ဒါမ်ဳိးလုပ္ရပ္ကိုေတာ့ ပစ္မိန္႔ေပးသင့္ပါတယ္

လူႀကီးလမ္းေၾကာင္းမွာ လံုျခံဳေရးစည္းထဲ ခုလို ကိုယ္ထိလက္ေရာက္ က်ဴးလြန္တာ သည္းခံလို႔မရဘူး

ေနာက္ က်န္တဲ့ၿမိဳ႕ေတြမွာပါ ခုလိုလိုက္လုပ္ကုန္ၾကမွာကို မတရားေတြ စိုးရိမ္မိေနပါၿပီေနာ္

အေမ့ လံုျခံဳေရးအတြက္ စိတ္ပူမိလို႔ပါ အေမ 😅 ZN.H 🇦🇺

ဟိုတေလာကလည္း ဗြီဒီယိုဖိုင္တစ္ခုတက္လာတယ္ ခ်ယ္ရီထက္ကိုခ်စ္တယ္ ဆိုၿပီး ရုပ္ပ်က္ဆင္ပ်က္ စည္းကမ္းမရွိ ေအာ္ဟစ္ေနၾကတာ လူၾကားလို႔မေကာင္းပါဘူး..။ ႏိုင္ငံႀကီးသား မဆန္လိုက္ၾကတာ…

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ပဲခူးခရီးစဥ္မွာ ႀကိဳဆို ႏႈတ္ဆက္ခဲ့ၾကတဲ့ ျပည္သူေတြရဲ႕ ရုပ္သံဗြီဒီယိုကလစ္တခုဟာ အင္တာနက္လူမႈကြန္ ရက္စာမ်က္ႏွာေတြေပၚမွာ ေရပန္းစားေနပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ခရီးစဥ္ေတြတိုင္းမွာ ျပည္သူေတြဟာ ေသာင္းေသာင္းဖ်ဖ် ႀကိဳဆိုေလ့ရွိၾကၿပီး ခုေနာက္ပိုင္းမွာေတာ့ အနားမွာ ထက္ခ်ပ္မကြာ လိုက္ပါေနတဲ့ ကိုယ္ရံေတာ္မိန္းကေလး ခ်ယ္ရီထက္ကိုပါ သတိျပဳမိခဲ့ၿပီး နာမည္ႀကီးလာခဲ့တာပါ။

ခုခရီးစဥ္မွာေတာ့ ျပည္သူေတြဟာ ေဒၚေအာင္ဆန္းစုၾကည္ကို ႏႈတ္ဆက္ေနက် ထံုးစံအတိုင္း အေမစု က်န္းမာပါေစဆိုတာအျပင္ ခ်ယ္ရီထက္ကိုပါ ခ်စ္တယ္ဆိုၿပီး ေအာ္ ဟစ္အားေပးခဲ့ၾကတာ ေတြ႔ရပါတယ္။ဒီ႐ုပ္သံဗြီဒီယိုဖိုင္ကိုေတာ့ Bryan အမည္နဲ႔ ေဖ့စ္ဘြတ္ခ္အသံုးျပဳသူတဦးက အေမ စုကို ခ်စ္ၾကသူမ်ားသာ (သီးသန္႔) အမည္ရတဲ့ Group ထဲမွာ မွ်ေ၀ထားခဲ့တာျဖစ္ၿပီး ခုလို ေရးသားေဖာ္ျပထားခဲ့တာပါ။

“ပဲခူးလာတုန္းရတ့ဲ အခြင့္အေရး အကုန္အသံုးခ်ပစ္တယ္… အေမစုလည္း က်န္းမာ ပါေစ…ခ်ယ္ရီထက္လည္းခ်စ္တယ္”ဆိုၿပီး ေအာ္ၿပိဳက္တယ္ေအးေရာ”

လတ္တေလာမွာေတာ့ ဒီ႐ုပ္သံဗြီဒီယိုဖိုင္ဟာ အြန္လိုင္းေပၚမွာ နာမည္ႀကီးေနခဲ့ၿပီး ၀င္ေရာက္ၾကည့္ရႈသူ၊ မွတ္ခ်က္ေပးသူ၊ ျပန္လည္မွ်ေ၀သူေတြ ေသာင္းနဲ႔ခ်ီရွိေနခဲ့တာ ျဖစ္ပါတယ္။ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ပဲခူးတုိင္းေဒသႀကီး ခရီးစဥ္အတြင္း ေတာင္ငူခ႐ုိင္၊ ျပည္ခ႐ုိင္၊ ပဲခူးနဲ႔ သာယာဝတီခ႐ုိင္က ျပည္သူေတြနဲ႔ လူထုေတြ႔ဆုံပြဲေတြ ျပဳလုပ္ေနတာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဒီဗြီဘီ

#Unicode Version# ျဖင့္ဖတ္ပါ ။

ဒါမျိုးလုပ်ရပ်ကိုတော့ ပစ်မိန့်ပေးသင့်ပါတယ်

လူကြီးလမ်းကြောင်းမှာ လုံခြုံရေးစည်းထဲ ခုလို ကိုယ်ထိလက်ရောက် ကျူးလွန်တာ သည်းခံလို့မရဘူး

နောက် ကျန်တဲ့မြို့တွေမှာပါ ခုလိုလိုက်လုပ်ကုန်ကြမှာကို မတရားတွေ စိုးရိမ်မိနေပါပြီနော်

အမေ့ လုံခြုံရေးအတွက် စိတ်ပူမိလို့ပါ အမေ 😅 ZN.H 🇦🇺

ဟိုတလောကလည်း ဗွီဒီယိုဖိုင်တစ်ခုတက်လာတယ် ချယ်ရီထက်ကိုချစ်တယ် ဆိုပြီး ရုပ်ပျက်ဆင်ပျက် စည်းကမ်းမရှိ အော်ဟစ်နေကြတာ လူကြားလို့မကောင်းပါဘူး..။ နိုင်ငံကြီးသား မဆန်လိုက်ကြတာ…

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူးခရီးစဉ်မှာ ကြိုဆို နှုတ်ဆက်ခဲ့ကြတဲ့ ပြည်သူတွေရဲ့ ရုပ်သံဗွီဒီယိုကလစ်တခုဟာ အင်တာနက်လူမှုကွန် ရက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေတိုင်းမှာ ပြည်သူတွေဟာ သောင်းသောင်းဖျဖျ ကြိုဆိုလေ့ရှိကြပြီး ခုနောက်ပိုင်းမှာတော့ အနားမှာ ထက်ချပ်မကွာ လိုက်ပါနေတဲ့ ကိုယ်ရံတော်မိန်းကလေး ချယ်ရီထက်ကိုပါ သတိပြုမိခဲ့ပြီး နာမည်ကြီးလာခဲ့တာပါ။

ခုခရီးစဉ်မှာတော့ ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်နေကျ ထုံးစံအတိုင်း အမေစု ကျန်းမာပါစေဆိုတာအပြင် ချယ်ရီထက်ကိုပါ ချစ်တယ်ဆိုပြီး အော် ဟစ်အားပေးခဲ့ကြတာ တွေ့ရပါတယ်။ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ Bryan အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးက အမေ စုကို ချစ်ကြသူများသာ (သီးသန့်) အမည်ရတဲ့ Group ထဲမှာ မျှဝေထားခဲ့တာဖြစ်ပြီး ခုလို ရေးသားဖော်ပြထားခဲ့တာပါ။

“ပဲခူးလာတုန်းရတဲ့ အခွင့်အရေး အကုန်အသုံးချပစ်တယ်… အမေစုလည်း ကျန်းမာ ပါစေ…ချယ်ရီထက်လည်းချစ်တယ်”ဆိုပြီး အော်ပြိုက်တယ်အေးရော”

လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေခဲ့ပြီး ဝင်ရောက်ကြည့်ရှုသူ၊ မှတ်ချက်ပေးသူ၊ ပြန်လည်မျှဝေသူတွေ သောင်းနဲ့ချီရှိနေခဲ့တာ ဖြစ်ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးတိုင်းဒေသကြီး ခရီးစဉ်အတွင်း တောင်ငူခရိုင်၊ ပြည်ခရိုင်၊ ပဲခူးနဲ့ သာယာဝတီခရိုင်က ပြည်သူတွေနဲ့ လူထုတွေ့ဆုံပွဲတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဒီဗွီဘီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top