20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×






Credit:nanmalgyi

#Unicode Version# ဖြင့်ဖတ်ပါ ။

ဒီဖြစ်ရပ်ကတော့ ထူးထူးခြားခြားပါပဲ။ ဆော်ဒီအာရေဗျနိုငံမှာတော့ လှုပ်လှုပ်ခတ်ခတ်ဖြစ်ရအောင်ကို ရိုက်ခတ်သွားခဲ့ပါတယ်။ အသစ်အဆန်းကိုစိတ်ဝင်စားကြတဲ့ အင်တာနက်ပေါ်က လူတွေကအတွက် အထူးတလည် စူးစမ်းစရာဖြစ်ခဲ့တာပါ။ ဒီသတင်းကို အာရပ်မီဒီယာကတစ်ဆင့် ဖော်ပြခဲ့တာပါ။

Jeddah မြို့ကနေ ကွာလာလမ်ပူမြို့ကိုပျံသန်းနေတဲ့ ဆော်ဒီလေကြောင်းလိုင်း၊ ခရီးသည်တင်လေယာဉ်ကြီးတစ်စင်းဟာ ပျံသန်းနေစဉ်ခရီးတစ်ဝက်တစ်ပျက်မှာဘဲ မထင်မှတ်ထားတဲ့ အရေးပေါ်အခြေအနေနဲ့ ကြုံခဲ့ရပါတယ်။ လေယာဉ်ပေါ်လိုက်ပါစီးနင်းလာတဲ့ ခရီးသည်မိခင်တစ်ဦးဟာ သူ့ရဲ့ ရင်သွေးငယ်ဟာ ပျောက်ဆုံးနေပါတယ်၊ ကလေးကို လေဆိပ်မှာကျန်ရစ်ခဲ့တယ်ဆိုပြီး လေယာဉ်ပေါ်က တာဝန်ရှိသူတွေထံ သတင်းပို့အကြောင်းကြာလာပြီး ကလေးကိုစိတ်ပူလွန်းလို့ လေယာဉ်နဲ့သူဆက်ပြီးမလိုက်ပါလိုကြောင်း၊ ယခုချက်ချင်းပြန်သွားခေါ်ချင်ကြောင်း တောင်းဆိုလာတာပါပဲ။

ကလေးမိခင်ဟာ ကင်းအဘ်ဒူလ်အာဇစ်လေယာဉ်ကွင်းမှာ ကလေးငယ်ကိုသတိမေ့လျော့ထားရစ်မိခဲ့တာကြောင့် လေယာဉ်မှူးကြီးဟာ ချက်ချင်းဆိုသလို လေကြောင်းလိုင်းတာဝန်ရှိသူတွေနဲ့ အာဏာပိုင်တွေကို အရေးပေါ်အသိပေးခဲ့ရပါတယ်။ဒီသတင်းကြားကြားချင်းမှာ လေကြောင်းလမ်းကြောင်း ထိန်းချုပ်ရေးဖွဲ့တွေဟာ ခေါင်းနပန်းကြီးပြီး အကျပ်ရိုက်သွားခဲ့တယ်။ သူတို့ဘယ်လိုဖြေရှင်းပေးရမလဲဆိုတာ အင်မတန် ခေါင်းခြောက်စရာဖြစ်ခဲ့တယ်။ ရှားရှားပါးပါး း တစ်ခါမှမကြုံဖူးတဲ့ဖြစ်ရပ်ပါပဲ။

လေယာဉ်မှူးက တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ရာမှာ ” ကလေးမိခင်က ခရီးစဉ်မှာ သူဆက်မလိုက်တော့ဘူးပြောနေတယ်။ သူ့ကလေးကို စိတ်ပူပြီး အမြန်ပြန်သွားခေါ်ချင်နေတယ်။ အခုလေယာဉ်ကိုပြန်လှည့်လာလို့ရမလား ” လို့ ပြောဆိုထားတဲ့ သူသတင်းပို့ခဲ့ရာ အသံဖိုင်တစ်ခုလည်းထွက်ပေါ်လာခဲ့ပါတယ်။ ဒီကိစ္စကို ဖြေရှင်းဖို့အတွက် လေယာဉ်မှူးဘက်က ဘယ်လောက်တောင် ဦးနှောက်ကိုက်ခဲခဲ့ရသလဲဆိုတာ ဒီဖြစ်စဉ်မျိုးအစအဆုံးကို ရှင်းရှင်းလင်းလင်းပဲ ပြည်သူတွေဘက်ကလည်း ထူးခြားစွာ ကြားနာ သိနားလည်ခွင့်ရခဲ့ပါတယ်။နောက်ဆုံးမှာတော့ Operator တွေဘက်က အလေးအနက်အဖြေထုတ်ခဲ့တယ်။ စိုးရိမ်ပူပန်နေရတဲ့ မိခင်ရဲ့သောကငြိမ်းစေဖို့အလို့ငှါ လေယာဉ်ကွင်းကိုပြန်လှည့်လို့ ကလေးကို ပြန်ခေါ်ခွင့်ပြုဖို့ ဆုံးဖြတ်ချက်ချမှတ်ပေးခဲ့ပါတယ်။ ဒါကြောင့် ခရီးသည်တင်လေယာဉ်ကြီးဟာ လမ်းတစ်ဝက်ကနေ Jeddah မြို့ဆီ ပြန်လည်ဦးတည်လို့ ပျံသန်းလာခဲ့ရပါတယ်။ ကလေးနဲ့မိခင် ပြန်လည်ဆုံတွေ့ခဲ့ရဲ့လားဆိုတဲ့ နောက်ဆက်တွဲ ဖြစ်ရပ်အတိအကျကိုတော့ မသိရသေးပါဘူး။

ဒါဟ လုပ်ထုံးလုပ်နည်းနဲ့သွေဖည်လို့ အဆင့်လိုက် ညှိနှိုင်းဆောင်ရွက်ခဲ့ရတဲ့နောက် အခုလို လမ်းတစ်ဝက်ကနေလေယာဉ် နောက်ပြန်လှည့်ခဲ့ရတဲ့ဖြစ်ရပ်ကတော့ အာရပ်ကမ္ဘာမှာ အထူးအဆန်းကို ဖြစ်လို့နေခဲ့ပြီး ကလေးမိခင်ကိုလည်း တစ်နှစ်တာမိခင်ဆုပေးသင့်တယ်လို့ နောက်ပြောင်နေခဲ့ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top