20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×



ေနျခည္ဦးကေတာ့ ဆင္းရဲတဲ့ ဘဝထက္ အလုပ္မရွိေတာ့မွာက သူမအတြက္ေတာ့ အေၾကာက္ဆုံးအရာပါပဲတဲ့။ လက္ရွိမွာလည္း ရုပ္ရွင္ဇာတ္ကားႀကီးေတြ ရုိက္ကူးဖုိ႔ စီစဥ္ထားတယ္လုိ႔ သိရပါတယ္။

ပရိသတ္အခ်စ္ေတာ္မေလး ေနျခည္ဦးက သူမဘဝရဲ႕ အေၾကာက္ဆုံးအရာကုိ အခုလုိ ေျပာျပလာပါတယ္။ သူမက လက္ရွိမွာေတာ့ ပရိသတ္အခ်စ္ေတြကုိ အခုိင္အမာရရွိထား သူတစ္ေယာက္ျဖစ္ပါတယ္။

‘’ဘဝမွာ အေၾကာက္ဆံုးက ဆင္းရဲမွာ မဟုတ္ဘူး။ အလုပ္ မရွိမွာ’’ ဆုိၿပီးေတာ့ မတ္လ ၁၃ ရက္ေန႔ မနက္ ၁ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ ေနျခည္ ဦးရဲ႕ ဆႏၵေလးအေပၚမွာလည္း ပရိသတ္ေတြက Comment ကေနတဆင့္ အားေပးစ ကားေတြ ေျပာေပးခဲ့ၾကတာကုိ ေတြ႔ရပါတယ္။

ေနျခည္ဦးဟာ မၾကာခင္မွာ သရုပ္ေဆာင္ အကယ္ဒမီေနတုိးနဲ႔ အတူ ‘’အခမ္းနားဆုံး ေမတၱာ’’ ဆုိတဲ့ရုပ္ရွင္ကားႀကီးကုိ ရုိက္ကူးသြားမွာျဖစ္ပါတယ္။ ဒါဟာ သူမအတြက္ေတာ့ ေနတုိးနဲ႔အတူ ပထမဆုံး သရုပ္ေဆာင္ရမယ့္ ရုပ္ရွင္ကားႀကီးျဖစ္ပါတယ္။

ဒီဇာတ္ကားထဲမွာ သရုပ္ေဆာင္ ေနတုိး၊ ဇင္ဝုိင္း၊တုိင္ရြန္၊သူရိယ၊ စုိးျမတ္သူဇာ၊ ေနျခည္ဦးနဲ႔ ခင္သဇင္တုိ႔က အဓိက သရုပ္ေဆာင္ေတြအျဖစ္ ပါဝင္သြားမယ္လုိ႔ သိရပါတယ္။

ေနျခည္ဦး ပါဝင္သရုပ္ေဆာင္ထားတဲ့ ‘’ရန္သူ’’ ရုပ္ရွင္ကားႀကီးဟာ ၂၀၁၈ ခုႏွစ္အတြက္ အကယ္ဒမီထူးခၽြန္ဆုေပးပြဲ ရဲ႕ ဆန္ခါတင္ရုပ္ရွင္ဇာတ္ကား ၂၅ ကားထဲမွာ ပါဝင္ေနတာျဖစ္ ပါတယ္။



ဒီဇာတ္ကားဟာ ေနျခည္ဦးအတြက္ ပထမဆုံး ရုိက္ကူးခဲ့တဲ့ ရုပ္ရွင္ကားႀကီးလည္းျဖစ္ပါ တယ္။သူမကုိယ္တုိင္ကေတာ့ အကယ္ဒမီနဲ႔ ပတ္သက္တဲ့ ရင္ခုန္သံေတြ ဖြင့္ေျပာလာတာမ်ဳိး မရွိေသးပါဘူး။

ေနျခည္ဦးကုိေတာ့ Beauty Blogger မေလးတစ္ေယာက္အျဖစ္ ပရိသတ္ေတြ စတင္ သိရွိခဲ့တာျဖစ္ပါတယ္။အဲဒီေနာက္ သရုပ္ေဆာင္ေလာကထဲကုိ ဝင္ေရာက္လာခ်ိန္မွာ ‘’ရန္သူ’’ ၊ ‘’ဧည့္သည္’’၊''ကုိယ္ပြား''၊ ‘’ေအာက္ဖဲမလွန္ေၾကး’’စတဲ့ ရုပ္ရွင္ဇာတ္ကားေတြ ရုိက္ကူးထားၿပီးျဖစ္ပါတယ္။ ‘’ရန္သူ’’ ရုပ္ရွင္ကားႀကီးကလည္း၂၀၁၈ ခုႏွစ္အတြင္းမွာ ပရိသတ္အေရွ႕ကုိ ေရာက္ရွိခဲ့ၿပီးျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


နေခြည်ဦးကတော့ ဆင်းရဲတဲ့ ဘဝထက် အလုပ်မရှိတော့မှာက သူမအတွက်တော့ အကြောက်ဆုံးအရာပါပဲတဲ့။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ပရိသတ်အချစ်တော်မလေး နေခြည်ဦးက သူမဘဝရဲ့ အကြောက်ဆုံးအရာကို အခုလို ပြောပြလာပါတယ်။ သူမက လက်ရှိမှာတော့ ပရိသတ်အချစ်တွေကို အခိုင်အမာရရှိထား သူတစ်ယောက်ဖြစ်ပါတယ်။

‘’ဘဝမှာ အကြောက်ဆုံးက ဆင်းရဲမှာ မဟုတ်ဘူး။ အလုပ် မရှိမှာ’’ ဆိုပြီးတော့ မတ်လ ၁၃ ရက်နေ့ မနက် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ နေခြည် ဦးရဲ့ ဆန္ဒလေးအပေါ်မှာလည်း ပရိသတ်တွေက Comment ကနေတဆင့် အားပေးစ ကားတွေ ပြောပေးခဲ့ကြတာကို တွေ့ရပါတယ်။

နေခြည်ဦးဟာ မကြာခင်မှာ သရုပ်ဆောင် အကယ်ဒမီနေတိုးနဲ့ အတူ ‘’အခမ်းနားဆုံး မေတ္တာ’’ ဆိုတဲ့ရုပ်ရှင်ကားကြီးကို ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒါဟာ သူမအတွက်တော့ နေတိုးနဲ့အတူ ပထမဆုံး သရုပ်ဆောင်ရမယ့် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး၊ ဇင်ဝိုင်း၊တိုင်ရွန်၊သူရိယ၊ စိုးမြတ်သူဇာ၊ နေခြည်ဦးနဲ့ ခင်သဇင်တို့က အဓိက သရုပ်ဆောင်တွေအဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။

နေခြည်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ရန်သူ’’ ရုပ်ရှင်ကားကြီးဟာ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲ ရဲ့ ဆန်ခါတင်ရုပ်ရှင်ဇာတ်ကား ၂၅ ကားထဲမှာ ပါဝင်နေတာဖြစ် ပါတယ်။

ဒီဇာတ်ကားဟာ နေခြည်ဦးအတွက် ပထမဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားကြီးလည်းဖြစ်ပါ တယ်။သူမကိုယ်တိုင်ကတော့ အကယ်ဒမီနဲ့ ပတ်သက်တဲ့ ရင်ခုန်သံတွေ ဖွင့်ပြောလာတာမျိုး မရှိသေးပါဘူး။

နေခြည်ဦးကိုတော့ Beauty Blogger မလေးတစ်ယောက်အဖြစ် ပရိသတ်တွေ စတင် သိရှိခဲ့တာဖြစ်ပါတယ်။အဲဒီနောက် သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာချိန်မှာ ‘’ရန်သူ’’ ၊ ‘’ဧည့်သည်’’၊''ကိုယ်ပွား''၊ ‘’အောက်ဖဲမလှန်ကြေး’’စတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားပြီးဖြစ်ပါတယ်။ ‘’ရန်သူ’’ ရုပ်ရှင်ကားကြီးကလည်း၂၀၁၈ ခုနှစ်အတွင်းမှာ ပရိသတ်အရှေ့ကို ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top