20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

 ေငြအေၾကြ ၁၅၀ ရဲ႕ တန္ဖုိး

“ေကာင္ေလး __. ၾကက္ဥ ဘယ္လို ေရာင္းလဲ”
“၁လံုး ၁၅၀ ပါ”
“၅လံုး ၆၀၀ ထားလိုက္။”
“ဟာ.. မလုပ္ပါနဲ႔ အန္တီရယ္။ ကၽြန္ေတာ့္ အရင္းနား ေရာက္ေနၿပီ”
“အို __ ၆၀၀ ထားရင္ ယူမယ္။ မထားရင္ မယူဘူး။ သြားမယ္”
“ေန ေနပါဦး… ယူသြားပါဗ်ာ။ ေစ်းဦးေပါက္မို႔ ေရာင္းလိုက္ပါ့မယ္။”

ေကာင္ေလး ထုပ္ေပးတဲ့ ၾကက္ဥ ၅ လုံးကို ယူ.. ၅၀၀ ရာတန္ ၁ ရြက္နဲ႔၊ ၁၀၀ တန္ ၁ ရြက္ ။ ဖတ္ကနဲ ပစ္ေပးၿပီး အေဒၚႀကီး ေခါင္းေမာ့လို႔ ေအာင္ႏိုင္သူဟန္အျပည့္နဲ႔ ေစ်းထဲ ဆက္ဝင္သြားပါတယ္။

ညေန အေဒၚႀကီးဟာ သူ႔ေယာက္်ားနဲ႔ ၿမိဳ႕ထဲက စားေသာက္ဆိုင္ေကာင္းတစ္ခုမွာ ထြက္စားၾကတယ္။ ျဖစ္ခ်င္ေတာ့ ၾကက္ဥသည္ေကာင္ေလးဟာ ဒီ စားေသာက္ဆိုင္မွာ အခ်ိန္ပိုင္းစားပြဲထိုး ဝင္လုပ္ေနတဲ့အခ်ိန္…  အေဒၚႀကီးကို ျမင္ေတာ့ ခ်က္ခ်င္းမွတ္မိသြားတယ္။

ဒီလိုနဲ႔ အေဒၚႀကီးတို႔ဝိုင္း ေငြရွင္းေတာ့ စားပြဲထိုး ေကာင္ေလးဟာ ေဘလ္စာရြက္ကို ယူလာေပးတယ္။ ဒီမွာ အေဒၚႀကီးက ျပန္အမ္းေငြ ၁၅၀ ကို ယူလိုက္ဖို႔ ေျပာၿပီး အတင္းေပးရင္း ေခါင္းေမာ့လို႔ ဆိုင္ထဲက ထြက္သြားပါတယ္။

စားပြဲထိုး ေကာင္ေလးအတြက္ ေလာကႀကီးဟာ တကယ္ နားလည္ရခက္သြားခဲ့တယ္။

“ေငြ ၁၅၀…?”

“မနက္က လံုးဝ ေပးဖို႔ ဆႏၵ မရွိဘူး။ ညေနက်ေတာ့လည္း အတင္းေပးသြားတယ္။ ဘာေတြလဲကြာ… နားမလည္ေတာ့ဘူး”

ဒီ့ထက္ ပိုနားမလည္ႏိုင္တာက သူ႔ရဲ႕စိတ္။

“ေငြ ၁၅၀ ခ်င္းတူတူ… မနက္က မရလိုက္တဲ့ ၁၅၀ ကို တသသ ျဖစ္ေနသေလာက္ ခု ၁၅၀ ကို ငါဘာလို႔ မမက္တာပါလိမ့္” လို႔ ေကာင္ေလး ေတြးမိေနပါေတာ့တယ္။

(ဘာသာျပန္)

{{{တကယ္တမ္းက်ေတာ့ တခ်ိဳ ႔လူေတြဟာ မရွိဆင္းရဲသား ​ေစ်းသည္ဆီက မတရားဆစ္ျပီး လူခ်မ္းသာေစ်းသည္ဆီမွာ ေငြျဖဳန္းတတ္ၾကတယ္။ က်ြန္ေတာ္တို႔အားလံုး မ်က္နွာျကီးရာ
ဟင္းဖတ္ပါလူမ်ိဳးမ်ား မျဖစ္ၾကပါေစနဲ႔။}}

မူရင္​း​ေရးသူ မသိလို႔ ​ေဖာ္​မျပျခင္​းပါ။ ေရးသူအား ​ေလးစားမိ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Writer

#Unicode Version# ျဖင့္ဖတ္ပါ ။

ငွေအကြွေ ၁၅၀ ရဲ့ တန်ဖိုး

“ကောင်လေး __. ကြက်ဥ ဘယ်လို ရောင်းလဲ”
“၁လုံး ၁၅၀ ပါ”
“၅လုံး ၆၀၀ ထားလိုက်။”
“ဟာ.. မလုပ်ပါနဲ့ အန်တီရယ်။ ကျွန်တော့် အရင်းနား ရောက်နေပြီ”
“အို __ ၆၀၀ ထားရင် ယူမယ်။ မထားရင် မယူဘူး။ သွားမယ်”
“နေ နေပါဦး… ယူသွားပါဗျာ။ ဈေးဦးပေါက်မို့ ရောင်းလိုက်ပါ့မယ်။”

ကောင်လေး ထုပ်ပေးတဲ့ ကြက်ဥ ၅ လုံးကို ယူ.. ၅၀၀ ရာတန် ၁ ရွက်နဲ့၊ ၁၀၀ တန် ၁ ရွက် ။ ဖတ်ကနဲ ပစ်ပေးပြီး အဒေါ်ကြီး ခေါင်းမော့လို့ အောင်နိုင်သူဟန်အပြည့်နဲ့ ဈေးထဲ ဆက်ဝင်သွားပါတယ်။

ညနေ အဒေါ်ကြီးဟာ သူ့ယောက်ျားနဲ့ မြို့ထဲက စားသောက်ဆိုင်ကောင်းတစ်ခုမှာ ထွက်စားကြတယ်။ ဖြစ်ချင်တော့ ကြက်ဥသည်ကောင်လေးဟာ ဒီ စားသောက်ဆိုင်မှာ အချိန်ပိုင်းစားပွဲထိုး ဝင်လုပ်နေတဲ့အချိန်…  အဒေါ်ကြီးကို မြင်တော့ ချက်ချင်းမှတ်မိသွားတယ်။

ဒီလိုနဲ့ အဒေါ်ကြီးတို့ဝိုင်း ငွေရှင်းတော့ စားပွဲထိုး ကောင်လေးဟာ ဘေလ်စာရွက်ကို ယူလာပေးတယ်။ ဒီမှာ အဒေါ်ကြီးက ပြန်အမ်းငွေ ၁၅၀ ကို ယူလိုက်ဖို့ ပြောပြီး အတင်းပေးရင်း ခေါင်းမော့လို့ ဆိုင်ထဲက ထွက်သွားပါတယ်။

စားပွဲထိုး ကောင်လေးအတွက် လောကကြီးဟာ တကယ် နားလည်ရခက်သွားခဲ့တယ်။

“ငွေ ၁၅၀…?”

“မနက်က လုံးဝ ပေးဖို့ ဆန္ဒ မရှိဘူး။ ညနေကျတော့လည်း အတင်းပေးသွားတယ်။ ဘာတွေလဲကွာ… နားမလည်တော့ဘူး”

ဒီ့ထက် ပိုနားမလည်နိုင်တာက သူ့ရဲ့စိတ်။

“ငွေ ၁၅၀ ချင်းတူတူ… မနက်က မရလိုက်တဲ့ ၁၅၀ ကို တသသ ဖြစ်နေသလောက် ခု ၁၅၀ ကို ငါဘာလို့ မမက်တာပါလိမ့်” လို့ ကောင်လေး တွေးမိနေပါတော့တယ်။

(ဘာသာပြန်)

{{{တကယ်တမ်းကျတော့ တချို့လူတွေဟာ မရှိဆင်းရဲသား ဈေးသည်ဆီက မတရားဆစ်ပြီး လူချမ်းသာဈေးသည်ဆီမှာ ငွေဖြုန်းတတ်ကြတယ်။ ကျွန်တော်တို့အားလုံး မျက်နှာကြီးရာ
ဟင်းဖတ်ပါလူမျိုးများ မဖြစ်ကြပါစေနဲ့။}}

မူရင်းရေးသူ မသိလို့ ဖော်မပြခြင်းပါ။ ရေးသူအား လေးစားမိ။

ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top