မေလးရွားႏိုင္ငံတြင္ အၿမဲတမ္းေနထိုင္ခြင့္ရရွိမည့္ အခြင့္အေရးႏွင့္ ကြာလာလမ္ပူၿမိဳ႕ရွိ Pavilion Damansara Heights ကြန္ဒိုအေရာင္းျပပြဲ
×



တစ္ခ်ိန္တုန္းက ေအာင္ျမင္တဲ့ ပရိသတ္ေတြ အမ်ားအျပား အားေပးၾကၿပီး သူ႔ရဲ႕ဖုိက္တင္ ထုိးကြက္ေတြေၾကာင့္ ဖုိက္တင္မင္းသားဆုိၿပီးနာမည္ႀကီးခဲ့တဲ့ ႏုိင္ငံေက်ာ္မင္းသား ေနထက္ လင္းကေတာ့ လက္႐ွိအခ်ိန္မွာ ထိပ္တန္းမင္းသား တစ္ေယာက္အျဖစ္႐ွိေနတဲ့ေနတုိးဟာ သူ႔ရဲ႕ လူပ်ိဳႀကီးဘဝကုိ စြန္႔လြတ္ခ်င္ေနၿပီထင္တယ္လုိ႔ အင္တာ ဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါ တယ္။

 ေနတုိးရဲ႕ အခ်စ္ေရးအေၾကာင္း အိမ္ေထာင္ေရးအေၾကာင္းေတြကုိေတာ့ ပရိသတ္ေတြ အားလုံးက စိတ္ဝင္စားေနမွာေတာ့ အမွန္ပါပဲ။ ေနထက္လင္းက “ကြၽန္ေတာ့္ညီကေတာ့ ကြၽန္ေတာ္ ၾကည့္ရသေလာက္ေတာ့ စြန္႔လြတ္ခ်င္ၿပီလုိ႔ထင္တယ္။ သူလည္း အခက္အခဲတစ္ခု ႐ွိေနလုိ႔ပါ။

အဲ့တာေတာ့ ေျပာလုိ႔မေကာင္းဘူးဗ်။ မိသားစုအေရးပါတယ္ အဲ့အတြက္ သူ႔အေနနဲ႔ မၾကာခ်င္ေတာ့ စြန္႔လြတ္ပါလိမ့္မယ္။ ျမင္ရေတာ့မွာပါ။ သူက ေအးတယ္ေလ ေအးေတာ့ နည္းနည္းဦးေဆာင္ႏုိင္တဲ့ မိန္းကေလး ျဖစ္ဖုိ႔လုိတယ္။ ၿပီးေတာ့ ထက္ျမက္ရမယ္ ၿပီးေတာ့ မင္းသားကုိယူေတာ့ သည္းခံႏုိင္စြမ္း႐ွိရမယ္ သည္းမခံႏုိင္ဘူး အူတုိတဲ့ မိန္းမဆုိရင္ေတာ့ ကြဲမွာပဲ။

အဲ့အတြက္ မင္းသားယူေတာ့ သူမ်ားထက္ ဆယ္ဆ မဟုတ္ဘူး ေတာ္ေတာ္မ်ားမ်ားကုိ သည္းခံရမယ္။ ဖက္ေနရင္လည္း သဝန္တုိလုိ႔မရဘူးမင္းသားကုိ နားလည္မႈေပးရမယ္ ညဘက္ အိမ္ျပန္မလာရင္လည္း နားလည္မႈေပးရမယ္ ေနာက္မုိ႔ဆုိရင္ အိမ္ေထာင္ကြဲမွာပဲ။

အဲ့အတြက္ အမ်ားႀကီး သူမ်ားထက္ပုိၿပီး နားလည္မႈေပးႏုိင္တဲ့ မိန္းမျဖစ္ရမယ္။ ဒါေပမဲ့ သူ႔ကုိ ဦးေဆာင္ႏုိင္ရမယ္ သူကေအးတယ္။ ေနာက္တစ္ခုက သူ႔အလုပ္ကုိ ဝင္မစြက္နဲ႔ သူဇာတ္ လမ္းေရြးခ်ယ္တာတုိ႔ဘာတုိ႔ကုိ သြားမလုပ္နဲ႔။



ဦးေဆာင္တယ္ဆုိတာဗ်ာ ဒီလူနဲ႔ေပးေတြ႔လုိက္ ဒီလူနဲ႔စကားေျပာလုိက္ ဖုန္းေတြကုိင္တာ တုိ႔ဘာတုိ႔။ ၿပီးရင္ အလုပ္မွာေတာ့ ဝင္စြက္နဲ႔ေပါ့ဗ်ာ။ ဘယ္ကား႐ုိက္ ဘယ္ကားမ႐ုိက္နဲ႔လုိ႔ အဲ့လုိသြားမေျပာနဲ႔ အဲ့တာ သူနဲ႔ေတာ့ မဆုိင္ဘူး။ သူ႔ရဲ႕ ေရြးခ်ယ္မႈဒါက ေနတုိးက သူ႔ဘာသာသူေရြးခ်ယ္တာ ေတာ္ပါတယ္။

အဲ့အတြက္ ဦးေဆာင္ႏုိင္တယ္ဆုိတာ တစ္ျခားစီးပြားေရးေတြ ဦးေဆာင္ေပါ့ဗ်ာ အျပင္မွာ ေရႊဆုိင္ဖြင့္တာတုိ႔ဘာတုိ႔ ေျမကြက္လုပ္တာတုိ႔ ဦးေဆာင္ႏုိင္တဲ့ မိန္းကေလးျဖစ္ရမယ္။ သူ႔အလုပ္နဲ႔သူ႐ွိရမယ္ ေနတုိးေနာက္က တေကာက္ေကာက္ လုိက္ေနလုိ႔လည္း မျဖစ္ဘူး။ တေကာက္ေကာက္မလုိက္လုိ႔လည္း မျဖစ္ဘူး။ အဲ့လုိမိန္းကေလးျဖစ္ရမယ္။”လုိ႔ ေျပာသြားခဲ့ ပါတယ္။

ေနတုိးက အျပင္မွာဆုိရင္ ခပ္တည္တည္ေနျဖစ္တာနဲ႔ ပတ္သက္ၿပီးေတာ့ “ကြၽန္ေတာ္တုိ႔က နံပါတ္တစ္ မင္းသားျဖစ္ခ်င္ေတာ့ အဲ့လိုမ်ိဳးေနရမယ္ဆုိတဲ့ဟာက ကြၽန္ေတာ္တုိ႔မွာ Rule ႐ွိတယ္ေလ။ အဲ့အတုိင္းေနတာပါ အဲ့လုိမေနလုိ႔လည္း မရဘူး။

အဲ့အတြက္လည္း သူနံပါတ္တစ္ျဖစ္တာ နံပါတ္တစ္ကုိ ကြၽန္ေတာ္တုိ႔က တစ္ႏွစ္ ႏွစ္ႏွစ္ သုံးႏွစ္ ဆယ္ႏွစ္ထိန္းဖုိ႔က မလြယ္ဘူးဗ်။ အဲ့အတြက္ အဲ့အတုိင္းေနရတာပါ အဲ့အတြက္ ခြင့္လြတ္ေပးပါ နားလည္ေပးပါ ေအးတာကေတာ့ သူ႔နဂုိဗဇ ေအးတာပါ။ လွိ်ဳဝွက္တာေတာ့ လွ်ိဳဝွက္ရမယ္ေလ ကြၽန္ေတာ္တုိ႔က အျပင္ေပၚလုိ႔မရဘူးေလ။



အျပင္ေပၚသြားတဲ့အတြက္ တစ္ခ်ိဳ႕မင္းသားေတြဆုိ ထိခုိက္သြားတည အိမ္ေထာင္ေရးေတြေရာ ဘာေတြေရာ ေအာင္ျမင္မႈေတြေရာ စီးပြားေရးေတြေရာ အကုန္ထိခုိက္သြားတယ္ အဲ့တာေလးေတြကုိေတာ့ နားလည္ေပးျကကပါ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #


တစ်ချိန်တုန်းက အောင်မြင်တဲ့ ပရိသတ်တွေ အများအပြား အားပေးကြပြီး သူ့ရဲ့ဖိုက်တင် ထိုးကွက်တွေကြောင့် ဖိုက်တင်မင်းသားဆိုပြီးနာမည်ကြီးခဲ့တဲ့ နိုင်ငံကျော်မင်းသား နေထက် လင်းကတော့ လက်ရှိအချိန်မှာ ထိပ်တန်းမင်းသား တစ်ယောက်အဖြစ်ရှိနေတဲ့နေတိုးဟာ သူ့ရဲ့ လူပျိုကြီးဘဝကို စွန့်လွတ်ချင်နေပြီထင်တယ်လို့ အင်တာ ဗျူးတစ်ခုမှာ ပြောသွားခဲ့ပါ တယ်။

 နေတိုးရဲ့ အချစ်ရေးအကြောင်း အိမ်ထောင်ရေးအကြောင်းတွေကိုတော့ ပရိသတ်တွေ အားလုံးက စိတ်ဝင်စားနေမှာတော့ အမှန်ပါပဲ။ နေထက်လင်းက “ကျွန်တော့်ညီကတော့ ကျွန်တော် ကြည့်ရသလောက်တော့ စွန့်လွတ်ချင်ပြီလို့ထင်တယ်။ သူလည်း အခက်အခဲတစ်ခု ရှိနေလို့ပါ။

အဲ့တာတော့ ပြောလို့မကောင်းဘူးဗျ။ မိသားစုအရေးပါတယ် အဲ့အတွက် သူ့အနေနဲ့ မကြာချင်တော့ စွန့်လွတ်ပါလိမ့်မယ်။ မြင်ရတော့မှာပါ။ သူက အေးတယ်လေ အေးတော့ နည်းနည်းဦးဆောင်နိုင်တဲ့ မိန်းကလေး ဖြစ်ဖို့လိုတယ်။ ပြီးတော့ ထက်မြက်ရမယ် ပြီးတော့ မင်းသားကိုယူတော့ သည်းခံနိုင်စွမ်းရှိရမယ် သည်းမခံနိုင်ဘူး အူတိုတဲ့ မိန်းမဆိုရင်တော့ ကွဲမှာပဲ။

အဲ့အတွက် မင်းသားယူတော့ သူများထက် ဆယ်ဆ မဟုတ်ဘူး တော်တော်များများကို သည်းခံရမယ်။ ဖက်နေရင်လည်း သဝန်တိုလို့မရဘူးမင်းသားကို နားလည်မှုပေးရမယ် ညဘက် အိမ်ပြန်မလာရင်လည်း နားလည်မှုပေးရမယ် နောက်မို့ဆိုရင် အိမ်ထောင်ကွဲမှာပဲ။

အဲ့အတွက် အများကြီး သူများထက်ပိုပြီး နားလည်မှုပေးနိုင်တဲ့ မိန်းမဖြစ်ရမယ်။ ဒါပေမဲ့ သူ့ကို ဦးဆောင်နိုင်ရမယ် သူကအေးတယ်။ နောက်တစ်ခုက သူ့အလုပ်ကို ဝင်မစွက်နဲ့ သူဇာတ် လမ်းရွေးချယ်တာတို့ဘာတို့ကို သွားမလုပ်နဲ့။

ဦးဆောင်တယ်ဆိုတာဗျာ ဒီလူနဲ့ပေးတွေ့လိုက် ဒီလူနဲ့စကားပြောလိုက် ဖုန်းတွေကိုင်တာ တို့ဘာတို့။ ပြီးရင် အလုပ်မှာတော့ ဝင်စွက်နဲ့ပေါ့ဗျာ။ ဘယ်ကားရိုက် ဘယ်ကားမရိုက်နဲ့လို့ အဲ့လိုသွားမပြောနဲ့ အဲ့တာ သူနဲ့တော့ မဆိုင်ဘူး။ သူ့ရဲ့ ရွေးချယ်မှုဒါက နေတိုးက သူ့ဘာသာသူရွေးချယ်တာ တော်ပါတယ်။

အဲ့အတွက် ဦးဆောင်နိုင်တယ်ဆိုတာ တစ်ခြားစီးပွားရေးတွေ ဦးဆောင်ပေါ့ဗျာ အပြင်မှာ ရွှေဆိုင်ဖွင့်တာတို့ဘာတို့ မြေကွက်လုပ်တာတို့ ဦးဆောင်နိုင်တဲ့ မိန်းကလေးဖြစ်ရမယ်။ သူ့အလုပ်နဲ့သူရှိရမယ် နေတိုးနောက်က တကောက်ကောက် လိုက်နေလို့လည်း မဖြစ်ဘူး။ တကောက်ကောက်မလိုက်လို့လည်း မဖြစ်ဘူး။ အဲ့လိုမိန်းကလေးဖြစ်ရမယ်။”လို့ ပြောသွားခဲ့ ပါတယ်။

နေတိုးက အပြင်မှာဆိုရင် ခပ်တည်တည်နေဖြစ်တာနဲ့ ပတ်သက်ပြီးတော့ “ကျွန်တော်တို့က နံပါတ်တစ် မင်းသားဖြစ်ချင်တော့ အဲ့လိုမျိုးနေရမယ်ဆိုတဲ့ဟာက ကျွန်တော်တို့မှာ Rule ရှိတယ်လေ။ အဲ့အတိုင်းနေတာပါ အဲ့လိုမနေလို့လည်း မရဘူး။

အဲ့အတွက်လည်း သူနံပါတ်တစ်ဖြစ်တာ နံပါတ်တစ်ကို ကျွန်တော်တို့က တစ်နှစ် နှစ်နှစ် သုံးနှစ် ဆယ်နှစ်ထိန်းဖို့က မလွယ်ဘူးဗျ။ အဲ့အတွက် အဲ့အတိုင်းနေရတာပါ အဲ့အတွက် ခွင့်လွတ်ပေးပါ နားလည်ပေးပါ အေးတာကတော့ သူ့နဂိုဗဇ အေးတာပါ။ လျှိုဝှက်တာတော့ လျှိုဝှက်ရမယ်လေ ကျွန်တော်တို့က အပြင်ပေါ်လို့မရဘူးလေ။

အပြင်ပေါ်သွားတဲ့အတွက် တစ်ချို့မင်းသားတွေဆို ထိခိုက်သွားတည အိမ်ထောင်ရေးတွေရော ဘာတွေရော အောင်မြင်မှုတွေရော စီးပွားရေးတွေရော အကုန်ထိခိုက်သွားတယ် အဲ့တာလေးတွေကိုတော့ နားလည်ပေးကြကပါ။”လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top