သရက္တပင္မွမဟာႏြယ္ကိုယ္ပိုင္အထက္တန္းေက်ာင္းပိုင္ရွင္အပါအဝင္ လူ ၄ ဦးကို ရဲကဖမ္းဆီး ၊သိန္းေဇာ္(ေမာင္ေတာ)နိရဥၥရာ၊ ေဖေဖာ္ဝါရီ ၂၈

ရခိုင္ျပည္နယ္၊ေက်ာက္ေတာ္ျမိဳ႕နယ္၊ သရက္တပင္ေက်းရြာ မဟာႏြယ္ ကိုယ္ပိုင္အထက္တန္း ေက်ာင္းပိုင္ရွင္ျဖစ္သူႏွင့္ သူ႕၏ဝ မ္းကြဲညီျဖစ္သူ အပါအ၀င္ မဟာျမတ္မုနိဘုရာေပၚမွ ေစ်းေရာင္းေနသည့္ ညီအစ္ကို ၂ ဦးတို႔အား ရဲမွ နံနက္ ၁၁ နာရီမထိုးခင္ မိနစ္ပိုင္းအလိုေလာက္က ဖမ္းဆီး ေခၚေဆာင္ သြားေၾကာင္း သတင္းရရွိသည္။

“ဖမ္းသြားတာေတာ႔ဟုတ္ပါတယ္။သူတို႔ကိုဘာေၾကာင္းဖမ္သြားတယ္။ ဘယ္ကို ေခၚသြားတယ္ ဆိုတာကိုေတာ႔ က်ေနာ္လည္း အတိအက် မသိေသးဘူး။ က်ေနာ္တို႔ သရက္တပင္က ၂ေယာက္ပါတယ္။ မဟာႏြယ္ကိုယ္ပိုင္အထက္တန္းေက်ာင္းဖြင့္ထားတဲ့ ပိုင္ရွင္နွင့္ သူ႔ညီဝမ္းကြဲလို႔ သိရပါတယ္။ မဟာျမတ္ မုနိဘုရားမွာ ေစ်းေရာင္းေနတဲ့ ညီကို ၂ေယာက္လည္း အဖမ္းခံရပါတယ္”ဟု ေက်ာက္ေတာ္ျမိဳ႕နယ္မွ လူမႈေရး လူပ္ရွားသူ တစ္ဦးမွ နိရဥၥရာသတင္းဌာနသို႔ေျပာသည္။

ဖမ္းဆီးခံရသည့္လူငယ္မ်ားမွာ သရက္တပင္မွ မဟာႏြယ္အတက္တန္းေက်ာင္း ေဘာ္ဒါေဆာင္ပိုင္ရွင္ ေမာင္ေက်ာ္ေက်ာ္ညြန္႔ (ဘ) ဦးေဖာင္သာေအာင္ႏွင့္ ဝမ္းကြဲညီျဖစ္သူ ေမာင္ခ်မ္းေအး (ဘ) ဦးေမာင္လွတို႕ ျဖစ္ၾကသည္။မဟာျမတ္မုနိဘုရာေပၚမွ ေစ်းေရာင္းေနသည့္ညီအစ္ကို ၂ ဦးမွာ ဦးသာေမာင္၏သား သန္းထြန္းနွင့္ ေအးေက်ာ္သန္း တို႔ ညီအစ္ကို ႏွစ္ေယာက္ျဖစ္ေၾကာင္းသိရသည္။

ေမာင္ေက်ာ္ေက်ာ္ညြန္႔၏ အစ္မျဖစ္သူ မသန္းသန္းက “ဟုတ္ပါတယ္။ က်မေမာင္က ကိုယ္ပိုင္ အထက္တန္း ေက်ာင္းဖြင့္ျပီး စာျပေနတဲ႔ ေက်ာင္းဆရာပါ။ အခုေက်ာက္ေတာ္ျမိဳ႕မရဲစခန္းမွာပါ။ သူတို႔ကို ဘာေၾကာင့္ ဖမ္းထားတယ္မသိပါဘူး။ဘာေၾကာင့္ ဖမ္းတာလဲလို႔ ေမးေတာ႔လည္း ရဲစခန္းက သူတို႔က စာေရးမေရာက္ေသးလို႔ မစစ္ေဆးရေသးဘူးလို႔ေျပာတယ္။ က်မေမာင္ေလးမွာလည္း ဆယ္တန္းေျဖမဲ႔ ေက်ာင္းသားေလးေတြကို စာျပေနတာပါ”ဟု မသန္းသန္းကဆိုသည္။

မဟာမုနိ ဘုရားတြင္ ေစ်းေရာင္းသည့္ လူငယ္နွစ္ဦးတို႔အား ေက်ာက္ေတာ္ျမိဳ႕မ ရဲစခန္းက ရပ္မိဘ တစ္ဦးႏွင့္အတူ လာေရာက္ျပီး အိ္မ္ေပၚမွဖမ္းဆီးေခၚေဆာင္သြားျခင္း ျဖစ္ၾကာင္း သိရသည္။အဆိုပါျဖစ္စဥ္အား ေက်ာက္ေတာ္ျမိဳ႕မ ရဲစခန္းအား ဖုန္းျဖင့္ဆက္သြယ္ေမးျမန္းရာ ဖုန္းကိုင္ ေျဖၾကားျခင္းမရွိပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:bamakhit

#Unicode Version# ျဖင့္ဖတ္ပါ ။

သရက်တပင်မှမဟာနွယ်ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင်အပါအဝင် လူ ၄ ဦးကို ရဲကဖမ်းဆီး ၊သိန်းဇော်(မောင်တော)နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၈

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာ မဟာနွယ် ကိုယ်ပိုင်အထက်တန်း ကျောင်းပိုင်ရှင်ဖြစ်သူနှင့် သူ့၏ဝ မ်းကွဲညီဖြစ်သူ အပါအဝင် မဟာမြတ်မုနိဘုရာပေါ်မှ ဈေးရောင်းနေသည့် ညီအစ်ကို ၂ ဦးတို့အား ရဲမှ နံနက် ၁၁ နာရီမထိုးခင် မိနစ်ပိုင်းအလိုလောက်က ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်းရရှိသည်။

“ဖမ်းသွားတာတော့ဟုတ်ပါတယ်။သူတို့ကိုဘာကြောင်းဖမ်သွားတယ်။ ဘယ်ကို ခေါ်သွားတယ် ဆိုတာကိုတော့ ကျနော်လည်း အတိအကျ မသိသေးဘူး။ ကျနော်တို့ သရက်တပင်က ၂ယောက်ပါတယ်။ မဟာနွယ်ကိုယ်ပိုင်အထက်တန်းကျောင်းဖွင့်ထားတဲ့ ပိုင်ရှင်နှင့် သူ့ညီဝမ်းကွဲလို့ သိရပါတယ်။ မဟာမြတ် မုနိဘုရားမှာ ဈေးရောင်းနေတဲ့ ညီကို ၂ယောက်လည်း အဖမ်းခံရပါတယ်”ဟု ကျောက်တော်မြို့နယ်မှ လူမှုရေး လူပ်ရှားသူ တစ်ဦးမှ နိရဉ္စရာသတင်းဌာနသို့ပြောသည်။

ဖမ်းဆီးခံရသည့်လူငယ်များမှာ သရက်တပင်မှ မဟာနွယ်အတက်တန်းကျောင်း ဘော်ဒါဆောင်ပိုင်ရှင် မောင်ကျော်ကျော်ညွန့် (ဘ) ဦးဖောင်သာအောင်နှင့် ဝမ်းကွဲညီဖြစ်သူ မောင်ချမ်းအေး (ဘ) ဦးမောင်လှတို့ ဖြစ်ကြသည်။မဟာမြတ်မုနိဘုရာပေါ်မှ ဈေးရောင်းနေသည့်ညီအစ်ကို ၂ ဦးမှာ ဦးသာမောင်၏သား သန်းထွန်းနှင့် အေးကျော်သန်း တို့ ညီအစ်ကို နှစ်ယောက်ဖြစ်ကြောင်းသိရသည်။

မောင်ကျော်ကျော်ညွန့်၏ အစ်မဖြစ်သူ မသန်းသန်းက “ဟုတ်ပါတယ်။ ကျမမောင်က ကိုယ်ပိုင် အထက်တန်း ကျောင်းဖွင့်ပြီး စာပြနေတဲ့ ကျောင်းဆရာပါ။ အခုကျောက်တော်မြို့မရဲစခန်းမှာပါ။ သူတို့ကို ဘာကြောင့် ဖမ်းထားတယ်မသိပါဘူး။ဘာကြောင့် ဖမ်းတာလဲလို့ မေးတော့လည်း ရဲစခန်းက သူတို့က စာရေးမရောက်သေးလို့ မစစ်ဆေးရသေးဘူးလို့ပြောတယ်။ ကျမမောင်လေးမှာလည်း ဆယ်တန်းဖြေမဲ့ ကျောင်းသားလေးတွေကို စာပြနေတာပါ”ဟု မသန်းသန်းကဆိုသည်။

မဟာမုနိ ဘုရားတွင် ဈေးရောင်းသည့် လူငယ်နှစ်ဦးတို့အား ကျောက်တော်မြို့မ ရဲစခန်းက ရပ်မိဘ တစ်ဦးနှင့်အတူ လာရောက်ပြီး အိမ်ပေါ်မှဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြာင်း သိရသည်။အဆိုပါဖြစ်စဉ်အား ကျောက်တော်မြို့မ ရဲစခန်းအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ဖုန်းကိုင် ဖြေကြားခြင်းမရှိပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:bamakhit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top