတ်ပိုးထုတ်လုပ်မှုကို လျှော့ချပေးပါတယ်။ ဒီလို ပြုလုပ်ဖို့ အတွက် ဟော်မုန်း ၂ ခုကို ၁ ခုအဖြစ် ပေါင်းလိုက်တာ ဖြစ်ပါတယ်။ “ လို့ ရှင်းပြပါတယ်။ စွမ်းရည်ပြည့်တဲ့ အမျိုးသား သန္ဓေတားဆေးကို နောက် ၁၀ နှစ်လောက်မှ ဈေးကွက်ထဲရောက်နိုင်မယ်လို့ ပညာရှင်များက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:myanmarmobileapp.org
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top