20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×





#Unicode Verison#


၁၂- ၃ -၂၀၁၉ ရက်နေ့ နံနက်(၆း၃၀)အချိန်ခန့်က တရားလိုသည် လှည်းတန်းသို့သွားရောက်ပြီး အဝတ်လျှော်လုပ်ငန်းနေစဉ် ၎င်း၏မိခင်ရောက်ရှိလာပြီး တရားလို၏သမီးဖြစ်သူ မ———-(၁၂)နှစ်အား ပထွေးဖြစ်သူ စိုးလေး(ခ)စိုးနိုင် မှ သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်ကြောင်းပြောပြသိရှိရသဖြင့် တရားလိုမှာ နေအိမ်သို့ပြန်သွားပြီး သမီးဖြစ်သူအားမေးမြန်းခဲ့ရာ

တရားလိုမရှိခိုက်တွင် စိုးလေး(ခ)စိုးနိုင် မှ သမီအား နှုတ်ခမ်းစုတ်ခြင်း နို့ကိုင်ခြင်းများပြုလုပ်ခဲ့သဖြင့် သမီးဖြစ်သူမှ မပြုလုပ်ရန်တောင်းပန်သော်လည်း ရိုက်နှက်ရန်ပြုလုပ်လုပ်ခဲ့ကြောင်း လွန်ခဲ့သော ၈- ၃- ၂၀၁၉ ရက်နေ့ကလည်း တရားလိုသည် လှည်းတန်းသို့ အဝတ်သွားရောက်လျှော်နေစဉ်

နေအိမ်၌ သမီးဖြစ်သူ မ———(၁၂)နှစ် နှင့် (၂)လသားအရွယ် သား(၁)ဦးတို့ကျန်ခဲ့ချိန်က စိုးလေး(ခ)စိုးနိုင်မှ သမီးဖြစ်သူ မ————(၁၂)နှစ်အား ပါးစပ်ပိတ်ပြီး အပေါ်မှတက်ခွကာ သားမယားပြုကျင့်ရန်ကြံစည်သဖြင့် မိန်းမကိုယ်တွင်းသို့ထိုးသွင်းခြင်းမရှိသော်လည်း မိန်းမကိုယ်မှ အရည်များထွက်ကျခဲ့ပြီး သမီးဖြစ်သူအား”နင့်အမေသိပါက ဓါးဖြင့်ထိုးသတ်မည်” ဟု ကြိမ်းမောင်းခြိမ်းခြောက်ခဲ့ကြောင်း သမီးဖြစ်သူမှ ပြန်လည်ပြောပြသိရှိခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သမီးဖြစ်သူအား အလိုမတူဘဲသားမယားအဖြစ်ပြုကျင့်ရန်ကြံစည်သော ခင်ပွန်း စိုးလေး(ခ)စိုးနိုင်(၃၅)နှစ် ပိတောက်(၁)လမ်း (၁)ရပ်ကွက် လှိုင်သာယာမြို့နေသူအား ဥပဒေအရအရေးယူပေးပါရန် မိခင်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် စိုးလေး(ခ)စိုးနိုင် အား လှိုင်သာယာမြို့မရဲစခန်းမှ (ပ)၁၃၇၅/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။



ဖိုးသူတော်(www.phothutaw.com)
Credit:ညီညီ – လှိုင်သာယာ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top