20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ဧၿပီလအတြင္း မုန္တိုင္းငယ္တစ္ႀကိမ္ျဖစ္ႏိုင္

လာမယ့္ဧၿပီလအတြင္းမွာ မုန္တိုင္းငယ္တစ္ႀကိမ္ျဖစ္ႏိုင္တယ္လို႔ မိုးေလ၀သႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ေဒါက္တာေက်ာ္မိုးဦးက ေျပာပါတယ္။တစ္လလံုးမွာေလဖိအားနည္း ႏွစ္ႀကိမ္ျဖစ္ေပၚ ႏိုင္တာျဖစ္ၿပီး တစ္ႀကိမ္က အားေကာင္းလာႏိုင္တာေၾကာင့္ မုန္တိုင္းငယ္အဆင့္ကိုေရာက္ရွိႏိုင္တာျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္းနဲ႔ ကခ်င္ျပည္နယ္တို႔မွာ ရြာသြန္းၿမဲထက္ ပိုႏိုင္ၿပီး တစ္လလံုးအေနနဲ႔(၁၂)ရက္ကေန (၁၈)ရက္ အထိ ၾကာႏိုင္တယ္လို႔ ဆိုပါတယ္။

မႏၱေလး၊ တနသၤာရီ၊ စစ္ကိုင္းတိုင္းေဒသႀကီး ေအာက္ပိုင္း၊ ခ်င္း၊ ရခိုင္နဲ႔ ကယားျပည္နယ္ တို႔မွာ ရြာသြန္းၿမဲေလာက္ ရြာႏိုင္ၿပီး မေကြး၊ ပဲခူး၊ ရန္ကုန္၊ ဧရာ၀တီ၊ ကရင္နဲ႔ မြန္ျပည္နယ္တို႔မွာ ရြာသြန္းၿမဲေအာက္ ေလ်ာ့ႏိုင္တယ္လို႔ ဆိုပါတယ္။

မိုးရြာႏိုင္တဲ့ ၾကာခ်ိန္ကေတာ့ (၄)ရက္ကေန (၁၀)ရက္ေလာက္အထိ ရြာႏိုင္တယ္လို႔ ခန္႔မွန္းထားပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:bamakhit

#Unicode Version#
ဧပြီလအတွင်း မုန်တိုင်းငယ်တစ်ကြိမ်ဖြစ်နိုင်

လာမယ့်ဧပြီလအတွင်းမှာ မုန်တိုင်းငယ်တစ်ကြိမ်ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။တစ်လလုံးမှာလေဖိအားနည်း နှစ်ကြိမ်ဖြစ်ပေါ် နိုင်တာဖြစ်ပြီး တစ်ကြိမ်က အားကောင်းလာနိုင်တာကြောင့် မုန်တိုင်းငယ်အဆင့်ကိုရောက်ရှိနိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး တစ်လလုံးအနေနဲ့(၁၂)ရက်ကနေ (၁၈)ရက် အထိ ကြာနိုင်တယ်လို့ ဆိုပါတယ်။

မန္တလေး၊ တနင်္သာရီ၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ချင်း၊ ရခိုင်နဲ့ ကယားပြည်နယ် တို့မှာ ရွာသွန်းမြဲလောက် ရွာနိုင်ပြီး မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နိုင်တယ်လို့ ဆိုပါတယ်။

မိုးရွာနိုင်တဲ့ ကြာချိန်ကတော့ (၄)ရက်ကနေ (၁၀)ရက်လောက်အထိ ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။



ဖိုးသူတော်(www.phothutaw.com)
Credit:bamakhit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top