ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

မြန္ျပည္နယ္အစိုးရအဖြဲ႔က ရန္ပံုေငြ က်ပ္ သန္း ၅၀၀၀ ေက်ာ္ အကုန္အက်ခံ တည္ေဆာက္ထားတဲ့ ေမာ္လၿမိဳင္ၿမိဳ႕နယ္ ၾကာအင္းေက်းရြာရွိ ဗညားဒလ တန္ဖိုးသင့္အိမ္ရာ ေတြကို စတင္ ေရာင္းခ်ဖို႔ရွိပါတယ္။

ေမာ္လၿမိဳင္ၿမိဳ႕နယ္ ၾကာအင္းေက်းရြာရွိ ဗညားဒလ တန္ဖိုးသင့္အိမ္ရာေတြ ေရာင္းခ်ႏိုင္ဖို႔ အတြက္ မတ္လ ၈ ရက္က ျပဳလုပ္တဲ့ ျပည္နယ္ အစိုးရအဖြဲ႔ရဲ႕ အစည္းအေဝးမွာ မူဝါဒ ခ်မွတ္ထားၿပီးျဖစ္ပါတယ္။ ဒါေၾကာင့္ တန္ဖိုးသင့္အိမ္ရာေတြကုိ မၾကာခင္ စတင္ေရာင္းခ် သြားမယ္လုိ႔ မြန္ျပည္နယ္ စည္ပင္သာယာေရးနဲ႔ ေဆာက္လုပ္ေရးဝန္ႀကီး ဦးမင္းေက်ာ္လြင္က ဆိုပါတယ္။

မြန္ျပည္နယ္ စည္ပင္သာယာေရးႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီး ဦးမင္းေက်ာ္လြင္က “ေရာင္းခ်ဖို႔အတြက္ အစိုးရအဖြဲ႔က ဆံုးျဖတ္ထားၿပီၿပီး၊ ေလွ်ာက္လႊာေတြကို တစ္ေစာင္ ၁၀၀၀ နဲ႔ စၿပီး ေရာင္းခ်ေတာ့မယ္”လို႔ ေျပာပါတယ္။

တန္ဖိုးသင့္ အိမ္ရာရဲ႕ ေစ်းႏႈန္းေတြကိုေတာ့ ေျမညီထပ္ က်ပ္ ၂၃၅ သိန္း၊ ပထမထပ္ ၂၁၀ သိန္း၊ ဒုတိယထပ္ ၁၉၅ သိန္း၊ တတိယထပ္ ၁၈၀ သိန္း သတ္မွတ္ထားပါတယ္။ ဒီတန္ဖိုးသင့္ အိမ္ရာေတြရဲ႕ ေလွ်ာက္လႊာေတြကို ႏို္င္ငံဝန္ထမ္း၊ အၿငိမ္စားဝန္ထမ္းနဲ႔ ျပည္သူဆုိျပီး အမ်ိဳးအစား သံုး မ်ိဳးခြဲထားၿပီး ေလွ်ာက္လႊာ ေရာင္းခ်သြားဖို႔ ရွိေနပါတယ္။

အိမ္ရာေတြကို မြန္ျပည္နယ္အတြင္း ေနထိုင္ၿပီး အိမ္ပိုင္ေျမပိုင္ မရွိသူ၊ ႏို္င္ငံဝန္ထမ္း အေနနဲ႔ အၿငိမ္းစား မယူခင္ ၅ ႏွစ္၊ အၿငိမ္းစားယူၿပီး ၃ ႏွစ္ရွိသူေတြ ေငြလက္ငင္းေခ်ႏိုင္သူေတြကို ဦးစားေပးသြားမယ္လို႔ ဆိုပါတယ္။

အခုလို ေငြလက္ငင္းေခ်ႏိုင္တဲ့ သူေတြကို ဦးစားေပးတဲ့စနစ္ က်င့္သံုးရင္ လက္ေျပာင္း လက္လႊဲေတြ ျဖစ္လာႏိုင္တယ္လို႔ မြန္ျပည္နယ္ လႊတ္ေတာ္ ဒုတိယ ဥကၠ႒က ဆိုပါတယ္။

မြန္ျပည္နယ္ လႊတ္ေတာ္ ဒုတိယ ဥကၠ႒ ေဒါက္တာ ေအာင္ႏိုင္ဦး က “ဒီလို လက္ငင္းေငြေခ်တဲ့ သူေတြကို ဦးစားေပးမယ္ဆိုရင္ လက္ေျပာင္းလက္လႊဲက ရွိေနဦးမွာပဲ”လို႔ ေျပာပါတယ္။

မြန္ျပည္နယ္မွာ ၿပီးခဲ့တဲ့ အစိုးရ လက္ထက္က သီရိမဂၤလာ တန္ဖိုးနည္း အိမ္ရာကို အေကာင္အထည္ ေဖာ္ခဲ့ပါတယ္။

အဲဒီ အိမ္ရာေတြကို အၿငိမ္းစား ဝန္ထမ္း၊ ႏိုင္ငံဝန္ထမ္းေတြနဲ႔ အေျခခံ လူတန္းစား အတြက္သာ ရည္ရြယ္ တည္ေဆာက္ခဲ့ေပမယ့္ လက္ရွိမွာေတာ့ အိမ္ရာ ေနထိုင္သူ ၇၅ ရာခိုင္ႏႈန္းမွာ အိမ္ငွားေတြသာ ျဖစ္ေနတယ္လို႔ အိမ္ရာေနထိုင္သူေတြက ဆိုပါတယ္။

သီရိမဂၤလာ အိမ္္ရာ ေရာင္းခ်တဲ့ ေနရာမွာ ေလွ်ာက္လႊာ ေခၚယူတဲ့ေန႔မွာ အရင္ဆံုး က်ပ္ ၂၅ သိန္း ေပးသြင္းခဲ့ရၿပီး၊ ေလွ်ာက္ထားသူ အေရအတြက္မ်ားေသာေၾကာင့္ မဲႏိႈက္ေရြးခဲ့ကာ မဲေပါက္ရင္ ေနာက္ထပ္ က်ပ္ ၂၅ သိန္း ထပ္မံေပးသြင္းၿပီး အခန္းယူတဲ့စနစ္ကို က်င့္သံုးခဲ့ပါတယ္။ ဒါအျပင္ ေပးေခ်ဖို႔ က်န္တဲ့ ေငြေတြကို ၅ ႏွစ္ အရစ္က် စနစ္ျဖင့္ ေပးေခ်ခဲ့ရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေဇာ္လြင္ထြဋ္(DVB)
#Unicode Version#
မွန်ပြည်နယ်အစိုးရအဖွဲ့က ရန်ပုံငွေ ကျပ် သန်း ၅၀၀၀ ကျော် အကုန်အကျခံ တည်ဆောက်ထားတဲ့ မော်လမြိုင်မြို့နယ် ကြာအင်းကျေးရွာရှိ ဗညားဒလ တန်ဖိုးသင့်အိမ်ရာ တွေကို စတင် ရောင်းချဖို့ရှိပါတယ်။

မော်လမြိုင်မြို့နယ် ကြာအင်းကျေးရွာရှိ ဗညားဒလ တန်ဖိုးသင့်အိမ်ရာတွေ ရောင်းချနိုင်ဖို့ အတွက် မတ်လ ၈ ရက်က ပြုလုပ်တဲ့ ပြည်နယ် အစိုးရအဖွဲ့ရဲ့ အစည်းအဝေးမှာ မူဝါဒ ချမှတ်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် တန်ဖိုးသင့်အိမ်ရာတွေကို မကြာခင် စတင်ရောင်းချ သွားမယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ဆိုပါတယ်။

မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က “ရောင်းချဖို့အတွက် အစိုးရအဖွဲ့က ဆုံးဖြတ်ထားပြီပြီး၊ လျှောက်လွှာတွေကို တစ်စောင် ၁၀၀၀ နဲ့ စပြီး ရောင်းချတော့မယ်”လို့ ပြောပါတယ်။

တန်ဖိုးသင့် အိမ်ရာရဲ့ ဈေးနှုန်းတွေကိုတော့ မြေညီထပ် ကျပ် ၂၃၅ သိန်း၊ ပထမထပ် ၂၁၀ သိန်း၊ ဒုတိယထပ် ၁၉၅ သိန်း၊ တတိယထပ် ၁၈၀ သိန်း သတ်မှတ်ထားပါတယ်။ ဒီတန်ဖိုးသင့် အိမ်ရာတွေရဲ့ လျှောက်လွှာတွေကို နိုင်ငံဝန်ထမ်း၊ အငြိမ်စားဝန်ထမ်းနဲ့ ပြည်သူဆိုပြီး အမျိုးအစား သုံး မျိုးခွဲထားပြီး လျှောက်လွှာ ရောင်းချသွားဖို့ ရှိနေပါတယ်။

အိမ်ရာတွေကို မွန်ပြည်နယ်အတွင်း နေထိုင်ပြီး အိမ်ပိုင်မြေပိုင် မရှိသူ၊ နိုင်ငံဝန်ထမ်း အနေနဲ့ အငြိမ်းစား မယူခင် ၅ နှစ်၊ အငြိမ်းစားယူပြီး ၃ နှစ်ရှိသူတွေ ငွေလက်ငင်းချေနိုင်သူတွေကို ဦးစားပေးသွားမယ်လို့ ဆိုပါတယ်။

အခုလို ငွေလက်ငင်းချေနိုင်တဲ့ သူတွေကို ဦးစားပေးတဲ့စနစ် ကျင့်သုံးရင် လက်ပြောင်း လက်လွှဲတွေ ဖြစ်လာနိုင်တယ်လို့ မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌက ဆိုပါတယ်။

မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး က “ဒီလို လက်ငင်းငွေချေတဲ့ သူတွေကို ဦးစားပေးမယ်ဆိုရင် လက်ပြောင်းလက်လွှဲက ရှိနေဦးမှာပဲ”လို့ ပြောပါတယ်။

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ အစိုးရ လက်ထက်က သီရိမင်္ဂလာ တန်ဖိုးနည်း အိမ်ရာကို အကောင်အထည် ဖော်ခဲ့ပါတယ်။

အဲဒီ အိမ်ရာတွေကို အငြိမ်းစား ဝန်ထမ်း၊ နိုင်ငံဝန်ထမ်းတွေနဲ့ အခြေခံ လူတန်းစား အတွက်သာ ရည်ရွယ် တည်ဆောက်ခဲ့ပေမယ့် လက်ရှိမှာတော့ အိမ်ရာ နေထိုင်သူ ၇၅ ရာခိုင်နှုန်းမှာ အိမ်ငှားတွေသာ ဖြစ်နေတယ်လို့ အိမ်ရာနေထိုင်သူတွေက ဆိုပါတယ်။

သီရိမင်္ဂလာ အိမ်ရာ ရောင်းချတဲ့ နေရာမှာ လျှောက်လွှာ ခေါ်ယူတဲ့နေ့မှာ အရင်ဆုံး ကျပ် ၂၅ သိန်း ပေးသွင်းခဲ့ရပြီး၊ လျှောက်ထားသူ အရေအတွက်များသောကြောင့် မဲနှိုက်ရွေးခဲ့ကာ မဲပေါက်ရင် နောက်ထပ် ကျပ် ၂၅ သိန်း ထပ်မံပေးသွင်းပြီး အခန်းယူတဲ့စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ ဒါအပြင် ပေးချေဖို့ ကျန်တဲ့ ငွေတွေကို ၅ နှစ် အရစ်ကျ စနစ်ဖြင့် ပေးချေခဲ့ရပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:ဇော်လွင်ထွဋ်(DVB)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top