20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×












Credit:duwun
# Unicode Version # ဖြင့် ဖတ်ပါ #


 ဇေရဲထက် တစ်ယောက် ရှုတင်သွားခါနီး ဗိုက်အောင့်လို့ အရေးပေါ် ဆေးရုံတင် လိုက်ရတယ်လို့ သိရပါတယ်။ ဆေးရုံဆေးခန်းကြောက်တဲ့ ဇေရဲထက် တစ်ယောက် အခုလို ဖြစ်နေတဲ့အတွက် နေအမြန်ပြန်ကောင်းဖို့ ပရိသတ်တွေက လည်း ဆုတောင်းပေးနေကြတာ တွေ့ရပါတယ်။

သရုပ်ဆောင် ဇေရဲထက်တစ်ယောက် ရှုတင်သွားခါနီး ဗိုက်အောင့်လာလို့ အရေးပေါ် ဆေးရုံပြေးလိုက်ရတယ်လို့ ဆိုပါတယ်။ မနေ့ကတည်းက ဗိုက်အောင့်နေပေမယ့်လည်း ပျောက်လိုက် သက်သာလိုက် ဖြစ်နေခဲ့ပြီး ဒီနေ့ ရှုတင်သွားခါနီးမှာမှ ထပ်ပြီး အောင့်လာလို့ ဆေးရုံပြေးလိုက်ရတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ မတ်လ(၁၇) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

“ဗိုက်အောင့်နေတာမနေ့ကတည်းက ပျောက်လိုက်သက်သာလိုက် နဲ့ ဒီနေ့ရူ တင်သွားခါနီးအရမ်းအောင့်လာလို့ ပင်လုံဆေးရုံသို့ အရေးပေါပြေးရ ဟူးကျန်း မာခြင်းသည်လာဘ်ကြီးတပါးတဲ့ကျန်းမာအောင်နေကြပါ။ကျန်းမာမှကိုယ်လုပ်ချင်တဲ့အရာမှန်သမျှ လုပ် နိုင်ကြမှာလေ (၇)ရက်သားသမီးများ အားလုံးကျန်းမာချမ်း သာပါစေ” ဆိုပြီး ပြောထားတာတွေ့ရပါတယ်။

ဆေးရုံဆေးခန်းကြောက်တဲ့ ဇေရဲထက် တစ်ယောက် အခုလို ဖြစ်နေတဲ့အတွက် ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ ကျန်းမာရေး ဂရုစိုက် ဖို့ကိုလည်း ပရိသတ်တွေက ပြောထားကြပါသေးတယ်။ဇေရဲထက်က လက်ရှိမှာ “အသည်းကွဲသာဓု” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်နေတာဖြစ်ပါတယ်။

အဲ့ဒီဇာတ်ကားကြီးကို ဒါရိုက်တာညွှန့်မြန်မာညီညီအောင်က ရိုက်ကူးနေတာဖြစ်ပြီး ပြေတီဦး၊ဇေရဲထက်၊ နွယ်ဒါလီထွန်းတို့က အဓိကပါဝင်သရုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ဇေရဲထက်(Zay Ye Htet) ကို ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ အနုပညာအလုပ်တွေစလုပ် ကတည်းက ပရိသတ်အားပေးမှုအရှိန်ကောင်းခဲ့တာပါ။

အဲ့ဒီနောက် အနုပညာလမ်းကြောင်းပေါ်လျှောက်လှမ်းလာရင်းနဲ့ ဝေဖန်တိုက်ခိုက်မှု၊ ချစ်ခင်အားပေးမှုတွေ ကြားကနေ အခုဆိုရင် အောင်မြင်တဲ့အနေအထားတစ်ခုကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top