20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

မတ္ ၁၅ ရက္ေန႕သည္ အေရွ႕ေတာင္အာရွ၏ ပထမဆုံး ဟင္နရီဒူးနန႔္ ဆုရွင္ စိုင္းေအာင္လွိုင္ျမင့္ ၏ ေမြးေန႕ျဖစ္သည္။

ထိုအခ်ိန္က ဟင္နရီဒူးနန႔္ဆုကို ကမာၻတဝွမ္း ၁၈ ဦး ရၿပီးျဖစ္ကာ ၎တို႔အထဲ၌ စိုင္းေအာင္လွိုင္ျမင့္ သည္ အသက္ ၂၁ႏွစ္ ျဖင့္ အငယ္ဆုံျဖစ္ၿပီး အာရွတိုက္တြင္ တတိေျမာက္ဆုရွင္ျဖစ္ခဲ့သည္။

စိုင္းေအာင္လွိုင္ျမင့္သည္ ရွမ္းတိုင္းရင္းသား ၾကက္ေျခနီသူနာျပဳတပ္ၾကပ္ျဖစ္ၿပီး ၁၉၇၆ ခုႏွစ္က ျမစ္ႀကီးနားၿမိဳ႕ တဖက္ကမ္း ခတ္ခ်ိဳေက်း႐ြာ ကူးတို႔ဆိပ္တြင္ အင္ဂ်င္နီယာတပ္မွ ေမာ္ေတာ္ယာဥ္ တစင္း ေဖာင္ေပၚ အတက္၌ ဘရိတ္ေခ်ာ္ၿပီး ေရထဲ က်သြားသည္။ အမွတ္မထင္ ျဖစ္ပ်က္မႈေၾကာင့္ အံ့အားသင့္ ေနၾကစဥ္ စိုင္းေအာင္လႈိင္ျမင့္က ကားထဲတြင္ ပါသြားေသာ ရဲေဘာ္ ခင္ေမာင္ေအးအား မိနစ္ ၂၀ ၾကာ ေရငုပ္ရင္း သက္စြန႔္ဆံဖ်ား ကယ္တင္ခဲ့သည္။
ဟင္နရီ ဒူးနန႔္ဆုရွင္ စိုင္းေအာင္လွိုင္ျမင့္

ဤသို႔ေသာ စြန႔္စား စြမ္းေဆာင္ခဲ့မႈေၾကာင့္ပင္ စိုင္းေအာင္လႈိင္ျမင့္အား ကမာၻ႔ ၾကက္ေျခနီ အဖြဲ႕က ဟင္နရီဒူးနန႔္ဆု ေပးအပ္ ခ်ီးျမႇင့္ခဲ့ပါသည္။ စိုင္းေအာင္လႈိင္ျမင့္သည္ ၁၅ ေအာက္တိုဘာ ၁၉၇၇ တြင္ ႐ူေမးနီးယားႏိုင္ငံ ဘူခါရက္ၿမိဳ႕၌ က်င္းပေသာ (၂၃) ႀကိမ္ေျမာက္ အျပည္ျပည္ ဆိုင္ရာ ၾကက္ေျခနီ ညီလာခံတြင္ ဆုတက္ေရာက္ယူခြင့္ ရရွိခဲ့၏။

ဟင္နရီဒူးနန႔္ဆုရၿပီးေနာက္ စိုင္းေအာင္လွိုင္ျမင့္သည္ ျမန္မာနိုင္ငံၾကက္ေျခနီအသင္းဌာနခ်ဳပ္တြင္ လက္ေထာက္ ျပန္ၾကားေရး အျဖစ္ ေဆာင္႐ြက္ခဲ့သည္။

၁၉၈၀ ျပည့္ႏွစ္တြင္ ေစာစုစုခိုင္ႏွင့္ လက္ထပ္ခဲ့သည္။ အသက္ ၂၉ ႏွစ္ အ႐ြယ္ ၂၅ မတ္ ၁၉၈၅ တြင္ စိုင္းေအာင္လႈိင္ျမင့္ ဦးေႏွာက္ အေျမႇးေရာင္ ေရာဂါျဖင့္ ကြယ္လြန္ခဲ့ရာ သားတေယာက္၊ သမီးတေယာက္ က်န္ရစ္ခဲ့သည္။

သူမကြယ္လြန္မီ လက္မွတ္ေရးထိုးလႉဒါန္းခဲ့သည့္ သူ၏ ခႏၶာကိုယ္ကို ေဆးတကၠသိုလ္(၁) ရန္ကုန္သို႔ ေပးပို႔လႉဒါန္းခဲ့သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: The Irrawaddy
#Unicode Version#
မတ် ၁၅ ရက်နေ့သည် အရှေ့တောင်အာရှ၏ ပထမဆုံး ဟင်နရီဒူးနန့် ဆုရှင် စိုင်းအောင်လှိုင်မြင့် ၏ မွေးနေ့ဖြစ်သည်။

ထိုအချိန်က ဟင်နရီဒူးနန့်ဆုကို ကမ္ဘာတဝှမ်း ၁၈ ဦး ရပြီးဖြစ်ကာ ၎င်းတို့အထဲ၌ စိုင်းအောင်လှိုင်မြင့် သည် အသက် ၂၁နှစ် ဖြင့် အငယ်ဆုံဖြစ်ပြီး အာရှတိုက်တွင် တတိမြောက်ဆုရှင်ဖြစ်ခဲ့သည်။

စိုင်းအောင်လှိုင်မြင့်သည် ရှမ်းတိုင်းရင်းသား ကြက်ခြေနီသူနာပြုတပ်ကြပ်ဖြစ်ပြီး ၁၉၇၆ ခုနှစ်က မြစ်ကြီးနားမြို့ တဖက်ကမ်း ခတ်ချိုကျေးရွာ ကူးတို့ဆိပ်တွင် အင်ဂျင်နီယာတပ်မှ မော်တော်ယာဉ် တစင်း ဖောင်ပေါ် အတက်၌ ဘရိတ်ချော်ပြီး ရေထဲ ကျသွားသည်။ အမှတ်မထင် ဖြစ်ပျက်မှုကြောင့် အံ့အားသင့် နေကြစဉ် စိုင်းအောင်လှိုင်မြင့်က ကားထဲတွင် ပါသွားသော ရဲဘော် ခင်မောင်အေးအား မိနစ် ၂၀ ကြာ ရေငုပ်ရင်း သက်စွန့်ဆံဖျား ကယ်တင်ခဲ့သည်။
ဟင်နရီ ဒူးနန့်ဆုရှင် စိုင်းအောင်လှိုင်မြင့်

ဤသို့သော စွန့်စား စွမ်းဆောင်ခဲ့မှုကြောင့်ပင် စိုင်းအောင်လှိုင်မြင့်အား ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့က ဟင်နရီဒူးနန့်ဆု ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ စိုင်းအောင်လှိုင်မြင့်သည် ၁၅ အောက်တိုဘာ ၁၉၇၇ တွင် ရူမေးနီးယားနိုင်ငံ ဘူခါရက်မြို့၌ ကျင်းပသော (၂၃) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ ညီလာခံတွင် ဆုတက်ရောက်ယူခွင့် ရရှိခဲ့၏။

ဟင်နရီဒူးနန့်ဆုရပြီးနောက် စိုင်းအောင်လှိုင်မြင့်သည် မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်တွင် လက်ထောက် ပြန်ကြားရေး အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၈၀ ပြည့်နှစ်တွင် စောစုစုခိုင်နှင့် လက်ထပ်ခဲ့သည်။ အသက် ၂၉ နှစ် အရွယ် ၂၅ မတ် ၁၉၈၅ တွင် စိုင်းအောင်လှိုင်မြင့် ဦးနှောက် အမြှေးရောင် ရောဂါဖြင့် ကွယ်လွန်ခဲ့ရာ သားတယောက်၊ သမီးတယောက် ကျန်ရစ်ခဲ့သည်။

သူမကွယ်လွန်မီ လက်မှတ်ရေးထိုးလှူဒါန်းခဲ့သည့် သူ၏ ခန္ဓာကိုယ်ကို ဆေးတက္ကသိုလ်(၁) ရန်ကုန်သို့ ပေးပို့လှူဒါန်းခဲ့သည်။


ဖိုးသူတော်(www.phothutaw.com)
Credit: The Irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top