ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×


 တစ္ခါတုန္းက ရြာသာယာမွာ ေဒၚသာလူဆိုတဲ့ ေက်ာင္းအမႀကီးတစ္ဦး ႐ွိခဲ့ဖူးတယ္။ သူက ေနရာတကာမွာ နာမည္နဲ႔လိုက္ေအာင္ သူမ်ားထက္ သာခ်င္သတဲ့။ ရြာမွာဆိုရင္ ေဆြဂုဏ္မ်ိဳး ဂုဏ္ ႐ွိတဲ့ေနရာ၊ ေငြေၾကးႂကြယ္ဝတဲ့ ေနရာ၊ ဗဟုသုတ မ်ားတဲ့ေနရာမွာေတာ့ သူမ်ားထက္ သာပါတယ္။

ဒါေပမယ့္ ရြာသာယာက လူေတြက ခပ္ညံ့ညံ့ေတြ မဟုတ္ဘူးတဲ့။ ႏွလံုးသားမွာ ဘုရားတည္ သူေတြ၊ ကိုယ္ပိုင္ဥစၥာ ေပ်ာ္စံရာ တရား႐ွိသူေတြဆိုေတာ့ ေဒၚသာလူတစ္ေယာက္ လိုက္မမီ ဘူးတဲ့။ တရားအားထုတ္တဲ့ ေနရာမွာေတာ့ သူက ေနာက္ဆံုးဆိုပဲ။ အလွဴဒါနလည္း လုပ္ပါ ရဲ႕၊ ဥပုသ္ သီလလည္း ေစာင့္ပါရဲ႕၊ တရား ထိုင္ဖို႔က်ေတာ့ ပ်င္းသတဲ့။

ဒါနဲ႔ ရြာဦးေက်ာင္းဆရာေတာ္ ဦးတိႆက ေဒၚသာလူတစ္ေယာက္ ဥပုသ္ေစာင့္ ေက်ာင္းေရာက္တဲ့အခါ သူမ်ားထက္ သာေအာင္ တရားအားထုတ္ဖို႔ တိုက္တြန္းတာပဲ။ အဲဒီအခါ ေဒၚသာလူက -

``ဆရာေတာ္- တပည့္ေတာ္က အလွဴလည္း လုပ္တယ္၊ ဥပုသ္ သီလလည္း ေစာင့္တယ္၊ ဘုရားလည္း ေန႔စဥ္ ႐ွိခိုးၿပီး ေမတၱာပို႔တယ္၊ သူတစ္ပါးအေပၚမွာလည္း အျမဲ စိတ္ေကာင္း ထားတယ္၊ ဒါဆို မၿပီးဘူးလား၊ တရားအားထုတ္ဖို႔ လိုေသးသလား´´ လို႔ ျပန္ေလွ်ာက္သတဲ့။ ဒီေတာ့ ရြာဦးေက်ာင္းဆရာေတာ္က -

``ဒကာမႀကီး၊ အဲဒီ ကုသိုလ္အလုပ္ေတြဟာ အင္မတန္ ေကာင္းတာပဲ၊ ဒါေပမယ့္ ဒီအ လုပ္ေတြက ကိေလသာ အပူေတြ ဆင္းရဲဒုကၡေတြကို ၿငိမ္ေအာင္ပဲ တတ္ႏိုင္တယ္၊ ၿငိမ္းေအာင္ မတတ္ႏိုင္ဘူး။ တရားအားထုတ္မွ အၿပီးၿငိမ္းတယ္၊ ဒါေၾကာင့္ တရားအား ထုတ္ဦး´´ လို႔ နားလည္ေအာင္ ေဟာျပပါတယ္။ ဒါေပမယ့္ ေဒၚသာလူကေတာ့ နားမ ဝင္ေသးဘူးတဲ့။

ဒီလိုနဲ႔ ေနလာလိုက္တာ မၾကာပါဘူး၊ ၂-ႏွစ္၊ ၃-ႏွစ္ အတြင္းမွာပဲ ေဒၚသာလူရဲ႕ ခင္ပြန္း သူေဌးႀကီး ဆံုးသြားသတဲ့။ ေနာက္ၿပီး ေဒၚသာလူရဲ႕ သမီးေလးနဲ႔ ေမာင္ႏွမႏွစ္ဦး စုစုေပါင္း မိသားစုဝင္ေလးဦးဟာ ေ႐ွ႕ဆင့္ေနာက္ဆင့္ပဲ ကြယ္လြန္သြားပါသတဲ့။

ေဒၚသာလူတစ္ေယာက္ စိုးရိမ္ပူေဆြး ငိုေႂကြးလိုက္တာ အေမာဆို႔မတတ္ပါပဲ။ `ေတြးေလ ေတြးေလ ေဆြးမေျပ´ ဆိုတာလို ေန႔စဥ္နဲ႔အမွ် အတိတ္က အေၾကာင္းေတြ သတိရၿပီး ေဒၚသာလူ အျမဲမ်က္ရည္ က်ေနရတယ္။ အခုေတာ့ ေဒၚသာလူ မဟုတ္ဘဲ ေဒၚသာပူ ျဖစ္ေနေတာ့တာေပါ့။ ဥပုသ္ေန႔မွာ ရြာဦးေက်ာင္းေရာက္တဲ့အခါ ဆရာေတာ္ ဦးတိႆကို ေလွ်ာက္ရတယ္။

``ဆရာေတာ္ဘုရား၊ အခု တပည့္ေတာ္ ေန႔စဥ္နဲ႔အမွ် စိတ္ဆင္းရဲ ေနရပါတယ္ ဘုရား၊ အဲဒါ တပည့္ေတာ္ကို စိတ္ခ်မ္းသာေအာင္ လုပ္ေပးေတာ္မူပါဘုရား´´ လို႔ ဆိုေတာ့ ဆရာေတာ္ ဦးတိႆက-

``ဒကာမႀကီး၊ ဒကာမႀကီးရဲ႕ စိတ္ကို ဘယ္သူေတြက ဆင္းရဲေအာင္ လုပ္ေနသလဲ´´ လို႔ ေမးခြန္းထုတ္လိုက္ပါတယ္။ အဲဒီအခါ ေဒၚသာလူဟာ သူ႕စိတ္ကို သူ႕စိတ္ကပဲ ဆင္း ရဲေအာင္ လုပ္ေနတယ္ ဆိုတာကို သတိရသြားၿပီး ``မွန္လွပါ၊ တပည့္ေတာ္ရဲ႕ စိတ္ကို တပည့္ေတာ္ ခ်မ္းသာေအာင္ လုပ္ပါေတာ့မယ္ဘုရား´´ လို႔ ေလွ်ာက္ထားသတဲ့။

ဆရာေတာ္ ဦးတိႆကလည္း အတိတ္ကို မေတြးဘဲနဲ႔ ပစၥဳပၸန္ ခႏၶာမွာပဲ စိတ္ကို တည့္ေအာင္၊ တည္ေအာင္ထားၿပီး သတိတရားေလးနဲ႔ ၿငိမ္းခ်မ္းေအာင္ေနဖို႔ ေဟာၾကားလိုက္ပါတယ္။

အဲဒီအခ်ိန္ကစၿပီး ေဒၚသာလူဟာ တရားကို ပိုၿပီး အားထုတ္ပါတယ္။ ရာသီဥတုေတြ ဘယ္လိုပဲ ပူပူ၊ ေအးေအး ဂ႐ုမစိုက္ပါဘူးတဲ့။ ကိုယ္ေတြ လက္ေတြ ဘယ္ေလာက္နာနာ ဂ႐ုမစိုက္ပါဘူးတဲ့။ စိတ္မနာဖို႔သာ အေရးႀကီးသတဲ့၊ ေနအလြန္ပူလို႔ တရားအားထုတ္ဖို႔ရာ ပင္ပန္းတဲ့အခါမွာေတာင္မွ--

`လူ႕ျပည္မွာ ေနတစ္စင္း ထြက္႐ုံနဲ႔ ဒီေလာက္ပူရင္ ငရဲမွာဆိုရင္ေတာ့ ဒီအပူထက္ အဆေပါင္း သိန္းသန္းကုေဋမက ပူေပလိမ့္မယ္၊ ငရဲျပည္မွာက လုပ္ပိုင္ခြင့္ လံုးဝမ႐ွိ၊ ခံစားပိုင္ခြင့္လည္း ဗလာနတၳိ၊ အခု လူ႕ျပည္မွာက ပူအိုက္ေသာ္လည္း လုပ္ပိုင္ခြင့္နဲ႔ ခံစားပိုင္ခြင့္ မ႐ႈံးဘူး၊ တရားအားထုတ္ႏိုင္ေသးတယ္၊ အခု ပ်င္းေနလို႔ တရားမရဘဲ ေသလွ်င္ ငရဲဒုကၡက လြတ္ဖို႔ မျမင္၊ ငရဲမေရာက္ဖို႔ အေရးႀကီးတယ္´ ဆိုၿပီး ပ်င္းစိတ္ကို ႏွိမ္ကာ ႀကိဳးစားသတဲ့။

ဒီလိုနဲ႔ ေနပူနဲ႔အၿပိဳင္ ဘုရားကို ေရပိုလွဴတယ္။ ခါတိုင္းထက္ ဘုရား ပို႐ွိခိုးတယ္။ ေမတၱာကိုလည္း ပိုပြားတယ္။ ဒါနကို ပိုလုပ္သလို သီလကိုလည္း ဂ႐ုစိုက္သတဲ့။ အပူဒဏ္ေၾကာင့္ ေဖာက္ျပန္တတ္တဲ့ ခႏၶာသေဘာကို သတိနဲ႔ဉာဏ္နဲ႔ ဝိပႆနာ႐ွဳၿပီး ေနလိုက္တာ ေနပူဒဏ္ေတာင္ သက္သာသတဲ့။ ဒီလိုပဲ ေအးတဲ့အခါ၊ ဆာေလာင္တဲ့အခါ၊ နာက်င္တဲ့အခါေတြမွာလည္း ႀကိဳးစားၿပီး ႐ွဳမွတ္ပါတယ္။ ခုေတာ့ ေဒၚသာလူဟာ စိတ္ဓာတ္ကိုျမႇင့္ လမ္းကိုဖြင့္ၿပီး တရားႀကိဳးစား အားထုတ္လိုက္တာ စိတ္ဓာတ္ေတြ စင္ၾကယ္ခံ့က်န္း တည္ၾကည္ရႊင္လန္းလာပါသတဲ့။

တစ္ေန႔ေတာ့ တရားကို ႀကိဳးစားအားထုတ္လိုက္တာ ဆင္းရဲဒုကၡအားလံုး ခ်ဳပ္ၿငိမ္းရာ နိဗၺာန္ကိုေတာင္ မ်က္ေမွာက္ျပဳရၿပီး ေသာတာပန္ ျဖစ္သြားသတဲ့။ ေဒၚသာလူတစ္ေယာက္ ဝမ္းေျမာက္လိုက္တာတဲ့။ ဆရာေတာ္ ဦးတိႆကိုလည္း သြားၿပီး ကန္ေတာ့တယ္။

``ဆရာေတာ္ဘုရား၊ တပည့္ေတာ္ဟာ အခု အပူအပင္ေတြၾကားထဲမွာပဲ ေအးေအးေဆးေဆး ေနတတ္ပါၿပီ၊ အ႐ႈပ္အေထြးေတြ ၾကားထဲမွာပဲ ႐ွင္း႐ွင္းလင္းလင္း ေနႏိုင္ပါၿပီ၊ အင္မတန္ ဝန္ေလးတဲ့ လူမႈဒုကၡေတြ ၾကားထဲမွာ လြတ္လြတ္လပ္လပ္ ေပါ့ေပါ့ပါးပါးေနလို႔ ရပါၿပီဘုရား´´ လို႔ ေလွ်ာက္ထားတဲ့အခါ ဆရာေတာ္ ဦးတိႆက သာဓုသံုးႀကိမ္ ေခၚေတာ္မူၿပီးေတာ့ --

``ကဲ-ေဒၚသာလူ၊ အခုေတာ့ ဒကာမႀကီးဟာ နာမည္နဲ႔ လိုက္ေအာင္ပဲ တျခားလူေတြထက္ သာသြားပါၿပီဗ်ာ´´ လို႔ အမိန္႔႐ွိလိုက္ပါသတဲ့။

တိပိဋကဓရ၊ ဓမၼဘ႑ာဂါရိက
ေယာ ဆရာေတာ္ႀကီး

ဤဓမၼပံုျပင္ျဖင့္ တိပိဋကဓရ (ေယာ) ဆရာေတာ္က-

(၁) တရားအလုပ္ဟူသည္ ခ်မ္းေျမ႕ၾကည္လင္စြာ ဘဝေနပံု ထိုင္ပံုနည္းတစ္ခုျဖစ္၍ မည္သူမဆို သိတတ္သည့္အရြယ္ နားလည္ခ်ိန္ကစ၍ ျပဳလုပ္သင့္ေၾကာင္း၊

(၂) တရားအားထုတ္ျခင္းျဖင့္ လူသည္ ပစ္တိုင္းေထာင္႐ုပ္ကဲ့သို႔ ဘဝ၏ အနိမ့္အျမင့္၊ အတက္အက် ေလာကဓံတရားတို႔ေၾကာင့္ ယိမ္းယိုင္ၿပိဳလဲမႈ မ႐ွိဘဲ တည္ၿငိမ္ရင့္က်က္လာေၾကာင္းႏွင့္၊

(၃) တရားႏွင့္စပ္ေသာ အသိဉာဏ္သည္သာ ရခဲေသာ လူ႕ဘဝ၏ ျမတ္ႏိုးတန္းဖိုးထားထိုက္သည့္ အႏိႈင္းမဲ့ဆုလဒ္ တစ္ခု ျဖစ္ေၾကာင္း တို႔ကို ေျပာျပလိုရင္း ျဖစ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဓမၼေရခ်မ္းစင္
# Unicode Version # ျဖင့္ ဖတ္ပါ #


 တစ်ခါတုန်းက ရွာသာယာမှာ ဒေါ်သာလူဆိုတဲ့ ကျောင်းအမကြီးတစ်ဦး ရှိခဲ့ဖူးတယ်။ သူက နေရာတကာမှာ နာမည်နဲ့လိုက်အောင် သူများထက် သာချင်သတဲ့။ ရွာမှာဆိုရင် ဆွေဂုဏ်မျိုး ဂုဏ် ရှိတဲ့နေရာ၊ ငွေကြေးကြွယ်ဝတဲ့ နေရာ၊ ဗဟုသုတ များတဲ့နေရာမှာတော့ သူများထက် သာပါတယ်။

ဒါပေမယ့် ရွာသာယာက လူတွေက ခပ်ညံ့ညံ့တွေ မဟုတ်ဘူးတဲ့။ နှလုံးသားမှာ ဘုရားတည် သူတွေ၊ ကိုယ်ပိုင်ဥစ္စာ ပျော်စံရာ တရားရှိသူတွေဆိုတော့ ဒေါ်သာလူတစ်ယောက် လိုက်မမီ ဘူးတဲ့။ တရားအားထုတ်တဲ့ နေရာမှာတော့ သူက နောက်ဆုံးဆိုပဲ။ အလှူဒါနလည်း လုပ်ပါ ရဲ့၊ ဥပုသ် သီလလည်း စောင့်ပါရဲ့၊ တရား ထိုင်ဖို့ကျတော့ ပျင်းသတဲ့။

ဒါနဲ့ ရွာဦးကျောင်းဆရာတော် ဦးတိဿက ဒေါ်သာလူတစ်ယောက် ဥပုသ်စောင့် ကျောင်းရောက်တဲ့အခါ သူများထက် သာအောင် တရားအားထုတ်ဖို့ တိုက်တွန်းတာပဲ။ အဲဒီအခါ ဒေါ်သာလူက -

``ဆရာတော်- တပည့်တော်က အလှူလည်း လုပ်တယ်၊ ဥပုသ် သီလလည်း စောင့်တယ်၊ ဘုရားလည်း နေ့စဉ် ရှိခိုးပြီး မေတ္တာပို့တယ်၊ သူတစ်ပါးအပေါ်မှာလည်း အမြဲ စိတ်ကောင်း ထားတယ်၊ ဒါဆို မပြီးဘူးလား၊ တရားအားထုတ်ဖို့ လိုသေးသလား´´ လို့ ပြန်လျှောက်သတဲ့။ ဒီတော့ ရွာဦးကျောင်းဆရာတော်က -

``ဒကာမကြီး၊ အဲဒီ ကုသိုလ်အလုပ်တွေဟာ အင်မတန် ကောင်းတာပဲ၊ ဒါပေမယ့် ဒီအ လုပ်တွေက ကိလေသာ အပူတွေ ဆင်းရဲဒုက္ခတွေကို ငြိမ်အောင်ပဲ တတ်နိုင်တယ်၊ ငြိမ်းအောင် မတတ်နိုင်ဘူး။ တရားအားထုတ်မှ အပြီးငြိမ်းတယ်၊ ဒါကြောင့် တရားအား ထုတ်ဦး´´ လို့ နားလည်အောင် ဟောပြပါတယ်။ ဒါပေမယ့် ဒေါ်သာလူကတော့ နားမ ဝင်သေးဘူးတဲ့။

ဒီလိုနဲ့ နေလာလိုက်တာ မကြာပါဘူး၊ ၂-နှစ်၊ ၃-နှစ် အတွင်းမှာပဲ ဒေါ်သာလူရဲ့ ခင်ပွန်း သူဌေးကြီး ဆုံးသွားသတဲ့။ နောက်ပြီး ဒေါ်သာလူရဲ့ သမီးလေးနဲ့ မောင်နှမနှစ်ဦး စုစုပေါင်း မိသားစုဝင်လေးဦးဟာ ရှေ့ဆင့်နောက်ဆင့်ပဲ ကွယ်လွန်သွားပါသတဲ့။

ဒေါ်သာလူတစ်ယောက် စိုးရိမ်ပူဆွေး ငိုကြွေးလိုက်တာ အမောဆို့မတတ်ပါပဲ။ `တွေးလေ တွေးလေ ဆွေးမပြေ´ ဆိုတာလို နေ့စဉ်နဲ့အမျှ အတိတ်က အကြောင်းတွေ သတိရပြီး ဒေါ်သာလူ အမြဲမျက်ရည် ကျနေရတယ်။ အခုတော့ ဒေါ်သာလူ မဟုတ်ဘဲ ဒေါ်သာပူ ဖြစ်နေတော့တာပေါ့။ ဥပုသ်နေ့မှာ ရွာဦးကျောင်းရောက်တဲ့အခါ ဆရာတော် ဦးတိဿကို လျှောက်ရတယ်။

``ဆရာတော်ဘုရား၊ အခု တပည့်တော် နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲ နေရပါတယ် ဘုရား၊ အဲဒါ တပည့်တော်ကို စိတ်ချမ်းသာအောင် လုပ်ပေးတော်မူပါဘုရား´´ လို့ ဆိုတော့ ဆရာတော် ဦးတိဿက-

``ဒကာမကြီး၊ ဒကာမကြီးရဲ့ စိတ်ကို ဘယ်သူတွေက ဆင်းရဲအောင် လုပ်နေသလဲ´´ လို့ မေးခွန်းထုတ်လိုက်ပါတယ်။ အဲဒီအခါ ဒေါ်သာလူဟာ သူ့စိတ်ကို သူ့စိတ်ကပဲ ဆင်း ရဲအောင် လုပ်နေတယ် ဆိုတာကို သတိရသွားပြီး ``မှန်လှပါ၊ တပည့်တော်ရဲ့ စိတ်ကို တပည့်တော် ချမ်းသာအောင် လုပ်ပါတော့မယ်ဘုရား´´ လို့ လျှောက်ထားသတဲ့။

ဆရာတော် ဦးတိဿကလည်း အတိတ်ကို မတွေးဘဲနဲ့ ပစ္စုပ္ပန် ခန္ဓာမှာပဲ စိတ်ကို တည့်အောင်၊ တည်အောင်ထားပြီး သတိတရားလေးနဲ့ ငြိမ်းချမ်းအောင်နေဖို့ ဟောကြားလိုက်ပါတယ်။

အဲဒီအချိန်ကစပြီး ဒေါ်သာလူဟာ တရားကို ပိုပြီး အားထုတ်ပါတယ်။ ရာသီဥတုတွေ ဘယ်လိုပဲ ပူပူ၊ အေးအေး ဂရုမစိုက်ပါဘူးတဲ့။ ကိုယ်တွေ လက်တွေ ဘယ်လောက်နာနာ ဂရုမစိုက်ပါဘူးတဲ့။ စိတ်မနာဖို့သာ အရေးကြီးသတဲ့၊ နေအလွန်ပူလို့ တရားအားထုတ်ဖို့ရာ ပင်ပန်းတဲ့အခါမှာတောင်မှ--

`လူ့ပြည်မှာ နေတစ်စင်း ထွက်ရုံနဲ့ ဒီလောက်ပူရင် ငရဲမှာဆိုရင်တော့ ဒီအပူထက် အဆပေါင်း သိန်းသန်းကုဋေမက ပူပေလိမ့်မယ်၊ ငရဲပြည်မှာက လုပ်ပိုင်ခွင့် လုံးဝမရှိ၊ ခံစားပိုင်ခွင့်လည်း ဗလာနတ္ထိ၊ အခု လူ့ပြည်မှာက ပူအိုက်သော်လည်း လုပ်ပိုင်ခွင့်နဲ့ ခံစားပိုင်ခွင့် မရှုံးဘူး၊ တရားအားထုတ်နိုင်သေးတယ်၊ အခု ပျင်းနေလို့ တရားမရဘဲ သေလျှင် ငရဲဒုက္ခက လွတ်ဖို့ မမြင်၊ ငရဲမရောက်ဖို့ အရေးကြီးတယ်´ ဆိုပြီး ပျင်းစိတ်ကို နှိမ်ကာ ကြိုးစားသတဲ့။

ဒီလိုနဲ့ နေပူနဲ့အပြိုင် ဘုရားကို ရေပိုလှူတယ်။ ခါတိုင်းထက် ဘုရား ပိုရှိခိုးတယ်။ မေတ္တာကိုလည်း ပိုပွားတယ်။ ဒါနကို ပိုလုပ်သလို သီလကိုလည်း ဂရုစိုက်သတဲ့။ အပူဒဏ်ကြောင့် ဖောက်ပြန်တတ်တဲ့ ခန္ဓာသဘောကို သတိနဲ့ဉာဏ်နဲ့ ဝိပဿနာရှုပြီး နေလိုက်တာ နေပူဒဏ်တောင် သက်သာသတဲ့။ ဒီလိုပဲ အေးတဲ့အခါ၊ ဆာလောင်တဲ့အခါ၊ နာကျင်တဲ့အခါတွေမှာလည်း ကြိုးစားပြီး ရှုမှတ်ပါတယ်။ ခုတော့ ဒေါ်သာလူဟာ စိတ်ဓာတ်ကိုမြှင့် လမ်းကိုဖွင့်ပြီး တရားကြိုးစား အားထုတ်လိုက်တာ စိတ်ဓာတ်တွေ စင်ကြယ်ခံ့ကျန်း တည်ကြည်ရွှင်လန်းလာပါသတဲ့။

တစ်နေ့တော့ တရားကို ကြိုးစားအားထုတ်လိုက်တာ ဆင်းရဲဒုက္ခအားလုံး ချုပ်ငြိမ်းရာ နိဗ္ဗာန်ကိုတောင် မျက်မှောက်ပြုရပြီး သောတာပန် ဖြစ်သွားသတဲ့။ ဒေါ်သာလူတစ်ယောက် ဝမ်းမြောက်လိုက်တာတဲ့။ ဆရာတော် ဦးတိဿကိုလည်း သွားပြီး ကန်တော့တယ်။

``ဆရာတော်ဘုရား၊ တပည့်တော်ဟာ အခု အပူအပင်တွေကြားထဲမှာပဲ အေးအေးဆေးဆေး နေတတ်ပါပြီ၊ အရှုပ်အထွေးတွေ ကြားထဲမှာပဲ ရှင်းရှင်းလင်းလင်း နေနိုင်ပါပြီ၊ အင်မတန် ဝန်လေးတဲ့ လူမှုဒုက္ခတွေ ကြားထဲမှာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေလို့ ရပါပြီဘုရား´´ လို့ လျှောက်ထားတဲ့အခါ ဆရာတော် ဦးတိဿက သာဓုသုံးကြိမ် ခေါ်တော်မူပြီးတော့ --

``ကဲ-ဒေါ်သာလူ၊ အခုတော့ ဒကာမကြီးဟာ နာမည်နဲ့ လိုက်အောင်ပဲ တခြားလူတွေထက် သာသွားပါပြီဗျာ´´ လို့ အမိန့်ရှိလိုက်ပါသတဲ့။

တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက
ယော ဆရာတော်ကြီး

ဤဓမ္မပုံပြင်ဖြင့် တိပိဋကဓရ (ယော) ဆရာတော်က-

(၁) တရားအလုပ်ဟူသည် ချမ်းမြေ့ကြည်လင်စွာ ဘဝနေပုံ ထိုင်ပုံနည်းတစ်ခုဖြစ်၍ မည်သူမဆို သိတတ်သည့်အရွယ် နားလည်ချိန်ကစ၍ ပြုလုပ်သင့်ကြောင်း၊

(၂) တရားအားထုတ်ခြင်းဖြင့် လူသည် ပစ်တိုင်းထောင်ရုပ်ကဲ့သို့ ဘဝ၏ အနိမ့်အမြင့်၊ အတက်အကျ လောကဓံတရားတို့ကြောင့် ယိမ်းယိုင်ပြိုလဲမှု မရှိဘဲ တည်ငြိမ်ရင့်ကျက်လာကြောင်းနှင့်၊

(၃) တရားနှင့်စပ်သော အသိဉာဏ်သည်သာ ရခဲသော လူ့ဘဝ၏ မြတ်နိုးတန်းဖိုးထားထိုက်သည့် အနှိုင်းမဲ့ဆုလဒ် တစ်ခု ဖြစ်ကြောင်း တို့ကို ပြောပြလိုရင်း ဖြစ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဓမ္မရေချမ်းစင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top