ရန္ကင္း ဆီဒိုးနားဟိုတယ္အနီး Star Villa (Sunian Park) ကြန္ဒိုအေရာင္းျပပြဲ
×

အိႏၵိယနိုင္ငံ ေတာင္ပိုင္း တမီနာဒူး ျပည္နယ္က အန္ဒမန္ရြာကေလးဟာ ျပည္နယ္ၿမိဳ႕ေတာ္ ခ်န္နိုင္းနဲ႔ ကီလိုမီတာ ၄၅၀ အကြာ၊ ကားနဲ႔ ဆိုရင္ ၇ နာရီခြဲေလာက္ ေမာင္းရတဲ့ ေနရာမွာ ရွိပါတယ္။ မိသားစု ၁၃၀ ေလာက္ အဲဒီရြာမွာ ေနပါတယ္။ ရြာသားအမ်ားစုက ရြာအနီးတဝိုက္မွာပဲ စိုက္ပ်ိဳးေမြးျမဴေရးနဲ႔ အသက္ေမြးတဲ့ လယ္သမားေတြပါ။

ရြာထိပ္က တမာပင္ေအာက္မွာ ရွပ္အကၤ်ီ အျဖဴနဲ႔ လုံခ်ည္အကြက္ ဝတ္ထားတဲ့ အသက္ ၇၀ အရြယ္ အမ်ိဳးသားႀကီး မူခန္ အ႐ူမူဂမ္က ေကာင္းကင္ကို ေမာ့ၾကည့္ ဆုေတာင္းေနပါတယ္။ ဇန္နဝါရီလ အကုန္ေလာက္ပဲ ရွိေသးေပမယ့္ ေန႔လယ္ေနက က်ဲက်ဲေတာက္ ပူေနပါတယ္။ ရြာသားေတြ ရြာထဲဝင္တဲ့အခါ ဖိနပ္ေတြ စခၽြတ္၊ လက္ကကိုင္ၿပီးမွ ရြာထဲ စဝင္ရတဲ့ ေနရာ တစ္ခု ရွိပါတယ္။

ရြာထဲမွာ အသက္ႀကီးသူေတြနဲ႔ မက်န္းမာသူေတြကလြဲရင္ ဘယ္သူမွ ဖိနပ္မစီးၾကပါဘူး။ မူခန္ အ႐ူမူဂမ္လည္း ေျခဗလာနဲ႔ပါ။ အသက္ႀကီးရင့္လာၿပီ ျဖစ္တဲ့ သူလည္း ေနာက္ဆိုရင္ ဖိနပ္စီး စစီးေတာ့မယ္လို႔ ေျပာပါတယ္။ အထူးသျဖင့္ ပူျပင္းတဲ့ ေႏြရာသီလေတြမွာ စီးရလိမ့္မယ္လို႔ ဆိုပါတယ္။
ရြာထိပ္က တမာပင္ကေနစၿပီး ဖိနပ္ေတြခၽြတ္ၿပီး ရြာထဲဝင္ၾကတယ္

ရြာထဲမွာ ကေလးေတြ၊ ဆယ္ေက်ာ္သက္ေတြ၊ အလုပ္ သြားလုပ္ၾကမယ့္ လူေတြ အကုန္လုံး ဖိနပ္ေတြကို လက္က ကိုင္ၿပီး သြားလာေနၾကပါတယ္။ သူတို႔ေတြ ဖိနပ္ကို လက္က ကိုင္ၿပီး သြားလာေနၾကပုံက ပိုက္ဆံအိတ္ကိုင္ သြားလာေနၾကသလို ပုံမ်ိဳးပါ။

၁၀ႏွစ္သား အန္ဘူ နစ္သီက ရြာထဲမွာ စက္ဘီးစီးေနပါတယ္။ သူလည္း ဖိနပ္မပါပါဘူး။ သူက ရြာနဲ႔ ငါးကီလိုမီတာ ေဝးတဲ့ ၿမိဳ႕မွာ ေက်ာင္းတက္ေနတဲ့ ငါးတန္း ေက်ာင္းသားပါ။

မူသီယာလမ္မာ လို႔ေခၚတဲ့ တန္ခိုးႀကီးတဲ့ နတ္ဘုရားမက ရြာကို ေစာင့္ေရွာက္ေနတယ္လို႔ သူ႔အေမက သူ႔ကို ေျပာထားတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ အဲဒီနတ္ကို ေလးစားတာကို ျပခ်င္လို႔ သူတို႔ေတြ ဖိနပ္မစီးၾကတာလို႔ သူက ဆက္ေျပာပါတယ္။ ဒါဟာ မလုပ္မေနရ မဟုတ္ေပမယ့္ ဖိနပ္စီးတာဟာ တရြာလုံးရဲ့ အင္မတန္ တန္ဖိုးထားတဲ့ မိတ္ေဆြကို မေလးမစား လုပ္သလို ျဖစ္မယ္လို႔ သူကေျပာပါတယ္။

ရြာသားေတြ ေျခဗလာနဲ႔ သြားလာၾကတာဟာ အတင္းအၾကပ္ လုပ္ခိုင္းလို႔ လုပ္ေနရတာထက္ သူတို႔ကိုယ္တိုင္ အဲဒီ့အက်င့္ကို လိုလိုလားလား လုပ္ေနၾကတာ ျဖစ္ပါတယ္။
ရြာထဲမွာ ဖိနပ္စီးတာကို အတင္းအၾကပ္ တားမထားေပမဲ့ အမ်ားစုက မစီးၾကပါဘူး။

ရြာနားမွာပဲ လယ္စိုက္တဲ့ အသက္ ၄၀ အရြယ္ အမ်ိဳးသမီး တစ္ေယာက္ကေတာ့ သူ႔ကေလး ေလးေယာက္ကို ဖိနပ္မစီးဖို႔ အတင္းအၾကပ္ ခိုင္းတာမ်ိဳး မလုပ္ခဲ့ဘူးလို႔ ေျပာပါတယ္။ သူ႔ကေလးေတြက အခု အရြယ္ေရာက္လို႔ တျခားၿမိဳ႕ေတြ သြားၿပီး အလုပ္လုပ္ေနၾကပါၿပီ။ ဒါေပမဲ့ သူ႔ဆီ လာတဲ့အခါ ရြာထုံးစံ အတိုင္း ေနၾကတယ္လို႔ သူကေျပာပါတယ္။

ဒါေပမဲ့ တစ္ခါတုန္းကေတာ့ နတ္ကို ေၾကာက္တဲ့အခါ ရွိခဲ့ဖူးပါတယ္။

စည္းကမ္းကို မလိုက္နာရင္ ဆိုးဆိုးရြားရြား ေရာဂါျဖစ္လိမ့္မယ္လို႔ ယုံၾကည္တဲ့ အရပ္ပုံျပင္ တစ္ပုဒ္ကေန စတာပါ။

အဲဒီပုံျပင္ကို အသက္ ၆၂ အရြယ္ လက္ရွ္မန္နန္ ဗီရာဘရာဒါ က ေျပာျပတာပါ။ သူက ရြာရဲ့ ရာဇဝင္အိုးလိုမ်ိဳး လူေပါ့။

လြန္ခဲ့တဲ့ အႏွစ္ ၇၀ ေလာက္က မူသီယာလမ္မာ နတ္႐ုပ္ကို ရြာသားေတြဟာ ရြာစပ္က တမာပင္ေအာက္မွာ စ ထားခဲ့ၾကတာပါ။ နတ္႐ုပ္ကို ရႊံ့နဲ႔ လုပ္ၿပီး ထားခဲ့ၾကတာပါ။ အဲဒီမွာ ဖိနပ္မခၽြတ္ဘဲ ျဖတ္ေလၽွာက္သြားတဲ့ လူငယ္တစ္ေယာက္ ျပင္းျပင္းထန္ထန္ ဖ်ားပါေလေရာတဲ့။ အဲဒီလို ျဖစ္ရာကေန သူေနျပန္ေကာင္းဖို႔ လေပါင္းမ်ားစြာ အခ်ိန္ယူခဲ့ရသတဲ့။ အဲဒီကေနစၿပီး ရြာသားေတြ ဖိနပ္မစီးၾကေတာ့တာလို႔ သူက ေျပာျပပါတယ္။

အဲဒီနတ္ကို ပူေဇာ္တဲ့ နတ္ပြဲကို ငါးႏွစ္တစ္ခါ ဒါမွမဟုတ္ ရွစ္ႏွစ္တစ္ခါေလာက္ ဧၿပီလမွာ လုပ္ၾကပါတယ္။ သုံးရက္ၾကာ လုပ္တဲ့ နတ္ပြဲပါ။ ၿပီးရင္ေတာ့ နတ္႐ုပ္ကို ေျမႀကီး ျပန္ျဖစ္သြားတဲ့အထိ တစ္စစီ ျဖစ္ေအာင္ ထုရိုက္လိုက္ၾကပါတယ္။ နတ္ပြဲရက္ အတြင္းမွာေတာ့ ဆုေတာင္းတဲ့သူေတြ၊ ပသတဲ့ သူေတြ၊ ေပ်ာ္ပြဲရႊင္ပြဲေတြ၊ ျပဇာတ္လိုမ်ိဳးေတြ က်င္းပၾကပါတယ္။ အဲလို နတ္ပြဲလုပ္ရင္ အကုန္အက် မ်ားတာေၾကာင့္ ခဏခဏ လုပ္ေလ့ မရွိၾကဘဲ နတ္ပြဲ ေနာက္ဆုံး လုပ္ခဲ့တာ ၂၀၁၁ ႏွစ္ကလို႔ ဆိုပါတယ္။ ေနာက္ဘယ္ေတာ့ လုပ္မလဲ ဆိုတာလည္း သူတို႔ ေသခ်ာ မသိၾကေသးပါဘူး။ အလွူေငြ ဘယ္ေလာက္ ရသလဲ ဆိုတာအေပၚ မူတည္ပါတယ္။
ရြာထဲ ဖိနပ္မစီးတာ သူတို႔ ကိုယ္တိုင္က ေလးေလးစားစားနဲ႔ လုပ္တဲ့အက်င့္ပါ

တျခား အျပင္ကလူေတြကေတာ့ သူတို႔အက်င့္ကို ထူးထူးဆန္းဆန္းလို႔ ျမင္ၾကပါတယ္။

အသက္ ၄၀ အရြယ္ ရြာသားတစ္ေယာက္ကေတာ့ နတ္က သူတို႔ရြာသားအခ်င္းခ်င္း တစ္မိသားစုတည္းလို စည္းလုံးေအာင္ လုပ္ေပးပါတယ္တဲ့။ တစ္ေယာက္ေယာက္ ေသဆုံးသြားတဲ့အခါ ေသဆုံးသူက ဆင္းရဲသူ ျဖစ္ျဖစ္ ခ်မ္းသာသူျဖစ္ျဖစ္ တျခားမိသားစုေတြက ႐ူပီး ၂၀ ေလာက္စီ ေငြကူ ေပးၾကတယ္လို႔ ေျပာပါတယ္။

ဘယ္ေနရာမွာ ျဖစ္ပါေစ၊ ဒီလိုမ်ိဳး ယုံၾကည္မွုနဲ႔ ေနထိုင္ေနၾကတာပါပဲ။ ဒီရြာမွာလည္း အဲဒီလို ယုံၾကည္မွုေတြထဲက တစ္မ်ိဳး ရွိေန႐ုံပါပဲလို႔ သူက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version# ျဖင့္ဖတ္ပါ ။

အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီနာဒူး ပြည်နယ်က အန်ဒမန်ရွာကလေးဟာ ပြည်နယ်မြို့တော် ချန်နိုင်းနဲ့ ကီလိုမီတာ ၄၅၀ အကွာ၊ ကားနဲ့ ဆိုရင် ၇ နာရီခွဲလောက် မောင်းရတဲ့ နေရာမှာ ရှိပါတယ်။ မိသားစု ၁၃၀ လောက် အဲဒီရွာမှာ နေပါတယ်။ ရွာသားအများစုက ရွာအနီးတဝိုက်မှာပဲ စိုက်ပျိုးမွေးမြူရေးနဲ့ အသက်မွေးတဲ့ လယ်သမားတွေပါ။

ရွာထိပ်က တမာပင်အောက်မှာ ရှပ်အင်္ကျီ အဖြူနဲ့ လုံချည်အကွက် ဝတ်ထားတဲ့ အသက် ၇၀ အရွယ် အမျိုးသားကြီး မူခန် အရူမူဂမ်က ကောင်းကင်ကို မော့ကြည့် ဆုတောင်းနေပါတယ်။ ဇန်နဝါရီလ အကုန်လောက်ပဲ ရှိသေးပေမယ့် နေ့လယ်နေက ကျဲကျဲတောက် ပူနေပါတယ်။ ရွာသားတွေ ရွာထဲဝင်တဲ့အခါ ဖိနပ်တွေ စချွတ်၊ လက်ကကိုင်ပြီးမှ ရွာထဲ စဝင်ရတဲ့ နေရာ တစ်ခု ရှိပါတယ်။

ရွာထဲမှာ အသက်ကြီးသူတွေနဲ့ မကျန်းမာသူတွေကလွဲရင် ဘယ်သူမှ ဖိနပ်မစီးကြပါဘူး။ မူခန် အရူမူဂမ်လည်း ခြေဗလာနဲ့ပါ။ အသက်ကြီးရင့်လာပြီ ဖြစ်တဲ့ သူလည်း နောက်ဆိုရင် ဖိနပ်စီး စစီးတော့မယ်လို့ ပြောပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ နွေရာသီလတွေမှာ စီးရလိမ့်မယ်လို့ ဆိုပါတယ်။
ရွာထိပ်က တမာပင်ကနေစပြီး ဖိနပ်တွေချွတ်ပြီး ရွာထဲဝင်ကြတယ်

ရွာထဲမှာ ကလေးတွေ၊ ဆယ်ကျော်သက်တွေ၊ အလုပ် သွားလုပ်ကြမယ့် လူတွေ အကုန်လုံး ဖိနပ်တွေကို လက်က ကိုင်ပြီး သွားလာနေကြပါတယ်။ သူတို့တွေ ဖိနပ်ကို လက်က ကိုင်ပြီး သွားလာနေကြပုံက ပိုက်ဆံအိတ်ကိုင် သွားလာနေကြသလို ပုံမျိုးပါ။

၁၀နှစ်သား အန်ဘူ နစ်သီက ရွာထဲမှာ စက်ဘီးစီးနေပါတယ်။ သူလည်း ဖိနပ်မပါပါဘူး။ သူက ရွာနဲ့ ငါးကီလိုမီတာ ဝေးတဲ့ မြို့မှာ ကျောင်းတက်နေတဲ့ ငါးတန်း ကျောင်းသားပါ။

မူသီယာလမ်မာ လို့ခေါ်တဲ့ တန်ခိုးကြီးတဲ့ နတ်ဘုရားမက ရွာကို စောင့်ရှောက်နေတယ်လို့ သူ့အမေက သူ့ကို ပြောထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီနတ်ကို လေးစားတာကို ပြချင်လို့ သူတို့တွေ ဖိနပ်မစီးကြတာလို့ သူက ဆက်ပြောပါတယ်။ ဒါဟာ မလုပ်မနေရ မဟုတ်ပေမယ့် ဖိနပ်စီးတာဟာ တရွာလုံးရဲ့ အင်မတန် တန်ဖိုးထားတဲ့ မိတ်ဆွေကို မလေးမစား လုပ်သလို ဖြစ်မယ်လို့ သူကပြောပါတယ်။

ရွာသားတွေ ခြေဗလာနဲ့ သွားလာကြတာဟာ အတင်းအကြပ် လုပ်ခိုင်းလို့ လုပ်နေရတာထက် သူတို့ကိုယ်တိုင် အဲဒီ့အကျင့်ကို လိုလိုလားလား လုပ်နေကြတာ ဖြစ်ပါတယ်။
ရွာထဲမှာ ဖိနပ်စီးတာကို အတင်းအကြပ် တားမထားပေမဲ့ အများစုက မစီးကြပါဘူး။

ရွာနားမှာပဲ လယ်စိုက်တဲ့ အသက် ၄၀ အရွယ် အမျိုးသမီး တစ်ယောက်ကတော့ သူ့ကလေး လေးယောက်ကို ဖိနပ်မစီးဖို့ အတင်းအကြပ် ခိုင်းတာမျိုး မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။ သူ့ကလေးတွေက အခု အရွယ်ရောက်လို့ တခြားမြို့တွေ သွားပြီး အလုပ်လုပ်နေကြပါပြီ။ ဒါပေမဲ့ သူ့ဆီ လာတဲ့အခါ ရွာထုံးစံ အတိုင်း နေကြတယ်လို့ သူကပြောပါတယ်။

ဒါပေမဲ့ တစ်ခါတုန်းကတော့ နတ်ကို ကြောက်တဲ့အခါ ရှိခဲ့ဖူးပါတယ်။

စည်းကမ်းကို မလိုက်နာရင် ဆိုးဆိုးရွားရွား ရောဂါဖြစ်လိမ့်မယ်လို့ ယုံကြည်တဲ့ အရပ်ပုံပြင် တစ်ပုဒ်ကနေ စတာပါ။

အဲဒီပုံပြင်ကို အသက် ၆၂ အရွယ် လက်ရှ်မန်နန် ဗီရာဘရာဒါ က ပြောပြတာပါ။ သူက ရွာရဲ့ ရာဇဝင်အိုးလိုမျိုး လူပေါ့။

လွန်ခဲ့တဲ့ အနှစ် ၇၀ လောက်က မူသီယာလမ်မာ နတ်ရုပ်ကို ရွာသားတွေဟာ ရွာစပ်က တမာပင်အောက်မှာ စ ထားခဲ့ကြတာပါ။ နတ်ရုပ်ကို ရွှံ့နဲ့ လုပ်ပြီး ထားခဲ့ကြတာပါ။ အဲဒီမှာ ဖိနပ်မချွတ်ဘဲ ဖြတ်လျှောက်သွားတဲ့ လူငယ်တစ်ယောက် ပြင်းပြင်းထန်ထန် ဖျားပါလေရောတဲ့။ အဲဒီလို ဖြစ်ရာကနေ သူနေပြန်ကောင်းဖို့ လပေါင်းများစွာ အချိန်ယူခဲ့ရသတဲ့။ အဲဒီကနေစပြီး ရွာသားတွေ ဖိနပ်မစီးကြတော့တာလို့ သူက ပြောပြပါတယ်။

အဲဒီနတ်ကို ပူဇော်တဲ့ နတ်ပွဲကို ငါးနှစ်တစ်ခါ ဒါမှမဟုတ် ရှစ်နှစ်တစ်ခါလောက် ဧပြီလမှာ လုပ်ကြပါတယ်။ သုံးရက်ကြာ လုပ်တဲ့ နတ်ပွဲပါ။ ပြီးရင်တော့ နတ်ရုပ်ကို မြေကြီး ပြန်ဖြစ်သွားတဲ့အထိ တစ်စစီ ဖြစ်အောင် ထုရိုက်လိုက်ကြပါတယ်။ နတ်ပွဲရက် အတွင်းမှာတော့ ဆုတောင်းတဲ့သူတွေ၊ ပသတဲ့ သူတွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ ပြဇာတ်လိုမျိုးတွေ ကျင်းပကြပါတယ်။ အဲလို နတ်ပွဲလုပ်ရင် အကုန်အကျ များတာကြောင့် ခဏခဏ လုပ်လေ့ မရှိကြဘဲ နတ်ပွဲ နောက်ဆုံး လုပ်ခဲ့တာ ၂၀၁၁ နှစ်ကလို့ ဆိုပါတယ်။ နောက်ဘယ်တော့ လုပ်မလဲ ဆိုတာလည်း သူတို့ သေချာ မသိကြသေးပါဘူး။ အလှူငွေ ဘယ်လောက် ရသလဲ ဆိုတာအပေါ် မူတည်ပါတယ်။
ရွာထဲ ဖိနပ်မစီးတာ သူတို့ ကိုယ်တိုင်က လေးလေးစားစားနဲ့ လုပ်တဲ့အကျင့်ပါ

တခြား အပြင်ကလူတွေကတော့ သူတို့အကျင့်ကို ထူးထူးဆန်းဆန်းလို့ မြင်ကြပါတယ်။

အသက် ၄၀ အရွယ် ရွာသားတစ်ယောက်ကတော့ နတ်က သူတို့ရွာသားအချင်းချင်း တစ်မိသားစုတည်းလို စည်းလုံးအောင် လုပ်ပေးပါတယ်တဲ့။ တစ်ယောက်ယောက် သေဆုံးသွားတဲ့အခါ သေဆုံးသူက ဆင်းရဲသူ ဖြစ်ဖြစ် ချမ်းသာသူဖြစ်ဖြစ် တခြားမိသားစုတွေက ရူပီး ၂၀ လောက်စီ ငွေကူ ပေးကြတယ်လို့ ပြောပါတယ်။

ဘယ်နေရာမှာ ဖြစ်ပါစေ၊ ဒီလိုမျိုး ယုံကြည်မှုနဲ့ နေထိုင်နေကြတာပါပဲ။ ဒီရွာမှာလည်း အဲဒီလို ယုံကြည်မှုတွေထဲက တစ်မျိုး ရှိနေရုံပါပဲလို့ သူက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:BBC
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top