20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

စစ္ကိုင္းၿမိဳ႕ရာဇမဏိစူဠာေကာင္းမႈေတာ္ဘုရားျကီးကို ပင့္သံဃာအပါး(၁၀၀၀)တို႕က ဗုဒၶါဘိေသက အေနကဇာတင္မဂၤလာသဘင္ ဆင္ယင္ျခင္း ႏွင့္ ရင္ျပင္ေပၚတြင္ ထားရွိမည္ ကမ႓ာ့အႀကီးဆံုး ျမန္မာစည္ေတာ္ႀကီးကို ဖြက့္လွစ္ျခင္းအခမ္းအနားကို (၂၀၁၉)ခုႏွစ္ မတ္လ(၂၀)ရက္တြင္ ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

'' ကမာၻ႕အႀကီးဆံုးစည္ေတာ္ႀကီးက ေနာက္လ (၁၉)ရက္ေန႕မွ ေကာင္းမႈေတာ္ဘုရားသို႕ ေရာက္ရွိမယ္၊ သီတဂူဆရာေတာ္ဘုရားႀကီး၏ ၀ိဇာတေမြးေန႔ နံနက္ (၅း၀၀)နာရီ အခ်ိန္မွာ အျဖဴေရာင္ေဆးသကၤန္း ကပ္လွဴၿပီးေသာ ရာဇမဏိစူဠာ ေကာင္းမႈေတာ္ဘုရားႀကီးကို ပင့္သံဃာ အပါး(၁၀၀၀)တို႔က ဗုဒၶါဘိေသက အေနကဇာတင္မဂၤလာသဘင္ဆင္ယင္က်င္းပမွာပါ၊ ကမၻာ့အႀကီးဆံုး စည္ေတာ္ႀကီးကိုလည္း ဖြင့္လွစ္တီးခတ္မွာပါ '' ဟု ေကာင္းမူေတာ္ေစတီေဂါပကအဖြဲ႔ ဒုတိယဥကၠဌ ဦးနီတင္က ေျပာသည္။

ကမာၻ႕အႀကီးဆံုး စည္ေတာ္ႀကီး ေရာက္ရွိမည္ မတ္လ(၁၉)ရက္ ညေနပိုင္းတြင္ အလွဴရွင္မ်ားက နိဗၺာန္ေစ်း  စတုဒိသာေကၽြးေမြးျခင္း ႏွင့္ ျမန္မာသံစဥ္ေတးဂီတျဖင့္ ဧည့္ခံေဖ်ာ္ေျဖမည္ျဖစ္သည္။

၁၃၈၀ခု၊ တေပါင္းလျပည့္ေန႔၊ (၂၀၁၉)ခုႏွစ္ မတ္လ(၂၀)ရက္၊ သီတဂူဆရာေတာ္ဘုရားႀကီး၏ ၀ိဇာတေမြးေန႔ နံနက္ (၅း၀၀)နာရီအခ်ိန္တြင္ အျဖဴေရာင္ေဆးသကၤန္း ကပ္လွဴၿပီးေသာ ရာဇမဏိစူဠာ ေကာင္းမႈေတာ္ဘုရားႀကီးအား ပင့္သံဃာ အပါး(၁၀၀၀)တို႔က ဗုဒၶါဘိေသက အေနကဇာတင္ မဂၤလာသဘင္ ဆင္ယင္က်င္းပ၍ ကမၻာ့အႀကီးဆံုး စည္ေတာ္ႀကီးအား ဖြင့္လွစ္တီးခတ္မည္ျဖစ္သည္။

အေနကဇာတင္ ပင့္သံဃာ အပါး(၁၀၀၀)တို႔အား သီတဂူဆရာေတာ္၏ သက္ေတာ္ (၈၂)ႏွစ္ျပည့္ ေမြးေန႔ အထိမ္းအမွတ္အျဖစ္ ဆြမ္းႀကီးေလာင္းလွဴျခင္း၊ ႏိုင္ငံေက်ာ္အဆိုေတာ္ ရီရီသန္႔မွ ရတုပိုဒ္စံုရြတ္ဆိုပူေဇာ္ျခင္း၊ မိုးဇာေဗ်ာအဖြဲ႕မွ ဓမၼေတးမ်ားျဖင့္ ပူေဇာ္သီဆိုမည္ျဖစ္ၿပီး

နံနက္ (၁၀း၀၀)နာရီမွ သတင္၍ ဘုရားႀကီးအရပ္ (၄)မ်က္ႏွာတို႔တြင္ စတုဒိသာ ထမင္းေကၽြးေမြးဧည့္ခံမည္ျဖစ္သည္။

စစ္ကိုင္းၿမိဳ႕ ရာဇမဏိစူဠာေကာင္းမႈေတာ္ဘုရားျကီးရင္ျပင္ေတာ္ အဂၤါေထာင့္(အေရွ႕ေတာင္ေထာင့္)တြင္ ကမ႓ာ့အႀကီးဆံုး ျမန္မာစည္ေတာ္ႀကီးထားရွိမည္ျဖစ္ၿပီး အဆိုပါ စည္ေတာ္ႀကီးထားရွိမည္ စင္ျမင့္သည္ ေအာက္ေျခအက်ယ္ (၂၁)ေပ (၆)လက္မ၊ အျမင့္ (၁၈)ေပရွိျပီး ေအာက္ေျခအေပါ္၌ အျမင့္ (၁၄)ေပတိုင္ခံ၍ အျမင့္ (၁၂)ေပရွိ တိုင္ေပါ္တြင္ ဘုံအဆင့္ (၅)ဆင့္ပါအမိုးအား ေဆာက္လုပ္မည္ျဖစ္ရာ အဆိုပါ အမိုးကို (၂၇)ေပ (၁၁)လက္မ အျမင့္တည္ေဆာက္ထားသည္။

ကမ႓ာ့အျကီးဆုံးျမန္မာ့ရိုးရာစည္ေတာ္ျကီးကို စစ္ကိုင္းတိုင္းေဒသျကီး၊ ကသာခရိုင္၊ အင္းေတာ္ျမို့နယ္၊ လက္ပံကုန္းေက်းရြာရွိ ဆရာပြဲျမန္မာတူရိယာလုပ္ငန္းမွ ဦးေက်ာ္ညြန့္နွင့္သားမ်ားက ပူေဇာ္ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါ စည္ေတာ္သည္  မ်က္ႏွာတစ္ဖက္လ်ွင္ (၅၄)လက္မစီ၊ အလ်ားအရွည္ (၁၀)ေပ (၈)လက္မ၊ လံုးပတ္ (၁၇)ေပ (၈)လက္မအရြယ္ ပူေဇာ္ျပုလုပ္ထားရာ စည္ေတာ္ျကီး အတြင္းဘက္တြင္ ဘုရားေဟာေဒသနာေတာ္မ်ား၊ စည္ေတာ္ျကီးအျပင္ဘက္တြင္စက္ေတာ္ (၁၀၈)ကြက္စက္ လကၡဏာမ်ားပါရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မိုးထက္မင္း

#Unicode Version# ျဖင့္ဖတ္ပါ ။

စစ်ကိုင်းမြို့ရာဇမဏိစူဠာကောင်းမှုတော်ဘုရားကြီးကို ပင့်သံဃာအပါး(၁၀၀၀)တို့က ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာသဘင် ဆင်ယင်ခြင်း နှင့် ရင်ပြင်ပေါ်တွင် ထားရှိမည် ကမ္ဘာ့အကြီးဆုံး မြန်မာစည်တော်ကြီးကို ဖွက့်လှစ်ခြင်းအခမ်းအနားကို (၂၀၁၉)ခုနှစ် မတ်လ(၂၀)ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

'' ကမ္ဘာ့အကြီးဆုံးစည်တော်ကြီးက နောက်လ (၁၉)ရက်နေ့မှ ကောင်းမှုတော်ဘုရားသို့ ရောက်ရှိမယ်၊ သီတဂူဆရာတော်ဘုရားကြီး၏ ဝိဇာတမွေးနေ့ နံနက် (၅း၀၀)နာရီ အချိန်မှာ အဖြူရောင်ဆေးသင်္ကန်း ကပ်လှူပြီးသော ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးကို ပင့်သံဃာ အပါး(၁၀၀၀)တို့က ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာသဘင်ဆင်ယင်ကျင်းပမှာပါ၊ ကမ္ဘာ့အကြီးဆုံး စည်တော်ကြီးကိုလည်း ဖွင့်လှစ်တီးခတ်မှာပါ '' ဟု ကောင်းမူတော်စေတီဂေါပကအဖွဲ့ ဒုတိယဥက္ကဌ ဦးနီတင်က ပြောသည်။

ကမ္ဘာ့အကြီးဆုံး စည်တော်ကြီး ရောက်ရှိမည် မတ်လ(၁၉)ရက် ညနေပိုင်းတွင် အလှူရှင်များက နိဗ္ဗာန်ဈေး  စတုဒိသာကျွေးမွေးခြင်း နှင့် မြန်မာသံစဉ်တေးဂီတဖြင့် ဧည့်ခံဖျော်ဖြေမည်ဖြစ်သည်။

၁၃၈၀ခု၊ တပေါင်းလပြည့်နေ့၊ (၂၀၁၉)ခုနှစ် မတ်လ(၂၀)ရက်၊ သီတဂူဆရာတော်ဘုရားကြီး၏ ဝိဇာတမွေးနေ့ နံနက် (၅း၀၀)နာရီအချိန်တွင် အဖြူရောင်ဆေးသင်္ကန်း ကပ်လှူပြီးသော ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးအား ပင့်သံဃာ အပါး(၁၀၀၀)တို့က ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍ ကမ္ဘာ့အကြီးဆုံး စည်တော်ကြီးအား ဖွင့်လှစ်တီးခတ်မည်ဖြစ်သည်။

အနေကဇာတင် ပင့်သံဃာ အပါး(၁၀၀၀)တို့အား သီတဂူဆရာတော်၏ သက်တော် (၈၂)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဆွမ်းကြီးလောင်းလှူခြင်း၊ နိုင်ငံကျော်အဆိုတော် ရီရီသန့်မှ ရတုပိုဒ်စုံရွတ်ဆိုပူဇော်ခြင်း၊ မိုးဇာဗျောအဖွဲ့မှ ဓမ္မတေးများဖြင့် ပူဇော်သီဆိုမည်ဖြစ်ပြီး

နံနက် (၁၀း၀၀)နာရီမှ သတင်၍ ဘုရားကြီးအရပ် (၄)မျက်နှာတို့တွင် စတုဒိသာ ထမင်းကျွေးမွေးဧည့်ခံမည်ဖြစ်သည်။

စစ်ကိုင်းမြို့ ရာဇမဏိစူဠာကောင်းမှုတော်ဘုရားကြီးရင်ပြင်တော် အင်္ဂါထောင့်(အရှေ့တောင်ထောင့်)တွင် ကမ္ဘာ့အကြီးဆုံး မြန်မာစည်တော်ကြီးထားရှိမည်ဖြစ်ပြီး အဆိုပါ စည်တော်ကြီးထားရှိမည် စင်မြင့်သည် အောက်ခြေအကျယ် (၂၁)ပေ (၆)လက်မ၊ အမြင့် (၁၈)ပေရှိပြီး အောက်ခြေအပေါ်၌ အမြင့် (၁၄)ပေတိုင်ခံ၍ အမြင့် (၁၂)ပေရှိ တိုင်ပေါ်တွင် ဘုံအဆင့် (၅)ဆင့်ပါအမိုးအား ဆောက်လုပ်မည်ဖြစ်ရာ အဆိုပါ အမိုးကို (၂၇)ပေ (၁၁)လက်မ အမြင့်တည်ဆောက်ထားသည်။

ကမ္ဘာ့အကြီးဆုံးမြန်မာ့ရိုးရာစည်တော်ကြီးကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ လက်ပံကုန်းကျေးရွာရှိ ဆရာပွဲမြန်မာတူရိယာလုပ်ငန်းမှ ဦးကျော်ညွန့်နှင့်သားများက ပူဇော်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စည်တော်သည်  မျက်နှာတစ်ဖက်လျှင် (၅၄)လက်မစီ၊ အလျားအရှည် (၁၀)ပေ (၈)လက်မ၊ လုံးပတ် (၁၇)ပေ (၈)လက်မအရွယ် ပူဇော်ပြုလုပ်ထားရာ စည်တော်ကြီး အတွင်းဘက်တွင် ဘုရားဟောဒေသနာတော်များ၊ စည်တော်ကြီးအပြင်ဘက်တွင်စက်တော် (၁၀၈)ကွက်စက် လက္ခဏာများပါရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မိုးထက်မင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top