iMyanmarHouse.com - Best Property Website for Myanmar
×

မႏၲေလးၿမိဳ႕ရဲ႕ အထင္ကရေနရာ တစ္ခုျဖစ္လာမဲ့ ၆၆လမ္းက်ံဳးေဘးပလက္ေဖာင္း။

ပုဏၰရိပ္ပင္ေတြစိုက္တာ ၁၉လမ္းအထိၿပီးပါၿပီ။ အျဖဴ၊ အ၀ါ၊ ပန္းေရာင္နဲ႔ အနီပါ။၄တန္းခပ္စိပ္စိပ္စိုက္ထားတာမို႔ အပင္နဲနဲပိုျမင့္လာရင္ အရမ္းလွမွာပါ။Flower box မွာစိုက္မဲ့ ငု၊ သေျပဘူတနဲ႔စိန္ပန္းပင္ ၃-၄လက္မ လံုးပတ္ ၁၅ေပအျမင့္ အပင္ေတြ ထိုင္းႏိုင္ငံကေန သယ္ယူလာေနပါၿပီ။

၂ေယာက္ထိုင္ထိုင္ခံုေတြလည္းခ်ထားေပးထားပါတယ္။လူႀကီးေတြ အနားယူႏိုင္တာေပါ့။ျပည္သူေတြစည္းကမ္းရွိဖို႔ပဲ လိုပါတယ္။အရင္ကထက္စာရင္ ၿမိဳ႕သူၿမိဳ႕သားေတြ စည္းကမ္းပိုလိုက္နာလာတာေတြ႕ရပါတယ္။ ရည္ရြယ္ခ်က္ရွိရွိနဲ႔ဖ်က္စီးတဲ့ လူတစ္စုကလြဲရင္ေပါ့။

cctv ေတြတပ္ဆင္ထားၿပီး စည္ပင္ control room ကေနေစာင့္ၾကည့္ဖို႔စီစဥ္ေနပါတယ္။ စည္ပင္ရဲနဲ႔လည္း စည္းကမ္းထိန္းမွာပါ။ေလၽွာက္လမ္းအတြက္မီးတိုင္ေတြ လာမဲ့တပတ္မွာေရာက္ပါမယ္။

သႀကၤန္မတိုင္ခင္ၿပီးမွာပါ။ အကာအရံေတြေတာ့ သႀကၤန္ၿပီးမွပဲ ျဖဳတ္ပါမယ္။သစ္ပင္ေတြကိုလည္း အျမန္ၾကီးျပီး အရိပ္ရေစဖို႔ ခုလို စိုက္ပ်ိဳးပါတယ္. . .

ဒီေနရာကေနစျပီး တစ္ျမိဳ႕လံုးလွပေစဖို႔ ဆက္လက္ေဆာင္ရြက္သြားမွာျဖစ္ျပီး တစ္ျမိဳ႕လံုး အဆင့္ကေန အျခားျမိဳ႕ေတြအထိ တစ္ဆင့္ခ်င္း တက္လွမ္းသြားမယ္ဆိုရင္ တစ္ခ်ိန္မွာ တစ္ႏိုင္ငံလံုး လွပလာမွာ ျဖစ္ပါတယ္

ခုလိုမ်ိဳး လွပ ေခတ္မီလာေစဖို႔ ျမိဳ႕သူမ်ိဳ႕သားေတြကလည္း ပါ၀င္လွဴဒါန္းၾကပါတယ္. . .ဒီလိုနဲ႔ တျဖည္းျဖည္း ႏိုင္ငံတကာအဆင့္ကို မီတဲ႔ ျမိဳ႕ၾကီးတစ္ျမိဳ႕ ျဖစ္လာဖို႔ အားလံုး၀ိုင္း၀န္းကူညီျပီး မပ်က္စီးေအာင္ ထိန္းသိမ္းေစာင့္ေရွာက္ၾကပါစို႔

အလွဴရွင္ကို ၿမိဳ႕ေတာ္ကိုယ္စားေက်းဇူး အထူးတင္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Ye Lwin
#Unicode Version#
မန္တလေးမြို့ရဲ့ အထင်ကရနေရာ တစ်ခုဖြစ်လာမဲ့ ၆၆လမ်းကျုံးဘေးပလက်ဖောင်း။

ပုဏ္ဏရိပ်ပင်တွေစိုက်တာ ၁၉လမ်းအထိပြီးပါပြီ။ အဖြူ၊ အဝါ၊ ပန်းရောင်နဲ့ အနီပါ။၄တန်းခပ်စိပ်စိပ်စိုက်ထားတာမို့ အပင်နဲနဲပိုမြင့်လာရင် အရမ်းလှမှာပါ။Flower box မှာစိုက်မဲ့ ငု၊ သပြေဘူတနဲ့စိန်ပန်းပင် ၃-၄လက်မ လုံးပတ် ၁၅ပေအမြင့် အပင်တွေ ထိုင်းနိုင်ငံကနေ သယ်ယူလာနေပါပြီ။

၂ယောက်ထိုင်ထိုင်ခုံတွေလည်းချထားပေးထားပါတယ်။လူကြီးတွေ အနားယူနိုင်တာပေါ့။ပြည်သူတွေစည်းကမ်းရှိဖို့ပဲ လိုပါတယ်။အရင်ကထက်စာရင် မြို့သူမြို့သားတွေ စည်းကမ်းပိုလိုက်နာလာတာတွေ့ရပါတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ဖျက်စီးတဲ့ လူတစ်စုကလွဲရင်ပေါ့။

cctv တွေတပ်ဆင်ထားပြီး စည်ပင် control room ကနေစောင့်ကြည့်ဖို့စီစဉ်နေပါတယ်။ စည်ပင်ရဲနဲ့လည်း စည်းကမ်းထိန်းမှာပါ။လျှောက်လမ်းအတွက်မီးတိုင်တွေ လာမဲ့တပတ်မှာရောက်ပါမယ်။

သြင်္ကန်မတိုင်ခင်ပြီးမှာပါ။ အကာအရံတွေတော့ သြင်္ကန်ပြီးမှပဲ ဖြုတ်ပါမယ်။သစ်ပင်တွေကိုလည်း အမြန်ကြီးပြီး အရိပ်ရစေဖို့ ခုလို စိုက်ပျိုးပါတယ်. . .

ဒီနေရာကနေစပြီး တစ်မြို့လုံးလှပစေဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး တစ်မြို့လုံး အဆင့်ကနေ အခြားမြို့တွေအထိ တစ်ဆင့်ချင်း တက်လှမ်းသွားမယ်ဆိုရင် တစ်ချိန်မှာ တစ်နိုင်ငံလုံး လှပလာမှာ ဖြစ်ပါတယ်

ခုလိုမျိုး လှပ ခေတ်မီလာစေဖို့ မြို့သူမျို့သားတွေကလည်း ပါဝင်လှူဒါန်းကြပါတယ်. . .ဒီလိုနဲ့ တဖြည်းဖြည်း နိုင်ငံတကာအဆင့်ကို မီတဲ့ မြို့ကြီးတစ်မြို့ ဖြစ်လာဖို့ အားလုံးဝိုင်းဝန်းကူညီပြီး မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ကြပါစို့

အလှူရှင်ကို မြို့တော်ကိုယ်စားကျေးဇူး အထူးတင်ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Ye Lwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top