အစာကို အခ်ိန္မွန္စားဖို႕လိုအပ္တယ္ဆိုတာနဲ႕ပတ္သတ္ျပီး ေနာက္ထပ္အေျကာင္းအရင္းရွိလာျပီျဖစ္ပါတယ္။ က်န္းမာေရးနဲ႕ညီညႊတ္တဲ့အေလ့အထ၊ အစားေျကလြယ္ျခင္းအျပင္ အခ်ိန္မွန္ညစာစားျခင္းက ဖ်ားနာျခင္းနဲ႕ ေသေစႏိုင္တဲ့ေရာဂါေတြကို ကာကြယ္ႏိုင္ပါတယ္။ ဒါေျကာင့္ ေနာက္က်မွ အစာ စားျခင္းရဲ႕ က်န္းမာေရးျပႆနာေတြႏွင့္ပတ္သတ္ျပီး ေလ့လာေတြ႕ရွိခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Barcelona Institute for Global Healthရဲ႕ ေလ့လာေတြ႕ရွိခ်က္အရ ညမအိပ္ခင္ ႏွစ္နာရီ (သို႔) ၉နာရီမတိုင္ခင္ ညစာစားျခင္းက ပေရာ့စတိတ္ႏွင့္ ရင္သားကင္ဆာျဖစ္ပြားျခင္းကို ေလ်ာ့နည္းေစႏိုင္ပါတယ္။

သုေတသနာပညာရွင္ေတြက ည၁၀နာရီေနာက္ပိုင္း အစာ စားတဲ့သူေတြနဲ႕ ည၉နာရီမတိုင္ခင္ အစာ စားတဲ့သူေတြကို ႏွဳိင္းယွဥ္ခဲ့ပါတယ္။ ည၉နာရီမတိုင္ခင္ အစာ စားတဲ့သူေတြက ဒီေရာဂါျဖစ္ပြားမႈေတြကို ၂၀ရာခိုင္ႏႈန္းေလ်ာ့နည္းတာကို ေတြ႕ရွိခဲ့ရပါတယ္။

ကင္ဆာေရာဂါသည္ေတြက ေနာက္က်မွ ညစာ စားတတ္တဲ့အေလ့အထရွိတယ္ဆိုတာကို ေလ့လာေတြ႕ရွိရပါတယ္။ ကၽြမ္းက်င္ပညာရွင္ေတြက ညဆိုင္းအလုပ္လုပ္တဲ့လူေတြက ပေရာ့စတိတ္နဲ႕ရင္သားကင္ဆာျဖစ္ပြားမႈ ျမင့္မားတယ္ဆိုတာကို သံုးသပ္ခဲ့ပါတယ္။ ညဘက္ အစာ စားတာ ေနာက္က်ျခင္းက သူတို႕ရဲ႕ဘဝေနထိုင္မႈႏွင့္ အမ်ိဳးမ်ိဳးေသာေရာဂါျဖစ္ပြားမႈကို ျမင့္တတ္ေစတဲ့ လုပ္ေဆာင္ခ်က္ေတြကို သက္ေရာက္ေစႏိုင္ပါတယ္။

ဒါေျကာင့္ အဘိုးအဘြားေတြရဲ႕ လုပ္ရိုးလုပ္စဥ္အတုိင္း သင့္ရဲ႕ညစာက က်န္းမာေရးနဲ႕ညီညႊတ္ျပီး အခ်ိန္မွန္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MM

#Unicode Version# ျဖင့္ဖတ္ပါ ။


အစာကို အချိန်မှန်စားဖို့လိုအပ်တယ်ဆိုတာနဲ့ပတ်သတ်ပြီး နောက်ထပ်အကြောင်းအရင်းရှိလာပြီဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အလေ့အထ၊ အစားကြေလွယ်ခြင်းအပြင် အချိန်မှန်ညစာစားခြင်းက ဖျားနာခြင်းနဲ့ သေစေနိုင်တဲ့ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် နောက်ကျမှ အစာ စားခြင်းရဲ့ ကျန်းမာရေးပြဿနာတွေနှင့်ပတ်သတ်ပြီး လေ့လာတွေ့ရှိချက်တွေကို ဖော်ပြပေးချင်ပါတယ်။

Barcelona Institute for Global Healthရဲ့ လေ့လာတွေ့ရှိချက်အရ ညမအိပ်ခင် နှစ်နာရီ (သို့) ၉နာရီမတိုင်ခင် ညစာစားခြင်းက ပရော့စတိတ်နှင့် ရင်သားကင်ဆာဖြစ်ပွားခြင်းကို လျော့နည်းစေနိုင်ပါတယ်။

သုတေသနာပညာရှင်တွေက ည၁၀နာရီနောက်ပိုင်း အစာ စားတဲ့သူတွေနဲ့ ည၉နာရီမတိုင်ခင် အစာ စားတဲ့သူတွေကို နှိုင်းယှဉ်ခဲ့ပါတယ်။ ည၉နာရီမတိုင်ခင် အစာ စားတဲ့သူတွေက ဒီရောဂါဖြစ်ပွားမှုတွေကို ၂၀ရာခိုင်နှုန်းလျော့နည်းတာကို တွေ့ရှိခဲ့ရပါတယ်။

ကင်ဆာရောဂါသည်တွေက နောက်ကျမှ ညစာ စားတတ်တဲ့အလေ့အထရှိတယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။ ကျွမ်းကျင်ပညာရှင်တွေက ညဆိုင်းအလုပ်လုပ်တဲ့လူတွေက ပရော့စတိတ်နဲ့ရင်သားကင်ဆာဖြစ်ပွားမှု မြင့်မားတယ်ဆိုတာကို သုံးသပ်ခဲ့ပါတယ်။ ညဘက် အစာ စားတာ နောက်ကျခြင်းက သူတို့ရဲ့ဘဝနေထိုင်မှုနှင့် အမျိုးမျိုးသောရောဂါဖြစ်ပွားမှုကို မြင့်တတ်စေတဲ့ လုပ်ဆောင်ချက်တွေကို သက်ရောက်စေနိုင်ပါတယ်။

ဒါကြောင့် အဘိုးအဘွားတွေရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း သင့်ရဲ့ညစာက ကျန်းမာရေးနဲ့ညီညွှတ်ပြီး အချိန်မှန်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MM
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top