20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ႕နယ္ က်ိဳက္ထီး႐ိုးေစတီေတာ္ ေဂါပကအဖြဲ႕သစ္လက္ထက္၌ အလႉခံပုံးမ်ားဖြင့္ေဖာက္စစ္ေဆးရာတြင္ ပြင့္လင္းျမင္သာမႈအားနည္းလာေၾကာင္း က်ိဳက္ထီး႐ိုးေစတီေတာ္ရင္ျပင္ အုပ္ခ်ဳပ္ေရးအဖြဲ႕ထံမွ သိရသည္။

ယခင္ေဂါပကအဖြဲ႕အဆက္ဆက္လက္ထက္တြင္ အလႉခံပုံးမ်ားကို အပတ္စဥ္ဖြင့္ေဖာက္စစ္ေဆးခ်ိန္တြင္ အဖြဲ႕စုံ ပါဝင္ရၿပီး ရရွိလာေသာအလႉေငြ အေသးစိတ္စာရင္းမ်ားကို အဖြဲ႕အသီးသီးထံ ျဖန္႔ေဝေပးခဲ့ေသာ္လည္း အသစ္ျပန္လည္ဖြဲ႕စည္းေသာ ေဂါပကအဖြဲ႕သစ္လက္ထက္တြင္အေသးစိတ္စာရင္း အခ်က္အလက္မ်ားမေပးသည္မွာ သုံးပတ္ခန္႔ရွိၿပီျဖစ္ေၾကာင္း ရင္ျပင္ေတာ္အုပ္ခ်ဳပ္ေရးအဖြဲ႕ေခါင္းေဆာင္၊ ကင္ပြန္းေခ်ာင္းေက်း႐ြာ ရာအိမ္မႉး ဦးေက်ာ္မင္းဦးက ေျပာဆိုသည္။

“ေဂါပကအဖြဲ႕က အလႉခံပုံးထဲက ေငြေတြကို သြန္ခ်ေရတြက္တာကိုလုပ္တယ္။ ကၽြန္ေတာ္တို႔က ေဘးကေနေစာင့္ေရွာက္ေပးရတယ္။ လူနည္းရင္ေတာ့ ေငြကို ဝင္ေရတြက္ေပးရတယ္။ ၿပီးခဲ့တဲ့ေခတ္အဆက္ဆက္မွာလည္း အမ်ားျပည္သူ အလႉေငြကိုေရတြက္မယ္ဆိုရင္ ဆိုင္ရာအဖြဲ႕အစည္းေတြေရွ႕မွာ မ်က္ဝါးထင္ထင္ေရတြက္တယ္။ ၿပီးရင္တစ္ပုံးခ်င္းအလိုက္ရရွိတဲ့ ျမန္မာေငြကဘယ္ေလာက္၊ ႏိုင္ငံျခားေငြအမ်ိဳးအစားအလိုက္က ဘယ္ေလာက္၊ တစ္ပုံးခ်င္းကို စာရင္းတစ္ခုလုပ္တယ္။ တစ္ပုံးခ်င္းစစ္ေဆးၿပီးရင္ ပုံးအားလုံးရဲ႕စစ္ေဆးရရွိေငြေပါင္း ျမန္မာေငြဘယ္ေလာက္၊ႏိုင္ငံျခားေငြ ဘယ္ေလာက္ဆိုၿပီး တိတိက်က်စာရင္းထြက္လာပါတယ္။ အဲဒီႏွစ္႐ြက္ကို အဖြဲ႕အားလုံးကို မိတၱဴတစ္စုံစီေပးခဲ့ပါတယ္။ အဲဒီလိုေပးခဲ့တာကလည္း ေဂါပကအဖြဲ႕အဆက္ဆက္ပါ။လက္ရွိ ေဂါပကအဖြဲ႕သစ္လက္ထက္မွာေတာ့တန္ေဆာင္မုန္းလေလာက္ထိ အဲဒီစာရင္းဇယားကို ရရွိခဲ့တယ္။ ခုေနာက္ပိုင္းမွာေတာ့ အလွဴခံပံုးေဖာက္မယ့္ရက္က အဂၤါေန႔ဆိုေပမယ့္ တနလၤာေန႔လိုမ်ိဳး ေဖာက္လိုက္တာရွိတယ္။ တစ္ခါတေလဆို အဂၤါေန႔ကို ေက်ာ္ၿပီးမွ အဖြဲ႕ေတြကိုမေခၚဘဲ ေဖာက္လိုက္တာမ်ိဳးလည္းရွိတယ္”ဟု ၎က ေျပာဆိုသည္။

အမ်ားျပည္သူလႉဒါန္းထားသည့္ အလႉခံပုံးမွရေသာ ေငြမ်ားအျပင္ ေစတီေတာ္ႀကီးႏွင့္သက္ဆိုင္ေသာေငြမ်ားအားလုံးကို မေပ်ာက္မပ်က္ထိန္းသိမ္းေစာင့္ေရွာက္ရန္တာဝန္သည္ အဖြဲ႕အစည္းမ်ားအျပင္ ျပည္သူအားလုံးတြင္ ရွိသျဖင့္ပြင့္လင္းျမင္သာစြာရွိေစၿပီး ကာကြယ္ေစာင့္ေရွာက္လိုစိတ္ျဖင့္ေျပာရျခင္းျဖစ္ေၾကာင္း ၎ကေျပာဆိုသည္။

က်ိဳက္ထီး႐ိုးေစတီေတာ္ရွိ အလႉခံပုံးမ်ား ယခင္က စုစုေပါင္း ၃၉ လုံးရွိၿပီး ပ်က္စီးသည့္ပုံးမ်ားလည္းရွိေနသျဖင့္ လက္ရွိတြင္ ၃၃ ပုံးသာက်န္ရွိေနကာ အဆိုပါအလႉခံပုံးမွရရွိလာေသာအလႉေငြမ်ားအား အပတ္စဥ္အဂၤါေန႔တိုင္းတြင္ေဂါပကအဖြဲ႕တာဝန္ရွိသူမ်ား၊ အုပ္ခ်ဳပ္ေရးအဖြဲ႕၊စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕၊ ရဲတပ္ဖြဲ႕၊ သာသနာေရးအဖြဲ႕မ်ား၏ေရွ႕ေမွာက္တြင္ ဖြင့္ေဖာက္စစ္ေဆးရေၾကာင္း သိရသည္။

အမ်ားျပည္သူလႉဒါန္းထားေသာေငြမ်ားကို အစိုးရအဖြဲ႕အဆင့္ဆင့္ တာဝန္ရွိသူမ်ားသိရွိေစလိုၿပီး က်ိဳက္ထီး႐ိုး ေစတီေတာ္ႏွင့္ပတ္သက္၍လိုအပ္ခ်က္မ်ားရွိလၽွင္ အဆိုပါေငြမ်ားမွ ျပန္လည္အသုံးျပဳကာ က်ိဳက္ထီး႐ိုးေစတီေတာ္ႀကီးႏွင့္ေတာင္ဝန္းက်င္သာယာလွပေစရန္ လိုအပ္သည္မ်ားကို အသုံးျပဳေစလိုေၾကာင္း ေတာင္ေပၚေနေဒသခံမ်ားထံမွ သိရသည္။

လက္ရွိ က်ိဳက္ထီး႐ိုးေစတီေတာ္ေဂါပကအဖြဲ႕အား ျပည္သူမ်ားက ေ႐ြး ေကာက္တင္ေျမႇာက္ထားသူ ၁၀ ဦး၊ ျပည္နယ္အစိုးရက တိုက္႐ိုက္ခန္႔သူ ငါးဦး စုစုေပါင္း ၁၅ ဦးျဖင့္ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလမွစတင္ကာ ေဂါပကအဖြဲ႕ တာဝန္မ်ားထမ္းေဆာင္ေနေၾကာင္း သိရသည္။

“အလႉခံပုံးေတြ ဖြင့္ေဖာက္ရင္ အဖြဲ႕စုံေခၚၿပီးလုပ္တယ္။ စာရင္းကိုတစ္ခါတည္းလုပ္ၿပီးလိုခ်င္တဲ့သူရွိရင္ ကူးယူခိုင္းတယ္။ တစ္ေစာင္ခ်င္းေတာ့ ဘယ္ဌာနကိုမွ မေပးေတာ့ဘူး။ အရင္ကဘယ္လိုလုပ္ခဲ့လဲ ဆိုတာေတာ့ မသိဘူးေပါ့။ ခုရင္ျပင္ေတာ္တာ၀န္ကိုလည္း ရွိတဲ့ ေဂါပက အဖြဲ႕ေတြမွာ သူ႔အဖြဲ႕အလိုက္ အလွည့္က်တာ၀န္ယူၾကတာ အဖြဲ႕ေခါင္းေဆာင္ေတြက ဒီလိုစနစ္ကိုက်င့္သုံးပါဆို လို႔ က်င့္သုံးရတာပါ။ က်န္တဲ့အဖြဲ႕ေတြက လည္း ကၽြန္ေတာ္တို႔ကို အေသးစိတ္စာရင္းေပးပါလို႔မေတာင္းဘူး။ ေငြဘယ္ေလာက္ရလဲ သိခ်င္တယ္ပဲေျပာလို႔ ကူးသြားလို႔ေျပာတာပါ။ တရားဝင္ေတာင္းလာရင္ေတာ့ ေပးမွာပါ၊ အခက္ခဲမရွိပါဘူး”ဟု က်ိဳက္ထီး႐ိုးေစတီေတာ္ ေဂါပကအဖြဲ႕ဝင္ ရင္ျပင္ေတာ္တာဝန္ခံ ဦးတင္စိုးက ေျပာဆိုသည္။

က်ိဳက္ထီး႐ိုးေစတီေတာ္အလႉခံပုံးမ်ားမွအပတ္စဥ္ရရွိေငြမွာ ပ်မ္းမၽွျမန္မာေငြက်ပ္သိန္း၁၅၀ ဝန္းက်င္ခန္႔ (ႏိုင္ငံျခားေငြစာရင္းမရရွိ )ရွိၿပီးဖြင့္ေဖာက္စစ္ ေဆးၿပီးပါက ျမန္မာ့စီးပြားေရးဘဏ္သို႔ သြားေရာက္အပ္ႏွံေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Standard Time

#Unicode Version# ျဖင့္ဖတ္ပါ ။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့သစ်လက်ထက်၌ အလှူခံပုံးများဖွင့်ဖောက်စစ်ဆေးရာတွင် ပွင့်လင်းမြင်သာမှုအားနည်းလာကြောင်း ကျိုက်ထီးရိုးစေတီတော်ရင်ပြင် အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ယခင်ဂေါပကအဖွဲ့အဆက်ဆက်လက်ထက်တွင် အလှူခံပုံးများကို အပတ်စဉ်ဖွင့်ဖောက်စစ်ဆေးချိန်တွင် အဖွဲ့စုံ ပါဝင်ရပြီး ရရှိလာသောအလှူငွေ အသေးစိတ်စာရင်းများကို အဖွဲ့အသီးသီးထံ ဖြန့်ဝေပေးခဲ့သော်လည်း အသစ်ပြန်လည်ဖွဲ့စည်းသော ဂေါပကအဖွဲ့သစ်လက်ထက်တွင်အသေးစိတ်စာရင်း အချက်အလက်များမပေးသည်မှာ သုံးပတ်ခန့်ရှိပြီဖြစ်ကြောင်း ရင်ပြင်တော်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်၊ ကင်ပွန်းချောင်းကျေးရွာ ရာအိမ်မှူး ဦးကျော်မင်းဦးက ပြောဆိုသည်။

“ဂေါပကအဖွဲ့က အလှူခံပုံးထဲက ငွေတွေကို သွန်ချရေတွက်တာကိုလုပ်တယ်။ ကျွန်တော်တို့က ဘေးကနေစောင့်ရှောက်ပေးရတယ်။ လူနည်းရင်တော့ ငွေကို ဝင်ရေတွက်ပေးရတယ်။ ပြီးခဲ့တဲ့ခေတ်အဆက်ဆက်မှာလည်း အများပြည်သူ အလှူငွေကိုရေတွက်မယ်ဆိုရင် ဆိုင်ရာအဖွဲ့အစည်းတွေရှေ့မှာ မျက်ဝါးထင်ထင်ရေတွက်တယ်။ ပြီးရင်တစ်ပုံးချင်းအလိုက်ရရှိတဲ့ မြန်မာငွေကဘယ်လောက်၊ နိုင်ငံခြားငွေအမျိုးအစားအလိုက်က ဘယ်လောက်၊ တစ်ပုံးချင်းကို စာရင်းတစ်ခုလုပ်တယ်။ တစ်ပုံးချင်းစစ်ဆေးပြီးရင် ပုံးအားလုံးရဲ့စစ်ဆေးရရှိငွေပေါင်း မြန်မာငွေဘယ်လောက်၊နိုင်ငံခြားငွေ ဘယ်လောက်ဆိုပြီး တိတိကျကျစာရင်းထွက်လာပါတယ်။ အဲဒီနှစ်ရွက်ကို အဖွဲ့အားလုံးကို မိတ္တူတစ်စုံစီပေးခဲ့ပါတယ်။ အဲဒီလိုပေးခဲ့တာကလည်း ဂေါပကအဖွဲ့အဆက်ဆက်ပါ။လက်ရှိ ဂေါပကအဖွဲ့သစ်လက်ထက်မှာတော့တန်ဆောင်မုန်းလလောက်ထိ အဲဒီစာရင်းဇယားကို ရရှိခဲ့တယ်။ ခုနောက်ပိုင်းမှာတော့ အလှူခံပုံးဖောက်မယ့်ရက်က အင်္ဂါနေ့ဆိုပေမယ့် တနင်္လာနေ့လိုမျိုး ဖောက်လိုက်တာရှိတယ်။ တစ်ခါတလေဆို အင်္ဂါနေ့ကို ကျော်ပြီးမှ အဖွဲ့တွေကိုမခေါ်ဘဲ ဖောက်လိုက်တာမျိုးလည်းရှိတယ်”ဟု ၎င်းက ပြောဆိုသည်။

အများပြည်သူလှူဒါန်းထားသည့် အလှူခံပုံးမှရသော ငွေများအပြင် စေတီတော်ကြီးနှင့်သက်ဆိုင်သောငွေများအားလုံးကို မပျောက်မပျက်ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်သည် အဖွဲ့အစည်းများအပြင် ပြည်သူအားလုံးတွင် ရှိသဖြင့်ပွင့်လင်းမြင်သာစွာရှိစေပြီး ကာကွယ်စောင့်ရှောက်လိုစိတ်ဖြင့်ပြောရခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ကျိုက်ထီးရိုးစေတီတော်ရှိ အလှူခံပုံးများ ယခင်က စုစုပေါင်း ၃၉ လုံးရှိပြီး ပျက်စီးသည့်ပုံးများလည်းရှိနေသဖြင့် လက်ရှိတွင် ၃၃ ပုံးသာကျန်ရှိနေကာ အဆိုပါအလှူခံပုံးမှရရှိလာသောအလှူငွေများအား အပတ်စဉ်အင်္ဂါနေ့တိုင်းတွင်ဂေါပကအဖွဲ့တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးအဖွဲ့၊စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ သာသနာရေးအဖွဲ့များ၏ရှေ့မှောက်တွင် ဖွင့်ဖောက်စစ်ဆေးရကြောင်း သိရသည်။

အများပြည်သူလှူဒါန်းထားသောငွေများကို အစိုးရအဖွဲ့အဆင့်ဆင့် တာဝန်ရှိသူများသိရှိစေလိုပြီး ကျိုက်ထီးရိုး စေတီတော်နှင့်ပတ်သက်၍လိုအပ်ချက်များရှိလျှင် အဆိုပါငွေများမှ ပြန်လည်အသုံးပြုကာ ကျိုက်ထီးရိုးစေတီတော်ကြီးနှင့်တောင်ဝန်းကျင်သာယာလှပစေရန် လိုအပ်သည်များကို အသုံးပြုစေလိုကြောင်း တောင်ပေါ်နေဒေသခံများထံမှ သိရသည်။

လက်ရှိ ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့အား ပြည်သူများက ရွေး ကောက်တင်မြှောက်ထားသူ ၁၀ ဦး၊ ပြည်နယ်အစိုးရက တိုက်ရိုက်ခန့်သူ ငါးဦး စုစုပေါင်း ၁၅ ဦးဖြင့် ၂၀၁၈ ခုနှစ် စက်တင်ဘာလမှစတင်ကာ ဂေါပကအဖွဲ့ တာဝန်များထမ်းဆောင်နေကြောင်း သိရသည်။

“အလှူခံပုံးတွေ ဖွင့်ဖောက်ရင် အဖွဲ့စုံခေါ်ပြီးလုပ်တယ်။ စာရင်းကိုတစ်ခါတည်းလုပ်ပြီးလိုချင်တဲ့သူရှိရင် ကူးယူခိုင်းတယ်။ တစ်စောင်ချင်းတော့ ဘယ်ဌာနကိုမှ မပေးတော့ဘူး။ အရင်ကဘယ်လိုလုပ်ခဲ့လဲ ဆိုတာတော့ မသိဘူးပေါ့။ ခုရင်ပြင်တော်တာဝန်ကိုလည်း ရှိတဲ့ ဂေါပက အဖွဲ့တွေမှာ သူ့အဖွဲ့အလိုက် အလှည့်ကျတာဝန်ယူကြတာ အဖွဲ့ခေါင်းဆောင်တွေက ဒီလိုစနစ်ကိုကျင့်သုံးပါဆို လို့ ကျင့်သုံးရတာပါ။ ကျန်တဲ့အဖွဲ့တွေက လည်း ကျွန်တော်တို့ကို အသေးစိတ်စာရင်းပေးပါလို့မတောင်းဘူး။ ငွေဘယ်လောက်ရလဲ သိချင်တယ်ပဲပြောလို့ ကူးသွားလို့ပြောတာပါ။ တရားဝင်တောင်းလာရင်တော့ ပေးမှာပါ၊ အခက်ခဲမရှိပါဘူး”ဟု ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ဝင် ရင်ပြင်တော်တာဝန်ခံ ဦးတင်စိုးက ပြောဆိုသည်။

ကျိုက်ထီးရိုးစေတီတော်အလှူခံပုံးများမှအပတ်စဉ်ရရှိငွေမှာ ပျမ်းမျှမြန်မာငွေကျပ်သိန်း၁၅၀ ဝန်းကျင်ခန့် (နိုင်ငံခြားငွေစာရင်းမရရှိ )ရှိပြီးဖွင့်ဖောက်စစ် ဆေးပြီးပါက မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်အပ်နှံကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: The Standard Time
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top