20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


လိင္မႈဘ၀ သာယာျခင္းဆိုတာ စိတ္၊ ခႏၶာက်န္းမာေရးနဲ႔ ဆက္စပ္မႈ အမ်ားၾကီးရွိတယ္ဆိုတာ သိျပီးသားျဖစ္မယ္ထင္ပါတယ္။ လူက စိတ္ေရာ ကိုယ္ပါ က်န္းမာေပ်ာ္ရႊင္ေနမွ သာယာေပ်ာ္ရႊင္ဖြယ္ လိင္မႈဘ၀ကို ပိုင္ဆိုင္ရမွာေပါ့။ ဒီေန႔ေဆာင္းပါးေလးကေတာ့ စိတ္အတက္အက်ျမန္ေရာဂါရွင္ေတြမွာ ေတြ႔ရတတ္တဲ့ လကၡဏာေတြနဲ႔ လိင္မႈဘ၀အေပၚ ဘယ္လိုသက္ေရာက္မႈ ရွိေစႏိုင္လဲဆိုတာနဲ႔ ပတ္သက္ျပီး ေျပာျပေပးခ်င္ပါတယ္။
စိတ္အတက္အက်ျမန္ေရာဂါ (Bipolar Disorder)

ကမာၻတစ္၀ွမ္းမွာ အျဖစ္မ်ားတဲ့ စိတ္က်န္းမာေရးျပႆနာေတြထဲမွာ တစ္ခုအပါအ၀င္ပါပဲ။ မ်ားေသာအားျဖင့္ အသက္ ၂၅ ႏွစ္အရြယ္မွာ ေရာဂါအစပ်ိဳးလာတတ္ၾကပါတယ္။ သူ႔ရဲ႕ နာမည္လိုပါပဲ၊ စိတ္ဓာတ္ဟာ အျမင့္ဆံုးထိေရာက္ေအာင္ ထိုးတက္သြားလိုက္၊ ေအာက္ဆံုးအေျခအေနအထိ က်ဆင္းသြားလိုက္နဲ႔ စိတ္အေျပာင္းအလဲ အျဖစ္ျမန္တဲ့ စိတ္ေရာဂါမ်ိဳး ျဖစ္ပါတယ္။

စိတ္အတက္အက်ျမန္ေရာဂါမွာ Mania နဲ႔ Hypomania ဆိုျပီး စိတ္ဓာတ္တက္ၾကြတဲ့ အဆင့္ ၂မ်ိဳးနဲ႔ Depression လို႔ေခၚတဲ့ စိတ္ဓာတ္က်တဲ့ အဆင့္ဆိုျပီး စုစုေပါင္း ၃ဆင့္ ရွိပါတယ္။ အဆင့္တစ္ခုစီတိုင္းမွာ ေတြ႔ရတတ္တဲ့ လကၡဏာေတြကေတာ့
၁။ စိတ္ဓာတ္တက္ၾကြျခင္း အဆင့္ ၁ (Mania)

စိတ္အတက္အက်ျမန္ေရာဂါ ရွိသူေတြမွာ စိတ္ပိုင္းဆိုင္ရာအရ အရမ္းတက္ၾကြေနမယ္၊ စိတ္လႈပ္ရွားေနမယ္၊ စိတ္လိုက္မာန္ပါလုပ္တတ္တယ္၊ အရာရာကို အားရျပီး စိတ္တိုင္းက် ေက်နပ္ေနမယ္။ ေျပာရမယ္ဆိုရင္ေတာ့ စိတ္အေျခအေန အျမင့္ဆံုးထိ ေရာက္တဲ့ အဆင့္ပါပဲ။

ဒီအဆင့္မွာ စိတ္လြတ္လက္လြတ္ ပိုက္ဆံကို သံုးျဖဳန္းတာ၊ အကာအကြယ္မပါပဲ လိင္ဆက္ဆံတာ၊ မူးယစ္ေဆး၀ါး သံုးစြဲတာ၊ အလြန္အမင္း ျမဴးၾကြလန္းဆန္းေနတာ၊ ပံုမွန္မဟုတ္ပဲ စကားအရမ္းေျပာတာ၊ အေတြးျမန္တာ၊ အိပ္ခ်ိန္စိတ္ သိပ္ျပီးမျဖစ္တာ၊ အာရံုမစူးစိုက္ႏိုင္တာ အစရွိတဲ့ လကၡဏာေတြကို ေတြ႔ရပါတယ္။ စိတ္အလြန္အကၽြံတက္ၾကြျခင္းေၾကာင့္ လုပ္ငန္းခြင္၊ ေက်ာင္းနဲ႔ လူမႈေရးမွာ ျပႆနာေတြ မၾကာခဏ ျဖစ္လာႏိုင္ပါတယ္။
၂။ စိတ္ဓာတ္တက္ၾကြျခင္း အဆင့္ ၂ (Hypomania)

အဆင့္ ၁ မွာ ျဖစ္ခဲ့တဲ့ လကၡဏာေတြ ျပန္ျဖစ္ျပီး သိပ္မျပင္းထန္တဲ့အတြက္ ကိုယ့္ရဲ႕ ေန႔စဥ္ဘ၀မွာ ၾကီးမားတဲ့ေျပာင္းလဲမႈေတြ၊ အခက္အခဲ ျပႆနာေတြကို သိပ္ျပီး ၾကံဳေတြ႔ရမွာမဟုတ္ပါဘူး။ ဒါေပမဲ့လည္း စိတ္အေျခအေနက ရုတ္တရက္ တက္ၾကြလာတာကို ကိုယ္တိုင္ေရာ ေဘးလူေတြပါ သတိထားမိမွာျဖစ္ပါတယ္။
၃။ စိတ္ဓာတ္က်ျခင္း အဆင့္ (Depression)

ဒီအဆင့္မွာ စိတ္ဓာတ္ဟာ ေအာက္ဆံုးအေျခအေနထိ ထိုးဆင္းသြားတတ္ျပီး ကိုယ့္ရဲ႕ ေန႔စဥ္ဘ၀ကို ထိခိုက္ႏိုင္တဲ့အထိ ျဖစ္ႏိုင္ပါတယ္။ စိတ္က်ေရာဂါရွင္ေတြမွာ ေတြ႔ရတတ္တဲ့ ၀မ္းနည္းပူေဆြးျခင္း၊ ေမွ်ာ္လင့္ခ်က္မဲ့ျခင္း၊ အရာရာ အေမွာင္ပကတိ ဖံုးသြားသလို၊ ဘ၀ၾကီးဟာ အဓိပါၸယ္မရွိေတာ့သလို လကၡဏာေတြ ေတြ႔ရပါတယ္။ အရာရာကို လုပ္ခ်င္ကိုင္ခ်င္စိတ္ ကုန္ခမ္းမယ္။ ကိုယ့္အတြက္ ေပ်ာ္ရႊင္မႈကို ရရွိခဲ့တဲ့၊ ကိုယ့္၀ါသနာပါတဲ့ အလုပ္ေတြကို စိတ္၀င္စားမႈ ေပ်ာက္သြားမယ္။

မ်က္စိေၾကာင္ျပီး အိပ္မေပ်ာ္ေတာ့တာ၊ ဒါမွမဟုတ္ အၾကာၾကီး အိပ္ပစ္လိုက္တာမ်ိဳး၊ အစား စားခ်င္စိတ္မရွိတာ၊ အစားအရမ္းစားလိုက္တာ၊ ေမာပန္းလြယ္တာ၊ အားမရွိတဲ့ ပံုေပါက္တာ၊ ဘယ္ေနရာမွာမွ အသံုးမ၀င္ဘူးလို႔ ခံစားရတာ၊ မလိုအပ္ပဲ အျပစ္ရွိတယ္လို႔ ခံစားရတာ၊ ကိုယ့္ဘ၀ကို အျပစ္တင္တာ၊ အာရံုစူးစိုက္ႏိုင္ျခင္းမရွိတာ၊ ဘာကိုမွ ေသခ်ာမေတြးေတာႏိုင္တာအျပင္ ကိုယ့္ကိုယ္ကိုယ္ သတ္ေသဖို႔ ေတြးတာ၊ ၾကံစည္တာ၊ လက္ေတြ႔ျပဳမူတာ အစရွိတဲ့ လကၡဏာေတြကို ေတြ႔ရႏိုင္ပါတယ္။
စိတ္အေျပာင္းအလဲ ျဖစ္ဖို႔ အခ်ိန္ဘယ္ေလာက္ ၾကာႏိုင္လဲ။

စိတ္ဓာတ္က်တဲ့ အဆင့္မွာ အနည္းဆံုး ၂ပတ္ခန္႔ ၾကာတတ္ပါတယ္။ စိတ္အေျခအေန အျမင့္ဆံုးထိ တက္ၾကြေနျပီဆိုရင္လည္း ရက္သတၱပတ္ အနည္းငယ္ ၾကာႏိုင္ပါတယ္။ တစ္ႏွစ္ကို အၾကိမ္ေပါင္းမ်ားစြာ စိတ္အေျပာင္းအလဲ ျမန္တဲ့ ျပႆနာ ၾကံဳေတြ႔ရတတ္ျပီး တစ္ခါတေလမွ လကၡဏာျပတတ္တဲ့ အေျခအေနမ်ိဳးေတြလည္း ရွိပါတယ္။
စိတ္အတက္အက် ျဖစ္ျခင္းဟာ လိင္မႈဘ၀အေပၚ ဘယ္လိုသက္ေရာက္မႈေတြ ရွိေစႏိုုင္လဲ။

အထက္မွာ ေျပာခဲ့သလိုပါပဲ။ စိတ္က်န္းမာေရးနဲ႔ လိင္မႈဘ၀ဆိုတာ ဆက္စပ္မႈရွိေနတဲ့ အရာေတြျဖစ္ပါတယ္။ အထူးသျဖင့္ စိတ္ဓာတ္က တက္လိုက္၊ က်လိုက္ျဖစ္ေနတဲ့သူေတြမွာ ပိုျပီးေတာင္ လိင္စိတ္ဆႏၵ ေျပာင္းလဲမႈေတြ ၾကံဳလာႏိုင္တဲ့အျပင္ ကိုယ့္ရဲ႕ လိင္ဆက္ဆံေဖာ္အတြက္ပါ ျပႆနာေတြ ျဖစ္ေစႏိုင္ပါတယ္။

စိတ္ဓာတ္တက္ၾကြေနတဲ့ အဆင့္ Mania နဲ႔ Hypomania မွာ

    လိင္စိတ္ထၾကြေသာင္းက်န္းေပမဲ့ လိင္ဆက္ဆံျပီး ဆႏၵျပီးေျမာက္သြားခ်ိန္မွာေတာင္ စိတ္ေက်နပ္မႈကို မခံစားမိတာ
    သူစိမ္းေတြအျပင္ လူေပါင္းမ်ားစြာနဲ႔ လိင္ဆက္ဆံျခင္းျပဳလိုစိတ္ ျဖစ္လာတာ
    တစ္ကိုယ္ေရ အာသာေျဖျခင္းကို အလြန္အကၽြံလုပ္တာ
    ကိုယ့္အိမ္ေထာင္၊ ခ်စ္သူနဲ႔ မဟုတ္ဘဲ တျခားသူေတြနဲ႔ ေဖာက္ျပန္မႈ က်ဴးလြန္တာ
    ပံုမွန္မဟုတ္တဲ့ လိင္ဆက္ဆံျခင္း အျပဳအမူေတြ လုပ္တာ
    အကာအကြယ္ မသံုးဘဲ လိင္ဆက္ဆံတာ၊ အႏၱရာယ္မ်ားတဲ့ လိင္ဆက္ဆံျခင္း ျပဳက်င့္တာ
    အျပာရုပ္ရွင္ထဲကအတိုင္း ၾကမ္းတမ္းစြာ လိင္ဆက္ဆံမႈ ျပဳတာ
    အေတြးထဲမွာ ကာမကိစၥပဲ အခ်ိန္ျပည့္ ၀င္ေနျပီး တျခားဘယ္လိုအရာကိုမွ စဥ္းစားလို႔၊ အာရံုစိုက္လို႔ မရေတာ့တာ အစရွိတဲ့ ျပႆနာေတြကို ၾကံဳေတြ႔ရႏိုင္ပါတယ္။

စိတ္အတက္အက်ျမန္တဲ့သူေတြမွာ ေတြ႔ရတတ္တဲ့ လိင္စိတ္ထၾကြေသာင္းက်န္းျခင္း လကၡဏာေတြဟာ ေ၀ဒနာရွင္ေတြကိုေရာ မိသားစု၊ ခ်စ္သူ၊ အိမ္ေထာင္ဖက္ကိုပါ ထိခိုက္ေစႏို္င္တဲ့အထိ ဒုကၡေပးႏိုင္တဲ့ အေျခအေနျဖစ္ပါတယ္။ လိင္စိတ္ဆာေလာင္မႈေၾကာင့္ ကိုယ့္ရဲ႕ လက္တြဲေဖာ္ကိုပါ သစၥာေဖာက္လိုတဲ့ စိတ္ေတြ ေပၚလာတယ္။ စိတ္အတက္အက်ျမန္ေရာဂါ ရွိတဲ့ ဆယ္ေက်ာ္သက္လူငယ္ေတြမွာလည္း ကိုယ္နဲ႔ သက္တူရြယ္တူေတြအျပင္ တျခားလူၾကီးေတြကို အလိုမတူဘဲ လိင္ပိုင္းဆိုင္ရာ ထိေတြ႔ကိုင္တြယ္ျခင္း၊ ေစာ္ကားျခင္း၊ ဆဲဆိုျခင္းျပဳတာေတြ လုပ္တတ္ပါတယ္။

စိတ္ဓာတ္က်ျခင္း အဆင့္ (Depression) မွာေတာ့ အေပၚမွာ ေတြ႔ရတဲ့ လကၡဏာေတြနဲ႔ လံုး၀ဆန္႔က်င္ဘက္အေျခအေန၊ ဘာမွမဆိုိင္ေတာ့တဲ့ လူတစ္ေယာက္လို စိတ္ခံစားမႈေတြ ေျပာင္းသြားႏိုင္ပါတယ္။ လိင္စိတ္ဆႏၵ နည္းသြားတာ၊ လိင္ဆက္ဆံလိုစိတ္မရွိေတာ့တဲ့ အေျခအေနကို ေရာက္သြားမယ္။ ကိုယ့္ရဲ႕ လက္တြဲေဖာ္အေနနဲ႔လည္း ကိုယ့္စိတ္ထဲမွာ ျဖစ္ေနတဲ့ အေျခအေနကို နားလည္လက္ခံႏိုင္ျခင္း မရွိတဲ့အခါ သူတို႔အတြက္ စိတ္ရႈပ္စရာ၊ စိတ္အေႏွာင့္အယွက္ျဖစ္စရာ၊ မႏွစ္ျမိဳ႕စရာေတြကို ခံစားရႏိုင္ပါတယ္။
စိတ္အတက္အက်ျမန္ေရာဂါအတြက္ ဘယ္လိုေျဖရွင္းမလဲ။

၁။ အရင္ဆံုး ကိုယ့္ရဲ႕ က်န္းမာေရးအေျခအေနနဲ႔ လကၡဏာကို သိနားလည္ထားရပါမယ္။ ကိုယ့္မွာ ဒီစိတ္ေရာဂါ ရွိေနတာ ေသခ်ာတယ္၊ လကၡဏာေတြကို မၾကာခဏ ေတြ႔ရတတ္တယ္ဆိုရင္ စိတ္ေရာဂါကုထံုး ပညာရွင္ေတြနဲ႔ တိုင္ပင္ျပသဖို႔ အေရးၾကီးပါတယ္။ ကိုယ့္ရဲ႕ စိတ္က်န္းမာေရးအေျခအေနကိုလည္း ကိုယ့္ရဲ႕ အိမ္ေထာင္ဖက္၊ ခ်စ္သူကို ဖြင့္ေျပာျပထားဖို႔ လိုပါတယ္။

၂။ ကိုယ့္ရဲ႕ ဘ၀ေနထိုင္မႈပံုစံ၊ မေကာင္းတဲ့ အက်င့္ေတြေၾကာင့္ စိတ္ပိုင္းဆိုင္ရာကို ထိခိုက္ေစတာဆိုရင္ ဒီအက်င့္ေတြကို အျမန္ဆံုး ျပဳျပင္ေျပာင္းလဲရပါမယ္။

၃။ စိတ္ကုထံုးအျပင္ လိုအပ္ရင္ ေဆး၀ါးအကူအညီကိုပါ ယူထားသင့္ပါတယ္။ ကိုယ့္မွာ တျခားက်န္းမာေရးျပႆနာေတြ ရွိရင္၊ ေသာက္ေနတဲ့ ေဆး၀ါးေတြ ရွိရင္ ဆရာ၀န္ကို အရင္ဆံုးေျပာျပျပီး ကိုယ္နဲ႔ ကိုက္ညီမႈရွိမယ့္ ေဆး၀ါးေတြကို ညႊန္းခိုင္းလို႔ ရပါတယ္။ ကိုယ့္သေဘာနဲ႔ ကိုယ္ ေဆးရပ္လိုက္တာ၊ ေဆးေျပာင္းေသာက္တာမ်ိဳး မလုပ္သင့္ပါဘူး။

၄။ စိတ္က်န္းမာေရးဆိုတာ ေပါ့ဆလို႔ ရတဲ့ အရာမဟုတ္ပါဘူး။ စိတ္ေၾကာင့္ပဲ ကိုယ့္ရဲ႕ က်န္းမာေရးနဲ႔ လိင္မႈဘ၀ကို ထိခိုက္ေစႏိုင္သလို မလိုလားအပ္တဲ့ လိင္မွတစ္ဆင့္ ကူးစက္ေရာဂါေတြလည္း ၀င္လာႏိုင္ပါတယ္။

၅။ ကိုယ္ကေတာ့ စိတ္ထိန္းရင္ ရမွာပါလို႔ ေတြးထားေပမဲ့ စိတ္ေရာဂါဆိုတာ ထင္ထားသေလာက္ ထိန္းခ်ဳပ္ရတာ မလြယ္ကူပါဘူး။ ဒါေၾကာင့္ အခ်ိန္ေပးျပီး စိတ္ရွည္ရွည္နဲ႔ ကုသမႈခံယူဖို႔နဲ႔ ကိုယ့္ရဲ႕ အေျခအေနကို ေသခ်ာဖြင့္ေျပာျပထားဖို႔ လိုအပ္တယ္ဆိုတာကို သိထားရပါမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #

လိင်မှုဘ၀ သာယာခြင်းဆိုတာ စိတ်၊ ခန္ဓာကျန်းမာရေးနဲ့ ဆက်စပ်မှု အများကြီးရှိတယ်ဆိုတာ သိပြီးသားဖြစ်မယ်ထင်ပါတယ်။ လူက စိတ်ရော ကိုယ်ပါ ကျန်းမာပျော်ရွှင်နေမှ သာယာပျော်ရွှင်ဖွယ် လိင်မှုဘဝကို ပိုင်ဆိုင်ရမှာပေါ့။ ဒီနေ့ဆောင်းပါးလေးကတော့ စိတ်အတက်အကျမြန်ရောဂါရှင်တွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေနဲ့ လိင်မှုဘဝအပေါ် ဘယ်လိုသက်ရောက်မှု ရှိစေနိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။
စိတ်အတက်အကျမြန်ရောဂါ (Bipolar Disorder)

ကမ္ဘာတစ်ဝှမ်းမှာ အဖြစ်များတဲ့ စိတ်ကျန်းမာရေးပြဿနာတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ များသောအားဖြင့် အသက် ၂၅ နှစ်အရွယ်မှာ ရောဂါအစပျိုးလာတတ်ကြပါတယ်။ သူ့ရဲ့ နာမည်လိုပါပဲ၊ စိတ်ဓာတ်ဟာ အမြင့်ဆုံးထိရောက်အောင် ထိုးတက်သွားလိုက်၊ အောက်ဆုံးအခြေအနေအထိ ကျဆင်းသွားလိုက်နဲ့ စိတ်အပြောင်းအလဲ အဖြစ်မြန်တဲ့ စိတ်ရောဂါမျိုး ဖြစ်ပါတယ်။

စိတ်အတက်အကျမြန်ရောဂါမှာ Mania နဲ့ Hypomania ဆိုပြီး စိတ်ဓာတ်တက်ကြွတဲ့ အဆင့် ၂မျိုးနဲ့ Depression လို့ခေါ်တဲ့ စိတ်ဓာတ်ကျတဲ့ အဆင့်ဆိုပြီး စုစုပေါင်း ၃ဆင့် ရှိပါတယ်။ အဆင့်တစ်ခုစီတိုင်းမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့
၁။ စိတ်ဓာတ်တက်ကြွခြင်း အဆင့် ၁ (Mania)

စိတ်အတက်အကျမြန်ရောဂါ ရှိသူတွေမှာ စိတ်ပိုင်းဆိုင်ရာအရ အရမ်းတက်ကြွနေမယ်၊ စိတ်လှုပ်ရှားနေမယ်၊ စိတ်လိုက်မာန်ပါလုပ်တတ်တယ်၊ အရာရာကို အားရပြီး စိတ်တိုင်းကျ ကျေနပ်နေမယ်။ ပြောရမယ်ဆိုရင်တော့ စိတ်အခြေအနေ အမြင့်ဆုံးထိ ရောက်တဲ့ အဆင့်ပါပဲ။

ဒီအဆင့်မှာ စိတ်လွတ်လက်လွတ် ပိုက်ဆံကို သုံးဖြုန်းတာ၊ အကာအကွယ်မပါပဲ လိင်ဆက်ဆံတာ၊ မူးယစ်ဆေးဝါး သုံးစွဲတာ၊ အလွန်အမင်း မြူးကြွလန်းဆန်းနေတာ၊ ပုံမှန်မဟုတ်ပဲ စကားအရမ်းပြောတာ၊ အတွေးမြန်တာ၊ အိပ်ချိန်စိတ် သိပ်ပြီးမဖြစ်တာ၊ အာရုံမစူးစိုက်နိုင်တာ အစရှိတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။ စိတ်အလွန်အကျွံတက်ကြွခြင်းကြောင့် လုပ်ငန်းခွင်၊ ကျောင်းနဲ့ လူမှုရေးမှာ ပြဿနာတွေ မကြာခဏ ဖြစ်လာနိုင်ပါတယ်။
၂။ စိတ်ဓာတ်တက်ကြွခြင်း အဆင့် ၂ (Hypomania)

အဆင့် ၁ မှာ ဖြစ်ခဲ့တဲ့ လက္ခဏာတွေ ပြန်ဖြစ်ပြီး သိပ်မပြင်းထန်တဲ့အတွက် ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေ၊ အခက်အခဲ ပြဿနာတွေကို သိပ်ပြီး ကြုံတွေ့ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း စိတ်အခြေအနေက ရုတ်တရက် တက်ကြွလာတာကို ကိုယ်တိုင်ရော ဘေးလူတွေပါ သတိထားမိမှာဖြစ်ပါတယ်။
၃။ စိတ်ဓာတ်ကျခြင်း အဆင့် (Depression)

ဒီအဆင့်မှာ စိတ်ဓာတ်ဟာ အောက်ဆုံးအခြေအနေထိ ထိုးဆင်းသွားတတ်ပြီး ကိုယ့်ရဲ့ နေ့စဉ်ဘဝကို ထိခိုက်နိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ စိတ်ကျရောဂါရှင်တွေမှာ တွေ့ရတတ်တဲ့ ဝမ်းနည်းပူဆွေးခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ အရာရာ အမှောင်ပကတိ ဖုံးသွားသလို၊ ဘဝကြီးဟာ အဓိပါ္ပယ်မရှိတော့သလို လက္ခဏာတွေ တွေ့ရပါတယ်။ အရာရာကို လုပ်ချင်ကိုင်ချင်စိတ် ကုန်ခမ်းမယ်။ ကိုယ့်အတွက် ပျော်ရွှင်မှုကို ရရှိခဲ့တဲ့၊ ကိုယ့်ဝါသနာပါတဲ့ အလုပ်တွေကို စိတ်ဝင်စားမှု ပျောက်သွားမယ်။

မျက်စိကြောင်ပြီး အိပ်မပျော်တော့တာ၊ ဒါမှမဟုတ် အကြာကြီး အိပ်ပစ်လိုက်တာမျိုး၊ အစား စားချင်စိတ်မရှိတာ၊ အစားအရမ်းစားလိုက်တာ၊ မောပန်းလွယ်တာ၊ အားမရှိတဲ့ ပုံပေါက်တာ၊ ဘယ်နေရာမှာမှ အသုံးမဝင်ဘူးလို့ ခံစားရတာ၊ မလိုအပ်ပဲ အပြစ်ရှိတယ်လို့ ခံစားရတာ၊ ကိုယ့်ဘဝကို အပြစ်တင်တာ၊ အာရုံစူးစိုက်နိုင်ခြင်းမရှိတာ၊ ဘာကိုမှ သေချာမတွေးတောနိုင်တာအပြင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ တွေးတာ၊ ကြံစည်တာ၊ လက်တွေ့ပြုမူတာ အစရှိတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။
စိတ်အပြောင်းအလဲ ဖြစ်ဖို့ အချိန်ဘယ်လောက် ကြာနိုင်လဲ။

စိတ်ဓာတ်ကျတဲ့ အဆင့်မှာ အနည်းဆုံး ၂ပတ်ခန့် ကြာတတ်ပါတယ်။ စိတ်အခြေအနေ အမြင့်ဆုံးထိ တက်ကြွနေပြီဆိုရင်လည်း ရက်သတ္တပတ် အနည်းငယ် ကြာနိုင်ပါတယ်။ တစ်နှစ်ကို အကြိမ်ပေါင်းများစွာ စိတ်အပြောင်းအလဲ မြန်တဲ့ ပြဿနာ ကြုံတွေ့ရတတ်ပြီး တစ်ခါတလေမှ လက္ခဏာပြတတ်တဲ့ အခြေအနေမျိုးတွေလည်း ရှိပါတယ်။
စိတ်အတက်အကျ ဖြစ်ခြင်းဟာ လိင်မှုဘဝအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိစေနိုင်လဲ။

အထက်မှာ ပြောခဲ့သလိုပါပဲ။ စိတ်ကျန်းမာရေးနဲ့ လိင်မှုဘဝဆိုတာ ဆက်စပ်မှုရှိနေတဲ့ အရာတွေဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ဓာတ်က တက်လိုက်၊ ကျလိုက်ဖြစ်နေတဲ့သူတွေမှာ ပိုပြီးတောင် လိင်စိတ်ဆန္ဒ ပြောင်းလဲမှုတွေ ကြုံလာနိုင်တဲ့အပြင် ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်အတွက်ပါ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

စိတ်ဓာတ်တက်ကြွနေတဲ့ အဆင့် Mania နဲ့ Hypomania မှာ

    လိင်စိတ်ထကြွသောင်းကျန်းပေမဲ့ လိင်ဆက်ဆံပြီး ဆန္ဒပြီးမြောက်သွားချိန်မှာတောင် စိတ်ကျေနပ်မှုကို မခံစားမိတာ
    သူစိမ်းတွေအပြင် လူပေါင်းများစွာနဲ့ လိင်ဆက်ဆံခြင်းပြုလိုစိတ် ဖြစ်လာတာ
    တစ်ကိုယ်ရေ အာသာဖြေခြင်းကို အလွန်အကျွံလုပ်တာ
    ကိုယ့်အိမ်ထောင်၊ ချစ်သူနဲ့ မဟုတ်ဘဲ တခြားသူတွေနဲ့ ဖောက်ပြန်မှု ကျူးလွန်တာ
    ပုံမှန်မဟုတ်တဲ့ လိင်ဆက်ဆံခြင်း အပြုအမူတွေ လုပ်တာ
    အကာအကွယ် မသုံးဘဲ လိင်ဆက်ဆံတာ၊ အန္တရာယ်များတဲ့ လိင်ဆက်ဆံခြင်း ပြုကျင့်တာ
    အပြာရုပ်ရှင်ထဲကအတိုင်း ကြမ်းတမ်းစွာ လိင်ဆက်ဆံမှု ပြုတာ
    အတွေးထဲမှာ ကာမကိစ္စပဲ အချိန်ပြည့် ဝင်နေပြီး တခြားဘယ်လိုအရာကိုမှ စဉ်းစားလို့၊ အာရုံစိုက်လို့ မရတော့တာ အစရှိတဲ့ ပြဿနာတွေကို ကြုံတွေ့ရနိုင်ပါတယ်။

စိတ်အတက်အကျမြန်တဲ့သူတွေမှာ တွေ့ရတတ်တဲ့ လိင်စိတ်ထကြွသောင်းကျန်းခြင်း လက္ခဏာတွေဟာ ဝေဒနာရှင်တွေကိုရော မိသားစု၊ ချစ်သူ၊ အိမ်ထောင်ဖက်ကိုပါ ထိခိုက်စေနိုင်တဲ့အထိ ဒုက္ခပေးနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ လိင်စိတ်ဆာလောင်မှုကြောင့် ကိုယ့်ရဲ့ လက်တွဲဖော်ကိုပါ သစ္စာဖောက်လိုတဲ့ စိတ်တွေ ပေါ်လာတယ်။ စိတ်အတက်အကျမြန်ရောဂါ ရှိတဲ့ ဆယ်ကျော်သက်လူငယ်တွေမှာလည်း ကိုယ်နဲ့ သက်တူရွယ်တူတွေအပြင် တခြားလူကြီးတွေကို အလိုမတူဘဲ လိင်ပိုင်းဆိုင်ရာ ထိတွေ့ကိုင်တွယ်ခြင်း၊ စော်ကားခြင်း၊ ဆဲဆိုခြင်းပြုတာတွေ လုပ်တတ်ပါတယ်။

စိတ်ဓာတ်ကျခြင်း အဆင့် (Depression) မှာတော့ အပေါ်မှာ တွေ့ရတဲ့ လက္ခဏာတွေနဲ့ လုံးဝဆန့်ကျင်ဘက်အခြေအနေ၊ ဘာမှမဆိုင်တော့တဲ့ လူတစ်ယောက်လို စိတ်ခံစားမှုတွေ ပြောင်းသွားနိုင်ပါတယ်။ လိင်စိတ်ဆန္ဒ နည်းသွားတာ၊ လိင်ဆက်ဆံလိုစိတ်မရှိတော့တဲ့ အခြေအနေကို ရောက်သွားမယ်။ ကိုယ့်ရဲ့ လက်တွဲဖော်အနေနဲ့လည်း ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ အခြေအနေကို နားလည်လက်ခံနိုင်ခြင်း မရှိတဲ့အခါ သူတို့အတွက် စိတ်ရှုပ်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ၊ မနှစ်မြို့စရာတွေကို ခံစားရနိုင်ပါတယ်။
စိတ်အတက်အကျမြန်ရောဂါအတွက် ဘယ်လိုဖြေရှင်းမလဲ။

၁။ အရင်ဆုံး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ လက္ခဏာကို သိနားလည်ထားရပါမယ်။ ကိုယ့်မှာ ဒီစိတ်ရောဂါ ရှိနေတာ သေချာတယ်၊ လက္ခဏာတွေကို မကြာခဏ တွေ့ရတတ်တယ်ဆိုရင် စိတ်ရောဂါကုထုံး ပညာရှင်တွေနဲ့ တိုင်ပင်ပြသဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေကိုလည်း ကိုယ့်ရဲ့ အိမ်ထောင်ဖက်၊ ချစ်သူကို ဖွင့်ပြောပြထားဖို့ လိုပါတယ်။

၂။ ကိုယ့်ရဲ့ ဘဝနေထိုင်မှုပုံစံ၊ မကောင်းတဲ့ အကျင့်တွေကြောင့် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတာဆိုရင် ဒီအကျင့်တွေကို အမြန်ဆုံး ပြုပြင်ပြောင်းလဲရပါမယ်။

၃။ စိတ်ကုထုံးအပြင် လိုအပ်ရင် ဆေးဝါးအကူအညီကိုပါ ယူထားသင့်ပါတယ်။ ကိုယ့်မှာ တခြားကျန်းမာရေးပြဿနာတွေ ရှိရင်၊ သောက်နေတဲ့ ဆေးဝါးတွေ ရှိရင် ဆရာဝန်ကို အရင်ဆုံးပြောပြပြီး ကိုယ်နဲ့ ကိုက်ညီမှုရှိမယ့် ဆေးဝါးတွေကို ညွှန်းခိုင်းလို့ ရပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ် ဆေးရပ်လိုက်တာ၊ ဆေးပြောင်းသောက်တာမျိုး မလုပ်သင့်ပါဘူး။

၄။ စိတ်ကျန်းမာရေးဆိုတာ ပေါ့ဆလို့ ရတဲ့ အရာမဟုတ်ပါဘူး။ စိတ်ကြောင့်ပဲ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ လိင်မှုဘဝကို ထိခိုက်စေနိုင်သလို မလိုလားအပ်တဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေလည်း ဝင်လာနိုင်ပါတယ်။

၅။ ကိုယ်ကတော့ စိတ်ထိန်းရင် ရမှာပါလို့ တွေးထားပေမဲ့ စိတ်ရောဂါဆိုတာ ထင်ထားသလောက် ထိန်းချုပ်ရတာ မလွယ်ကူပါဘူး။ ဒါကြောင့် အချိန်ပေးပြီး စိတ်ရှည်ရှည်နဲ့ ကုသမှုခံယူဖို့နဲ့ ကိုယ့်ရဲ့ အခြေအနေကို သေချာဖွင့်ပြောပြထားဖို့ လိုအပ်တယ်ဆိုတာကို သိထားရပါမယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top