20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ကားတစ္​စီးဝယ္​​ေတာ့မယ္​ဆိုရင္​ ဘာ​ေတြ ၾကည့္ရမလဲ။

မကြၽမ္​းက်င္​​ေသးတဲ့သူ​ေတြ အတြက္္​ အ​ေျခခံ​ေလး​ေတြပါ။ ကားနားလည္​တဲ့သူကိုလည္​း​ ေခၚသြားရင္​း ကိုယ္​လည္​း ဒါ​ေလး​ေတြစစ္​ၾကည္​့ပါ။ကားမွာအ​ေရးအႀကီးဆံုးက အရႈပ္​အရွင္​းကင္​းၿပီး လိုင္​စင္​ပါတဲ့ကားျဖစ္​ဖို႔ပါ။

အုံနာဘုတ္​ ဝွီးတပ္​ မွန္​ / မမွန္​

ခ်က္​စီ (Chassis) ​ေဘာင္​ နွင္​့ မိန္​းပလိတ္​ျပား ျဖတ္​ဆက္​လုပ္​ထားလား ဆိုတာ ​ေသခ်ာ​ေအာင္္​ ကညနရံုးမွာ ကားမဝယ္​ခင္​ သြားစစ္​ပါ။ မွတ္​ပံုတင္​ျပၿပီး တရားဝင္​စစ္​တာ ​ေငြငါး​ေထာင္​​ေပးရပါတယ္​။ ကားမွာ အလိမ္​​ေတြပါရင္​​ေတာ့ ကားသိမ္​းခံရၿပီး လူပါအမႈျဖစ္​မွာပါ။

ဒါက​ေတာ့ ကားကိုၾကည္​့ၿပီး အားလံုးႀကိဳက္​လို႔ ​ေစ်းပါတည္​့ၿပီးမွ final အ​ေနနွင္​့ လုပ္​ရမွာပါ။ကားတစ္​စီးဝယ္​ဖို႔ သြားၾကည္​့ရင္​္

၁။ အင္​ဂ်င္​ခန္​း ၾကည္​့မယ္​ ။ကားရဲ႕အရိုးအစစ္​လို႔​ေခၚတဲ့ အဓိက တန္​း​ေတြ Frame ​ေတြၾကည္​့ပါမယ္​။

ေရတိုင္​ကီတန္​း​ေတြ ေဘး​ေဘာင္​​ေတြ ​ေရွာ႔ဘား​ေဘာင္​​ေတြ ​ေသသပ္​ရမယ္​။အင္​ဂ်င္​ ဂီယာ​ေဘာက္​စ္​္ အားလံုးၾကည္​့​ေကာင္​း​ ေနရမယ္​။အင္​ဂ်င္​ခန္​းက​ ေအာ္​​ေဆးျဖစ္​ရမယ္​။Original Spot​ ေတြ ခ်ိတ္​​ေတြျဖစ္​ရမယ္​ ။ေဘာနပ္​​ေအာက္​က ​ခ်ိတ္​​ေတြြ​ ​ေဆး​ေတြ မွန္​​ရမယ္​။(Original ဟုတ္​မဟုတ္​သိရန္​ နားလည္​တဲ့သူလိုပါသည္​)

၂။ စက္​နႈိးမယ္​ ။ AC ဖြင္​့မယ္​။အင္​ဂ်င္​သံနား​ေထာင္​မည္​။ အသံ​ေကာင္​းလား ၿငိမ္​လား။ လီဗာ​ေျဖး​ေျဖးနင္​းၾကည္​့မယ္​ RPM တက္​တာမွန္​လား။AC ​ေအးလားၾကည္​့မယ္​ ။ပါဝင္​တဲ့ စနစ္​​ေတြအလုပ္​လုပ္​လား စမ္​းမယ္​္( ဥပမာ Auto Swing )အင္​ဂ်င္​ဝိုင္​တိုင္​းတဲ့အတံကို ဆြဲၾကည္​့မယ္​။အင္​ဂ်င္​ဝို္​င္​ထည္​့တဲ့အဖံုး ဖြင္​့ၾကည္​့မယ္​။ အင္​ဂ်င္​ဝိုင္​ ဂ်ိဳး​ေတြရွိ​ေနမယ္​ဆို အင္​ဂ်င္​ cleaning လုပ္​ရမွာ။

၃။ ကားတစ္​စီးလံုး ပတ္​လည္​ ​ေအာ္​​ေဆးလား လိုက္​ၾကည္​့မယ္​။ တံခါး​ေတြဖြင္​့ၿပီး တံခါး​ေဘာင္​​ေတြ အခ်ိဳးေတြ အ႐ိုးအစစ္​​ေတြ သပ္​ရပ္​လား ၾကည္​့မယ္​။ ​ေအာ္​​ေဆးလားသိဖို႔က ခက္​ပါသည္​။ သို႔​ေသာ္​ ​ေဆးသားအ​ေရာင္​လြဲတာ မညီတာ ​လိႈင္​း​ေ​တြလိုမ်ိဳး ျဖစ္​​ေနတာ ​အရိုးအစစ္​ ​ေတြမညီတာ​ေတြက ​ေသခ်ာၾကည္​့ရင္​ ျမင္​ရပါသည္​။ ကားတစ္​စီးလံုးမွာ ခ်ိတ္​​ေတြ spot ​ေတြရွိပါတယ္​။ အဲဒါ​ေတြက ထိခိုက္​မိရင္​ ​ေအာ္​အတိုင္​း ျပန္​လုပ္​ဖို႔မလြယ္​ပါဘူး။ တစ္​ခုခုကို သံသယရွိတယ္​ဆိုရင္​

ဘယ္​ဘက္​နဲ႔ညာဘက္​ တစ္​ဖက္​နဲ႔တစ္​ဖက္​ ္တူလားၾကည္​့ပါ။ ​တံခါး​ေတြေဆးျပန္​မႈတ္​ထားတယ္​ထင္​ရင္​ ​ေခါက္​ၾကည္​့ပါ။ သံျပားအသံလား ပတ္​တီး အသံလား နား​ေထာင္​ပါ။

၄။ ​ေနာက္​ဖံုးဖြင္​့မယ္​။ ခ်ိတ္​​ေတြမွန္​ရမယ္​။ အတြင္းခန္​း​​ ေအာ္​ေဆးျဖစ္​ရမယ္​။

၅။ ​ေအာက္​ပိုင္​းၾကည္​့မယ္​။ သံ​ေခ်းအ​ေဆြးရွိလား။ဖရိန္​​ေတြ​တန္​း​ေတြ ၾကည္​့​ေကာင္​းလား။ ​ကိြဳင္​စပရိန္​​ေတြ ေရွာ႔ဘား​ေတြၾကည္​့မယ္​။

၆။ မီးလံုး​ေတြ original အမွန္​​ေတြလား။ မွန္​​ေတြလိုက္​စစ္​မယ္​ ။ ​ေအာ္​မွန္​​ေတြလား ။ ျပန္​ထည္​့လား။ မွန္​တံဆိပ္​​ေတြ ျပန္​ရိုက္​ထားတဲ့ဟာ​ေတြလား။ မွန္​​ေဘးလိုင္​နာ​ေတြ ​ေသသပ္​လား။ မွန္​အကြဲ အက္​ရာရွိလား။

၇။ အတြင္​းခန္​းၾကည္​့မယ္​။ စီလင္​ ဒက္​ရွ္​ဘုတ္​ ထိုင္​္ခံု ​ေဘးကာဗာ​ေတြ အ​ေျခအ​ေန။ စတီရာရင္​ ဂီယာ အမွန္​လား။ ကားမွာပါတာ​ေတြ အကုန္​စစ္​ ( TV ထိုင္​ခုံ​ေမာ္​တာ seat-heater seat-memory TRC ECO )

၈။ Original Alloy လား။ ျပန္​ထည္​့လား။တာယာ​ေတြ​ေကာင္​း​ေသးလား။ လဲရ​ေတာ့မလား။

၉။ Model Year ကို internet မွာစစ္​ပါ။

ကား color code ကိုမွန္​လား google မွာရွာၿပီးစစ္​ပါ။

( တစ္​စီးလံုး အ​ေရာင္​​ေျပာင္​း​ေတြရွိတတ္​လို႔ )ေျပာထားတဲ့ ကား Grade ျပည္​့လား။

Grade change ထားလား။( ဥပမာ Wish 2003 XS ဆိုၿပီး အ​ေနာက္​ဘရိတ္​က Drum ျဖစ္​​ေနတာမ်ိဳး )

၁၀။ ခြင္​့ျပဳတယ္​ဆို ကားစမ္​း​ေမာင္​းၾကည္္​့မယ္​။ AC ဖြင္​့ထားမယ္​။ အင္​ဂ်င္​အသံ ​ေအာက္​ပိုင္​းအသံ နား​ေထာင္​မယ္​။ ခ်ိဳင္​့အ​ေသး​ေလး​ေတြက်ရင္​ ဘယ္​လိုလဲ။​ ​​ေရွာ႔ဘား​ေတြ ဘြတ္​​ေတြ​ေကာင္​းလား။ ဘရိတ္​​ေကာင္​းလား စမ္​းမယ္​။ ​ေမာ္​ဒယ္​ျမင္​့ကားဆို ကိုယ္​့အသိ workshop မွာ computer ထိုးစစ္​မယ္​ ( ဥပမာ Honda Civic hybrid မွာ IMA error လိုမ်ိဳးရွိမွာ​ေၾကာက္​ရင္​ )

🇲🇲 ကားမ်ားသည္​ brand new ကားမ်ားမဟုတ္​လို႔ိ အနည္​းအမ်ား ျပစ္​ခ်က္​ရွိမွာပါ။ ​ေစ်း​ေပၚမူတည္​ၿပီး ဝယ္​သင္​့ မဝယ္​သင္​့ဆံုးျဖတ္​ပါ။ အခ်ိဳ႕လူမ်ားသည္​ ကားအားလံုး​ေကာင္​း​ၿပီး​ ေစ်းတန္​ေသာ္​လည္​း ဘန္​ဘာ တြင္​​အဆင္​းရာမ်ားရွိ၍ မႀကိဳက္​ဟု​ေျပာသည္​။ ထို႔​ေနာက္​ အ​ေရွ႕​ေရာ အ​ေနာက္​ပါ တိုက္​ထားၿပီး ​ေဆး body ျပန္​လုပ္​ထား​ေသာကားကို စင္​းလံုး​ေခ်ာထင္​၍ ဝယ္​သြားသည္​ကို ၾကားဖူးသည္​။

kilo 120000 ကားကို ကီလိုမ်ားသည္​ဟု kilo 180000 ကို ကီလို 70000 ​ေျပာင္​းထား​ေသာ ကားကိုဝယ္​သည္​။ ကီလိုအနည္​းအမ်ား အ​ေရးႀကီး​ ေသာ္​လည္​း အင္​ဂ်င္​ ဂီယာ​ေဘာက္​စ္​ ​ေအာက္​ပိုင္​း ပို​ေကာင္​းတဲ့ကားကို ယူရပါမည္​။ကီလိုနည္​းၿပီး ကား​ေကာင္​းရင္​​ေတာ့ အေကာင္းဆံုး​ ေပါ့။

🇲🇲 သိသ​ေလာက္​ မွတ္​သ​ေလာက္​္ ​​ေလး​ေတြတင္​​ေပးလိုက္​ပါသည္​။ က်န္​ခဲ့တာ​ေတြလည္​းရွိမွာပါ​။

ကားဝယ္​သူတိုင္​း ကား​ေကာင္​းရၾကပါ​ေစ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ကားခ်စ္သူူ
Yan Naing
#Unicode Version#
 ကားတစ်စီးဝယ်တော့မယ်ဆိုရင် ဘာတွေ ကြည့်ရမလဲ။

မကျွမ်းကျင်သေးတဲ့သူတွေ အတွက် အခြေခံလေးတွေပါ။ ကားနားလည်တဲ့သူကိုလည်း ခေါ်သွားရင်း ကိုယ်လည်း ဒါလေးတွေစစ်ကြည့်ပါ။ကားမှာအရေးအကြီးဆုံးက အရှုပ်အရှင်းကင်းပြီး လိုင်စင်ပါတဲ့ကားဖြစ်ဖို့ပါ။

အုံနာဘုတ် ဝှီးတပ် မှန် / မမှန်

ချက်စီ (Chassis) ဘောင် နှင့် မိန်းပလိတ်ပြား ဖြတ်ဆက်လုပ်ထားလား ဆိုတာ သေချာအောင် ကညနရုံးမှာ ကားမဝယ်ခင် သွားစစ်ပါ။ မှတ်ပုံတင်ပြပြီး တရားဝင်စစ်တာ ငွေငါးထောင်ပေးရပါတယ်။ ကားမှာ အလိမ်တွေပါရင်တော့ ကားသိမ်းခံရပြီး လူပါအမှုဖြစ်မှာပါ။

ဒါကတော့ ကားကိုကြည့်ပြီး အားလုံးကြိုက်လို့ ဈေးပါတည့်ပြီးမှ final အနေနှင့် လုပ်ရမှာပါ။ကားတစ်စီးဝယ်ဖို့ သွားကြည့်ရင်

၁။ အင်ဂျင်ခန်း ကြည့်မယ် ။ကားရဲ့အရိုးအစစ်လို့ခေါ်တဲ့ အဓိက တန်းတွေ Frame တွေကြည့်ပါမယ်။

ရေတိုင်ကီတန်းတွေ ဘေးဘောင်တွေ ရှော့ဘားဘောင်တွေ သေသပ်ရမယ်။အင်ဂျင် ဂီယာဘောက်စ် အားလုံးကြည့်ကောင်း နေရမယ်။အင်ဂျင်ခန်းက အော်ဆေးဖြစ်ရမယ်။Original Spot တွေ ချိတ်တွေဖြစ်ရမယ် ။ဘောနပ်အောက်က ချိတ်တွေ ဆေးတွေ မှန်ရမယ်။(Original ဟုတ်မဟုတ်သိရန် နားလည်တဲ့သူလိုပါသည်)

၂။ စက်နှိုးမယ် ။ AC ဖွင့်မယ်။အင်ဂျင်သံနားထောင်မည်။ အသံကောင်းလား ငြိမ်လား။ လီဗာဖြေးဖြေးနင်းကြည့်မယ် RPM တက်တာမှန်လား။AC အေးလားကြည့်မယ် ။ပါဝင်တဲ့ စနစ်တွေအလုပ်လုပ်လား စမ်းမယ်( ဥပမာ Auto Swing )အင်ဂျင်ဝိုင်တိုင်းတဲ့အတံကို ဆွဲကြည့်မယ်။အင်ဂျင်ဝိုင်ထည့်တဲ့အဖုံး ဖွင့်ကြည့်မယ်။ အင်ဂျင်ဝိုင် ဂျိုးတွေရှိနေမယ်ဆို အင်ဂျင် cleaning လုပ်ရမှာ။

၃။ ကားတစ်စီးလုံး ပတ်လည် အော်ဆေးလား လိုက်ကြည့်မယ်။ တံခါးတွေဖွင့်ပြီး တံခါးဘောင်တွေ အချိုးတွေ အရိုးအစစ်တွေ သပ်ရပ်လား ကြည့်မယ်။ အော်ဆေးလားသိဖို့က ခက်ပါသည်။ သို့သော် ဆေးသားအရောင်လွဲတာ မညီတာ လှိုင်းတွေလိုမျိုး ဖြစ်နေတာ အရိုးအစစ် တွေမညီတာတွေက သေချာကြည့်ရင် မြင်ရပါသည်။ ကားတစ်စီးလုံးမှာ ချိတ်တွေ spot တွေရှိပါတယ်။ အဲဒါတွေက ထိခိုက်မိရင် အော်အတိုင်း ပြန်လုပ်ဖို့မလွယ်ပါဘူး။ တစ်ခုခုကို သံသယရှိတယ်ဆိုရင်

ဘယ်ဘက်နဲ့ညာဘက် တစ်ဖက်နဲ့တစ်ဖက် ်တူလားကြည့်ပါ။ တံခါးတွေဆေးပြန်မှုတ်ထားတယ်ထင်ရင် ခေါက်ကြည့်ပါ။ သံပြားအသံလား ပတ်တီး အသံလား နားထောင်ပါ။

၄။ နောက်ဖုံးဖွင့်မယ်။ ချိတ်တွေမှန်ရမယ်။ အတွင်းခန်း အော်ဆေးဖြစ်ရမယ်။

၅။ အောက်ပိုင်းကြည့်မယ်။ သံချေးအဆွေးရှိလား။ဖရိန်တွေတန်းတွေ ကြည့်ကောင်းလား။ ကွိုင်စပရိန်တွေ ရှော့ဘားတွေကြည့်မယ်။

၆။ မီးလုံးတွေ original အမှန်တွေလား။ မှန်တွေလိုက်စစ်မယ် ။ အော်မှန်တွေလား ။ ပြန်ထည့်လား။ မှန်တံဆိပ်တွေ ပြန်ရိုက်ထားတဲ့ဟာတွေလား။ မှန်ဘေးလိုင်နာတွေ သေသပ်လား။ မှန်အကွဲ အက်ရာရှိလား။

၇။ အတွင်းခန်းကြည့်မယ်။ စီလင် ဒက်ရှ်ဘုတ် ထိုင်ခုံ ဘေးကာဗာတွေ အခြေအနေ။ စတီရာရင် ဂီယာ အမှန်လား။ ကားမှာပါတာတွေ အကုန်စစ် ( TV ထိုင်ခုံမော်တာ seat-heater seat-memory TRC ECO )

၈။ Original Alloy လား။ ပြန်ထည့်လား။တာယာတွေကောင်းသေးလား။ လဲရတော့မလား။

၉။ Model Year ကို internet မှာစစ်ပါ။

ကား color code ကိုမှန်လား google မှာရှာပြီးစစ်ပါ။

( တစ်စီးလုံး အရောင်ပြောင်းတွေရှိတတ်လို့ )ပြောထားတဲ့ ကား Grade ပြည့်လား။

Grade change ထားလား။( ဥပမာ Wish 2003 XS ဆိုပြီး အနောက်ဘရိတ်က Drum ဖြစ်နေတာမျိုး )

၁၀။ ခွင့်ပြုတယ်ဆို ကားစမ်းမောင်းကြည့််မယ်။ AC ဖွင့်ထားမယ်။ အင်ဂျင်အသံ အောက်ပိုင်းအသံ နားထောင်မယ်။ ချိုင့်အသေးလေးတွေကျရင် ဘယ်လိုလဲ။ ရှော့ဘားတွေ ဘွတ်တွေကောင်းလား။ ဘရိတ်ကောင်းလား စမ်းမယ်။ မော်ဒယ်မြင့်ကားဆို ကိုယ့်အသိ workshop မှာ computer ထိုးစစ်မယ် ( ဥပမာ Honda Civic hybrid မှာ IMA error လိုမျိုးရှိမှာကြောက်ရင် )

🇲🇲 ကားများသည် brand new ကားများမဟုတ်လို့ိ အနည်းအများ ပြစ်ချက်ရှိမှာပါ။ ဈေးပေါ်မူတည်ပြီး ဝယ်သင့် မဝယ်သင့်ဆုံးဖြတ်ပါ။ အချို့လူများသည် ကားအားလုံးကောင်းပြီး ဈေးတန်သော်လည်း ဘန်ဘာ တွင်အဆင်းရာများရှိ၍ မကြိုက်ဟုပြောသည်။ ထို့နောက် အရှေ့ရော အနောက်ပါ တိုက်ထားပြီး ဆေး body ပြန်လုပ်ထားသောကားကို စင်းလုံးချောထင်၍ ဝယ်သွားသည်ကို ကြားဖူးသည်။

kilo 120000 ကားကို ကီလိုများသည်ဟု kilo 180000 ကို ကီလို 70000 ပြောင်းထားသော ကားကိုဝယ်သည်။ ကီလိုအနည်းအများ အရေးကြီး သော်လည်း အင်ဂျင် ဂီယာဘောက်စ် အောက်ပိုင်း ပိုကောင်းတဲ့ကားကို ယူရပါမည်။ကီလိုနည်းပြီး ကားကောင်းရင်တော့ အကောင်းဆုံး ပေါ့။

🇲🇲 သိသလောက် မှတ်သလောက် လေးတွေတင်ပေးလိုက်ပါသည်။ ကျန်ခဲ့တာတွေလည်းရှိမှာပါ။

ကားဝယ်သူတိုင်း ကားကောင်းရကြပါစေ။

ဖိုးသူတော်(www.phothutaw.com)
Credit:ကားချစ်သူူ

Yan Naing
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top