ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

 ဒီႏွစ္ပိုင္းရဲ႕ ပရိသတ္အားေပးမႈရၿပီး အာ႐ံုစိုက္ခံရတယ္ ဆယ္လီတစ္ေယာက္ထဲကတစ္ေယာက္ ၊ စူပါဟီး႐ိုးဇာတ္လမ္းေတြ႐ိုက္ၿပီး DCနဲ႔Marvel ကဟီး႐ိုးေတြတင္မဟုတ္ဘဲ ဂ်ပန္Anime ဇာတ္ေကာင္ေတြရဲ႕ဝတ္စံုေတြ ဝတ္ျပတတ္တဲ့သူ ၊ မဆဲဘူးဆိုတဲ့အေၾကာင္း႐ွင္းျပရင္းခဏခဏ ျပန္ဆဲျပသလိုျဖစ္ျဖစ္သြားတတ္တဲ့ စည္သူ(ပလပ္ကၽြတ္)ကေတာ့ ေပၚျပဴလာနဲ႔အင္တာဗ်ဴးတစ္ခုမွာ သူလုပ္ထားတဲ့အေျပာင္းအလဲတစ္ခုအေၾကာင္းကိုေျပာျပသြားတာေလး႐ိွပါတယ္။ သူေျပာျပသြားတဲ့အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔မိတ္ေဆြေတြသိေအာင္ျပန္ေျပာျပေပးလိုက္ပါတယ္။

“အခုပိုေခ်ာလာတယ္ဆိုတာကေတာ့ အမွန္အတိုင္းေျပာရမယ္ဆိုရင္ အမွန္အတိုင္းေျပာပါ့မယ္ ။အ့ဲလိုပဲေပါ့ မ်က္ႏွာေလးျပင္ထားတယ္ေပါ့။ မ်က္ႏွာေလးျပင္တယ္ဆိုတဲ့အေၾကာင္းအရင္းကလည္း(စဥ္းစားလ်က္) သခၤါရကိုေက်ာ္လြန္တာမဟုတ္ပါဘူး ။ သဘာဝကိုဆန္႔က်င္တာမဟုတ္ပါဘူး။ဘာပဲျဖစ္ျဖစ္က်ေနာ္တို႔ကသ႐ုပ္ေဆာင္ပိုင္းမွာ ပရိသတ္ေတြနယ္ပရိသတ္ေတြက ႐ုပ္ေခ်ာရင္နည္းနည္းေလးပိုၿပီးေတာ့အားေပးၾကတယ္ေလ။ အဲ့တာေၾကာင့္က်ေနာ္လည္းျပင္ခ်င္စိတ္ေပါက္လာလို႔ ။ ဆရာ(ေဒါက္တာ)ကလည္း ေဇရဲထက္နဲ႔ေတာ့တူတယ္ဗ်။ ကိုေဇရဲထက္နဲ႔အရမ္းတူတယ္။ ဇာတ္ပို႔သူဇာပြင့္နဲ႔မိတ္ဆက္ေပးရင္း သူနဲ႔ျပန္ဆံုျဖစ္တဲ့အခ်ိန္မွာ က်ေနာ္မ်က္ႏွာေလးလုပ္ခ်င္တယ္ဆိုၿပီး ဆရာကလုပ္ေပးတာပါ။ ဒီ V Shape ေလးေတြထိုးျဖစ္တယ္။ ေမးေစ႔ေလးေတြဆြဲဆန္႔ျဖစ္တယ္။ ဒီနားေလးရယ္(နားထင္ကိုညႊန္ျပလ်က္) ၿပီးေတာ့ႏွာေခါင္းေလးရယ္ေပါ့ ။

ဒီဆရာကေတာ့ ၆လမဟုတ္ဘူး၈လကေန ၁၂လထိအာမခံတယ္လို႔ေျပာတယ္။ ဆရာအမ်ားႀကီးက်ေနာ့္ကိုအမ်ားႀကီးလုပ္ေပးပါတယ္။ အမ်ားႀကီးလုပ္ေပးပါတယ္။ သူမ်ားထက္စာရင္ေပါ့။က်ေနာ့္ရဲ႕စိတ္ဓာတ္နဲ႔က်ေနာ္ရဲ႕႐ိုးသားမႈေတြကိုႀကိဳက္လို႔တဲ့ ပြင့္လင္းလို႔တဲ့ သူအင္တာဗ်ဴးေတြမွာၾကည့္ရတယ္။ စပိုက္ဒါမန္းအင္တာဗ်ဴးေတြၾကည့္ရေတာ့ ကိုယ္စည္သူပရိသတ္ေတြအေပၚထားတဲ့ေမတၱာေတြေလးစားလို႔ဆိုၿပီးက်ေနာ့္ကို အေကာင္းဆံုးလုပ္ေပးပါတယ္ဗ်။ အမွန္တိုင္းေျပာရရင္ေၾကာက္တာေပါ့ေနာ္ ေဆးႀကီးထိုးေနရတာေၾကာက္တာေပါ့။ ဒီလိုေနရာေတြဆိုေတာ့(မ်က္ႏွာမွေနရာမ်ားကိုညႊန္ျပလ်က္)။ ဖင္ကိုထိုးတာကိုမွလူတိုင္းေၾကာက္ၾကတာေလ ။က်ေနာ့္အဖိုးဆိုရင္ ဟိုက်ေနာ္တို႔ငယ္ငယ္တုန္းက စပါးေတြေလွာင္တဲ့ ပုပ္ႀကီးထဲမွာဝင္ပုန္းေနတာ ။ အဲဒီေတာ့ေဆးကေတာ့ လူတိုင္းေၾကာက္ပါတယ္.။ ဒီဟာႀကီးေတြထိုးေတာ့ပိုဆိုးတာေပါ့ေနာ္(မ်က္ႏွာကိုလက္ျဖင့္ညႊန္ျပလ်က္) လွခ်င္ေတာ့လည္းသည္းခံရတာေပါ့။

Side Effect ေတြကဘာျဖစ္လဲလို႔က်ေနာ္ေမးေတာ့လည္းသူတို႔ေတြက ထိန္းသိမ္းရင္ေတာ့ ဘာမွမျဖစ္ဘူးေပါ့။ သူတို႔စည္းကမ္းအရလိုက္နာရင္ေတာ့ ဘာမွမျဖစ္ပါဘူး ။က်ေနာ္ကလည္းအေသာက္အစားကင္းေတာ့ အေသာက္အစားမ႐ိွတဲ့အတြက္ Side Effectဆိုတာေတာ့ခဲယဥ္းတယ္ေပါ့။လို႔ေျပာၿပီး ယံုၾကည္မႈပို႐ိွလာလားဆိုတဲ့ေမးခြန္းကိုလည္း။ “အမွန္တိုင္းေျပာရရင္ပို႐ိွလာတယ္ဗ်။ အျပင္ေတြဘာေတြသြားရင္ ေကာင္မေလးေတြစၿပီးကိုယ့္ကိုၾကည့္လာၿပီေပါ့။”ဆိုၿပီးေျပာျပခဲ့ပါတယ္။ အဲ့ဒီအျပင္ေနာက္ပိုင္းဘာေတြျပဳျပင္ဖို႔႐ိွလည္းဆိုတဲ့ ေမးခြန္းကိုလည္း “ဘာမွေတာ့သိပ္မ႐ိွေတာ့ပါဘူး။ က်ေနာ္က က်န္တာကေတာ့ကိုယ့္ဘာသာကိုယ္ကစားတယ္။ အဆီက်ေဆးေကာ္ဖီေသာက္တယ္။က်န္တာေတာ့ သိပ္မ႐ိွပါဘူး လုပ္ၿပီးသားဟာေလးေတြကိုပဲ ၆ လ ၊၁ ႏွစ္တစ္ႀကိမ္သြားသြားၿပီးေတာ့ျပရမွာပဲေလ။အဲ့ဒါပဲ႐ိွပါတယ္။က်န္တာကေတာ့က်ေနာ္ဘာသာေရးနဲ႔ပဲသြားမွာပါ ပဌာန္းရြတ္မယ္ ၊ ေမတၱာသုတ္႐ြတ္မယ္။”ဆိုၿပီးေျပာျပသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

ဒီနှစ်ပိုင်းရဲ့ ပရိသတ်အားပေးမှုရပြီး အာရုံစိုက်ခံရတယ် ဆယ်လီတစ်ယောက်ထဲကတစ်ယောက် ၊ စူပါဟီးရိုးဇာတ်လမ်းတွေရိုက်ပြီး DCနဲ့Marvel ကဟီးရိုးတွေတင်မဟုတ်ဘဲ ဂျပန်Anime ဇာတ်ကောင်တွေရဲ့ဝတ်စုံတွေ ဝတ်ပြတတ်တဲ့သူ ၊ မဆဲဘူးဆိုတဲ့အကြောင်းရှင်းပြရင်းခဏခဏ ပြန်ဆဲပြသလိုဖြစ်ဖြစ်သွားတတ်တဲ့ စည်သူ(ပလပ်ကျွတ်)ကတော့ ပေါ်ပြူလာနဲ့အင်တာဗျူးတစ်ခုမှာ သူလုပ်ထားတဲ့အပြောင်းအလဲတစ်ခုအကြောင်းကိုပြောပြသွားတာလေးရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့မိတ်ဆွေတွေသိအောင်ပြန်ပြောပြပေးလိုက်ပါတယ်။

“အခုပိုချောလာတယ်ဆိုတာကတော့ အမှန်အတိုင်းပြောရမယ်ဆိုရင် အမှန်အတိုင်းပြောပါ့မယ် ။အဲ့လိုပဲပေါ့ မျက်နှာလေးပြင်ထားတယ်ပေါ့။ မျက်နှာလေးပြင်တယ်ဆိုတဲ့အကြောင်းအရင်းကလည်း(စဉ်းစားလျက်) သင်္ခါရကိုကျော်လွန်တာမဟုတ်ပါဘူး ။ သဘာဝကိုဆန့်ကျင်တာမဟုတ်ပါဘူး။ဘာပဲဖြစ်ဖြစ်ကျနော်တို့ကသရုပ်ဆောင်ပိုင်းမှာ ပရိသတ်တွေနယ်ပရိသတ်တွေက ရုပ်ချောရင်နည်းနည်းလေးပိုပြီးတော့အားပေးကြတယ်လေ။ အဲ့တာကြောင့်ကျနော်လည်းပြင်ချင်စိတ်ပေါက်လာလို့ ။ ဆရာ(ဒေါက်တာ)ကလည်း ဇေရဲထက်နဲ့တော့တူတယ်ဗျ။ ကိုဇေရဲထက်နဲ့အရမ်းတူတယ်။ ဇာတ်ပို့သူဇာပွင့်နဲ့မိတ်ဆက်ပေးရင်း သူနဲ့ပြန်ဆုံဖြစ်တဲ့အချိန်မှာ ကျနော်မျက်နှာလေးလုပ်ချင်တယ်ဆိုပြီး ဆရာကလုပ်ပေးတာပါ။ ဒီ V Shape လေးတွေထိုးဖြစ်တယ်။ မေးစေ့လေးတွေဆွဲဆန့်ဖြစ်တယ်။ ဒီနားလေးရယ်(နားထင်ကိုညွှန်ပြလျက်) ပြီးတော့နှာခေါင်းလေးရယ်ပေါ့ ။

ဒီဆရာကတော့ ၆လမဟုတ်ဘူး၈လကနေ ၁၂လထိအာမခံတယ်လို့ပြောတယ်။ ဆရာအများကြီးကျနော့်ကိုအများကြီးလုပ်ပေးပါတယ်။ အများကြီးလုပ်ပေးပါတယ်။ သူများထက်စာရင်ပေါ့။ကျနော့်ရဲ့စိတ်ဓာတ်နဲ့ကျနော်ရဲ့ရိုးသားမှုတွေကိုကြိုက်လို့တဲ့ ပွင့်လင်းလို့တဲ့ သူအင်တာဗျူးတွေမှာကြည့်ရတယ်။ စပိုက်ဒါမန်းအင်တာဗျူးတွေကြည့်ရတော့ ကိုယ်စည်သူပရိသတ်တွေအပေါ်ထားတဲ့မေတ္တာတွေလေးစားလို့ဆိုပြီးကျနော့်ကို အကောင်းဆုံးလုပ်ပေးပါတယ်ဗျ။ အမှန်တိုင်းပြောရရင်ကြောက်တာပေါ့နော် ဆေးကြီးထိုးနေရတာကြောက်တာပေါ့။ ဒီလိုနေရာတွေဆိုတော့(မျက်နှာမှနေရာများကိုညွှန်ပြလျက်)။ ဖင်ကိုထိုးတာကိုမှလူတိုင်းကြောက်ကြတာလေ ။ကျနော့်အဖိုးဆိုရင် ဟိုကျနော်တို့ငယ်ငယ်တုန်းက စပါးတွေလှောင်တဲ့ ပုပ်ကြီးထဲမှာဝင်ပုန်းနေတာ ။ အဲဒီတော့ဆေးကတော့ လူတိုင်းကြောက်ပါတယ်.။ ဒီဟာကြီးတွေထိုးတော့ပိုဆိုးတာပေါ့နော်(မျက်နှာကိုလက်ဖြင့်ညွှန်ပြလျက်) လှချင်တော့လည်းသည်းခံရတာပေါ့။

Side Effect တွေကဘာဖြစ်လဲလို့ကျနော်မေးတော့လည်းသူတို့တွေက ထိန်းသိမ်းရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ သူတို့စည်းကမ်းအရလိုက်နာရင်တော့ ဘာမှမဖြစ်ပါဘူး ။ကျနော်ကလည်းအသောက်အစားကင်းတော့ အသောက်အစားမရှိတဲ့အတွက် Side Effectဆိုတာတော့ခဲယဉ်းတယ်ပေါ့။လို့ပြောပြီး ယုံကြည်မှုပိုရှိလာလားဆိုတဲ့မေးခွန်းကိုလည်း။ “အမှန်တိုင်းပြောရရင်ပိုရှိလာတယ်ဗျ။ အပြင်တွေဘာတွေသွားရင် ကောင်မလေးတွေစပြီးကိုယ့်ကိုကြည့်လာပြီပေါ့။”ဆိုပြီးပြောပြခဲ့ပါတယ်။ အဲ့ဒီအပြင်နောက်ပိုင်းဘာတွေပြုပြင်ဖို့ရှိလည်းဆိုတဲ့ မေးခွန်းကိုလည်း “ဘာမှတော့သိပ်မရှိတော့ပါဘူး။ ကျနော်က ကျန်တာကတော့ကိုယ့်ဘာသာကိုယ်ကစားတယ်။ အဆီကျဆေးကော်ဖီသောက်တယ်။ကျန်တာတော့ သိပ်မရှိပါဘူး လုပ်ပြီးသားဟာလေးတွေကိုပဲ ၆ လ ၊၁ နှစ်တစ်ကြိမ်သွားသွားပြီးတော့ပြရမှာပဲလေ။အဲ့ဒါပဲရှိပါတယ်။ကျန်တာကတော့ကျနော်ဘာသာရေးနဲ့ပဲသွားမှာပါ ပဌာန်းရွတ်မယ် ၊ မေတ္တာသုတ်ရွတ်မယ်။”ဆိုပြီးပြောပြသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top