ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

 ၂၀၀၀ ျပည့္ႏွစ္ေတြေလာက္ကတည္းက နာမည္ၾကီးမင္းသမီးတေယာက္ျဖစ္တဲ့ ဂႏၱဝင္ကေတာ့ လက္ရွိမွာေတာ့ အႏုပညာေလာကနဲ႔ စိမ္းေနတာ ေတာ္ေတာ္ေလးကို ၾကာေနပါျပီ။ ဒါကိုလည္း ပရိသတ္ေတြေတာ့ သတိထားမိၾကမွာပါ။ ဒါေပမယ့္လည္း လက္ရွိမွာေတာ့ ဂႏၱဝင္ကေတာ့ ပရိသတ္ေတြေရွ႔ကိုျပန္ေပၚလာခဲ့ျပီး အရင္ႏုပ်ိဳေနဆဲျဖစ္လို႔ အရင္ကထက္ေတာင္ အားေပးမႈမ်ားခ့ဲတာ ျဖစ္ပါတယ္။ ဂႏၱဝင္ကေတာ့လက္ရွိမွာေတာ့ ဘဝကို တေယာက္ထဲ ျဖတ္သန္းေနျပီး သူ႔ဘဝမွာေတာ့လက္ရွိခ်ိန္မွာ အဆင္ေျပေနပါတယ္လို႔ ေျပာၾကားသြား ခဲ့ပါတယ္။

မင္းသမီးဂႏၱဝင္ကေတာ့ MC နဲ႔ အင္တာဗ်ဴးတြင္ အိမ္ေထာင္ျပဳဖို႔ မစဥ္းစားေတာ့ဘူးလားဆိုတဲ့ အေပၚမွာေတာ့ “မစဥ္းစားေတာ့ပါဘူး။ ဘာလို႔လည္းဆိုေတာ့ အစ္မကို အျပင္မွာေတြ႔ရင္ အရမ္းႏုၾကတယ္ အရင္တိုင္းပဲလိ႔ု ေျပာၾကေပမယ့္လည္း အမရဲ့ အသက္ရြယ္က အိမ္ေထာင္ျပဳရမယ့္ အရြယ္ကလည္း ေက်ာ္သြားျပီး လင္ယူသားေမြးတဲ့အခ်ိန္ဆိုျပီး သားေမြးတဲ့အခ်ိန္ကလည္း ေက်ာ္သြားျပီ။ နည္းနည္းလြန္သြားသလို ျဖစ္ေနတဲ့အတြက္ တေယာက္ထဲပဲ ေနခ်င္ပါတယ္လို႔ ေျပာခ်င္ပါတယ္”

“တေယာက္ထဲေနလာရတာ ၾကိဳက္တဲ့သူျဖစ္တာေၾကာင့္ တေယာက္ထဲကေတာ့ အဆင္ေျပေနပါတယ္။ တခ်ိဳ႔က်ေတာ့လည္း တေယာက္ထဲေနရတာကိုၾကိဳက္တယ္။ တခ်ိဳ႔က်ေတာ့လည္း မိသားစုဘဝကို ၾကိဳက္ၾကတယ္။ အမကေတာ့ တေယာက္ထဲ ၾကိဳက္တယ္။ ႏွစ္ေယာက္ဆို လုိက္ညိွေနရတာ မၾကိဳက္ဘူး။ အေဖာ္ဆိုတာမ်ိဳးကို စဥ္းစားဖူးတယ္။ ေတြးၾကည့္တဲ့အခါ အဆင္မေျပဘူး။ အခုေတာ့ အဆင္ေျပတယ္။ ကုိယ့္ဘာကိုယ္လည္း ရပ္တည္ႏိုင္တဲ့အတြက္ေပါ့။ ဒါေပမယ့္လည္း အမအရြယ္ကလည္း Family Life ကိုလုပ္ဖို႔အတြက္ အခ်ိန္လြန္သြားျပီလို႔ ထင္ပါတယ္။ အဲ့ေၾကာင့္ အပူမရွာခ်င္ေတာ့ပါဘူး။ ေအးေအးခ်မ္းခ်မ္းေလးပဲ ေနခ်င္တယ္။ တေယာက္ထဲဆိုေတာ့ ေနာက္ဆံတင္းေနရတာေတြ မရွိေတာ့ဘူးေပါ့”

တေယာက္ထဲေနေတာ့ အခက္ခဲေတြ ရွိလားဆိုတဲ့ အေပၚမွာေတာ့ “ေနထိုင္မေကာင္းတဲ့ အခါမွာေတာ့ စိတ္အားငယ္တာေတြ ရွိတာေပါ့။ ေဆးခန္းေလးသြားတာေတာင္မွ ကားကိုကိုယ့္ဘာကိုယ္ မေမာင္းႏိုင္ေတာ့ တေယာက္ေယာက္ကို အကူညီေတာင္းရျပီ။ သူမ်ားေတြလိုက္ျပီး အကူညီေတာင္းရတာေပါ့။ တခါတေလေတာ့လည္း ရွိေပမယ့္လည္း အားကိုးရခ်င္မွ အားကိုးရမွာေလ။ ခုတေယာက္ထဲဆိုေတာ့ ကိုယ့္အေတြးနဲ႔ ကိုယ္ပဲ။ တေယာက္ထဲက်ေတာ့ အပူပင္မရွိသလိုပဲ။ ကိုယ့္ဘာကိုယ္ျဖတ္သန္းေနရတဲ့အတိုင္း ပံုမွန္ေလးပဲ ေကာင္းတယ္လို႔ ခံယူထားပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

၂၀၀၀ ပြည့်နှစ်တွေလောက်ကတည်းက နာမည်ကြီးမင်းသမီးတယောက်ဖြစ်တဲ့ ဂန္တဝင်ကတော့ လက်ရှိမှာတော့ အနုပညာလောကနဲ့ စိမ်းနေတာ တော်တော်လေးကို ကြာနေပါပြီ။ ဒါကိုလည်း ပရိသတ်တွေတော့ သတိထားမိကြမှာပါ။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ဂန္တဝင်ကတော့ ပရိသတ်တွေရှေ့ကိုပြန်ပေါ်လာခဲ့ပြီး အရင်နုပျိုနေဆဲဖြစ်လို့ အရင်ကထက်တောင် အားပေးမှုများခဲ့တာ ဖြစ်ပါတယ်။ ဂန္တဝင်ကတော့လက်ရှိမှာတော့ ဘဝကို တယောက်ထဲ ဖြတ်သန်းနေပြီး သူ့ဘဝမှာတော့လက်ရှိချိန်မှာ အဆင်ပြေနေပါတယ်လို့ ပြောကြားသွား ခဲ့ပါတယ်။

မင်းသမီးဂန္တဝင်ကတော့ MC နဲ့ အင်တာဗျူးတွင် အိမ်ထောင်ပြုဖို့ မစဉ်းစားတော့ဘူးလားဆိုတဲ့ အပေါ်မှာတော့ “မစဉ်းစားတော့ပါဘူး။ ဘာလို့လည်းဆိုတော့ အစ်မကို အပြင်မှာတွေ့ရင် အရမ်းနုကြတယ် အရင်တိုင်းပဲလိ့ု ပြောကြပေမယ့်လည်း အမရဲ့ အသက်ရွယ်က အိမ်ထောင်ပြုရမယ့် အရွယ်ကလည်း ကျော်သွားပြီး လင်ယူသားမွေးတဲ့အချိန်ဆိုပြီး သားမွေးတဲ့အချိန်ကလည်း ကျော်သွားပြီ။ နည်းနည်းလွန်သွားသလို ဖြစ်နေတဲ့အတွက် တယောက်ထဲပဲ နေချင်ပါတယ်လို့ ပြောချင်ပါတယ်”

“တယောက်ထဲနေလာရတာ ကြိုက်တဲ့သူဖြစ်တာကြောင့် တယောက်ထဲကတော့ အဆင်ပြေနေပါတယ်။ တချို့ကျတော့လည်း တယောက်ထဲနေရတာကိုကြိုက်တယ်။ တချို့ကျတော့လည်း မိသားစုဘဝကို ကြိုက်ကြတယ်။ အမကတော့ တယောက်ထဲ ကြိုက်တယ်။ နှစ်ယောက်ဆို လိုက်ညှိနေရတာ မကြိုက်ဘူး။ အဖော်ဆိုတာမျိုးကို စဉ်းစားဖူးတယ်။ တွေးကြည့်တဲ့အခါ အဆင်မပြေဘူး။ အခုတော့ အဆင်ပြေတယ်။ ကိုယ့်ဘာကိုယ်လည်း ရပ်တည်နိုင်တဲ့အတွက်ပေါ့။ ဒါပေမယ့်လည်း အမအရွယ်ကလည်း Family Life ကိုလုပ်ဖို့အတွက် အချိန်လွန်သွားပြီလို့ ထင်ပါတယ်။ အဲ့ကြောင့် အပူမရှာချင်တော့ပါဘူး။ အေးအေးချမ်းချမ်းလေးပဲ နေချင်တယ်။ တယောက်ထဲဆိုတော့ နောက်ဆံတင်းနေရတာတွေ မရှိတော့ဘူးပေါ့”

တယောက်ထဲနေတော့ အခက်ခဲတွေ ရှိလားဆိုတဲ့ အပေါ်မှာတော့ “နေထိုင်မကောင်းတဲ့ အခါမှာတော့ စိတ်အားငယ်တာတွေ ရှိတာပေါ့။ ဆေးခန်းလေးသွားတာတောင်မှ ကားကိုကိုယ့်ဘာကိုယ် မမောင်းနိုင်တော့ တယောက်ယောက်ကို အကူညီတောင်းရပြီ။ သူများတွေလိုက်ပြီး အကူညီတောင်းရတာပေါ့။ တခါတလေတော့လည်း ရှိပေမယ့်လည်း အားကိုးရချင်မှ အားကိုးရမှာလေ။ ခုတယောက်ထဲဆိုတော့ ကိုယ့်အတွေးနဲ့ ကိုယ်ပဲ။ တယောက်ထဲကျတော့ အပူပင်မရှိသလိုပဲ။ ကိုယ့်ဘာကိုယ်ဖြတ်သန်းနေရတဲ့အတိုင်း ပုံမှန်လေးပဲ ကောင်းတယ်လို့ ခံယူထားပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top