စစ္ကုိင္းတုိင္း၊ ေရဦးၿမဳိ႕နယ္ထဲက မဲအုိးေက်းရြာမွာ အစုိးရတာဝန္ရွိသူေတြက လွ်ပ္စစ္မီး ရဖုိ႔အတြက္ စီစဥ္ ေဆာင္ရြက္ေပးရာမွာ ရြာသူရြာသားေတြက လွ်ပ္စစ္မီးေတာ့ ရခ်င္တယ္။ လယ္ကြင္းထဲမွာေတာ့ ဓာတ္တုိင္ အစုိက္မခံႏုိင္ဘူး လုိ႔ ေျပာလုိက္တယ္လုိ႔ သိရပါတယ္။ ကၽြန္ေတာ္တုိ႔ ႏုိင္ငံက ျပည္သူေတြရဲ႕ အသိပညာေရခ်ိန္နဲ႔ ကုိယ္က်ဳိးအတၱပမာဏေတြကေတာ့ ေမးခြန္းထုတ္စရာ ျဖစ္လာပါၿပီ။ ျဖစ္ႏုိင္ရင္ တတ္သိနားလည္တဲ့ ပညာရွင္မ်ားက ရြာမွာသြားေရာက္ ေဟာေျပာသင့္ပါတယ္။

ကၽြန္ေတာ္ထင္တာကေတာ့ ေက်းရြာသူရြာသားေတြက မီးတုိင္လုပ္မယ္ဆုိၿပီး သူတို႔ရဲ႕ လယ္ေျမေတြကုိ အတင္းသိမ္း သြားမွာ စုိးရိမ္ေနတဲ့ ပံုပါပဲ။ ဒါမ်ဳိးကုိ ခံရဖူးလုိ႔ သူတုိ႔ေတြ အသည္းအသန္ ျငင္းဆန္ေနပံု ရပါတယ္။ အဲဒါေၾကာင့္ သူတုိ႔ကုိလည္း သိပ္ၿပီး အျပစ္မျမင္ရက္ပါဘူး။ ကၽြန္ေတာ္တုိ႔ ျပည္သူေတြဆုိတာကလည္း ခံဖက္က ေနရတာခ်ည္းပဲကုိးဗ်။

မူရင္းပုိ႔စ္ကုိ ေအာက္မွာ ေဖာ္ျပလုိက္ပါတယ္ ခင္ဗ်ာ-

မီးေတာ့ရခ်င္တယ္ လယ္ေတြကိုလာမထိနဲ႔ဓာတ္တိုင္ အစိုက္မခံဘူးတဲ့ဗ်ာ

စစ္ကိုင္းတိုင္း ေရဦးျမိဳ႕နယ္ မဲအိုးေက်းရြာသို ့NLD အစိုးရက မဲအိုးေက်းရြာ မီးရ႐ွိေရးအတြက္အစီအစဥ္ခ် ေဆာင္ရြက္ ေပးရာတြင္ မီးသြယ္ရမည့္လမ္းေႀကာင္းတြင္ လယ္ကြက္အခ်ိဳ႔ကို ျဖတ္သန္း မီးႀကိဳးသြယ္ယူ ရမည္ ျဖစ္ျပီးလယ္ကြက္ထဲ ဓါတ္တိုင္စိုက္ရမည့္အေပၚ မဲအိုးေက်းရြာ လယ္ပိုင္ရွင္မ်ားမွ လက္မခံႏိူင္ေႀကာင္း မိမိတို႔  လယ္ေျမထဲ ဓါတ္တိုင္စိုက္မည့္ အေပၚကန္ ့ကြက္တယ္ဟုဆိုသည္။ ရြာကိုမီးရေအာင္လုပ္ေပးတယ္။ ရြာသားေတြကလည္း မီးရခ်င္ပါတယ္ ။ အစိုးရကို ေက်းဇူးတင္ပါတယ္။ မိမိတို ့လယ္ကြက္ကိုေတာ့အထိမခံႏိူင္ဘူး။ အျခားနည္းနဲ႔ မီးေပးေစခ်င္တယ္ဟု ေျပာႀကားေႀကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ရဲေဇာ္

#Unicode Version# ျဖင့္ဖတ္ပါ ။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲက မဲအိုးကျေးရွာမှာ အစိုးရတာဝန်ရှိသူတွေက လျှပ်စစ်မီး ရဖို့အတွက် စီစဉ် ဆောင်ရွက်ပေးရာမှာ ရွာသူရွာသားတွေက လျှပ်စစ်မီးတော့ ရချင်တယ်။ လယ်ကွင်းထဲမှာတော့ ဓာတ်တိုင် အစိုက်မခံနိုင်ဘူး လို့ ပြောလိုက်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ နိုင်ငံက ပြည်သူတွေရဲ့ အသိပညာရေချိန်နဲ့ ကိုယ်ကျိုးအတ္တပမာဏတွေကတော့ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။ ဖြစ်နိုင်ရင် တတ်သိနားလည်တဲ့ ပညာရှင်များက ရွာမှာသွားရောက် ဟောပြောသင့်ပါတယ်။

ကျွန်တော်ထင်တာကတော့ ကျေးရွာသူရွာသားတွေက မီးတိုင်လုပ်မယ်ဆိုပြီး သူတို့ရဲ့ လယ်မြေတွေကို အတင်းသိမ်း သွားမှာ စိုးရိမ်နေတဲ့ ပုံပါပဲ။ ဒါမျိုးကို ခံရဖူးလို့ သူတို့တွေ အသည်းအသန် ငြင်းဆန်နေပုံ ရပါတယ်။ အဲဒါကြောင့် သူတို့ကိုလည်း သိပ်ပြီး အပြစ်မမြင်ရက်ပါဘူး။ ကျွန်တော်တို့ ပြည်သူတွေဆိုတာကလည်း ခံဖက်က နေရတာချည်းပဲကိုးဗျ။

မူရင်းပို့စ်ကို အောက်မှာ ဖော်ပြလိုက်ပါတယ် ခင်ဗျာ-

မီးတော့ရချင်တယ် လယ်တွေကိုလာမထိနဲ့ဓာတ်တိုင် အစိုက်မခံဘူးတဲ့ဗျာ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မဲအိုးကျေးရွာသို့NLD အစိုးရက မဲအိုးကျေးရွာ မီးရရှိရေးအတွက်အစီအစဉ်ချ ဆောင်ရွက် ပေးရာတွင် မီးသွယ်ရမည့်လမ်းကြောင်းတွင် လယ်ကွက်အချို့ကို ဖြတ်သန်း မီးကြိုးသွယ်ယူ ရမည် ဖြစ်ပြီးလယ်ကွက်ထဲ ဓါတ်တိုင်စိုက်ရမည့်အပေါ် မဲအိုးကျေးရွာ လယ်ပိုင်ရှင်များမှ လက်မခံနိူင်ကြောင်း မိမိတို့  လယ်မြေထဲ ဓါတ်တိုင်စိုက်မည့် အပေါ်ကန့်ကွက်တယ်ဟုဆိုသည်။ ရွာကိုမီးရအောင်လုပ်ပေးတယ်။ ရွာသားတွေကလည်း မီးရချင်ပါတယ် ။ အစိုးရကို ကျေးဇူးတင်ပါတယ်။ မိမိတို့လယ်ကွက်ကိုတော့အထိမခံနိူင်ဘူး။ အခြားနည်းနဲ့ မီးပေးစေချင်တယ်ဟု ပြောကြားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:ရဲဇော်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top