iMyanmarHouse.com - Best Property Website for Myanmar
×


ကၽြန္ေတာ္တုိ႕ရဲ႕ျဖစ္တည္မႈဟာ ကုိယ္တုိင္စားေသာက္မႈေတြရဲ႕ ရလဒ္ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီေနရာမွာ စာဖတ္ပရိတ္သတ္ေတြကုိ အသိတုိးေစရန္ မွ်ေဝေပးခ်င္တာက အဓိက ထမင္း (သုိ႕) အစားအစာတစ္ခုခု တစ္နပ္စာ မစားမီမွာ ကၽြန္ေတာ္တုိ႕လုပ္ေနတဲ႕အရာေတြဟာ က်န္းမာေရးအေပၚမွာ ၾကီးမားတဲ႕သက္ေရာက္မႈေတြရွိေနတယ္ဆုိတာပါ။ ဒါေၾကာင့္ ဝမ္းဗုိက္ထဲမွာ အစာမရွိဘဲ ဝမ္းဗုိက္ဗလာက်င္းနဲ႕ ဗုိက္ထဲကုိမထည့္သင့္တဲ႕အရာေတြအေၾကာင္း ကုိ ဒီေနရာမွာ မွ်ေဝေပးသြားမွာျဖစ္ပါတယ္။

အကုိက္ခဲနွင့္ဖ်ားနာေပ်ာက္ေဆး

အက္စပရင္၊ ပါရာစီတေမာ့တုိ႕လုိ အကုိက္ခဲ နဲ႕ဖ်ားနာေပ်ာက္ေဆးေတြကုိ ဝမ္းဗုိက္ဗလာက်င္းနဲ႕ မေသာက္သင့္ပါဘူး။ ဝမ္းဗုိက္ဗလာက်င္းနဲ႕ အဲ႕ဒီေဆးေတြေသာက္ျခင္းဟာ ေဆးရဲ႕အာနိသင္ကုိေလ်ာ့က်ေစရုံသာမက တျခားေသာ က်န္းမာေရးျပႆနာေတြလဲျဖစ္နုိင္ပါတယ္။ ဒါေၾကာင့္အၾကံေပးခ်င္တာကေတာ့ အဲ႕ဒီေဆးေတြေသာက္တဲ႕အခါ အစာတစ္ခုခုခံထားပါ (သုိ႕) ေရအစား ႏြားနုိ႕နဲ႕ေသာက္ပါ။ အကိုက္ခဲေပ်ာက္ေဆးနဲ႕ဖ်ားနာေပ်ာက္ေဆးေတြကို ႏြားနုိ႕နဲ႕တြဲေသာက္ျခင္းဟာ အဲ႕ဒီေဆးေတြရဲ႕ ေဘးထြက္ဆုိးက်ဳိးကုိပါ သက္သာေစနုိင္ပါတယ္။

ေကာ္ဖီ

ကဖိန္ဓာတ္နည္းတဲ႕ေကာ္ဖီေတြကေတာင္ အက္စစ္ထုတ္လုပ္မႈကုိလွုံ႕ေဆာ္ေပးတာေၾကာင့္ ရင္ပူျခင္းနဲ႕ အျခားေသာ အစာေျခဖ်က္မႈၾကာျခင္းျပႆနာေတြျဖစ္နုိင္ပါတယ္။ အၾကံေပးခ်င္တာကေတ့ာ ဝမ္းဗုိက္ထဲမွာအစာမရွိဘဲ ေကာ္ဖီေသာက္ျခင္း ေရွာင္ပါ (အထူးသျဖင့္ မနက္ခင္း အစာမရွိဘဲေကာ္ဖီေသာက္ျခင္း)။

အရက္ေသာက္ျခင္း

အစားမရွိဘဲအရက္ေသာက္ျခင္းဟာ အရက္ရဲ႕သက္ေရာက္မႈ နွစ္ဆျဖစ္ေစပါတယ္။ တကယ္ မလႊဲသာဘဲ အရက္ေသာက္ရမယ္ဆုိရင္ ကာဗုိဟုိက္ဒရိတ္မပါတဲ႕ေသာက္စရာေတြကုိေရြးခ်ယ္ေစခ်င္ပါတယ္။မေသာက္ခင္ အနည္းဆုံး sandwich ေလာက္ေတာ့စားေစခ်င္ပါတယ္။

ပီေက

ပီေကဝါးေနခ်ိန္မွာ အစာေျခဖ်က္ေပးတဲ႕အက္စစ္ေတြထြက္လာပါတယ္။ ဒါေၾကာင့္ ပီေကဝါးျခင္းဟာ အစာအိမ္အတြင္း မ်က္နွာျပင္ေတြကုိ ပ်က္စီးနုိင္တာပါ။ ဒါ႕အျပင္ ပီေကဝါးသူေတြဟာ အသင့္စားအစား အစာေတြပုိ ၾကိဳက္နွစ္သက္ၾကပါတယ္။ ဘာပဲျဖစ္ျဖစ္ ဗုိက္ထဲမွာအစာရွိေနရင္ေတာင္ ၁၀ မိနစ္ထက္ပီေကပုိမဝါးသင့္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mingalarbarmorning

#Unicode Version#

ကျွန်တော်တို့ရဲ့ဖြစ်တည်မှုဟာ ကိုယ်တိုင်စားသောက်မှုတွေရဲ့ ရလဒ်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ စာဖတ်ပရိတ်သတ်တွေကို အသိတိုးစေရန် မျှဝေပေးချင်တာက အဓိက ထမင်း (သို့) အစားအစာတစ်ခုခု တစ်နပ်စာ မစားမီမှာ ကျွန်တော်တို့လုပ်နေတဲ့အရာတွေဟာ ကျန်းမာရေးအပေါ်မှာ ကြီးမားတဲ့သက်ရောက်မှုတွေရှိနေတယ်ဆိုတာပါ။ ဒါကြောင့် ဝမ်းဗိုက်ထဲမှာ အစာမရှိဘဲ ဝမ်းဗိုက်ဗလာကျင်းနဲ့ ဗိုက်ထဲကိုမထည့်သင့်တဲ့အရာတွေအကြောင်း ကို ဒီနေရာမှာ မျှဝေပေးသွားမှာဖြစ်ပါတယ်။

အကိုက်ခဲနှင့်ဖျားနာပျောက်ဆေး

အက်စပရင်၊ ပါရာစီတမော့တို့လို အကိုက်ခဲ နဲ့ဖျားနာပျောက်ဆေးတွေကို ဝမ်းဗိုက်ဗလာကျင်းနဲ့ မသောက်သင့်ပါဘူး။ ဝမ်းဗိုက်ဗလာကျင်းနဲ့ အဲ့ဒီဆေးတွေသောက်ခြင်းဟာ ဆေးရဲ့အာနိသင်ကိုလျော့ကျစေရုံသာမက တခြားသော ကျန်းမာရေးပြဿနာတွေလဲဖြစ်နိုင်ပါတယ်။ ဒါကြောင့်အကြံပေးချင်တာကတော့ အဲ့ဒီဆေးတွေသောက်တဲ့အခါ အစာတစ်ခုခုခံထားပါ (သို့) ရေအစား နွားနို့နဲ့သောက်ပါ။ အကိုက်ခဲပျောက်ဆေးနဲ့ဖျားနာပျောက်ဆေးတွေကို နွားနို့နဲ့တွဲသောက်ခြင်းဟာ အဲ့ဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကိုပါ သက်သာစေနိုင်ပါတယ်။

ကော်ဖီ

ကဖိန်ဓာတ်နည်းတဲ့ကော်ဖီတွေကတောင် အက်စစ်ထုတ်လုပ်မှုကိုလှုံ့ဆော်ပေးတာကြောင့် ရင်ပူခြင်းနဲ့ အခြားသော အစာခြေဖျက်မှုကြာခြင်းပြဿနာတွေဖြစ်နိုင်ပါတယ်။ အကြံပေးချင်တာကတေ့ာ ဝမ်းဗိုက်ထဲမှာအစာမရှိဘဲ ကော်ဖီသောက်ခြင်း ရှောင်ပါ (အထူးသဖြင့် မနက်ခင်း အစာမရှိဘဲကော်ဖီသောက်ခြင်း)။

အရက်သောက်ခြင်း

အစားမရှိဘဲအရက်သောက်ခြင်းဟာ အရက်ရဲ့သက်ရောက်မှု နှစ်ဆဖြစ်စေပါတယ်။ တကယ် မလွှဲသာဘဲ အရက်သောက်ရမယ်ဆိုရင် ကာဗိုဟိုက်ဒရိတ်မပါတဲ့သောက်စရာတွေကိုရွေးချယ်စေချင်ပါတယ်။မသောက်ခင် အနည်းဆုံး sandwich လောက်တော့စားစေချင်ပါတယ်။

ပီကေ

ပီကေဝါးနေချိန်မှာ အစာခြေဖျက်ပေးတဲ့အက်စစ်တွေထွက်လာပါတယ်။ ဒါကြောင့် ပီကေဝါးခြင်းဟာ အစာအိမ်အတွင်း မျက်နှာပြင်တွေကို ပျက်စီးနိုင်တာပါ။ ဒါ့အပြင် ပီကေဝါးသူတွေဟာ အသင့်စားအစား အစာတွေပို ကြိုက်နှစ်သက်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဗိုက်ထဲမှာအစာရှိနေရင်တောင် ၁၀ မိနစ်ထက်ပီကေပိုမဝါးသင့်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)

Credit: Mingalarbarmorning

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top