20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

မႏၲေလးၿမိဳ႕မွာ မေန႔ကျဖစ္ပြားခဲ႔တဲ႔ နာေရးအိမ္ကလူငယ္တစ္ဦးအသတ္ခံရမႈနဲ႔ပတ္သက္လိုု႔ က်ဴးလြန္သူလိုု႔ ယူဆရသူေတြကို ရဲတပ္ဖြဲ႕ကေန႔ခ်င္းပဲဖမ္းဆီးႏုိင္ခဲ႔ပါတယ္။

ဒီျဖစ္စဥ္မွာ ဖမ္းဆီးခံရသူေလးဦးရွိခဲ႔ၿပီး ၄င္းတုိ႔ကို လူသတ္မႈပုဒ္မ၊ အားေပးကူညီမႈပုဒ္မေတြနဲ႔ဖမ္းဆီးအမႈဖြင့္စစ္ေဆးေနတယ္လုိ႔ နယ္ေျမခံရဲတပ္ဖြဲ႕ဆီကသိရပါတယ္။

ျဖစ္စဥ္မွာ မေန႔ကမနက္အေစာပုိင္း ၁ နာရီခြဲအခ်ိန္ခန္႔က မႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္ ေဒါနၿခံရပ္ သံလ်က္ေမွာ္ေတာင္ရပ္ကြက္ ေဒါနၿခံလူမႈကူညီေရးအသင္းအနီးမွာ ေမာင္ေနေအာင္(အသက္ ၁၉ ႏွစ္)အား လူတစ္စုကတုတ္နဲ႔၀ုိင္းရုိက္ေနတယ္လို႔ အစ္ကိုျဖစ္သူကိုေအာင္ေက်ာ္ဦးရဲ႕သတင္းေပးတုိင္ၾကားမႈအရ ခ်မ္းျမသာစည္ၿမိဳ႕နယ္ အမွတ္(၁၀)ၿမိဳ႕မရဲစ ခန္းမွတာ၀န္ရွိသူေတြသြားေရာက္ၾကည့္ရႈတာမွာ ေမာင္ေနေအာင္ဟာ လမ္းေဘးမွာေမွာက္လ်က္လဲေနၿပီး ပါးစပ္ေသြးထြက္ဦးေခါင္းေနာက္ေစ႔ဖူးေယာင္ေပါက္ၿပဲေသြးထြက္ဒဏ္ရာ၊

၀ဲမ်က္လံုးဖူးေယာင္၊ ၀ဲလက္ဖ်ံရိုးက်ိဳး၊ ၀ဲလက္ေခ်ာင္းမ်ားက်ိဳးစတဲ႔စိုးရိမ္ရတဲ႔ဒဏ္ရာေတြနဲ႔ေတြ႕ရလုိ႔ မႏၲေလးအေထြေထြေရာဂါကုေဆးရံုႀကီးသို႔ပို႔ေဆာင္ကုသမႈေပးခဲ႔ေၾကာင္း၊ ညီျဖစ္သူအား၀ိုင္းရုိက္သူေတြကို အေရးယူေပးဖို႔တုိင္တန္းလာတာေၾကာင့္ ရဲစခန္းက အျပင္းအထန္နာက်င္ေစမႈ၊ အားေပးကူညီမႈပုဒ္မေတြနဲ႔ ကနဦးအမႈဖြင့္ခဲ႔ေၾကာင္း၊ မနက္ ၁၀ နာရီခြဲအခ်ိန္ခန္႔မွာ က်ဴးလြန္သူလို႔ယူဆရသူ ၄ ဦးကို စံုစမ္းရွာေဖြဖမ္းဆီးခဲ႔ေၾကာင္း၊ မြန္းလြဲ ၁ နာရီခြဲအခ်ိန္ခန္႔မွာ ေမာင္ေနေအာင္ေသဆံုးသြားခဲ႔တာေၾကာင့္ လူသတ္မႈပုဒ္မနဲ႔ ေျပာင္းလဲအမႈဖြင့္ခဲ႔ေၾကာင္း ရဲမွတ္တမ္းအရသိရပါတယ္။

“သူတို႔က ရပ္ကြက္ထဲနာေရးအိမ္ရွိလို႔ဖဲသြားရုိက္ၿပီးႏုိင္လုိ႔ျပန္လာတာ၊ ျပန္လာၿပီးေတာ့ ရပ္ကြက္အ၀င္လမ္းၾကားမွာပဲ အရက္ထုိင္ေသာက္ေနတာ၊ ဟိုကေလးက သူ႔အိမ္နာေရးလာ ေမးတဲ႔သူငယ္ခ်င္းေတြကို ညမိုးခ်ဳပ္ၿပီ ၁၂ ေက်ာ္ေလာက္ဆိုေတာ့ အိမ္ျပန္ပို႔မယ္ဆုိၿပီးေတာ့ ထြက္လာတာ၊ ထြက္လာရင္းနဲ႔သူတို႔၀ိုင္းနဲ႔၀င္တုိက္မိတာ၊ ၀င္တုိက္မိၿပီးေတာ့စကားမ်ား ၿပီးရန္ျဖစ္တာ၊ ပထမေတာ့လက္သီးနဲ႔ထုိးၾကတာပါ၊ ထုိးၾကရင္းနဲ႔ဟိုဘက္ကသံုးေယာက္ကထြက္ေျပးေတာ့ တစ္ေယာက္ထဲက်န္ေနတုန္း ၀ိုုင္းအရုိက္ခံရတာပါ” လို႔ အခင္းျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ရဲစခန္းမွ တာ၀န္က်ရဲ၀န္ထမ္းတစ္ဦးကေျပာပါတယ္။

“အျမည္းခြက္၀င္တုိက္ၿပီးစကားမ်ားၿပီးရန္ျဖစ္ၾကတာလို႔ သတင္းထြက္တယ္၊ တကယ္တမ္းက်ေတာ့ အဲဒီလိုမဟုတ္ဘူး။ ကေလးကတကယ္႔ကိုလူလိမၼာလးပါ၊ ပရဟိတေတြပဲလုပ္ေနတတ္တာပါ၊ အရက္ ေဆးလိပ္ ကြမ္းယာ ဘာဆိုဘာမွမလုပ္တတ္ပါဘူး” လုိ႔ ေသဆံုးသူရဲ႕မိသားစု၀င္တစ္ဦးကေျပာပါတယ္။

ေသဆံုးသူရဲ႕မိသားစုေဆြမ်ိဳးသားခ်င္းေတြကေတာ့ ေမာင္ေနေအာင္ေသဆံုးခဲ႔ရတာနဲ႔ပတ္သက္လုိ႔ အမွန္တရားပဲေပၚေပါက္ေစခ်င္တယ္လို႔ဆိုပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္လို႔ မင္းကိုကို(ခ)ငဒိန္(အသက္ ၂၁ ႏွစ္)၊ ဆန္နီ(ခ)ေဘာစိ(အသက္ ၄၁ ႏွစ္)၊ ဇင္ခ်စ္သူ(အသက္ ၂၂ ႏွစ္) နဲ႔ ျပည့္ၿဖိဳးေအာင္(အသက္ ၁၇ ႏွစ္) တို႔ကို ရဲစခန္းမွာဖမ္းဆီးထားၿပီး ခ်မ္းျမသာစည္ၿမိဳ႕မရဲစခန္း(ပ)၁၄၁/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂/၁၁၄ တို႔နဲ႔ အမႈဖြင့္အေရးယူထားတယ္လို႔သိရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေစာေထြး Popular News Journal
#Unicode Version#
မန္တလေးမြို့မှာ မနေ့ကဖြစ်ပွားခဲ့တဲ့ နာရေးအိမ်ကလူငယ်တစ်ဦးအသတ်ခံရမှုနဲ့ပတ်သက်လို့ ကျူးလွန်သူလို့ ယူဆရသူတွေကို ရဲတပ်ဖွဲ့ကနေ့ချင်းပဲဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ ဖမ်းဆီးခံရသူလေးဦးရှိခဲ့ပြီး ၎င်းတို့ကို လူသတ်မှုပုဒ်မ၊ အားပေးကူညီမှုပုဒ်မတွေနဲ့ဖမ်းဆီးအမှုဖွင့်စစ်ဆေးနေတယ်လို့ နယ်မြေခံရဲတပ်ဖွဲ့ဆီကသိရပါတယ်။

ဖြစ်စဉ်မှာ မနေ့ကမနက်အစောပိုင်း ၁ နာရီခွဲအချိန်ခန့်က မန္တလေး ချမ်းမြသာစည်မြို့နယ် ဒေါနခြံရပ် သံလျက်မှော်တောင်ရပ်ကွက် ဒေါနခြံလူမှုကူညီရေးအသင်းအနီးမှာ မောင်နေအောင်(အသက် ၁၉ နှစ်)အား လူတစ်စုကတုတ်နဲ့ဝိုင်းရိုက်နေတယ်လို့ အစ်ကိုဖြစ်သူကိုအောင်ကျော်ဦးရဲ့သတင်းပေးတိုင်ကြားမှုအရ ချမ်းမြသာစည်မြို့နယ် အမှတ်(၁၀)မြို့မရဲစ ခန်းမှတာဝန်ရှိသူတွေသွားရောက်ကြည့်ရှုတာမှာ မောင်နေအောင်ဟာ လမ်းဘေးမှာမှောက်လျက်လဲနေပြီး ပါးစပ်သွေးထွက်ဦးခေါင်းနောက်စေ့ဖူးယောင်ပေါက်ပြဲသွေးထွက်ဒဏ်ရာ၊

ဝဲမျက်လုံးဖူးယောင်၊ ဝဲလက်ဖျံရိုးကျိုး၊ ဝဲလက်ချောင်းများကျိုးစတဲ့စိုးရိမ်ရတဲ့ဒဏ်ရာတွေနဲ့တွေ့ရလို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ပို့ဆောင်ကုသမှုပေးခဲ့ကြောင်း၊ ညီဖြစ်သူအားဝိုင်းရိုက်သူတွေကို အရေးယူပေးဖို့တိုင်တန်းလာတာကြောင့် ရဲစခန်းက အပြင်းအထန်နာကျင်စေမှု၊ အားပေးကူညီမှုပုဒ်မတွေနဲ့ ကနဦးအမှုဖွင့်ခဲ့ကြောင်း၊ မနက် ၁၀ နာရီခွဲအချိန်ခန့်မှာ ကျူးလွန်သူလို့ယူဆရသူ ၄ ဦးကို စုံစမ်းရှာဖွေဖမ်းဆီးခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်မှာ မောင်နေအောင်သေဆုံးသွားခဲ့တာကြောင့် လူသတ်မှုပုဒ်မနဲ့ ပြောင်းလဲအမှုဖွင့်ခဲ့ကြောင်း ရဲမှတ်တမ်းအရသိရပါတယ်။

“သူတို့က ရပ်ကွက်ထဲနာရေးအိမ်ရှိလို့ဖဲသွားရိုက်ပြီးနိုင်လို့ပြန်လာတာ၊ ပြန်လာပြီးတော့ ရပ်ကွက်အဝင်လမ်းကြားမှာပဲ အရက်ထိုင်သောက်နေတာ၊ ဟိုကလေးက သူ့အိမ်နာရေးလာ မေးတဲ့သူငယ်ချင်းတွေကို ညမိုးချုပ်ပြီ ၁၂ ကျော်လောက်ဆိုတော့ အိမ်ပြန်ပို့မယ်ဆိုပြီးတော့ ထွက်လာတာ၊ ထွက်လာရင်းနဲ့သူတို့ဝိုင်းနဲ့ဝင်တိုက်မိတာ၊ ဝင်တိုက်မိပြီးတော့စကားများ ပြီးရန်ဖြစ်တာ၊ ပထမတော့လက်သီးနဲ့ထိုးကြတာပါ၊ ထိုးကြရင်းနဲ့ဟိုဘက်ကသုံးယောက်ကထွက်ပြေးတော့ တစ်ယောက်ထဲကျန်နေတုန်း ဝိုင်းအရိုက်ခံရတာပါ” လို့ အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးကပြောပါတယ်။

“အမြည်းခွက်ဝင်တိုက်ပြီးစကားများပြီးရန်ဖြစ်ကြတာလို့ သတင်းထွက်တယ်၊ တကယ်တမ်းကျတော့ အဲဒီလိုမဟုတ်ဘူး။ ကလေးကတကယ့်ကိုလူလိမ္မာလးပါ၊ ပရဟိတတွေပဲလုပ်နေတတ်တာပါ၊ အရက် ဆေးလိပ် ကွမ်းယာ ဘာဆိုဘာမှမလုပ်တတ်ပါဘူး” လို့ သေဆုံးသူရဲ့မိသားစုဝင်တစ်ဦးကပြောပါတယ်။

သေဆုံးသူရဲ့မိသားစုဆွေမျိုးသားချင်းတွေကတော့ မောင်နေအောင်သေဆုံးခဲ့ရတာနဲ့ပတ်သက်လို့ အမှန်တရားပဲပေါ်ပေါက်စေချင်တယ်လို့ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ မင်းကိုကို(ခ)ငဒိန်(အသက် ၂၁ နှစ်)၊ ဆန်နီ(ခ)ဘောစိ(အသက် ၄၁ နှစ်)၊ ဇင်ချစ်သူ(အသက် ၂၂ နှစ်) နဲ့ ပြည့်ဖြိုးအောင်(အသက် ၁၇ နှစ်) တို့ကို ရဲစခန်းမှာဖမ်းဆီးထားပြီး ချမ်းမြသာစည်မြို့မရဲစခန်း(ပ)၁၄၁/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၁၁၄ တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:စောထွေး Popular News Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top