ခရီးထြက္တယ္ ခရီးထြက္တယ္နဲ႔ တကယ္တမ္းက်ေတာ့ Tour ေတြနဲ႔ပဲ သြားျဖစ္ေနတာ မမုိက္ပါဘူးကြာ။ တကယ့္ ခရီးသြားရတဲ့ အရသာဆုိတာ အဲ့တာမ်ိဳးမဟုတ္ဘူး။ Tour နဲ႔သြားမယ္ဆုိ သူတုိ႔ပို႔တဲ့ေနရာပဲေရာက္မယ္၊ သူတို႔ေျပာတာပဲ နားေထာင္ရမယ္။ တကယ့္အသစ္အဆန္းေတြကို မရႏိုင္ဘူး။ ကိုယ္တုိင္ခရီးထြက္မွ ခရီးသြားျခင္းအႏွစ္သာရစစ္စစ္ကိုရမွာ။ ခရီးထြက္တဲ့အခါ ငပိန္းတစ္ေယာက္လိုမ်ိဳး ဘာမွမသိလိုက္ရတာမ်ိဳး၊ အဆင္မေျပျဖစ္တာမ်ိဳး မၾကံဳခ်င္ရင္ ဒါေတြကိုမွတ္ထားဦးေနာ္။

၁။ သြားမယ့္ေနရာအေၾကာင္းစံုစမ္းပါ


ကိုယ္သြားခ်င္တဲ့ေနရာကို သိၿပီဆုိရင္ အေသးစိတ္စံုစမ္းထားရမယ္။ ဥပမာ အဲ့ဒီေဒသမွာ တားျမစ္ထားတဲ့အရာေတြ၊ ထူးျခားမႈေတြကိုေပါ့။ ဘယ္ခရီးနဲ႔သြားမလဲ? ဘယ္ေလာက္ကုန္မလဲဆုိတာေတြလည္း တြက္ထားရမယ္။ ဖုန္းလိုင္းမိရဲ႕လား၊ ဘယ္လုိင္းေတြမိလဲဆုိတာပါ စံုစမ္းပါ။

၂။ အထုပ္အပိုးအေလးႀကီးမသယ္နဲ႔

လြတ္လြတ္လပ္လပ္ ေပါ့ေပါ့ပါးပါး ခရီးသြားပါ။ ဒါမွ အထုပ္သယ္ရတဲ့ဒုကၡကေန ေဝးမယ္။ ဒါေပမဲ့ လြတ္လပ္ရင္ၿပီးေရာဆုိၿပီး သယ္သင့္တဲ့အသံုးအေဆာင္ေတြ၊ လိုအပ္တဲ့ပစၥည္းေတြကို မသယ္ဘဲနဲ႔လည္း မသြားနဲ႔ေပါ့ေနာ္။ အထုပ္ျပင္ေတာ့မယ္ဆုိ လိုမယ့္ပစၥည္းေတြကို အရင္စာရင္းလုပ္ထား၊ စာရင္းအတုိင္း ထုပ္ၿပီး ျပန္စစ္ရင္ က်န္စရာအေၾကာင္းမရွိေတာ့ဘူး။

၃။ ပိုၿပီးေျခဆန္႔ဦး


ခရီးသြားတယ္ဆုိရင္ သူမ်ားေတြ သြားေနၾကေနရာေတြကိုပဲ သြားျဖစ္ၾကတယ္။ အဲ့ဒီထက္ပိုၿပီး ေျခဆန္႔ၾကည့္ပါ။ ဒါေၾကာင့္မို႔လို႔လည္း Tour ေတြန႔ဲသြားတာကို အားမေပးခ်င္တာ။ ဘာလို႔လဲဆုိေတာ့ သူတုိ႔ပို႔တဲ့ဆီပဲေရာက္မွာ။ အခ်ိန္လည္းေအးေအးေဆးေဆး မေပးဘူးေလ။

၄။ အသစ္ေတြေလ့လာပါ

ခက္ခဲၾကမ္းတမ္းတဲ့ခရီးမ်ိဳးမဟုတ္ဘဲနဲ႔ သက္ေတာင့္သက္သာရွိတဲ့ ေနရာသစ္ေတြကိုလည္း သြားလို႔ရတာပဲ။ တစ္ခုေတာ့ရွိတာေပါ့ ကိုယ့္ရဲ႕ဇီဇာေၾကာင္တဲ့ စည္းမ်ဥ္းေတြကိုေတာ့ နည္းနည္းေလွ်ာ့ရမယ္။ ၾကယ္ေလးပြင့္အဆင့္ဟိုတယ္ရွိမွတုိ႔ စားေသာက္ဆုိင္သန္႔သန္႔ရွိမွတုိ႔ဆုိတဲ့ စရိုက္ေလးေတြကို နည္းနည္းျပင္လိုက္မယ္ဆုိ သြားလု႔ိျဖစ္ပါတယ္။ လံုျခံဳစိတ္ခ်ရၿပီး သက္ေတာင့္သက္သာ နားႏုိင္တဲ့ ေနရာေတြ အမ်ားႀကီးက်န္ေသးတယ္။ သြားလိုက္ပါဦး။

၅။ ပိုက္ဆံ...ပိုက္ဆံ


ဟုတ္တယ္ေလ ပိုက္ဆံမရွိရင္ ဘာမွလုပ္လုိ႔မွမရတာ။ PayPal ၊ MPU ကတ္ေတြကေတာ့ သယ္သြားရမွာေပါ့။ ဒါေပမဲ့ ေငြသားကိုလည္း ေဆာင္သြားပါ။ အေရးေပၚသံုးရေအာင္ ေငြသားေတြကို လူသိမလြယ္တဲ့ေနရာမွာဖြက္ၿပီး သယ္သြားသင့္ပါတယ္။ ေျခအိတ္ထဲျဖစ္ျဖစ္ေပါ့။
Source : Travel Channel

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

ခရီးထွက်တယ် ခရီးထွက်တယ်နဲ့ တကယ်တမ်းကျတော့ Tour တွေနဲ့ပဲ သွားဖြစ်နေတာ မမိုက်ပါဘူးကွာ။ တကယ့် ခရီးသွားရတဲ့ အရသာဆိုတာ အဲ့တာမျိုးမဟုတ်ဘူး။ Tour နဲ့သွားမယ်ဆို သူတို့ပို့တဲ့နေရာပဲရောက်မယ်၊ သူတို့ပြောတာပဲ နားထောင်ရမယ်။ တကယ့်အသစ်အဆန်းတွေကို မရနိုင်ဘူး။ ကိုယ်တိုင်ခရီးထွက်မှ ခရီးသွားခြင်းအနှစ်သာရစစ်စစ်ကိုရမှာ။ ခရီးထွက်တဲ့အခါ ငပိန်းတစ်ယောက်လိုမျိုး ဘာမှမသိလိုက်ရတာမျိုး၊ အဆင်မပြေဖြစ်တာမျိုး မကြုံချင်ရင် ဒါတွေကိုမှတ်ထားဦးနော်။

၁။ သွားမယ့်နေရာအကြောင်းစုံစမ်းပါ

ကိုယ်သွားချင်တဲ့နေရာကို သိပြီဆိုရင် အသေးစိတ်စုံစမ်းထားရမယ်။ ဥပမာ အဲ့ဒီဒေသမှာ တားမြစ်ထားတဲ့အရာတွေ၊ ထူးခြားမှုတွေကိုပေါ့။ ဘယ်ခရီးနဲ့သွားမလဲ? ဘယ်လောက်ကုန်မလဲဆိုတာတွေလည်း တွက်ထားရမယ်။ ဖုန်းလိုင်းမိရဲ့လား၊ ဘယ်လိုင်းတွေမိလဲဆိုတာပါ စုံစမ်းပါ။
၂။ အထုပ်အပိုးအလေးကြီးမသယ်နဲ့

လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ခရီးသွားပါ။ ဒါမှ အထုပ်သယ်ရတဲ့ဒုက္ခကနေ ဝေးမယ်။ ဒါပေမဲ့ လွတ်လပ်ရင်ပြီးရောဆိုပြီး သယ်သင့်တဲ့အသုံးအဆောင်တွေ၊ လိုအပ်တဲ့ပစ္စည်းတွေကို မသယ်ဘဲနဲ့လည်း မသွားနဲ့ပေါ့နော်။ အထုပ်ပြင်တော့မယ်ဆို လိုမယ့်ပစ္စည်းတွေကို အရင်စာရင်းလုပ်ထား၊ စာရင်းအတိုင်း ထုပ်ပြီး ပြန်စစ်ရင် ကျန်စရာအကြောင်းမရှိတော့ဘူး။

၃။ ပိုပြီးခြေဆန့်ဦး

ခရီးသွားတယ်ဆိုရင် သူများတွေ သွားနေကြနေရာတွေကိုပဲ သွားဖြစ်ကြတယ်။ အဲ့ဒီထက်ပိုပြီး ခြေဆန့်ကြည့်ပါ။ ဒါကြောင့်မို့လို့လည်း Tour တွေနဲ့သွားတာကို အားမပေးချင်တာ။ ဘာလို့လဲဆိုတော့ သူတို့ပို့တဲ့ဆီပဲရောက်မှာ။ အချိန်လည်းအေးအေးဆေးဆေး မပေးဘူးလေ။

၄။ အသစ်တွေလေ့လာပါ

ခက်ခဲကြမ်းတမ်းတဲ့ခရီးမျိုးမဟုတ်ဘဲနဲ့ သက်တောင့်သက်သာရှိတဲ့ နေရာသစ်တွေကိုလည်း သွားလို့ရတာပဲ။ တစ်ခုတော့ရှိတာပေါ့ ကိုယ့်ရဲ့ဇီဇာကြောင်တဲ့ စည်းမျဉ်းတွေကိုတော့ နည်းနည်းလျှော့ရမယ်။ ကြယ်လေးပွင့်အဆင့်ဟိုတယ်ရှိမှတို့ စားသောက်ဆိုင်သန့်သန့်ရှိမှတို့ဆိုတဲ့ စရိုက်လေးတွေကို နည်းနည်းပြင်လိုက်မယ်ဆို သွားလု့ိဖြစ်ပါတယ်။ လုံခြုံစိတ်ချရပြီး သက်တောင့်သက်သာ နားနိုင်တဲ့ နေရာတွေ အများကြီးကျန်သေးတယ်။ သွားလိုက်ပါဦး။

၅။ ပိုက်ဆံ...ပိုက်ဆံ

ဟုတ်တယ်လေ ပိုက်ဆံမရှိရင် ဘာမှလုပ်လို့မှမရတာ။ PayPal ၊ MPU ကတ်တွေကတော့ သယ်သွားရမှာပေါ့။ ဒါပေမဲ့ ငွေသားကိုလည်း ဆောင်သွားပါ။ အရေးပေါ်သုံးရအောင် ငွေသားတွေကို လူသိမလွယ်တဲ့နေရာမှာဖွက်ပြီး သယ်သွားသင့်ပါတယ်။ ခြေအိတ်ထဲဖြစ်ဖြစ်ပေါ့။
Source : Travel Channel

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top