ဆန္းၾကယ္တဲ့ ေလာကႀကီးမွာ လူသားတစ္ေယာက္ဟာ အကုန္အစင္ ျမင္ဖူးေတြ႕ဖူးဖို႔ ဆုိတာ မျဖစ္ႏုိင္ေသးပါဘူး။ ေျပာခ်င္လြန္းလို႔ တုိ႔အတြက္ အပ်င္းေျပစရာ လူအမ်ားစု မျမင္ဖူးေသးတဲ့ ထူးထူးဆန္းဆန္း ပုံရိပ္ေတြကို ေဖာ္ျပေပးပါရေစ။



၁. ဒါဟာ ေသြးလုံးဝမရွိဘဲ သန္႔စင္ရွင္းလင္းေနတဲ့ ႏွလုံးသား ျဖစ္ပါတယ္။ ႏွလုံးအလွဴရွင္ရဲ႕ ဆဲလ္ေတြကုိပါ သန္႔စင္ေအာင္ ေဆးေၾကာၿပီးေနာက္ ႏွလုံးအစားထိုးလက္ခံမယ့္သူရဲ႕ ဆဲလ္ေတြကို ဒီႏွလုံးအလြတ္ထဲကို ထုိးထည့္လုိက္ၿပီး အသားက်ေအာင္ ထားရမွာပါ။



၂. အီစတာကၽြန္းမွေခါင္းမ်ား ဆုိတဲ့ရုပ္ထုေတြကို ေအဒီ ၁၁၀၀ ကေန ၁၅၀၀ အတြင္းမွာ ပိုလီနီးရွန္းလူမ်ဳိးေတြ ထုတ္လုပ္ခဲ့တယ္လို႔ ယူဆရေပမယ့္ ဘာအတြက္ဆုိတာေတာ့ မသိရပါဘူး။ ဒါ့အျပင္ သူတုိ႔မွာ ေခါင္းေတြသာ ထုလုပ္ခဲ့တယ္လို႔ ထင္ခဲ့ၾကတယ္။ ဒါေပမယ့္ ကၽြန္းေပၚမွာ ၁၅၀ ေလာက္ရွိတဲ့ ရုပ္ထုေတြ ေဘးကို တူးေဖာ္ၾကည့္တဲ့အခါမွာေတာ့ ကိုယ္လုံးေတြက ေျမေအာက္ေရာက္ေနတာသာ ျဖစ္ေၾကာင္း ေတြ႕ရပါေတာ့တယ္။



၃. ဖလာမင္ဂုိ ၾကိဳးၾကာေတြဟာ လူၾကိဳက္မ်ားတဲ့ ဌက္တစ္မ်ဳိးျဖစ္ၿပီး အရြယ္ေရာက္ခ်ိန္မွာ လွပၾကပါတယ္။ ဒါေပမယ့္ ဖလာမင္ဂုိေပါက္စေလးကေတာ့ ဘဲေပါက္ထက္ နည္းနည္းေလးပဲ သာတာကို အခုလို ေတြ႕ရမွာပါ။



၄. လူသားေတြရဲ႕ ခႏၶာကိုယ္မွာ အပူအေအး၊ အထိအေတြ႕ စတဲ့ Sensor သိစိတ္ေတြကို အာရုံေၾကာေတြကေန ေပးပို႔ထားတာ ျဖစ္ပါတယ္။ ဒါကေတာ့ လူသားေတြရဲ႕ အာရုံေၾကာေတြကို ျဖန္႔ခင္းျပသထားတာပါ။



၅. က်ားတစ္ေကာင္ရဲ႕ အေမႊးကို ရိတ္ထားစဥ္ ေတြ႕ရပုံျဖစ္ပါတယ္။ အံ့ၾသစရာေကာင္းတာက က်ားေတြရဲ႕ ကိုယ္ေပၚက အစင္းၾကားေတြဟာ အေမႊးေပၚမွာသာ ေပၚေနတာ မဟုတ္ဘဲ သူတုိ႔ကိုယ္ေပၚမွာပါ ရွိေနတာပါပဲ။



၆. လရဲ႕ အေမွာင္ဘက္ျခမ္း (Dark side of the moon) ဆုိတာကို ၾကားဖူးမွာပါ။ ဒီပုံကေတာ့ Dark side of the Moon ကို ကမာၻေနာက္ခံထားၿပီး မုိင္ေပါင္းတစ္သန္းအကြာမွ ရုိက္ကူးထားတာျဖစ္ပါတယ္။ ရုိက္ကူးခဲ့တဲ့ ကင္မရာက Deep Space Climate Observatory ယာဥ္ေပၚက ကင္မရာတစ္လုံးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #


ဆန်းကြယ်တဲ့ လောကကြီးမှာ လူသားတစ်ယောက်ဟာ အကုန်အစင် မြင်ဖူးတွေ့ဖူးဖို့ ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ပြောချင်လွန်းလို့ တို့အတွက် အပျင်းပြေစရာ လူအများစု မမြင်ဖူးသေးတဲ့ ထူးထူးဆန်းဆန်း ပုံရိပ်တွေကို ဖော်ပြပေးပါရစေ။

၁. ဒါဟာ သွေးလုံးဝမရှိဘဲ သန့်စင်ရှင်းလင်းနေတဲ့ နှလုံးသား ဖြစ်ပါတယ်။ နှလုံးအလှူရှင်ရဲ့ ဆဲလ်တွေကိုပါ သန့်စင်အောင် ဆေးကြောပြီးနောက် နှလုံးအစားထိုးလက်ခံမယ့်သူရဲ့ ဆဲလ်တွေကို ဒီနှလုံးအလွတ်ထဲကို ထိုးထည့်လိုက်ပြီး အသားကျအောင် ထားရမှာပါ။

၂. အီစတာကျွန်းမှခေါင်းများ ဆိုတဲ့ရုပ်ထုတွေကို အေဒီ ၁၁၀၀ ကနေ ၁၅၀၀ အတွင်းမှာ ပိုလီနီးရှန်းလူမျိုးတွေ ထုတ်လုပ်ခဲ့တယ်လို့ ယူဆရပေမယ့် ဘာအတွက်ဆိုတာတော့ မသိရပါဘူး။ ဒါ့အပြင် သူတို့မှာ ခေါင်းတွေသာ ထုလုပ်ခဲ့တယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် ကျွန်းပေါ်မှာ ၁၅၀ လောက်ရှိတဲ့ ရုပ်ထုတွေ ဘေးကို တူးဖော်ကြည့်တဲ့အခါမှာတော့ ကိုယ်လုံးတွေက မြေအောက်ရောက်နေတာသာ ဖြစ်ကြောင်း တွေ့ရပါတော့တယ်။

၃. ဖလာမင်ဂို ကြိုးကြာတွေဟာ လူကြိုက်များတဲ့ ဌက်တစ်မျိုးဖြစ်ပြီး အရွယ်ရောက်ချိန်မှာ လှပကြပါတယ်။ ဒါပေမယ့် ဖလာမင်ဂိုပေါက်စလေးကတော့ ဘဲပေါက်ထက် နည်းနည်းလေးပဲ သာတာကို အခုလို တွေ့ရမှာပါ။

၄. လူသားတွေရဲ့ ခန္ဓာကိုယ်မှာ အပူအအေး၊ အထိအတွေ့ စတဲ့ Sensor သိစိတ်တွေကို အာရုံကြောတွေကနေ ပေးပို့ထားတာ ဖြစ်ပါတယ်။ ဒါကတော့ လူသားတွေရဲ့ အာရုံကြောတွေကို ဖြန့်ခင်းပြသထားတာပါ။

၅. ကျားတစ်ကောင်ရဲ့ အမွှေးကို ရိတ်ထားစဉ် တွေ့ရပုံဖြစ်ပါတယ်။ အံ့သြစရာကောင်းတာက ကျားတွေရဲ့ ကိုယ်ပေါ်က အစင်းကြားတွေဟာ အမွှေးပေါ်မှာသာ ပေါ်နေတာ မဟုတ်ဘဲ သူတို့ကိုယ်ပေါ်မှာပါ ရှိနေတာပါပဲ။

၆. လရဲ့ အမှောင်ဘက်ခြမ်း (Dark side of the moon) ဆိုတာကို ကြားဖူးမှာပါ။ ဒီပုံကတော့ Dark side of the Moon ကို ကမ္ဘာနောက်ခံထားပြီး မိုင်ပေါင်းတစ်သန်းအကွာမှ ရိုက်ကူးထားတာဖြစ်ပါတယ်။ ရိုက်ကူးခဲ့တဲ့ ကင်မရာက Deep Space Climate Observatory ယာဉ်ပေါ်က ကင်မရာတစ်လုံးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top