20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×



မုိ႔မုိ႔ျမင့္ေအာင္က ရုပ္ရွင္ေလာက ေအာင္ျမင္သလုိ ဗီဒီယိုေလာကလည္း ေအာင္ျမင္ေစခ်င္တဲ့ သူ႔ရဲ႕ ဆႏၵကုိ ဖြင့္ဟ ခဲ့ပါတယ္။ဒါေပမယ့္ သူမ ေအာင္ျမင္ခဲ့တုန္းက ဗီဒီယုိကားေတြ မ ရုိက္ျဖစ္ခဲ့တဲ့အေၾကာင္းကိုလည္း ေျပာျပလာပါေသးတယ္။

သရုပ္ေဆာင္အကယ္ဒမီမ်ားရွင္ မုိ႔မုိ႔ျမင့္ေအာင္က တက္သစ္စ အႏုပညာရွင္ငယ္ေလးေတြအ တြက္ ဗီဒီယုိေစ်းကြက္ကုိ ျပန္လည္ဦးေမာ့လာေစခ်င္တဲ့ ဆႏၵကုိ ေျပာျပခဲ့ပါတယ္။ ဇာတ္ ကားရုိက္ကူးတဲ့ေနရာမွာ ပ့ံပုိးေပးမယ့္ သူေတြကလည္း ဗီဒီယုိေစ်းကြက္ရွိမွ အဆင္ေျပႏုိင္ မယ္လုိ႔ မီဒီယာအင္တာဗ်ဴးေတြမွာ ေျဖဆုိခဲ့ပါတယ္။



‘’ ျဖစ္ေစခ်င္တာေပါ့။ မင္းသားငယ္၊ မင္းသမီးငယ္ေလးေတြက ဗီဒီယုိနဲ႔မွ အသက္ဆက္ရွင္ လုိ႔ရမွာေလ။ သူတုိ႔အတြက္ လႈပ္ရွားမႈက ဗီဒီယုိရွိမွ ျဖစ္မွာဆုိေတာ့ ေနာင္လာမယ့္ အဖူးအ ပြင့္ေလးေတြအတြက္ ဗီဒီယုိကေတာ့ ရွိေစခ်င္တယ္။ စက္မႈလုပ္သားေတြ၊ ဇာတ္ပုိ႔ ဇာတ္ ရံေတြအတြက္က ဗီဒီယုိရွိမွ ျဖစ္မွာပါ။ အဲဒီအတြက္ ဗီဒီယုိေစ်းကြက္ကုိ ျပန္ျဖစ္ေစခ်င္ပါ တယ္’’ လို႔ သူကဆုိပါတယ္။

မုိ႔မုိ႔ျမင့္ေအာင္ဟာ တစ္ေခတ္တစ္ခါက ဒိတ္ဒိတ္ႀကဲေအာင္ျမင္ခဲ့တဲ့ မင္းသမီး တစ္ေယာက္ျဖစ္ပါတယ္။ ရုပ္ရွင္ဇာတ္ကားႀကီးေတြ ရွားပါးခဲ့တဲ့ အခ်ိန္တုန္းကတည္းက ရုပ္ရွင္ဇာတ္ကားေတြပဲ သီးသန္႔ရုိက္ခဲ့တဲ့ အေၾကာင္းေတြကုိ ‘’လွပ္၍လြင့္ေသာ’’ ရုပ္ရွင္ ကားႀကီး အထူးပြဲမွာ ေျဖဆုိခဲ့တာပါ။

‘’ မမုိ႔တုိ႔ေခတ္တုန္းက ဇာတ္ကားႀကီးက အင္မတန္ရွားပါတယ္။ ကား ဇယားခ်လုိက္လုိ႔ရွိရင္ မမို႔ကားေတြက အမ်ားဆုံးပဲ။ မမုိ႔တုိ႕ေခတ္တုန္းက ကားႀကီး တစ္ကားကုိ ၁၅ ရက္၊ နယ္ မွာရုိက္ရင္ ရက္ ၂၀ ေပးရတယ္။

တစ္လကုိ ၂ ကားပဲရုိက္ရတယ္၊ တစ္ႏွစ္မွာ ဘယ္ႏွကားမွ မရုိက္ရဘူး။ မမုိ႔ရုိက္ရက္ရဖုိ႔ တစ္ႏွစ္ခြဲေစာင့္ရတယ္၊ အဲဒါေၾကာင့္ မမုိ႔က ဗီဒီယုိ လုံးဝ ရိုက္လုိ႔မရဘူး၊ ဗီဒီယုိရုိက္ရက္ ရၿပီးလည္း ေနာက္တစ္ကားအတြက္ တစ္ႏွစ္ခြဲျပန္ေစာင့္ရတာဆုိေတာ့ ဗီဒီယုိလည္း မရုိက္ျဖစ္ေတာ့ဘူး’’ လုိ႔ ဆက္လက္ေျပာျပခဲ့ပါတယ္။

မုိ႔မုိ႔ျမင့္ေအာင္ဟာ ၁၉၈၀ ခုႏွစ္က ‘’မြန္းတည့္ခ်ိန္’’ ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးကေန အႏုပညာေလာကထဲကုိ စတင္ဝင္ေရာက္ခဲ့သူျဖစ္ပါတယ္။ သူမ ရဲ႕ အႏုပညာသက္တမ္း ကေတာ့ ၃၉ ႏွစ္ရွိပါၿပီ။ အဲဒီေနာက္ အႏုပညာ မွတ္တုိင္ ျဖစ္ခဲ့တဲ့ ရုပ္ရွင္ဇာတ္ကားႀကီးေတြ ကေတာ့ ၁၉၈၅ ခုႏွစ္က ‘’ႏွလုံးသားၿမိဳ႕ေတာ္’’ ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ဳိးသမီး ဇာတ္ပုိ႔ ဆု အျဖစ္ ပထမဆုံးအကယ္ဒမီဆုကုိ ရရွိခဲ့ပါတယ္။



အဲဒီေနာက္ ၁၉၈၉ ခုႏွစ္မွာ ‘’ခပ္စိမ္းစိမ္း ေနပါမယ္’’ ရုပ္ရွင္ကား၊ ၁၉၉၁ ခုႏွစ္မွာ ‘’ သမီးႏွင့္ အေမမ်ား’’ ဆုိတဲ့ ရုပ္ရွင္ကား၊ ၁၉၉၆ ခုႏွစ္မွာ ‘’မသုဓမၼစာရီ’’ ဆုိတဲ့ ရုပ္ရွင္ကား၊ ၂၀၀၈ ခုႏွစ္ မွာေတာ့ ‘’ျမင္းမိုရ္ထက္က သရဖူ’’ ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားေတြနဲ႔ အေကာင္းဆုံးအမ်ဳိးသမီး ဇာတ္ေဆာင္ဆုကုိ ရရွိပုိင္ဆုိင္ခဲ့သူျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


မို့မို့မြင့်အောင်က ရုပ်ရှင်လောက အောင်မြင်သလို ဗီဒီယိုလောကလည်း အောင်မြင်စေချင်တဲ့ သူ့ရဲ့ ဆန္ဒကို ဖွင့်ဟ ခဲ့ပါတယ်။ဒါပေမယ့် သူမ အောင်မြင်ခဲ့တုန်းက ဗီဒီယိုကားတွေ မ ရိုက်ဖြစ်ခဲ့တဲ့အကြောင်းကိုလည်း ပြောပြလာပါသေးတယ်။

သရုပ်ဆောင်အကယ်ဒမီများရှင် မို့မို့မြင့်အောင်က တက်သစ်စ အနုပညာရှင်ငယ်လေးတွေအ တွက် ဗီဒီယိုဈေးကွက်ကို ပြန်လည်ဦးမော့လာစေချင်တဲ့ ဆန္ဒကို ပြောပြခဲ့ပါတယ်။ ဇာတ် ကားရိုက်ကူးတဲ့နေရာမှာ ပံ့ပိုးပေးမယ့် သူတွေကလည်း ဗီဒီယိုဈေးကွက်ရှိမှ အဆင်ပြေနိုင် မယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ဖြစ်စေချင်တာပေါ့။ မင်းသားငယ်၊ မင်းသမီးငယ်လေးတွေက ဗီဒီယိုနဲ့မှ အသက်ဆက်ရှင် လို့ရမှာလေ။ သူတို့အတွက် လှုပ်ရှားမှုက ဗီဒီယိုရှိမှ ဖြစ်မှာဆိုတော့ နောင်လာမယ့် အဖူးအ ပွင့်လေးတွေအတွက် ဗီဒီယိုကတော့ ရှိစေချင်တယ်။ စက်မှုလုပ်သားတွေ၊ ဇာတ်ပို့ ဇာတ် ရံတွေအတွက်က ဗီဒီယိုရှိမှ ဖြစ်မှာပါ။ အဲဒီအတွက် ဗီဒီယိုဈေးကွက်ကို ပြန်ဖြစ်စေချင်ပါ တယ်’’ လို့ သူကဆိုပါတယ်။

မို့မို့မြင့်အောင်ဟာ တစ်ခေတ်တစ်ခါက ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ မင်းသမီး တစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရှားပါးခဲ့တဲ့ အချိန်တုန်းကတည်းက ရုပ်ရှင်ဇာတ်ကားတွေပဲ သီးသန့်ရိုက်ခဲ့တဲ့ အကြောင်းတွေကို ‘’လှပ်၍လွင့်သော’’ ရုပ်ရှင် ကားကြီး အထူးပွဲမှာ ဖြေဆိုခဲ့တာပါ။

‘’ မမို့တို့ခေတ်တုန်းက ဇာတ်ကားကြီးက အင်မတန်ရှားပါတယ်။ ကား ဇယားချလိုက်လို့ရှိရင် မမို့ကားတွေက အများဆုံးပဲ။ မမို့တို့ခေတ်တုန်းက ကားကြီး တစ်ကားကို ၁၅ ရက်၊ နယ် မှာရိုက်ရင် ရက် ၂၀ ပေးရတယ်။

တစ်လကို ၂ ကားပဲရိုက်ရတယ်၊ တစ်နှစ်မှာ ဘယ်နှကားမှ မရိုက်ရဘူး။ မမို့ရိုက်ရက်ရဖို့ တစ်နှစ်ခွဲစောင့်ရတယ်၊ အဲဒါကြောင့် မမို့က ဗီဒီယို လုံးဝ ရိုက်လို့မရဘူး၊ ဗီဒီယိုရိုက်ရက် ရပြီးလည်း နောက်တစ်ကားအတွက် တစ်နှစ်ခွဲပြန်စောင့်ရတာဆိုတော့ ဗီဒီယိုလည်း မရိုက်ဖြစ်တော့ဘူး’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

မို့မို့မြင့်အောင်ဟာ ၁၉၈၀ ခုနှစ်က ‘’မွန်းတည့်ချိန်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်း ကတော့ ၃၉ နှစ်ရှိပါပြီ။ အဲဒီနောက် အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။

အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’ သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ် မှာတော့ ‘’မြင်းမိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top