iMyanmarHouse.com - Best Property Website for Myanmar
×

 ရန္ကုန္တိုင္းေဒသႀကီး၊အေဖ်ာက္ျမိဳ႕၊ သာရေဝါေက်းရြာ အနီး ဧရာဝတီျမစ္အတြင္း၌ စက္ေလွတိမ္းေမွာက္ မႈျဖစ္ပြား၍ အမ်ဳိးသမီး (၆)ဦး ေသးဆုံးမႈျဖစ္ပြားေၾကာင္း စုံစမ္းသိရွိရသည္။“၂၀၁၉ မတ္ ၁၆ရက္ေန႔ နံနက္(၇)နာရီအခ်ိန္ခန္႔တြင္ ရန္ကုန္တုိင္းေဒသႀကီး၊ တုိက္ႀကီးျမိဳ႕နယ္၊ အေဖ်ာက္ျမိဳ႕၊သာရေဝါေက်းရြာေနသူ စက္ေလွေမာင္း ဦးျမအုန္း(၆၀) ႏွစ္မွ ေက်းရြာအနီး၊ဧရာဝတီျမစ္အတြင္း ေျမႏုက်ြန္းျဖစ္ေပၚလ်ွက္ရွိေသာ ဓါတ္ဆီေသာင္တြင္ ပဲ၊ေျပာင္း မ်ားစုိက္ပ်ိဳးလုပ္ကုိင္လ်ွက္ရွိေသာ

အုန္းပင္ကြင္းေက်းရြာအုပ္စု သံပုရာခုံေက်းရြာ၊ သာရေဝါ ေက်းရြာ ႏွင့္ ဓႏုျဖဴျမိဳ႕နယ္ ထုံးပုံအုပ္စု စာေပစုေက်းရြာ တို႔မွ အလုပ္သမား (၂၅) ဦးအား တင္ေဆာင္ၿပီး လုိက္လံ ပုိ႔ေဆာင္စဥ္ ဧရာဝတီျမစ္လယ္ အေရာက္တြင္ စက္ေလွ တိမ္းေမွာက္သြားသျဖင့္ စက္ေလွေပၚတြင္ စီးနင္းလုိက္ပါလာသူ (၂၅)ဦးအနက္မွ

(၁) မဝါဝါေဌး(၂၂)ႏွစ္(ဘ)ဦးျမင့္လြင္ စာေပစုေက်းရြာထုံးပုံအုပ္စု ဓႏုျဖဴျမိဳ႕နယ္။

(၂) မပုိးအိလႈိင္(၂၂)ႏွစ္(ဘ)ဦးျမင့္လြင္ဦး စာေပစုေက်းရြာ ထုံးပုံအုပ္စု ဓႏုျဖဴျမိဳ႕နယ္။

(၃) မခြါညုိ(၁၃)ႏွစ္(ဘ)ဦးေအးမင္း (၇)တန္းေက်ာင္းသူသံပုရာခုံေက်းရြာ အုန္းပင္ကြင္းေက်းရြာအုပ္စုအေဖ်ာက္ျမိဳ႕။

(၄) မပပ(၂၆)ႏွစ္ (ဘ)ဦးျမင့္စုိး သံပုရာခုံေက်းရြာ အုန္းပင္ကြင္းေက်းရြာအုပ္စု အေဖ်ာက္ျမိဳ႕။

(၅) မခင္ေလးႏြယ္(၂၇)ႏွစ္ (ဘ)ဦးစုိးျငိမ္း သာရေဝါေက်းရြာ အုန္းပင္ကြင္းေက်းရြာအုပ္စု အေဖ်ာက္ျမိဳ႕။

(၆) မျဖိဳးဝါခ်ိဳ(၂၇)ႏွစ္(ဘ)ဦးသန္းႏုိင္ စာေပစုေက်းရြာထုံးပုံအုပ္စု ဓႏုျဖဴျမိဳ႕နယ္ ။

အမ်ိဳးသမီး(၆)ဦး ေရနစ္ေသဆုံးခဲ႔သည္ဟု” အေမ်ာက္ၿမိဳ႕ ေခတၱရဲစခန္းမွ ေျပာၾကားတယ္။အဆိုပါျဖစ္စဥ္ႏွင့္ပတ္သတ္၍ လူ႔အသက္အႏၱရာယ္ ျဖစ္ေစေအာင္ ေရယာဥ္အားေပါ့ဆစြာ ေမာင္ႏွင္သူ စက္ေလွေမာင္ ဦးျမအုန္း(၆၀)ႏွစ္အား ဥပေဒအရအေရး ယူေပးပါရန္ ဒုရဲအုပ္သန္းေက်ာ္ေဇာမွ တရားလုိ ျပဳလုပ္တုိင္တန္းသျဖင့္အေဖ်ာက္နယ္ေျမရဲစခန္းမွ (ပ)၁၈/၂၀၁၉ ရာဇသတ္ျကီးဥပေဒပုဒ္မ ၃၀၄-က / ၂၈၀ ျဖင့္ အမႈဖြင့္လွစ္ျပီး စက္ေလွယာဥ္ေမာင္းအား ဖမ္းဆီးရမိေရး စုံစမ္းရွာေဖြလ်ွက္ရွိေၾကာင္း စုံစမ္းသိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ညီညီ(လိႈင္သာယာ)

#Unicode Version# ျဖင့္ဖတ္ပါ ။

ရန်ကုန်တိုင်းဒေသကြီး၊အဖျောက်မြို့၊ သာရဝေါကျေးရွာ အနီး ဧရာဝတီမြစ်အတွင်း၌ စက်လှေတိမ်းမှောက် မှုဖြစ်ပွား၍ အမျိုးသမီး (၆)ဦး သေးဆုံးမှုဖြစ်ပွားကြောင်း စုံစမ်းသိရှိရသည်။“၂၀၁၉ မတ် ၁၆ရက်နေ့ နံနက်(၇)နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊သာရဝေါကျေးရွာနေသူ စက်လှေမောင်း ဦးမြအုန်း(၆၀) နှစ်မှ ကျေးရွာအနီး၊ဧရာဝတီမြစ်အတွင်း မြေနုကျွန်းဖြစ်ပေါ်လျှက်ရှိသော ဓါတ်ဆီသောင်တွင် ပဲ၊ပြောင်း များစိုက်ပျိုးလုပ်ကိုင်လျှက်ရှိသော

အုန်းပင်ကွင်းကျေးရွာအုပ်စု သံပုရာခုံကျေးရွာ၊ သာရဝေါ ကျေးရွာ နှင့် ဓနုဖြူမြို့နယ် ထုံးပုံအုပ်စု စာပေစုကျေးရွာ တို့မှ အလုပ်သမား (၂၅) ဦးအား တင်ဆောင်ပြီး လိုက်လံ ပို့ဆောင်စဉ် ဧရာဝတီမြစ်လယ် အရောက်တွင် စက်လှေ တိမ်းမှောက်သွားသဖြင့် စက်လှေပေါ်တွင် စီးနင်းလိုက်ပါလာသူ (၂၅)ဦးအနက်မှ

(၁) မဝါဝါဌေး(၂၂)နှစ်(ဘ)ဦးမြင့်လွင် စာပေစုကျေးရွာထုံးပုံအုပ်စု ဓနုဖြူမြို့နယ်။

(၂) မပိုးအိလှိုင်(၂၂)နှစ်(ဘ)ဦးမြင့်လွင်ဦး စာပေစုကျေးရွာ ထုံးပုံအုပ်စု ဓနုဖြူမြို့နယ်။

(၃) မခွါညို(၁၃)နှစ်(ဘ)ဦးအေးမင်း (၇)တန်းကျောင်းသူသံပုရာခုံကျေးရွာ အုန်းပင်ကွင်းကျေးရွာအုပ်စုအဖျောက်မြို့။

(၄) မပပ(၂၆)နှစ် (ဘ)ဦးမြင့်စိုး သံပုရာခုံကျေးရွာ အုန်းပင်ကွင်းကျေးရွာအုပ်စု အဖျောက်မြို့။

(၅) မခင်လေးနွယ်(၂၇)နှစ် (ဘ)ဦးစိုးငြိမ်း သာရဝေါကျေးရွာ အုန်းပင်ကွင်းကျေးရွာအုပ်စု အဖျောက်မြို့။

(၆) မဖြိုးဝါချို(၂၇)နှစ်(ဘ)ဦးသန်းနိုင် စာပေစုကျေးရွာထုံးပုံအုပ်စု ဓနုဖြူမြို့နယ် ။

အမျိုးသမီး(၆)ဦး ရေနစ်သေဆုံးခဲ့သည်ဟု” အမျောက်မြို့ ခေတ္တရဲစခန်းမှ ပြောကြားတယ်။အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ လူ့အသက်အန္တရာယ် ဖြစ်စေအောင် ရေယာဉ်အားပေါ့ဆစွာ မောင်နှင်သူ စက်လှေမောင် ဦးမြအုန်း(၆၀)နှစ်အား ဥပဒေအရအရေး ယူပေးပါရန် ဒုရဲအုပ်သန်းကျော်ဇောမှ တရားလို ပြုလုပ်တိုင်တန်းသဖြင့်အဖျောက်နယ်မြေရဲစခန်းမှ (ပ)၁၈/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က / ၂၈၀ ဖြင့် အမှုဖွင့်လှစ်ပြီး စက်လှေယာဉ်မောင်းအား ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေလျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ညီညီ(လှိုင်သာယာ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top