ရန္ကင္း ဆီဒိုးနားဟိုတယ္အနီး Star Villa (Sunian Park) ကြန္ဒိုအေရာင္းျပပြဲ
×

မႏၱေလး ကၽြဲဆည္ကန္မွာ စစ္ကုိင္းဘက္က လာေရာက္၍ ထီေရာင္းသူ ညီအစ္ကို ႏွစ္ေယာက္ ရွိေလသည္။ နာမည္ေတြမွာ ေမာင္ထြန္းနဲ႔ ေမာင္လြန္းဟူ၍ ျဖစ္သည္။ ထုိေခတ္က ထီေရာင္းသူမ်ားသည္ ယခုေခတ္လုိ ဆုိင္ကယ္၊ ကားတုိ႔ျဖင့္ မဟုတ္ၾကေခ်။ လက္တြန္းလွည္းကုိသာ အသုံးျပဳရေပသည္။ တြန္းလွည္း ဘယ္ညာမွာ ထီေစာင္ေတြ ခ်ိတ္ဆြဲၿပီး၊ ကားကက္စက္ အက်ကုိ ေဆာင္းေဘာက္စ္နဲ႔ တြဲကာ သီခ်င္းဖြင့္ၿပီး၊ အရပ္တကာလွည့္ ထီေရာင္းၾကရျခင္း ျဖစ္သည္။

ေမာင္ထြန္းနဲ႔ ေမာင္လြန္းတုိ႔ ညီအစ္ကုိႏွစ္ေယာက္သည္ အၿမဲတမ္း တစ္ပူးတြဲတြဲျဖင့္ ထီေရာင္းၾကသည္။ ရပ္ကြက္တစ္ခု ေရာက္လွ်င္ လမ္းခြဲကာ လွည္းတြန္းၿပီး၊ တစ္လမ္း၀င္တစ္လမ္းထြက္ ထီေရာင္းၾကျခင္း ျဖစ္သည္။ ထုိေခတ္ထုိအခါက ထီသည္တုိ႔မွာ မုိးမရြာဘူးဆုိရင္ အေတာ္ေလး တြက္ေခ်ကုိက္သည္။ အျမတ္အစြန္းလည္း က်န္သည္။
Image result for သမန္းကုန္း ဘုန္းႀကီးေက်ာင္းမွ ႏွစ္ရွည္သရဲႀကီးတစ္ေကာင္ အေၾကာင္း
(၂)

ထီေရာင္းသည့္ကာလ လတစ္၀က္ေက်ာသည့္အခ်ိန္ထိ ထီသည္ေတာ္ေတာ္မ်ားမ်ား မႏၱေလးၿမိဳ႕ႀကီးေပၚတြင္ ထီေရာင္းသူ ရွားသည္။ မႏၱေလး၀န္းက်င္က ေက်းရြာေတြဆီ ဆင္းၿပီး၊ တစ္ရြာ၀င္ တရြာထြက္ ထီေရာင္းၾကျခင္းေၾကာင့္ မႏၱေလးကို လကုန္ခါနီး တစ္ပတ္ေလာက္အလိုမွ ျပန္လာတတ္ၾကသည္။ ေမာင္ထြနး္တုိ႔ ညီအစ္ကိုလည္း ထုိသုိ႔ပင္ လစဥ္ တတိယအပတ္ေလာက္အထိ ေတာရြာေတြမွာ ထီလွည့္ေရာင္းၾကသည္။

ညီအစ္ကုိႏွစ္ေယာက္ တစ္ရြာ၀င္တစ္ရြာထြက္ ထီေရာင္းရင္း သမန္းကုန္းဆုိေသာ ရြာႀကီးတစ္ရြာသုိ႔ ေရာက္သြားေလသည္။ ရြာက အိမ္ေျခ 400 ေက်ာ္ေလာက္ ရွိသည္။ ညီအစ္ကုိႏွစ္ေယာက္ မုိးခ်ဳပ္ေနသည္မုိ႔ သမန္းကုန္းဘုန္းႀကီးေက်ာင္းကို ၀င္ကာ တည္းဖုိ႔ခုိဖုိ႔ ဆရာေတာ္ကို ေလွ်ာက္ထားၾကေလသည္။ ဆရာေတာ္ကလည္း ခြင့္ျပဳသည္။

ဆရာေတာ္မွ ညစာကုိ ဟင္းေပါင္းျဖင့္ ဒါနျပဳေသာေၾကာင့္ ညီအစ္ကုိႏွစ္ေယာက္ ထမင္းခ်က္ရန္ မလုိေတာ့ေခ်။ ဆရာေတာ္သည္ မႏၱေလး စာသင္သားဘ၀မွ ယခု သမန္းကုန္းေက်ာင္းထုိင္ျဖစ္လာေၾကာင္း မိန္႔ပါသည္။ ေက်ာင္းႀကီးကလည္း ေရွးေခတ္ ကၽြန္းတုိင္မ်ားျဖင့္ တည္ေဆာက္ထားသည့္ ေက်ာင္းမႀကီးျဖစ္ၿပီး၊ ေမာင္ထြန္းတုိ႔ ညီအစ္ကုိက ေက်ာင္းေအာက္ထပ္၊ ဆြမ္းခ်က္ခန္းအနီးက အခန္းမွာ တည္းခုိေနထုိင္ၾကရသည္။

(၃)

အဆုိပါ ေက်ာင္းတြင္ ရြာကုိရင္ ငါးပါးခန္႕ရွိေသးၿပီး၊ ဆရာေတာ္အတြက္ ဆြမ္း-ေဆးအတြက္-၀တ္အတြက္ အလြန္အေထာက္ပံ ရေၾကာင္း ဆရာေတာ္က မိန္႔ပါသည္။ ည 8 နာရီခန္႔ ၾကာေသာအခါ ညီအစ္ကိုႏွစ္ေယာက္ မိမိတုိ႔ အိပ္ရန္ အခန္းဆီသို႔ ျပန္လာၾကသည္။ ေဆးလိပ္ကေလး ဖြာလုိက္၊ အၾကမ္းရည္ေလး ေသာက္လုိက္၊ လက္ဖက္ကေလး စားလိုက္နဲ႔ အိပ္ခ်င္စိတ္က မရွိေခ်။ သုိ႔ေပမယ့္ ညီျဖစ္သူ ေမာင္လြန္းကေတာ့ ခဏေနေတာ့ အိပ္ေမာက်သြားသည္။

ည 10 နာရီခန္႔တြင္ အက်ႌတုံးလုံးကၽြတ္၊ ေသွ်ာင္တစ္ေစာင္းကို ပု၀ါနဲ႔ ပတ္ၿပီးေပါင္းထားသည့္ အသား ခပ္ညိဳညိဳ၊ ပုဆုိးခပ္တုိတုိျဖင့္ အသက္ 60 ခန္႔ ရြာသားႀကီးတစ္ဦးကုိ  လေရာင္ေအာက္တြင္ ေတြ႕ျမင္လုိက္ရသည္။ ေမာင္ထြန္းအေနနဲ႔ မဆီမဆုိင္ ၾကက္သီး တျဖန္းျဖန္း ထသြားေသးသည္။ ထုိ ရြာသားႀကီးသည္၊ ေက်ာင္းဆီသုိ႔ ဦးတည္ေလွ်ာက္လာသည္။ ေမာင္ထြန္းက သူ႕ကုိ အေသအခ်ာ ၾကည့္ေနသည္။

ထုိရြာသားႀကီးသည္ ေက်ာင္းေပၚကုိ တက္ဟန္ ျပင္ၿပီးမွ မတက္ေတာ့ဘဲ ေမာင္ထြန္း ထုိင္ေနသည့္ ခပ္ေမွာင္ေမွာင္ အခန္းဆီသုိ႔ ဦးတည္လာေလသည္။ ရင္ထဲတြင္ အနည္းငယ္ ထိတ္သြားေသာ္လည္း လူပဲေၾကာက္စရာ မလုိဟု ေမာင္ထြန္းက ေတြးလုိက္သည္။ ေမာင္လြန္းကေတာ့ တေခါေခါ အိပ္ေနေပၿပီ။

မႏၱေလးက လာၾကတာလား ” ဟုေမးေတာ့ ေမာင္ထြန္းက ေရေႏြးအုိးနဲ႔ လက္ဖက္ပန္းကန္ကို တြန္းေပးရင္ ” ဟုတ္ကဲ ဦးေလး .. ထီလာေရာင္းၾကတာပါ ” ဟု ေျဖလုိက္သည္။ ေမာင္ထြန္းငွဲ႕ေပးေသာ ေရေႏြးတစ္ခြက္ကုိ ရြာသားႀကီးက ေကာက္ေမာ့ရင္း ” ေအး … သမၼာအာဇီ၀ပဲကြာ … ေကာင္းပါတယ္ … ကဲ ျပန္ဦးမယ္ေဟ့ … ဆရာေတာ္ကေတာ့ အိပ္ေနၿပီမုိ႔ အားနာလုိ႔ သူ႕ဆီ မသြားေတာ့ပါဘူးကြာ “ဆုိၿပီး၊ ထုိင္ေနရာမွ ထကာ လာရာလမ္းသုိ႔ ဦးတည္ျပန္သြားေလေတာ့သည္။

ေမာင္ထြနး္က ရြာသားတစ္ဦး ဆရာေတာ္ကုိ တစ္ခုခု ေလွ်ာက္ရန္ရွိလုိ႔ သာမန္လာေရာက္ျခင္းပဲလုိ႔သာ ေတြးလုိက္ေလသည္။ သုိ႔ေပမယ့္ ေမာင္ထြနး္ပဲ အျမင္မွာေလသည္လား၊ ရြာသားႀကီးကပဲ လမ္းေလွ်ာက္တာ ျမန္လုိ႔လားမသိ၊ ျမင္ကြင္းမွ ခ်က္ခ်င္း ေပ်ာက္သြားေလသည္။ ဒါကို တိတိက်က် သိလုိက္ေတာ့ ေမာင္းထြန္း စိတ္ထဲမယ္ ဇေ၀ဇ၀ါ ျဖစ္သြားေသးသည္။

(၄)

မနက္ပုိင္း အိပ္ယာက ႏုိးေတာ့ ညီအစ္ကိုႏွစ္ေယာက္ ထီလွည္းကို ျပင္ဆင္ကာ တစ္ျခားတစ္ရြာကို ထီေရာင္းထြက္ရန္ ျပင္ၾကသည္။ ဆရာေတာ္ရွိရာ ေက်ာင္းေပၚကုိ တက္ၿပီး ဆရာေတာ္အား ဦးခ်ကန္ေတာ့ကာ ႏႈတ္ဆက္သည္။ ဆရာေတာ္က ကုိရင္ေလးတစ္ပါးကို ပလက္စတစ္အိတ္ျဖင့္ ဘယာေၾကာ္ေတြထည့္ကာ စြန္႔ေသးသည္။

ေမာင္ထြန္းက ” လူပုံစံက ခပ္ပုပု ဆံပင္က ေသွ်ာင္တေစာင္းနဲ႔ဘုရား … အက်ႌေတာ့ ၀တ္ထားတာ မေတြ႕ရဘူး .. ပုဆုိးတုိတုိနဲ႔ တပည့္ေတာ္ဆီ လာတယ္ .. ေရေႏြးၾကမ္းတစ္ပန္းကန္ ေသာက္ၿပီး ျပန္သြားတယ္ … “လုိ႔ အမွန္အတုိင္း ေျဖလုိက္ေလသည္။ ဆရာေတာ္မွ ” ဟ .. အဲဒါ လူ မဟုတ္ဖူးကြ … နာနာဘာ၀ပဲ … ေဟာဒီ ေက်ာင္းေဆာင္ႀကီးကို လွဴခဲ့တဲ့ ဦးေဖဆုိတာ လြန္ခဲ့တဲ့ ႏွစ္ 50 ေလာက္ကတည္းက ေသသြားတယ္ … ေနာက္ မကၽြတ္ပဲ … ရန္ဖန္ရန္ခါ ေတြ႕ရတတ္တယ္ဗ် … ဦးဇင္းေတာင္ ေက်ာင္းထုုိင္ကာစက ေတြ႕ရေသးဗ်ာ … ကဲ ဦးေဖေရ ဦးဇင္း ျပဳသမွ် ကုသုိလ္ေတြအတြက္ အမွ် ေ၀ပါတယ္ … အမွ် အမွ် အမွ် ယူေတာ္မူပါ “ဟု ဆရာေတာ္မွ မိန္႔ရင္း ဦးေဖကုိ အမွ်ေ၀ေလသည္။

ထုိအခါမွ ေမာင္ထြန္းနဲ႔ ေမာင္လြန္းတုိ႔လည္း ေၾကာက္ရေကာင္းမွန္း သိၿပီး၊ ေက်ာင္းမွ အျမန္ထြက္ကာ အျခားရြာတစ္ရြာကုိ ထီေရာင္းရန္ ခရီးဆက္ေလေတာ့သည္။ (ထီသည္တစ္ဦး၏ ေျပာၾကားခ်က္ကုိ ျပန္လည္ မွ်ေ၀ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Si Si
#Unicode Version#
 မန္တလေး ကျွဲဆည်ကန်မှာ စစ်ကိုင်းဘက်က လာရောက်၍ ထီရောင်းသူ ညီအစ်ကို နှစ်ယောက် ရှိလေသည်။ နာမည်တွေမှာ မောင်ထွန်းနဲ့ မောင်လွန်းဟူ၍ ဖြစ်သည်။ ထိုခေတ်က ထီရောင်းသူများသည် ယခုခေတ်လို ဆိုင်ကယ်၊ ကားတို့ဖြင့် မဟုတ်ကြချေ။ လက်တွန်းလှည်းကိုသာ အသုံးပြုရပေသည်။ တွန်းလှည်း ဘယ်ညာမှာ ထီစောင်တွေ ချိတ်ဆွဲပြီး၊ ကားကက်စက် အကျကို ဆောင်းဘောက်စ်နဲ့ တွဲကာ သီချင်းဖွင့်ပြီး၊ အရပ်တကာလှည့် ထီရောင်းကြရခြင်း ဖြစ်သည်။

မောင်ထွန်းနဲ့ မောင်လွန်းတို့ ညီအစ်ကိုနှစ်ယောက်သည် အမြဲတမ်း တစ်ပူးတွဲတွဲဖြင့် ထီရောင်းကြသည်။ ရပ်ကွက်တစ်ခု ရောက်လျှင် လမ်းခွဲကာ လှည်းတွန်းပြီး၊ တစ်လမ်းဝင်တစ်လမ်းထွက် ထီရောင်းကြခြင်း ဖြစ်သည်။ ထိုခေတ်ထိုအခါက ထီသည်တို့မှာ မိုးမရွာဘူးဆိုရင် အတော်လေး တွက်ချေကိုက်သည်။ အမြတ်အစွန်းလည်း ကျန်သည်။

(၂)

ထီရောင်းသည့်ကာလ လတစ်ဝက်ကျောသည့်အချိန်ထိ ထီသည်တော်တော်များများ မန္တလေးမြို့ကြီးပေါ်တွင် ထီရောင်းသူ ရှားသည်။ မန္တလေးဝန်းကျင်က ကျေးရွာတွေဆီ ဆင်းပြီး၊ တစ်ရွာဝင် တရွာထွက် ထီရောင်းကြခြင်းကြောင့် မန္တလေးကို လကုန်ခါနီး တစ်ပတ်လောက်အလိုမှ ပြန်လာတတ်ကြသည်။ မောင်ထွန်းတို့ ညီအစ်ကိုလည်း ထိုသို့ပင် လစဉ် တတိယအပတ်လောက်အထိ တောရွာတွေမှာ ထီလှည့်ရောင်းကြသည်။

ညီအစ်ကိုနှစ်ယောက် တစ်ရွာဝင်တစ်ရွာထွက် ထီရောင်းရင်း သမန်းကုန်းဆိုသော ရွာကြီးတစ်ရွာသို့ ရောက်သွားလေသည်။ ရွာက အိမ်ခြေ 400 ကျော်လောက် ရှိသည်။ ညီအစ်ကိုနှစ်ယောက် မိုးချုပ်နေသည်မို့ သမန်းကုန်းဘုန်းကြီးကျောင်းကို ဝင်ကာ တည်းဖို့ခိုဖို့ ဆရာတော်ကို လျှောက်ထားကြလေသည်။ ဆရာတော်ကလည်း ခွင့်ပြုသည်။

ဆရာတော်မှ ညစာကို ဟင်းပေါင်းဖြင့် ဒါနပြုသောကြောင့် ညီအစ်ကိုနှစ်ယောက် ထမင်းချက်ရန် မလိုတော့ချေ။ ဆရာတော်သည် မန္တလေး စာသင်သားဘဝမှ ယခု သမန်းကုန်းကျောင်းထိုင်ဖြစ်လာကြောင်း မိန့်ပါသည်။ ကျောင်းကြီးကလည်း ရှေးခေတ် ကျွန်းတိုင်များဖြင့် တည်ဆောက်ထားသည့် ကျောင်းမကြီးဖြစ်ပြီး၊ မောင်ထွန်းတို့ ညီအစ်ကိုက ကျောင်းအောက်ထပ်၊ ဆွမ်းချက်ခန်းအနီးက အခန်းမှာ တည်းခိုနေထိုင်ကြရသည်။

(၃)

အဆိုပါ ကျောင်းတွင် ရွာကိုရင် ငါးပါးခန့်ရှိသေးပြီး၊ ဆရာတော်အတွက် ဆွမ်း-ဆေးအတွက်-ဝတ်အတွက် အလွန်အထောက်ပံ ရကြောင်း ဆရာတော်က မိန့်ပါသည်။ ည 8 နာရီခန့် ကြာသောအခါ ညီအစ်ကိုနှစ်ယောက် မိမိတို့ အိပ်ရန် အခန်းဆီသို့ ပြန်လာကြသည်။ ဆေးလိပ်ကလေး ဖွာလိုက်၊ အကြမ်းရည်လေး သောက်လိုက်၊ လက်ဖက်ကလေး စားလိုက်နဲ့ အိပ်ချင်စိတ်က မရှိချေ။ သို့ပေမယ့် ညီဖြစ်သူ မောင်လွန်းကတော့ ခဏနေတော့ အိပ်မောကျသွားသည်။

ည 10 နာရီခန့်တွင် အင်္ကျီတုံးလုံးကျွတ်၊ သျှောင်တစ်စောင်းကို ပုဝါနဲ့ ပတ်ပြီးပေါင်းထားသည့် အသား ခပ်ညိုညို၊ ပုဆိုးခပ်တိုတိုဖြင့် အသက် 60 ခန့် ရွာသားကြီးတစ်ဦးကို  လရောင်အောက်တွင် တွေ့မြင်လိုက်ရသည်။ မောင်ထွန်းအနေနဲ့ မဆီမဆိုင် ကြက်သီး တဖြန်းဖြန်း ထသွားသေးသည်။ ထို ရွာသားကြီးသည်၊ ကျောင်းဆီသို့ ဦးတည်လျှောက်လာသည်။ မောင်ထွန်းက သူ့ကို အသေအချာ ကြည့်နေသည်။

ထိုရွာသားကြီးသည် ကျောင်းပေါ်ကို တက်ဟန် ပြင်ပြီးမှ မတက်တော့ဘဲ မောင်ထွန်း ထိုင်နေသည့် ခပ်မှောင်မှောင် အခန်းဆီသို့ ဦးတည်လာလေသည်။ ရင်ထဲတွင် အနည်းငယ် ထိတ်သွားသော်လည်း လူပဲကြောက်စရာ မလိုဟု မောင်ထွန်းက တွေးလိုက်သည်။ မောင်လွန်းကတော့ တခေါခေါ အိပ်နေပေပြီ။

မန္တလေးက လာကြတာလား ” ဟုမေးတော့ မောင်ထွန်းက ရေနွေးအိုးနဲ့ လက်ဖက်ပန်းကန်ကို တွန်းပေးရင် ” ဟုတ်ကဲ ဦးလေး .. ထီလာရောင်းကြတာပါ ” ဟု ဖြေလိုက်သည်။ မောင်ထွန်းငှဲ့ပေးသော ရေနွေးတစ်ခွက်ကို ရွာသားကြီးက ကောက်မော့ရင်း ” အေး … သမ္မာအာဇီဝပဲကွာ … ကောင်းပါတယ် … ကဲ ပြန်ဦးမယ်ဟေ့ … ဆရာတော်ကတော့ အိပ်နေပြီမို့ အားနာလို့ သူ့ဆီ မသွားတော့ပါဘူးကွာ “ဆိုပြီး၊ ထိုင်နေရာမှ ထကာ လာရာလမ်းသို့ ဦးတည်ပြန်သွားလေတော့သည်။

မောင်ထွန်းက ရွာသားတစ်ဦး ဆရာတော်ကို တစ်ခုခု လျှောက်ရန်ရှိလို့ သာမန်လာရောက်ခြင်းပဲလို့သာ တွေးလိုက်လေသည်။ သို့ပေမယ့် မောင်ထွန်းပဲ အမြင်မှာလေသည်လား၊ ရွာသားကြီးကပဲ လမ်းလျှောက်တာ မြန်လို့လားမသိ၊ မြင်ကွင်းမှ ချက်ချင်း ပျောက်သွားလေသည်။ ဒါကို တိတိကျကျ သိလိုက်တော့ မောင်းထွန်း စိတ်ထဲမယ် ဇဝေဇဝါ ဖြစ်သွားသေးသည်။

(၄)

မနက်ပိုင်း အိပ်ယာက နိုးတော့ ညီအစ်ကိုနှစ်ယောက် ထီလှည်းကို ပြင်ဆင်ကာ တစ်ခြားတစ်ရွာကို ထီရောင်းထွက်ရန် ပြင်ကြသည်။ ဆရာတော်ရှိရာ ကျောင်းပေါ်ကို တက်ပြီး ဆရာတော်အား ဦးချကန်တော့ကာ နှုတ်ဆက်သည်။ ဆရာတော်က ကိုရင်လေးတစ်ပါးကို ပလက်စတစ်အိတ်ဖြင့် ဘယာကြော်တွေထည့်ကာ စွန့်သေးသည်။

မောင်ထွန်းက ” လူပုံစံက ခပ်ပုပု ဆံပင်က သျှောင်တစောင်းနဲ့ဘုရား … အင်္ကျီတော့ ဝတ်ထားတာ မတွေ့ရဘူး .. ပုဆိုးတိုတိုနဲ့ တပည့်တော်ဆီ လာတယ် .. ရေနွေးကြမ်းတစ်ပန်းကန် သောက်ပြီး ပြန်သွားတယ် … “လို့ အမှန်အတိုင်း ဖြေလိုက်လေသည်။ ဆရာတော်မှ ” ဟ .. အဲဒါ လူ မဟုတ်ဖူးကွ … နာနာဘာဝပဲ … ဟောဒီ ကျောင်းဆောင်ကြီးကို လှူခဲ့တဲ့ ဦးဖေဆိုတာ လွန်ခဲ့တဲ့ နှစ် 50 လောက်ကတည်းက သေသွားတယ် … နောက် မကျွတ်ပဲ … ရန်ဖန်ရန်ခါ တွေ့ရတတ်တယ်ဗျ … ဦးဇင်းတောင် ကျောင်းထိုင်ကာစက တွေ့ရသေးဗျာ … ကဲ ဦးဖေရေ ဦးဇင်း ပြုသမျှ ကုသိုလ်တွေအတွက် အမျှ ဝေပါတယ် … အမျှ အမျှ အမျှ ယူတော်မူပါ “ဟု ဆရာတော်မှ မိန့်ရင်း ဦးဖေကို အမျှဝေလေသည်။

ထိုအခါမှ မောင်ထွန်းနဲ့ မောင်လွန်းတို့လည်း ကြောက်ရကောင်းမှန်း သိပြီး၊ ကျောင်းမှ အမြန်ထွက်ကာ အခြားရွာတစ်ရွာကို ထီရောင်းရန် ခရီးဆက်လေတော့သည်။ (ထီသည်တစ်ဦး၏ ပြောကြားချက်ကို ပြန်လည် မျှဝေပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Si Si
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top