ဗဟိုဘဏ္မွ တရားဝင္သုံးစြဲခြင့္ ဖ်က္သိမ္းေၾကာင္း ေၾကညာထားသည့္ ၇၅ က်ပ္တန္ ၊ ၂၅ က်ပ္တန္ ၊ ၃၅ က်ပ္တန္၊ ၄၅ က်ပ္ တန္၊ ၉၀ တန္ အစရိွသည့္ ေငြစကၠဴမ်ားမွ လြဲ၍ က်န္ ေငြစကၠဴအေၾကြမ်ားအားလံုး သံုးစြဲခြင့္ရွိေၾကာင္း ျမန္မာႏိုင္ငံေတာ္ ဗဟို ဘဏ္၊ သတင္းနဲ႔လုံၿခံဳေရးဌာနမွ တာ၀န္ရိွသူတစ္ဦးက ေျပာသည္။

ဗဟိုဘဏ္မွ တရားဝင္သုံးစြဲခြင့္ဖ်က္သိမ္းထားသည့္ ေငြအေႂကြမွ လြဲ၍ က်န္ရွိသည့္ ၁ က်ပ္တန္က အစ အေႂကြေတြသည္ ဗဟို ဘဏ္၏ တရားဝင္သုံးစြဲလ်က္႐ွိသည့္ ေငြစကၠဴထဲတြင္ ပါဝင္သည့္အတြက္ ေနရာတိုင္းမွာ သုံးစြဲခြင့္ျပဳထားေၾကာင္း၊ တရားဝင္ သံုး စြဲခြင့္ျပဳထားသည့္ ေငြစကၠဴမ်ားကို လက္မခံပါက ဗဟိုဘဏ္ ဥပေဒအရ ရဲစခန္းတြင္ တိုင္ခ်က္ဖြင့္လွစ္အေရး ယူႏိုင္ေၾကာင္း သိရ သည္။

“ငါးက်ပ္တန္အပါအဝင္ တျခားေငြအေႂကြ တစ္က်ပ္ကစ သုံးစြဲခြင့္ ရပ္စဲထားတာမ႐ွိဘူး။ ၃၅ ၊၇၅၊ ၂၅ စတာေတြ ပဲဖ်က္သိမ္း ထားတယ္။ က်န္တာ တရားဝင္ေငြစကၠဴျဖစ္တယ္။ တရားမဝင္ဘူးလို႔အျပင္မွာ ေျပာေနတဲ့ကိစၥေတြကေတာ့ ဗဟိုဘဏ္နဲ႔ မသက္ ဆိုင္ဘူး။ အျပင္မွာသုံးတဲ့အခါ ပုဂၢိဳလ္ေရး ခံစားခ်က္အရ ယူတာမယူတာ သူတို႔အပိုင္းေပါ့။

တကယ္လို႔ သုံးတာကို လက္မခံဘူး ဆိုရင္ ရဲအမႈ ကေနဆက္လုပ္လိမ့္မယ္။ ဗဟိုဘဏ္နဲ႔ သက္ဆိုင္ရင္ဗဟိုဘဏ္ကလုပ္ေပးသြားမယ္”လို႔ ျမန္မာႏိုင္ငံေတာ္ ဗဟို ဘဏ္၊ သတင္းနဲ႔ လုံၿခံဳေရးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ေငြစကၠဴ အေႂကြျဖစ္သည့္ ၂၀ က်ပ္တန္ႏွင့္ ၅ က်ပ္တန္ အခ်ိဳ႕ကို ဘဏ္အနည္းစုမွ တခါတရံတြင္ ျပန္အမ္းေငြအျဖစ္ ေပးေခ် ေလ့႐ွိၿပီး အစိုးရ႐ုံးအနည္းစုတြင္လည္း တစ္ခါတစ္ရံ အသုံးျပဳေလ့႐ွိေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ရက္ပိုင္းက ျဖစ္ပြားခဲ့သည့္ ငါးက်ပ္တန္ႏွင့္ ဂိတ္ေၾကးေပးေဆာင္ခဲ့ရာမွ ဂိတ္တာဝန္က်ဝန္ထမ္းက လက္မခံေၾကာင္း ေျပာဆိုခဲ့သည့္ ႐ုပ္သံဖိုင္တစ္ခု ပ်ံ႕ႏွံ႔ခဲ့ၿပီး ဝန္ထမ္းကို အလုပ္ထုတ္ပယ္သည္အထိ အေရးယူေဆာင္ရြက္မႈလုပ္ခဲ့ေၾကာင္း သိရ သည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ လူမႈကြန္ရက္စာမ်က္ႏွာ သာမက ျပင္ပလူ႔အသိုင္းဝိုင္းမွာပါ ႏွစ္ဖက္စလုံးကို ေဝဖန္ေျပာ ဆိုမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္းလည္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:စုသက္ႏွင္း(အကုန္သိ သတင္းဌာန)
#Unicode Version#
 ဗဟိုဘဏ်မှ တရားဝင်သုံးစွဲခွင့် ဖျက်သိမ်းကြောင်း ကြေညာထားသည့် ၇၅ ကျပ်တန် ၊ ၂၅ ကျပ်တန် ၊ ၃၅ ကျပ်တန်၊ ၄၅ ကျပ် တန်၊ ၉၀ တန် အစရှိသည့် ငွေစက္ကူများမှ လွဲ၍ ကျန် ငွေစက္ကူအကြွေများအားလုံး သုံးစွဲခွင့်ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟို ဘဏ်၊ သတင်းနဲ့လုံခြုံရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဗဟိုဘဏ်မှ တရားဝင်သုံးစွဲခွင့်ဖျက်သိမ်းထားသည့် ငွေအကြွေမှ လွဲ၍ ကျန်ရှိသည့် ၁ ကျပ်တန်က အစ အကြွေတွေသည် ဗဟို ဘဏ်၏ တရားဝင်သုံးစွဲလျက်ရှိသည့် ငွေစက္ကူထဲတွင် ပါဝင်သည့်အတွက် နေရာတိုင်းမှာ သုံးစွဲခွင့်ပြုထားကြောင်း၊ တရားဝင် သုံး စွဲခွင့်ပြုထားသည့် ငွေစက္ကူများကို လက်မခံပါက ဗဟိုဘဏ် ဥပဒေအရ ရဲစခန်းတွင် တိုင်ချက်ဖွင့်လှစ်အရေး ယူနိုင်ကြောင်း သိရ သည်။

“ငါးကျပ်တန်အပါအဝင် တခြားငွေအကြွေ တစ်ကျပ်ကစ သုံးစွဲခွင့် ရပ်စဲထားတာမရှိဘူး။ ၃၅ ၊၇၅၊ ၂၅ စတာတွေ ပဲဖျက်သိမ်း ထားတယ်။ ကျန်တာ တရားဝင်ငွေစက္ကူဖြစ်တယ်။ တရားမဝင်ဘူးလို့အပြင်မှာ ပြောနေတဲ့ကိစ္စတွေကတော့ ဗဟိုဘဏ်နဲ့ မသက် ဆိုင်ဘူး။ အပြင်မှာသုံးတဲ့အခါ ပုဂ္ဂိုလ်ရေး ခံစားချက်အရ ယူတာမယူတာ သူတို့အပိုင်းပေါ့။

တကယ်လို့ သုံးတာကို လက်မခံဘူး ဆိုရင် ရဲအမှု ကနေဆက်လုပ်လိမ့်မယ်။ ဗဟိုဘဏ်နဲ့ သက်ဆိုင်ရင်ဗဟိုဘဏ်ကလုပ်ပေးသွားမယ်”လို့ မြန်မာနိုင်ငံတော် ဗဟို ဘဏ်၊ သတင်းနဲ့ လုံခြုံရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ငွေစက္ကူ အကြွေဖြစ်သည့် ၂၀ ကျပ်တန်နှင့် ၅ ကျပ်တန် အချို့ကို ဘဏ်အနည်းစုမှ တခါတရံတွင် ပြန်အမ်းငွေအဖြစ် ပေးချေ လေ့ရှိပြီး အစိုးရရုံးအနည်းစုတွင်လည်း တစ်ခါတစ်ရံ အသုံးပြုလေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ငါးကျပ်တန်နှင့် ဂိတ်ကြေးပေးဆောင်ခဲ့ရာမှ ဂိတ်တာဝန်ကျဝန်ထမ်းက လက်မခံကြောင်း ပြောဆိုခဲ့သည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့ခဲ့ပြီး ဝန်ထမ်းကို အလုပ်ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်မှုလုပ်ခဲ့ကြောင်း သိရ သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာ သာမက ပြင်ပလူ့အသိုင်းဝိုင်းမှာပါ နှစ်ဖက်စလုံးကို ဝေဖန်ပြော ဆိုမှုများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:စုသက်နှင်း(အကုန်သိ သတင်းဌာန)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top