iMyanmarHouse.com - Best Property Website for Myanmar
×


၀မ္းဗိုက္တစ္၀ိုက္ ဗိုက္ပူေနတဲ့သူေတြကို ဘီယာဗိုက္ဆိုျပီး လူေတြက ေနာက္ေျပာင္က်ီစယ္တတ္ၾကတာ မၾကာခဏ ၾကားဖူးၾကမွာပါ။ ၀တဲ့သူေတြပဲ ဗိုက္ပူလိမ့္မယ္လို႔ ထင္ေနရင္ေတာ့ မွားပါလိမ့္မယ္။

ပိန္တဲ့သူေတြမွာလည္း အစာအာဟာရ မမွ်တတာေၾကာင့္ေရာ၊ ကိုယ္လက္ေလ့ က်င့္ခန္း မျပဳလုပ္တာ၊ အရက္ေသစာ အလြန္အကၽြံေသာက္စားတာေၾကာင့္ပါ ဗိုက္ပူႏိုင္ပါတယ္။ ကိုယ္၀န္ေဆာင္ေနစဥ္ ေဆးလိပ္ေသာက္ျခင္းဟာ ကေလးအ တြက္ အ၀လြန္ေစတာ၊ ဗိုက္ပူေစတာအျပင္ တျခားေသာ က်န္းမာေရးျပႆ နာေတြပါ ၾကံဳလာရႏိုင္ပါတယ္။

ဗိုက္ပူေနတာဟာ အျမင္အားျဖင့္လည္း ၾကည့္ရဆိုးေစသလို ေနာက္ဆက္တြဲ က်န္းမာေရးျပႆနာေတြလည္း ျဖစ္ႏိုင္ေျခ အလြန္မ်ားပါတယ္။ ခႏၶာကိုယ္အတြက္ ဆိုးက်ိဳးျဖစ္ေစတဲ့ ေသြးတြင္း ကိုလက္စထေရာေတြ၊ သၾကားဓာတ္ေတြဟာ အျမဲျမင့္တက္ေနတဲ့အတြက္ ႏွလံုးေရာဂါ၊ ေသြးတိုး၊ ဆီးခ်ိဳ၊ အသည္းအဆီဖံုးတာ အျပင္ စိတ္က်ေရာဂါ၊ ကင္ဆာေရာဂါ၊ ရုတ္တရက္တက္ျခင္း၊ သတိလစ္တာအ ထိပါ ျဖစ္ႏိုင္ပါတယ္။

ဒါေၾကာင့္ ဗိုက္ပူတဲ့ သူေတြအတြက္ အခ်ိန္တိုအတြင္း အဆီက်ေစႏိုင္တဲ့ နည္းလမ္းေတြကို ေ၀မွ်ေပးခ်င္ပါတယ္။

၁။ အခ်ိဳေလွ်ာ့စားပါ

သၾကားအလြန္အကၽြံ ထည့္ထားတဲ့ မုန္႔ေတြ၊ ေဖ်ာ္ရည္ေတြ၊ အေအးေတြ၊ စားစ ရာေတြဟာ အ၀လြန္ျခင္းကို ျဖစ္ေစတဲ့ အဓိကတရားခံေတြထဲက တစ္ခုပါပဲ။ သၾကားမွာ ဂလူးကို႔စ္ တစ္၀က္၊ fructose လို႔ ေခၚတဲ့ အသည္းကပဲ ေခ်ဖ်က္ႏိုင္တဲ့ ဓာတ္ေပါင္း တစ္၀က္ ပါ၀င္ပါတယ္။

ခႏၶာကိုယ္က ကုန္ဆံုးသြားတဲ့ အားအင္ေတြကို ျဖည့္တင္းေပးဖို႔အတြက္ ဂလူးကို႔စ္ ကို အသံုးျပဳရပါတယ္။ သၾကားပါ၀င္မႈမ်ားတဲ့ အခ်ိဳမုန္႔ေတြ၊ အေအးေတြ စားေသာက္မႈ မ်ားလာတဲ့အခါမွာ ေသြးတြင္း fructose ဓာတ္ေပါင္း ပမာဏ မ်ားလာပါတယ္။

အသည္းက ေကာင္းေကာင္းမေခ်ဖ်က္ႏိုင္ေတာ့တဲ့အခါမွာ အဲ့ဒီဓာတ္ေပါင္းေတြဟာ အဆီအျဖစ္ကို ေျပာင္းလဲသြားတယ္။ ဒီအခါမွာ ၀မ္းဗိုက္နဲ႔ အသည္းမွာ အဆီဖံုး သြားပါေတာ့တယ္။

အခ်ိဳဓာတ္ဟာ အ၀လြန္ေစတယ္၊ ဗိုက္အဆီတက္ေစတယ္။ ေနာက္ဆက္တြဲအေန နဲ႔ အသည္းနဲ႔ ႏွလံုးမွာ ေရာဂါျဖစ္လာတယ္။ အခ်ိဳဓာတ္ဟာ ကယ္လိုရီစားခ်င္စိတ္ ကို ႏႈိးဆြေပးလို႔ က်န္းမာေရးနဲ႔ မသင့္ေလ်ာ္တဲ့ အစားအစာေတြ ပိုပိုစားရင္းနဲ႔ လူေတြဟာ ဗိုက္ပူလာၾကပါတယ္။ ဒါေၾကာင့္ ဗိုက္အဆီခ်ခ်င္ရင္ အခ်ိဳေလွ်ာ့စားဖို႔ လိုပါတယ္။

၂။ ကစီဓာတ္ ေလွ်ာ့စားပါ

ကစီဓာတ္ဟာ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ တစ္ေန႔တာခြန္အားေတြကို ေပး စြမ္းႏိုင္ပါတယ္။ ဒါေပမဲ့ ကစီဓာတ္စားသံုးမႈ မ်ားလာတဲ့အခါမွာ အ၀လြန္ႏိုင္ေျခ ျမင့္တက္လာပါတယ္။ ကိုယ္တြင္းအဆီက်ခ်င္ရင္ ကစီဓာတ္ကို ေလွ်ာ့စားေပးပါ၊ ဒါမွမဟုတ္ ကစီဓာတ္နည္းတဲ့ စားေသာက္ေနထိုင္မႈပံုစံကို ေျပာင္းလဲေပးပါ။

ေျပာင္းဖူး၊ အာလူး၊ ကန္စြန္းဥ၊ ဂ်ံဳ၊ ပဲအမ်ိဳးမ်ိဳး၊ အာလူးေၾကာ္၊ သၾကားအျပင္ ဘီယာေတြမွာ carbohydrate လို႔ ေခၚတဲ့ ကစီဓာတ္ေတြ အမ်ားအျပားပါ၀င္ တာေၾကာင့္ ဗိုက္အဆီက်ခ်င္သူေတြ ပံုမွန္ထက္ ေလွ်ာ့ျပီး စားေပးသင့္ပါတယ္။

၃။ ပရိုတင္းဓာတ္ ပိုစားေပးပါ

အသားဓာတ္လို႔လည္း လူသိမ်ားတဲ့ ပရိုတင္းဓာတ္ဟာ ကိုယ္အေလးခ်ိန္ကို က်ေစတဲ့ အာဟာရဓာတ္အျဖစ္ လူသိမ်ားၾကပါတယ္။ ပရိုတင္းဓာတ္ဟာ ကိုယ္ တြင္းက ကယ္လိုရီေတြကို ေလာင္ကၽြမ္းဖို႔ ကူညီေပးႏိုင္ပါတယ္။

အ၀လြန္ေနသူေတြ၊ ၀မ္းဗိုက္အဆီခ်လိုသူေတြအေနနဲ႔ ငါး၊ ပင္လယ္စာ၊ အေစ့အ ဆန္၊ အသားနဲ႔ ႏို႔ထြက္ပစၥည္း၊ ဥအမ်ိဳးမ်ိဳး အစရွိတဲ့ ပရိုုတင္းပါ၀င္မႈမ်ားတဲ့ အစားအ စာေတြကို ပိုမိုစားသံုးေပးသင့္ပါတယ္။

၄။ အမွ်င္ဓာတ္မ်ားတဲ့ အစားအစာေတြ စားေပးပါ

အမွ်င္ဓာတ္ဟာ ေန႔စဥ္ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အာဟာရဓာတ္ျဖစ္ပါတယ္။ အစာေၾကေစတယ္။ ၀မ္းမွန္ေစတယ္။ အစာမၾကာခဏ စားခ်င္စိတ္ကို ထိန္း ခ်ဳပ္ေပးႏိုင္တယ္။

၀မ္းဗိုက္မွာ စုေနတ့ဲ အဆီပိုေတြကိုလည္း က်ေစတာေၾကာင့္ အ၀လြန္သူေတြ၊ ကိုယ္အေလးခ်ိန္ထိန္းခ်င္သူေတြနဲ႔ ဗိုက္အဆီက်လိုသူေတြ တစ္ေန႔ကို အမွ်င္ဓာတ္ မျဖစ္မေန စားေပးသင့္ပါတယ္။

ဟင္းသီးဟင္းရြက္၊ အသီးအႏွံေတြမွာ ကိုယ္ခႏၶာအတြက္ လိုအပ္တဲ့ အာဟာရေတြအျပင္ အမွ်င္ဓာတ္လည္း ေပါၾကြယ္၀ပါတယ္။

၅။ ေလ့က်င့္ခန္းလုပ္ပါ

အေပါင္းအသင္းေတြနဲ႔ စုျပီး ေဘာလံုးကန္မလား၊ မနက္ခင္းမွာ အေျပးေလ့က်င့္မ လား၊ gym မွာပဲ စနစ္တက် ကိုယ္ကာယေလ့က်င့္ခန္းလုပ္မလား၊ ကိုယ္တြင္းအ ဆီက်ေစဖုိ႔ အာဟာရမွ်တတဲ့ အစားအေသာက္နဲ႔ ထိန္းဖို႔ လိုအပ္သလို ေလ့က်င့္ ခန္းလုပ္ဖို႔ကိုလည္း ေမ့ထားလို႔ မျဖစ္ပါဘူး။

ေလ့က်င့္ခန္းပံုမွန္ လုပ္ေပးတဲ့အခါ ကိုယ္တြင္းအဆီေတြ၊ ကယ္လိုရီေတြကို ေလာင္ကၽြမ္းေစျပီး ခႏၶာကိုယ္ကိုလည္း အခ်ိဳးအစား ေျပျပစ္ေစတယ္။ ကိုယ္ခံအား ကိုလည္း ျမွင့္တင္ေပးႏိုင္တယ္။

 ေသြးထဲက သၾကားဓာတ္ေတြ၊ မလိုအပ္တဲ့ အဆီပိုေတြကို ေလာင္ကၽြမ္းေစပါ တယ္။ ဒါေၾကာင့္ အဆီက်လိုတဲ့ အမ်ိဳးသား၊ အမ်ိဳးသမီးတိုင္း ေန႔စဥ္ ကိုယ္ လက္ေလ့က်င့္ခန္း ပံုမွန္လုပ္ေပးဖို႔ အေရးၾကီးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


၀မ်းဗိုက်တစ်ဝိုက် ဗိုက်ပူနေတဲ့သူတွေကို ဘီယာဗိုက်ဆိုပြီး လူတွေက နောက်ပြောင်ကျီစယ်တတ်ကြတာ မကြာခဏ ကြားဖူးကြမှာပါ။ ဝတဲ့သူတွေပဲ ဗိုက်ပူလိမ့်မယ်လို့ ထင်နေရင်တော့ မှားပါလိမ့်မယ်။

ပိန်တဲ့သူတွေမှာလည်း အစာအာဟာရ မမျှတတာကြောင့်ရော၊ ကိုယ်လက်လေ့ ကျင့်ခန်း မပြုလုပ်တာ၊ အရက်သေစာ အလွန်အကျွံသောက်စားတာကြောင့်ပါ ဗိုက်ပူနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ဆေးလိပ်သောက်ခြင်းဟာ ကလေးအ တွက် အဝလွန်စေတာ၊ ဗိုက်ပူစေတာအပြင် တခြားသော ကျန်းမာရေးပြဿ နာတွေပါ ကြုံလာရနိုင်ပါတယ်။

ဗိုက်ပူနေတာဟာ အမြင်အားဖြင့်လည်း ကြည့်ရဆိုးစေသလို နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေလည်း ဖြစ်နိုင်ခြေ အလွန်များပါတယ်။ ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေတဲ့ သွေးတွင်း ကိုလက်စထရောတွေ၊ သကြားဓာတ်တွေဟာ အမြဲမြင့်တက်နေတဲ့အတွက် နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အသည်းအဆီဖုံးတာ အပြင် စိတ်ကျရောဂါ၊ ကင်ဆာရောဂါ၊ ရုတ်တရက်တက်ခြင်း၊ သတိလစ်တာအ ထိပါ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ဗိုက်ပူတဲ့ သူတွေအတွက် အချိန်တိုအတွင်း အဆီကျစေနိုင်တဲ့ နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။

၁။ အချိုလျှော့စားပါ

သကြားအလွန်အကျွံ ထည့်ထားတဲ့ မုန့်တွေ၊ ဖျော်ရည်တွေ၊ အအေးတွေ၊ စားစ ရာတွေဟာ အဝလွန်ခြင်းကို ဖြစ်စေတဲ့ အဓိကတရားခံတွေထဲက တစ်ခုပါပဲ။ သကြားမှာ ဂလူးကို့စ် တစ်ဝက်၊ fructose လို့ ခေါ်တဲ့ အသည်းကပဲ ချေဖျက်နိုင်တဲ့ ဓာတ်ပေါင်း တစ်ဝက် ပါဝင်ပါတယ်။

ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်တင်းပေးဖို့အတွက် ဂလူးကို့စ် ကို အသုံးပြုရပါတယ်။ သကြားပါဝင်မှုများတဲ့ အချိုမုန့်တွေ၊ အအေးတွေ စားသောက်မှု များလာတဲ့အခါမှာ သွေးတွင်း fructose ဓာတ်ပေါင်း ပမာဏ များလာပါတယ်။

အသည်းက ကောင်းကောင်းမချေဖျက်နိုင်တော့တဲ့အခါမှာ အဲ့ဒီဓာတ်ပေါင်းတွေဟာ အဆီအဖြစ်ကို ပြောင်းလဲသွားတယ်။ ဒီအခါမှာ ဝမ်းဗိုက်နဲ့ အသည်းမှာ အဆီဖုံး သွားပါတော့တယ်။

အချိုဓာတ်ဟာ အဝလွန်စေတယ်၊ ဗိုက်အဆီတက်စေတယ်။ နောက်ဆက်တွဲအနေ နဲ့ အသည်းနဲ့ နှလုံးမှာ ရောဂါဖြစ်လာတယ်။ အချိုဓာတ်ဟာ ကယ်လိုရီစားချင်စိတ် ကို နှိုးဆွပေးလို့ ကျန်းမာရေးနဲ့ မသင့်လျော်တဲ့ အစားအစာတွေ ပိုပိုစားရင်းနဲ့ လူတွေဟာ ဗိုက်ပူလာကြပါတယ်။ ဒါကြောင့် ဗိုက်အဆီချချင်ရင် အချိုလျှော့စားဖို့ လိုပါတယ်။

၂။ ကစီဓာတ် လျှော့စားပါ

ကစီဓာတ်ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ တစ်နေ့တာခွန်အားတွေကို ပေး စွမ်းနိုင်ပါတယ်။ ဒါပေမဲ့ ကစီဓာတ်စားသုံးမှု များလာတဲ့အခါမှာ အဝလွန်နိုင်ခြေ မြင့်တက်လာပါတယ်။ ကိုယ်တွင်းအဆီကျချင်ရင် ကစီဓာတ်ကို လျှော့စားပေးပါ၊ ဒါမှမဟုတ် ကစီဓာတ်နည်းတဲ့ စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲပေးပါ။

ပြောင်းဖူး၊ အာလူး၊ ကန်စွန်းဥ၊ ဂျုံ၊ ပဲအမျိုးမျိုး၊ အာလူးကြော်၊ သကြားအပြင် ဘီယာတွေမှာ carbohydrate လို့ ခေါ်တဲ့ ကစီဓာတ်တွေ အများအပြားပါဝင် တာကြောင့် ဗိုက်အဆီကျချင်သူတွေ ပုံမှန်ထက် လျှော့ပြီး စားပေးသင့်ပါတယ်။

၃။ ပရိုတင်းဓာတ် ပိုစားပေးပါ

အသားဓာတ်လို့လည်း လူသိများတဲ့ ပရိုတင်းဓာတ်ဟာ ကိုယ်အလေးချိန်ကို ကျစေတဲ့ အာဟာရဓာတ်အဖြစ် လူသိများကြပါတယ်။ ပရိုတင်းဓာတ်ဟာ ကိုယ် တွင်းက ကယ်လိုရီတွေကို လောင်ကျွမ်းဖို့ ကူညီပေးနိုင်ပါတယ်။

အဝလွန်နေသူတွေ၊ ဝမ်းဗိုက်အဆီချလိုသူတွေအနေနဲ့ ငါး၊ ပင်လယ်စာ၊ အစေ့အ ဆန်၊ အသားနဲ့ နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး အစရှိတဲ့ ပရိုတင်းပါဝင်မှုများတဲ့ အစားအ စာတွေကို ပိုမိုစားသုံးပေးသင့်ပါတယ်။

၄။ အမျှင်ဓာတ်များတဲ့ အစားအစာတွေ စားပေးပါ

အမျှင်ဓာတ်ဟာ နေ့စဉ်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။ အစာကြေစေတယ်။ ဝမ်းမှန်စေတယ်။ အစာမကြာခဏ စားချင်စိတ်ကို ထိန်း ချုပ်ပေးနိုင်တယ်။

ဝမ်းဗိုက်မှာ စုနေတဲ့ အဆီပိုတွေကိုလည်း ကျစေတာကြောင့် အဝလွန်သူတွေ၊ ကိုယ်အလေးချိန်ထိန်းချင်သူတွေနဲ့ ဗိုက်အဆီကျလိုသူတွေ တစ်နေ့ကို အမျှင်ဓာတ် မဖြစ်မနေ စားပေးသင့်ပါတယ်။

ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေမှာ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရတွေအပြင် အမျှင်ဓာတ်လည်း ပေါကြွယ်ဝပါတယ်။

၅။ လေ့ကျင့်ခန်းလုပ်ပါ

အပေါင်းအသင်းတွေနဲ့ စုပြီး ဘောလုံးကန်မလား၊ မနက်ခင်းမှာ အပြေးလေ့ကျင့်မ လား၊ gym မှာပဲ စနစ်တကျ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်မလား၊ ကိုယ်တွင်းအ ဆီကျစေဖို့ အာဟာရမျှတတဲ့ အစားအသောက်နဲ့ ထိန်းဖို့ လိုအပ်သလို လေ့ကျင့် ခန်းလုပ်ဖို့ကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။

လေ့ကျင့်ခန်းပုံမှန် လုပ်ပေးတဲ့အခါ ကိုယ်တွင်းအဆီတွေ၊ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်ကိုလည်း အချိုးအစား ပြေပြစ်စေတယ်။ ကိုယ်ခံအား ကိုလည်း မြှင့်တင်ပေးနိုင်တယ်။

 သွေးထဲက သကြားဓာတ်တွေ၊ မလိုအပ်တဲ့ အဆီပိုတွေကို လောင်ကျွမ်းစေပါ တယ်။ ဒါကြောင့် အဆီကျလိုတဲ့ အမျိုးသား၊ အမျိုးသမီးတိုင်း နေ့စဉ် ကိုယ် လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးဖို့ အရေးကြီးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top