ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×


တနသၤာရီတိုင္းအတြင္းရွိ ကြၽန္းခရီးစဥ္မ်ားအနက္ ျပည္တြင္း/ ျပည္ပ ခရီးသြား ဧည့္သည္မ်ား ညအိပ္ခြင့္ပါ ရရွိေစမည့္ ရပ္႐ြာလူထုအေျချပဳ ခရီးသြားလုပ္ငန္း( CBT) ဒုတိယေနရာအျဖစ္ ၿမိတ္ခ႐ိုင္၊ ကြၽန္းစုၿမိဳ႕နယ္၊ ေရျမစ္ႀကီး ေက်း႐ြာအုပ္စု၊ ဒုံးေညာင္မႈိင္ေက်း႐ြာကို ေ႐ြးခ်ယ္ကာ မတ္လအတြင္း စတင္ႏိုင္ရန္စီစဥ္ေနေၾကာင္း သိရသည္။

အဆိုပါ CBT ခရီးသြားလုပ္ငန္းကို ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာတြင္ ထားဝယ္ခ႐ိုင္၊ ေလာင္းလုံ ၿမိဳ႕နယ္ရွိ စမ္းလွမ္းေက်း႐ြာ၌ ပထမဆုံး စတင္ အေကာင္အထည္ေဖာ္ ျပဳလုပ္ႏိုင္ခဲ့ၿပီး၊ လက္ရွိမွာ ေအာင္ျမင္ေနသည့္ ခရီးသြား လုပ္ငန္းအျဖစ္ ရွိေနေၾကာင္း သိရသည္။

 “CBT ခရီးသြားလုပ္ငန္းကို ကြၽန္ေတာ္တို႔႐ြာမွာ လာလုပ္မယ္ဆိုေတာ့ ေဒသ ခံေတြအေနနဲ႔ လက္ခံ ႀကိဳဆိုရမွာေပါ့။ ဘာျဖစ္လို႔လည္းဆိုေတာ့ ေဒသအတြက္ အက်ိဳးျဖစ္မယ့္အလုပ္ဆိုေတာ့ အားေပးရမွာ ျဖစ္တယ္၊

ျဖစ္ႏိုင္ရင္ေတာ့ ခရီးသြားေတြ အလာမ်ားႏိုင္တာေၾကာင့္ ဒီလုပ္ငန္းနဲ႔ ဆက္ႏြယ္ၿပီး၊ လုံၿခဳံေရးေတြ ေကာင္းေကာင္း ခ်ထားေပးႏိုင္ဖို႔ ရဲတပ္ဖြဲ႕ဝင္ေတြ ခ်ထားေပးေစ ခ်င္ပါတယ္”ဟု ဒုံးေညာင္မႈိင္း႐ြာ၊ ရာအိမ္မႉး ဦးဆန္းဦးက ေျပာသည္။

 ၿမိတ္ကြၽန္းစု ခရီးစဥ္မ်ားအနက္ ဒုံးေညာင္းမႈိင္းေက်း႐ြာသည္၊ ခရီးသည္မ်ားကို သြားေရာက္ ပို႔ေဆာင္ေနရ သည့္ ေနရာတစ္ခု ျဖစ္သလို ေန႔လယ္စာအျဖင့္ တည္ ခင္းဧည့္ခံသည့္ ေနရာတစ္ခုလည္း ျဖစ္ကာ ဆလုံလူမ်ိဳးမ်ားေနထိုင္ေသာ ႐ြာတစ္ ႐ြာလည္း ျဖစ္သည္။

 “တိုင္းအစိုးရရဲ႕ ခြင့္ျပဳခ်က္နဲ႔ ဒုံးေညာင္းမႈိင္း႐ြာ ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္၊ ခရီး သြားလုပ္ငန္းအတြက္ အေဆာက္အအုံ ေဆာက္ဖို႔ကို ေျမေနရာလည္း ကြၽန္ေတာ္ တို႔ ၾကည့္ထား ၿပီးပါၿပီ၊

ဒီလဲထဲမွာ ေဆာက္ႏိုင္ေအာင္လို႔ ျပင္ဆင္ေနပါတယ္၊ ဒီရာသီ မွီေအာင္ေတာ့ လုပ္ေဆာင္သြားဖို႔ ရွိတယ္”ဟု တနသၤာရီတိုင္း ဟိုတယ္ႏွင့္ခရီးသြား ၫြန္ၾကားေရး မႉး႐ုံး တာဝန္ခံ ၫြန္ၾကားေရးမႉး ဦးညိဳေအးက ေျပာသည္။

ဒုံးေညာင္မႈိင္းေက်း႐ြာ၏ CBT ခရီးသြားလုပ္ငန္း ေအာင္ျမင္ပါက ျပည္တြင္း/ ျပည္ပ မွ လာေရာက္လည္ပတ္ မည့္ ခရီးသြားမ်ားသည္၊ ညအိပ္ခရီးစဥ္မ်ား သြားႏိုင္မည့္ အျပင္ ၿမိတ္ကြၽန္းစုခရီးသြားလုပ္ငန္းမွာ အရွိန္အဟုန္ ျဖင့္တိုးတက္လာႏိုင္ေၾကာင္း ၿမိတ္အေျခစိုက္ ခရီးသြားလုပ္ငန္းလုပ္ကိုင္သူမ်ားက သုံးသပ္သည္။

“ ဒီလုပ္ငန္းက ကိုယ့္႐ြာအတြက္ အက်ိဳးျပဳရင္ေတာ့ ဒါက လက္ခံ ႀကိဳဆိုရမွာေပါ့၊ ဒီ႐ြာမွာက ဟိုအရင္ အဆက္ဆက္ကတည္းက အေျခခံလူတန္းစားေတြျဖစ္တဲ့ တံငါလုပ္ငန္းလုပ္ကိုင္တဲ့ ေရလုပ္သားေတြပဲ ေနထိုင္တဲ့သူေတြ မ်ားေတာ့ CBT လုပ္ငန္းကို သိပ္နားမလည္ပါဘူး၊

ကြၽန္မအေနနဲ႔ ေျပာခ်င္တာက ဒီလုပ္ငန္းေတြ ေအာင္ျမင္လာတဲ့ တစ္ေန႔ ေဒသခံ ငါးဖမ္းေလွေတြကို အရင္လို အဝင္/ အထြက္ေတြကို မတင္းၾကပ္ဖို႔နဲ႔ ပုံမွန္အတိုင္း ခြင့္ျပဳေပးေစခ်င္ပါတယ္၊ ဒါမွ မဟုတ္ ကန႔္သတ္ခ်ဳပ္ခ်ယ္လာတာမ်ိဳး ရွိလာရင္ေတာ့ အခက္အခဲေတြ ျဖစ္မွာကို စိုးရိမ္တယ္” ဟု ဒုံးေညာင္မႈိင္႐ြာခံ ေဒၚခင္ဝင္းရီက ဆိုသည္။

တနသၤာရီတိုင္းအတြင္း ရပ္႐ြာလူထုအေျချပဳ ခရီးသြားလုပ္ငန္း CBT (Community Based Tourism) ကို ထားဝယ္ခ႐ိုင္၊ ေလာင္းလုံးၿမိဳ႕နယ္ စမ္းလွမ္းေက်း႐ြာ၊ ၿမိတ္ခ႐ိုင္၊ ကြၽန္းစုၿမိဳ႕နယ္ ဒုံးေညာင္းမႈိင္းေက်း႐ြာႏွင့္ ေကာ့ေသာင္းခ႐ိုင္၊ ဘုတ္ျပင္းၿမိဳ႕နယ္ရွိ မႀကဳံဂလတ္ေက်း႐ြာတို႔ကို ေ႐ြးခ်ယ္ထားခဲ့ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းခရီးစဉ်များအနက် ပြည်တွင်း/ ပြည်ပ ခရီးသွား ဧည့်သည်များ ညအိပ်ခွင့်ပါ ရရှိစေမည့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း( CBT) ဒုတိယနေရာအဖြစ် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီး ကျေးရွာအုပ်စု၊ ဒုံးညောင်မှိုင်ကျေးရွာကို ရွေးချယ်ကာ မတ်လအတွင်း စတင်နိုင်ရန်စီစဉ်နေကြောင်း သိရသည်။

အဆိုပါ CBT ခရီးသွားလုပ်ငန်းကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာတွင် ထားဝယ်ခရိုင်၊ လောင်းလုံ မြို့နယ်ရှိ စမ်းလှမ်းကျေးရွာ၌ ပထမဆုံး စတင် အကောင်အထည်ဖော် ပြုလုပ်နိုင်ခဲ့ပြီး၊ လက်ရှိမှာ အောင်မြင်နေသည့် ခရီးသွား လုပ်ငန်းအဖြစ် ရှိနေကြောင်း သိရသည်။

 “CBT ခရီးသွားလုပ်ငန်းကို ကျွန်တော်တို့ရွာမှာ လာလုပ်မယ်ဆိုတော့ ဒေသ ခံတွေအနေနဲ့ လက်ခံ ကြိုဆိုရမှာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ဒေသအတွက် အကျိုးဖြစ်မယ့်အလုပ်ဆိုတော့ အားပေးရမှာ ဖြစ်တယ်၊

ဖြစ်နိုင်ရင်တော့ ခရီးသွားတွေ အလာများနိုင်တာကြောင့် ဒီလုပ်ငန်းနဲ့ ဆက်နွယ်ပြီး၊ လုံခြုံရေးတွေ ကောင်းကောင်း ချထားပေးနိုင်ဖို့ ရဲတပ်ဖွဲ့ဝင်တွေ ချထားပေးစေ ချင်ပါတယ်”ဟု ဒုံးညောင်မှိုင်းရွာ၊ ရာအိမ်မှူး ဦးဆန်းဦးက ပြောသည်။

 မြိတ်ကျွန်းစု ခရီးစဉ်များအနက် ဒုံးညောင်းမှိုင်းကျေးရွာသည်၊ ခရီးသည်များကို သွားရောက် ပို့ဆောင်နေရ သည့် နေရာတစ်ခု ဖြစ်သလို နေ့လယ်စာအဖြင့် တည် ခင်းဧည့်ခံသည့် နေရာတစ်ခုလည်း ဖြစ်ကာ ဆလုံလူမျိုးများနေထိုင်သော ရွာတစ် ရွာလည်း ဖြစ်သည်။

 “တိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဒုံးညောင်းမှိုင်းရွာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်၊ ခရီး သွားလုပ်ငန်းအတွက် အဆောက်အအုံ ဆောက်ဖို့ကို မြေနေရာလည်း ကျွန်တော် တို့ ကြည့်ထား ပြီးပါပြီ၊

ဒီလဲထဲမှာ ဆောက်နိုင်အောင်လို့ ပြင်ဆင်နေပါတယ်၊ ဒီရာသီ မှီအောင်တော့ လုပ်ဆောင်သွားဖို့ ရှိတယ်”ဟု တနင်္သာရီတိုင်း ဟိုတယ်နှင့်ခရီးသွား ညွန်ကြားရေး မှူးရုံး တာဝန်ခံ ညွန်ကြားရေးမှူး ဦးညိုအေးက ပြောသည်။

ဒုံးညောင်မှိုင်းကျေးရွာ၏ CBT ခရီးသွားလုပ်ငန်း အောင်မြင်ပါက ပြည်တွင်း/ ပြည်ပ မှ လာရောက်လည်ပတ် မည့် ခရီးသွားများသည်၊ ညအိပ်ခရီးစဉ်များ သွားနိုင်မည့် အပြင် မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းမှာ အရှိန်အဟုန် ဖြင့်တိုးတက်လာနိုင်ကြောင်း မြိတ်အခြေစိုက် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများက သုံးသပ်သည်။

“ ဒီလုပ်ငန်းက ကိုယ့်ရွာအတွက် အကျိုးပြုရင်တော့ ဒါက လက်ခံ ကြိုဆိုရမှာပေါ့၊ ဒီရွာမှာက ဟိုအရင် အဆက်ဆက်ကတည်းက အခြေခံလူတန်းစားတွေဖြစ်တဲ့ တံငါလုပ်ငန်းလုပ်ကိုင်တဲ့ ရေလုပ်သားတွေပဲ နေထိုင်တဲ့သူတွေ များတော့ CBT လုပ်ငန်းကို သိပ်နားမလည်ပါဘူး၊

ကျွန်မအနေနဲ့ ပြောချင်တာက ဒီလုပ်ငန်းတွေ အောင်မြင်လာတဲ့ တစ်နေ့ ဒေသခံ ငါးဖမ်းလှေတွေကို အရင်လို အဝင်/ အထွက်တွေကို မတင်းကြပ်ဖို့နဲ့ ပုံမှန်အတိုင်း ခွင့်ပြုပေးစေချင်ပါတယ်၊ ဒါမှ မဟုတ် ကန့်သတ်ချုပ်ချယ်လာတာမျိုး ရှိလာရင်တော့ အခက်အခဲတွေ ဖြစ်မှာကို စိုးရိမ်တယ်” ဟု ဒုံးညောင်မှိုင်ရွာခံ ဒေါ်ခင်ဝင်းရီက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း CBT (Community Based Tourism) ကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာ၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ဒုံးညောင်းမှိုင်းကျေးရွာနှင့် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်ရှိ မကြုံဂလတ်ကျေးရွာတို့ကို ရွေးချယ်ထားခဲ့ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top